အခန်း (၄၁၅)
Vol. 30 Ch. 415
ရှန်စန်း၏ကိုယ်ပေါ်တွင်ရှိသော အငွေ့အသက်သည် ပိုမိုပြင်းထန်လာသည်။
သူ၏ အရိုင်းဆန်မှုများ ဖြည်းဖြည်းချင်းလျော့ကျသွားပြီး မျက်လုံးထဲတွင် အသိဉာဏ်ပညာဖြင့် ပြည့်စုံသော အလင်းများပေါ်လာသည်။
သူက ဖြည်းဖြည်းချင်း ပုံရိပ်ယောင်ဆန်လာသည်။
ထိုအရာသည် လေစွမ်းအားဖြစ်ပြီး ခန္ဓာကိုယ်ကို ကာကွယ်ခြင်းနှင့် ပုန်းကွယ်ခြင်းအတွက် အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားတွင် ပြောင်းလဲနိုင်သည်။
သူ့ခြေထောက်များက အသာအယာလှုပ်ရှားသွားပြီး လေပြေလေညင်းတစ်ခုအသွင်ပြောင်း၍ လွင့်မျောသွားမည့်ပုံပေါ်သည်။
ထိုစွမ်းရည်နှင့် ဓားနည်းစနစ်များကြောင့် တိုက်ခိုက်နိုင်စွမ်း သန်မာလာလိမ့်မည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ဖြည်းဖြည်းချင်းပြန်ပေါ်လာသော ရှန်စန်းကို ကြည့်သည်။
“အမ်၊ ကြောင်ကြီးက အမြီးနှစ်ချောင်းဖြစ်သွားပြီလား”
ချိုတစ်ချောင်းကြံ့၏နောက်ကျောတွင်ထိုင်နေသော ဟွမ်ကျစ်ဟူက စပ်စုလိုစိတ်များဖြင့် ပြောသည်။
ရှန်စန်း၏နောက်တွင် ပုံရိပ်ယောင်ကြောင်မြီးတစ်ချောင်း ရှိနေသည်။
ရှန်စန်းက စိတ်လှုပ်ရှားနေပုံပေါ်ပြီး ဟန်မူယဲ့ကို ဦးညွှတ်သည်။
“ကျေးဇူးပါသခင်”
အမြီးပိုတစ်ချောင်းသည် ကောင်းကင်မြေခွေးသွေးမျိုးဆက်နှင့် ပေါင်းစပ်သွားပြီး ခွန်အားတိုးလာသောကြောင့် ဖြစ်သည်။ ကြောင်မြီးတိုကလန်၏သွေးမျိုးဆက်သည် အပြည့်အဝပြောင်းလဲသွားသည်ဟု ပြောနိုင်သည်။
ကြောင်မြီးတိုများက ကောင်းမွန်စွာကျင့်ကြံလျှင် အမြီးကိုးချောင်းဝိညာဉ်ကြောင်အဖြစ် ပြောင်းလဲပြီး ဘိုးဘေးများကို ဖြတ်ကျော်နိုင်လိမ့်မည်။
ဝိညာဉ်ကိုယ်ခွဲအဆင့်သည် အကန့်အသတ်တစ်ခုမဟုတ်တော့ပေ။
လျှို့ဝှက်နယ်မြေအတွင်း၌ သွေးမျိုးဆက်စွမ်းအားပြောင်းလဲမှုသည် ဒဏ္ဍာရီတစ်ပုဒ်သာဖြစ်သည်။
ယနေ့တွင် ထိုအခွင့်အရေးမျိုး ရလာသောကြောင့် ရှန်စန်းက အလွန်ပျော်နေသည်။
ရှန်စန်းက ကျောက်စိမ်းပေလွှာတစ်ခု အန်ထုတ်လိုက်ပြီး လေပြေလေညင်းတစ်ခုအသွင်ပြောင်း၍ ယဇ်ပလ္လင်ဆီသို့ ပြန်သွားသည်။
ယဇ်ပလ္လင်ထက်တွင် မီးတောက်များ ပေတစ်ရာအထိ ပေါက်ကွဲထွက်လာသည်။
ကြောင်မြီးတိုကလန်သားများက တစ်ယောက်ပြီးတစ်ယောက် ရှေ့တိုးလာပြီး အမွေအနှစ်ကို လက်ခံလိုက်သည်။
ဟန်မူယဲ့က ဟွမ်ကျစ်ဟူနှင့်အတူ တဲအိမ်ထဲသို့ ဝင်သွားခဲ့သည်။ ယွင်တိက ထွက်လာပြီး ဟွမ်ကျစ်ဟူကို ဂရုစိုက်ပေးနေသည်။ ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကိုထုတ်ပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
မဆိုးပေ။ သူထွက်သွားသောရက်များတွင် ကြောင်မြီးတိုကလန်သည် ပတ်ဝန်းကျင် မိုင်ငါးထောင်တွင်ရှိသော ကလန်များနှင့်ခွန်အားကို စုံစမ်းခဲ့သည်။
ကြောင်မြီးတိုကလန်၏ ပုန်းကွယ်နိုင်စွမ်းကြောင့် အတွင်းသို့မဝင်ရောက်နိုင်သော ကလန်ကြီးအချို့မှလွဲ၍ တခြားကလန်များအားလုံးကို သေချာစုံစမ်းနိုင်ခဲ့သည်။
“တောင်ဘက် မိုင်ငါးရာအကွာမှာ စစ်ယွင်တောင်ရဲ့ ကြောင်ကတိုးကလန်ရှိတယ်။ သူတို့ကလန်မှာ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူတစ်ယောက် ရှိတယ်။ ပြီးတော့ မိုင်းတွင်းတစ်ခု ပိုင်ဆိုင်ထားတယ်။ လွန်ခဲ့တဲ့သုံးရက်မှာ ကောင်းကင်လမ်းလျှောက်သူတစ်ယောက်က သူတို့ကလန်ထဲကို ဝင်ရောက်လာခဲ့တယ်”
“အနောက်ဘက် မိုင်၅၂၀အကွာမှာ လောထို့တောင်ကြားရဲ့ ဖျံစိမ်းကလန်ရှိတယ်။ သူတို့မှာ အာခီမီကိုအထူးပြုတဲ့ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူတစ်ယောက် ရှိတယ်။ သူတို့ကလန်မှာ ဝိညာဉ်ဆေးခင်းတစ်ခု ရှိနေတယ်။ လွန်ခဲ့တဲ့ရက်တွေမှာ ကောင်းကင်လမ်းလျှောက်သူငါးယောက်က သူတို့ကို တိုက်ခိုက်ခဲ့တယ်”
“မိုင်တစ်ထောင်အကွာမှာ ကြိုးကြာဖြူတောင်တန်းရဲ့ ဝိညာဉ်တောဝက်ကလန်ရှိတယ်။ သူတို့က ရှေးခေတ် ကောင်းကင်ဖျက်ဆီးတောဝက်ရဲ့သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ သူတို့က ကြမ်းတမ်းပြီး အကျိုးအကြောင်းမသင့်ဘူး။ ကလန်သားသုံးသောင်းနဲ့ ကျွမ်းကျင်သူအများအပြားရှိတယ်။ တိုက်ခိုက်ဖို့ရောက်လာတဲ့ ကောင်းကင်လမ်းလျှောက်သူဆယ်ယောက်ကို သူတို့က သတ်ပစ်လိုက်တယ်”
....
အချက်အလက်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ကလန်များ၏ တည်နေရာ၊ ကလန်သားများ၏ ခန္ဓာကိုယ်တည်ဆောက်ပုံ၊ သွေးမျိုးဆက်စွမ်းအားများ စသည်ဖြင့် ပါဝင်နေသည်။
“မိုင်ငါးထောင်အတွင်းမှာ ကြောင်မြီးတိုကလန် ခုနစ်ခုရှိတယ်။ သူတို့ကိုပေါင်းစပ်လိုက်ရင် သွေးမျိုးဆက်စွမ်းအား တိုးလာနိုင်တယ်။ နောက်ထပ်အမြီးတစ်ချောင်း ထပ်ရလာနိုင်တယ်”
”ဖျံစိမ်းကလန်က အာခီမီပညာရပ်မှာ ကျွမ်းကျင်တယ်။ သွေးမျိုးဆက်မှတ်ဉာဏ်တွေကို ပြောင်းလဲတဲ့အချိန်မှာ အသုံးဝင်လိမ့်မယ်”
“ဝိညာဉ်တောဝက်ကလန်”
ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။
“ရှေးခေတ်သွေးမျိုးဆက်က စိတ်ဝင်စားစရာပဲ”
“ဘုန်း”
တဲအိမ်၏အပြင်ဘက်တွင် တုန်ခါသံထွက်ပေါ်လာသည်။
သွေးမျိုးဆက်စွမ်းအား လျင်မြန်စွာတိုးတက်လာသောကြောင့် လေပြင်းများ တုန်ခါသွားခြင်းဖြစ်သည်။
ယဇ်ပလ္လင်၏ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော အစိမ်းရောင်ဝတ်စုံနှင့်အကြီးအကဲ၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်မိစ္ဆာစွမ်းအင်အလင်းများ ရှိနေသည်။ သူ့နောက်တွင် ကြောင်မြီးတိုပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ဝိညာဉ်ပုံရိပ်ထွက်ပေါ်ခြင်း၊ သွေးမျိုးဆက် သိပ်သည်းခြင်း ....
သွေးမျိုးဆက်စွမ်းအား သန်မာလာသောအခါတွင် ထိုသို့ဖြစ်လာလိမ့်မည်။
ကောင်းကင်ဘုံ တစ်ဝက်အဆင့် ....
ကြောင်မြီးတိုကလန်တွင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူတစ်ဦး ရှိလာသည်။
တဲအိမ်၏အပြင်ဘက်တွင် သဘာဝစွမ်းအင်အလင်းနှင့် မိစ္ဆာချီအလင်းများ တစ်ညလုံးရှိနေခဲ့သည်။
ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူသုံးယောက်နှင့် ရွှေအမြုတေဆဌမအဆင့်ထက်တွင်ရှိသော ကျွမ်းကျင်သူများ ကြောင်မြီးတိုကလန်တွင် ပေါ်လာသည်။
ထိုခွန်အားပြောင်းလဲမှုသည် ယခင်ထက် ဆယ်ဆခန့် ပိုမိုအားကောင်းလာသည်။
ထို့အပြင် သူတို့၏ အမွေအနှစ်မှတ်ဉာဏ်ထဲတွင်ရှိသော ဓားနည်းစနစ်အမျိုးမျိုးနှင့် သွေးမျိုးဆက်သည်လည်း အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။
နေထွက်လာသောအခါတွင် ကြောင်မြီးတိုကလန်သားများအားလုံးက အရိုအသေပေးရန် ရောက်လာခဲ့သည်။
သူတို့၏ သွေးမျိုးဆက်မှတ်ဉာဏ်ထဲတွင် သခင်တစ်ယောက်သာရှိသည်။ သူတို့ကို ခွန်အားပေးခဲ့သော ဟန်မူယဲ့ဖြစ်သည်။
ဟန်မူယဲ့က ကလန်၏ ကျွမ်းကျင်သူဆယ်ဦးမှလွဲ၍ ကျန်လူများအားလုံးကို လူစုခွဲစေခဲ့သည်။
ထို့နောက် ဟန်မူယဲ့က ဘေးတွင်ရပ်နေသော ရှန်စန်းကို ကြည့်သည်။
“ကြိုးကြာဖြူတောင်တန်းကို သွားကြရအောင်”
‘ကြိုးကြာဖြူတောင်တန်းတဲ့လား’
ရှန်စန်းက အံ့အားသင့်သွားသည်။
“သခင်၊ သူတို့နဲ့ ပူးပေါင်းဖို့သွားမှာလား”
သူ့နောက်တွင်ရှိသောအမြီးရှည်သည် လှုပ်ရှားသွားသည်။ သူက တီးတိုးပြောသည်။
“ဝိညာဉ်တောဝက်ကလန်က ခေါင်းမာတယ်။ သူတို့ လက်ခံမယ်မထင်ဘူး”
“ငါက ကောင်းကင်ဖျက်ဆီးတောဝက်ရဲ့ သွေးမျိုးဆက်ကို စိတ်ဝင်စားနေတယ်”
ဟန်မူယဲ့၏စကားကြောင့် ရှန်စန်းက တုန်ခါသွားသည်။
ဟန်မူယဲ့က စန်ရှန်းကို လျစ်လျူရှုလိုက်ပြီး အိပ်ယာထ၍ မနက်ခင်းလေ့ကျင့်ခန်းလုပ်နေသော ဟွမ်ကျစ်ဟူကို ကြည့်သည်။
“ကျစ်ဟူ၊ သမီးကို လုပ်စရာတစ်ခုပေးရမလား”
ဟွမ်ကျစ်ဟူက သူ့စကားကို ကြားလိုက်ရသောအခါတွင် လက်သီးဆုပ်များကို ပြန်သိမ်းပြီး မျှော်လင့်ချက်များနှင့်အတူ ခေါင်းညိတ်သည်။
“သမီးက ကလန်မှာနေပြီး သူတို့ကို သမီးသိထားတာတွေ သင်ကြားပေးရမယ်။ သူတို့ကို စာပေနဲ့ပတ်သတ်ပြီး စစ်ဆေးရမယ်”
ဟန်မူယဲ့က ပြုံးသည်။
ဟွမ်ကျစ်ဟူ၏မျက်လုံးများ တောက်ပသွားသည်။
“ဆရာစွေ့လိုမျိုးလား”
စွေ့ဟယ်လျန်သည် ဟွမ်ကျစ်ဟူ၏ ပထမဆုံးဆရာဖြစ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“ကောင်းပြီ” ဟွမ်ကျစ်ဟူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး စွေ့ဟယ်လျန်၏ပုံစံကို အတုခိုးလိုက်သည်။ သူမက လမ်းလျှောက်လာပြီး လက်တစ်ဖက်မြှောက်၍ မေးစေ့ကို ပွတ်သပ်သည်။ သို့သော် မုတ်ဆိတ်မွေးများမရှိသောကြောင့် လက်လျော့လိုက်ရသည်။
ယွင်တိက နောက်မှလိုက်သွားသည်။
မိစ္ဆာများကို စာအရေးအဖတ် သင်ကြားပေးနေသော ဟွမ်ကျစ်ဟူကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ညင်သာစွာခေါင်းခါသည်။
သူက ထိုမိန်းကလေးအတွက် လုပ်စရာတစ်ခု ရှာပေးလိုက်ခြင်းသာဖြစ်သည်။
သူက သင့်တော်သောသွေးမျိုးဆက်ကို တွေ့ခဲ့လျှင် ပေါင်းစပ်ပေးရန်အတွက် ဟွမ်ကျစ်ဟူကို လျှို့ဝှက်နယ်မြေထဲသို့ ခေါ်လာခဲ့သည်။
ထိုသို့ဆိုလျှင် ဟွမ်ကျစ်ဟူအတွက် ခါးသီးစွာကျင့်ကြံရမည့် နှစ်ရာပေါင်းများစွာကို လျော့ချပေးနိုင်လိမ့်မည်။
ထိုမိန်းကလေးသည် သူ၏ မွေးစားသမီးဖြစ်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဒုတိယမျိုးဆက် ထိပ်တန်းကျင့်ကြံသူဖြစ်သည်။ သူက သူမအတွက် အကောင်းဆုံးအခွင့်အရေးများ ပေးရမည်။
ယခု ဟွမ်ကျစ်ဟူက လျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည်။ သို့သော် သူမ၏ စာလေ့လာခြင်းနှင့် ကျင့်ကြံခြင်းကို လျစ်လျူရှုမထားနိုင်ပေ။
ဟန်မူယဲ့က အချိန်တိုအတွင်း၌ လိုအပ်သောရတနာများကို ရှာဖွေပြီး လျှို့ဝှက်နယ်မြေမှထွက်သွားရန် စီစဉ်ထားခဲ့သည်။
ဟန်မူယဲ့၏ရှေ့တွင် ကောင်းကင်ကြိုးကြာတစ်ကောင် ပေါ်လာသည်။ သူက ထိုကြိးကြာ၏ကျောပေါ်သို့ တက်လိုက်သည်။
ကောင်းကင်ကြိုးကြာက တောင်ပံဖြန့်ပြီး ပျံသန်းသွားသည်။
ရှန်စန်းက လေအဖြစ် အသွင်ပြောင်းပြီး ကောင်းကင်ကြိုးကြာ၏လည်ပင်းတွင် ရစ်ပတ်ထားသည်။
ပျံသန်းနိုင်စွမ်းကောင်းမွန်သော ကောင်းကင်ကြိုးကြာများသည် မိုင်တစ်ထောင်အကွာအဝေးအတွက် အချိန်တစ်ခုသာလိုအပ်သည်။
ရှေ့တွင်ရှိသော တောင်တန်းသည် တောင်ပံဖြန့်ထားသော ကြိုးကြာတစ်ကောင်နှင့်တူသည်။
တောင်ခြေတွင် ကလန်တစ်ခုဆီမှ အဆုံးမရှိသော မိစ္ဆာချီများ ထွက်ပေါ်နေသည်။
“ဂါး ....”
ဟိန်းသံနှင့်အတူ အနက်ရောင်အလင်းတစ်ခုသည် လေပြင်းအသွင်ပြောင်း၍ ကောင်းကင်ပေါ်သို့ ချက်ချင်းတက်လာသည်။
လေပြင်းသည် ဓားသွားနှင့်တူပြီး လေထုကို ထိုးခွဲလာသောကြောင့် အသံမြည်နေသည်။
ထိုလေပြင်း၏ဖိအားသည် တောင်တစ်လုံးနှင့်တူသည်။
ဝိညာဉ်တောဝက်ကလန်သည် အမှန်တကယ်ကြမ်းတမ်းသည်။ သူတို့က ချက်ချင်းတိုက်ခိုက်လာခဲ့သည်။
ကောင်းကင်ကြိုးကြာသည် တောင်ပျံခတ်ပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
လေထုသည် ကောင်းကင်ကြိုးကြာ၏ လောကဖြစ်သည်။
ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး လေထုထဲတွင် ရပ်နေသည်။
ရှန်စန်းက လေးနက်သောမျက်နှာထားဖြင့် အောက်ငုံ့ကြည့်သည်။
မိစ္ဆာစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။
အသန်မာဆုံးအလင်းတန်းသည် ကောင်းကင်အထိ ထိုးတက်လာသည်။ ပေတစ်ရာရှည်လျားသော အနက်ရောင်တောဝက်တစ်ကောင်၏ပုံရိပ်ကို မြင်နိုင်သည်။
ကောင်းကင်အဆင့်မိစ္ဆာ ....
ဝိညာဉ်တောဝက်ကလန်တွင် ကောင်းကင်ဘုံအဆင့်မိစ္ဆာတစ်ဦး ရှိနေသည်။
ဟန်မူယဲ့က ကောင်းကင်ဘုံအဆင့်မိစ္ဆာကို ကြည့်လိုက်ပြီး မျက်လုံးများမှေးကျဉ်းသည်။ သူ့နောက်တွင် ဓားအလင်းတစ်ခု ပေါ်လာသည်။
ရတနာရှစ်မျိုးယုရီသည် အစိမ်းရောင်ဓားရှည်တစ်လက်အဖြစ် ပြောင်းသွားသည်။ ထို့နောက် ဟန်မူယဲ့၏ ဒန်ထျန်အတွင်း၌ရှိသော ဓားဆန္ဒနှင့် ချီပင်လယ်၏ ခရမ်းရောင်ဓားအလင်းကိုဆွဲယူ၍ ခုတ်ချသည်။
“ဘုန်း”
ဓားအလင်းသည် မိစ္ဆာအလင်းတန်းနှင့် ဝင်တိုက်ပြီး တောဝက်ပုံရိပ်၏ခေါင်းကို ခုတ်ချသည်။
တောဝက်ပုံရိပ်သည် ညည်းညူလိုက်ပြီး ပျောက်ကွယ်သွားသည်။
အောက်တွင်ရှိနေသော ကောင်းကင်အဆင့်မိစ္ဆာက ရပ်တန့်သွားသည်။
ဓားအလင်းသည် ဆက်လက်ကျဆင်းလာသည်။
“တားစမ်း ....”
သူက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ကောင်းကင်ဘုံတစ်ဝက်အဆင့် တောဝက်မိစ္ဆာများက ဓားအလင်းနှင့် ဝင်တိုက်လိုက်သည်။
သူတို့က ဓားအလင်းကို ကိုယ်ပိုင်ဆန္ဒဖြင့် တားဆီးခဲ့ခြင်းမဟုတ်ပေ။ သူတို့က ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ အလိုလျောက် ပျံသန်းသွားခြင်းဖြစ်သည်။
“ဝိညာဉ်တောဝက်ကလန်ရဲ့ သွေးမျိုးဆက်ဝိညာဉ်က ကောင်းကင်အဆင့်မိစ္ဆာနဲ့ ပေါင်းစပ်သွားပြီပေါ့”
ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် တီးတိုးပြောသည်။ သူ့ရှေ့တွင်ရှိသောဓားသည် ယိမ်းယိုင်ခြင်းမရှိပေ။
“ရွှပ် ....”
ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ၏ခန္ဓာကိုယ်ကို ဓားအလင်းက ဖြတ်တောက်သွားသည်။
အလွန်လွယ်ကူသည်။
ဝိညာဉ်တောဝက်ကလန်၏ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူတွင် တိုက်ခိုက်နိုင်စွမ်းမရှိပေ။
ဓားအလင်းသည် လှုပ်ရှားသွားသည်။ ကျန်ရှိနေသော ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများက အသက်သုံးခါရှူချိန်ထက် ပိုမခံခဲ့ပေ။
ဝိညာဉ်တောဝက်ကလန်တွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက် ရှိနေသောကြောင့် အံ့အားသင့်ရန်မလိုတော့ပေ။ သူတို့က အရင်းအမြစ်နှင့် သွေးမျိုးဆက်စွမ်းအားများအားလုံးကို ကောင်းကင်အဆင့်မိစ္ဆာအပေါ်တွင် စုပုံထားခဲ့သည်။
ကလန်၏စွမ်းအားကို စုစည်းပြီး ကလန်သားတစ်ယောက်ကို ထောက်ပံ့ပေးသည်။
လျှို့ဝှက်နယ်မြေသို့ဝင်လာသော ပြင်ပကျင့်ကြံသူအများစုသည် ထိုသို့ပြုလုပ်လိမ့်မည်။
လျှို့ဝှက်နယ်မြေတွင်ရှိနေသော မိစ္ဆာကလည်း ထိုသို့ပြုလုပ်လိမ့်မည်ဟု သူထင်မထားခဲ့ပေ။
“ငရဲကိုသွားလိုက် ....”
ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများက ဓားအလင်းကို တားဆီးပေးခဲ့သောကြောင့် ကောင်းကင်ဘုံအဆင့်မိစ္ဆာက အချိန်ရသွားသည်။ သူက ဒေါသတကြီး အော်ဟစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ရွှေအလင်းများတောက်ပလာပြီး သူ့မျက်နှာက သွားစွယ်များနှင့် ဝက်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
“မိစ္ဆာခန္ဓာကိုယ်နဲ့ မိစ္ဆာအကျင့်စရိုက်ပဲ။ သူက သွေးမျိုးဆက်စွမ်းအားကို အပြည့်အဝမပေါင်းစပ်နိုင်လို့ စိတ်နေစိတ်ထား ပြောင်းလဲသွားပြီး ကိုယ်ပိုင်အသိစိတ်ကို ဆုံးရှုံးနေတာပဲ”
ရှန်စန်းက ကြောက်ရွံ့စိတ်များဖြင့် ပြောသည်။
လျှို့ဝှက်နယ်မြေတွင် သွေးမျိုးဆက်စွမ်းအားများသည် သန့်စင်ခံရသောကံကြမ္မာမှ မလွတ်မြောက်နိုင်ပေ။
သို့သော် မိစ္ဆာအများစုနှင့် သွေးမျိုးဆက်များသည် လိုက်ဖက်ညီမှုရှိပြီး ပေါင်းစပ်နိုင်သည်။
သူ့ရှေ့တွင်ရှိသောမိစ္ဆာသည် သွေးမျိုးဆက်ကို အတင်းအကျပ်သန့်စင်ခဲ့သောကြောင့် ခွန်အားနှင့်သွေးမျိုးဆက်ကြားတွင် ဆန့်ကျင်မှုများဖြစ်လာသည်။ ခွန်အားနှင့် သွေးမျိုးဆက် ကိုက်ညီမှုမရှိသောမိစ္ဆာများ အနည်းငယ်သာရှိသည်။
ဝိညာဉ်တောဝက်ကလန်က ကြမ်းတမ်းနေသည့်အတွက် အံ့အားသင့်နေရန် မလိုအပ်တော့ပေ။
သွားစွယ်မိစ္ဆာအဖြစ် ပြောင်းလဲလိုက်သောအခါတွင် ကောင်းကင်အဆင့်မိစ္ဆာ၏ခွန်အားက အဆပေါင်းများစွာ တိုးတက်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသော ရွှေအလင်းများသည် ဓားအလင်းကို ဖယ်ထုတ်လိုက်သည်။
သူက ထိုအရာသည် မလုံလောက်သေးကြောင်း ခံစားမိပုံပေါ်သည်။ မိစ္ဆာကြီးက ခေါင်းမော့၍ ဟိန်းဟောက်လိုက်သောအခါ ယဇ်ပလ္လင်ထက်တွင် မီးတောက်များမြင့်တက်လာသည်။
ဝိညာဉ်တောဝက်ကလန်သားများ ပျော့ခွေသွားသည်။ သူတို့၏ သွေးချီနှင့် မိစ္ဆာချီများက ထုတ်ယူခံလိုက်ရပြီး ယဇ်ပလ္လင်ဆီသို့ ရောက်သွားသည်။