← Chapters

အခန်း (၄၁၇)

Vol. 30 Ch. 417

အခန်း (၄၁၇)

Vol. 30 Ch. 417

‘တိုက်ဆိုင်လိုက်တာ’

ဟန်မူယဲ့က ဟယ်ထျန်းကျန်းကို မော့ကြည့်သည်။

“ငါ့ကို သုံးလစောင့်ပေး။ ငါ့ရဲ့အဓိကခန္ဓာကိုယ်ကို လွှတ်ပေးရအုံးမယ်”

“သွေးမျိုးဆက်စွမ်းအားပဲရှိနေရင် အဲ့ဒီကောင်ရဲ့မိုးကြိုးကို တောင့်ခံနိုင်မှာမဟုတ်ဘူး”

ဟယ်ထျန်းကျန်းက ရယ်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်သည်။

“ကောင်လေး၊ ငါပြန်လာရင် မင်းကို ပျက်ဆီးခြင်းစကြဝဠာဆီခေါ်သွားမယ်”

ပျက်စီးခြင်းစကြဝဠာ ....

‘ကောင်းကင်ကြိုးကြာက ပျက်စီးခြင်းစကြဝဠာကို သွားနိုင်တာလား’

ဟန်မူယဲ့က တွေးမိသည်။

ထိုနေရာတွင် အားကောင်းသောသားရဲများနှင့် ပြည့်နေသည်။

ထို့အပြင် သွမ်ကျိုးရှောင်က ဤနေရာတွင် ကောင်းကင်ကြိုးကြာကို အဘယ်ကြောင့်ဖိနှိပ်ထားသနည်း။

ဟန်မူယဲ့တွင် မေးခွန်းများရှိနေသည်။

သွမ်ကျိုးရှောင်နှင့် ဓားဘုရင်ယွမ်ထျန်းတို့ကဲ့သို့ အားကောင်းသောကျင့်ကြံသူများ၏ လုပ်ရပ်တိုင်းတွင် နက်ရှိုင်းသောအဓိပ္ပာယ်ရှိသည်။

ကောင်းကင်ကြိုးကြာ၏အဓိကခန္ဓာကိုယ်ကို လွှတ်ပေးနိုင်လျှင် တခြားရှေးခေတ်သားရဲများ၏အခြေအနေသည် မည်သို့ဖြစ်နေမည်နည်း။

‘ဒီလျှို့ဝှက်နယ်မြေထဲမှာ ပြိုင်ဘက်ကင်းစွမ်းအားတွေ ရှိနေတာလား’

ဟန်မူယဲ့က အဝေးသို့ကြည့်လိုက်ပြီး သိပ်မဝေးသောရောတွင်ရှိသည့် ရှန်စန်းကို လှည့်ကြည့်သည်။

ရှန်စန်း၏မျက်လုံးထဲတွင် လေးစားမှုများရှိနေပြီး ဦးညွှတ်သည်။

ဟန်မူယဲ့ထုတ်ပြခဲ့သောခွန်အားသည် စိတ်ကူးမယဉ်နိုင်လောက်ပေ။

ထိုဓားနည်းစနစ်သည် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။

“ကလန်ကို ပြန်သွားရအောင်။ သူတို့က ဖျံစိမ်းကလန်ရဲ့ပြဿနာတွေကို ဖြေရှင်းပြီးလောက်ပြီ”

ဟန်မူယဲ့က ရေရွတ်လိုက်ပြီး ဓားအလင်းတစ်ခုအဖြစ်ပြောင်း၍ ပျံသန်းသွားသည်။

ဓားအလင်းသည် လေပြင်းများကိုဖြစ်ပေါ်လာစေပြီး တိမ်တိုက်များကို ထိုးခွဲသွားသည်။

ဟယ်ထျန်းကျန်းနှင့်တိုက်ပွဲသည် တည်ငြိမ်သော်လည်း အန္တရာယ်များဖြင့်ပြည့်နေသည်။

ဟန်မူယဲ့၏ သန်မာသောဓားနည်းစနစ်ကြောင့် ဟယ်ထျန်းကျန်းက ရပ်တန့်ခဲ့သည်။

သူက ကောင်းကင်တောင်ပံများနှင့်ပတ်သတ်၍ အတော်လေးဂရုစိုက်သည်။

ဟန်မူယဲ့တို့က လျင်မြန်စွာရောက်လာခဲ့ပြီး ပိုမိုလျင်မြန်စွာ ထွက်သွားသည်။

ဟန်မူယဲ့နှင့်ရှန်စန်းက ကြောင်မြီးတိုကလန်သို့ ခဏအကြာတွင် ပြန်ရောက်လာသည်။

သူတို့က ကလန်ထဲသို့ ခြေချလိုက်သောအခါ ယဇ်ပလ္လင်ထက်တွင် မီးတောက်များ တုန်ခါလာသည်။ မီးတောက်သည် ပေါက်ကွဲထွက်လာပြီး ပေတစ်ထောင်အထိ မြင့်တက်သွားသည်။

ကြောင်မြီးတိုမိစ္ဆာများ၏ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်အလင်းများ သွယ်ယှက်နေသည်။ မိစ္ဆာအလင်းနှင့် သဘာဝစွမ်းအင်အလင်းများလည်း ရှိနေပြီး ဓားချီနှင့် လေပြင်းများ လှုပ်ရှားနေသည်။

လေဓာတ်လိုက်ဖက်ညီမှုစွမ်းအားကြောင့် ကြောင်မြီးတိုကလန်သားများသည် ပုံရိပ်ယောင်ဆန်နေသည်။

သိပ်မဝေးသောနေရာတွင် အစိမ်းရောင်ဝတ်စုံဝတ်ထားသော နားရွက်ချွန်များနှင့် မိစ္ဆာအချို့က ထိတ်လန့်သွားပုံပေါ်သည်။

သူတို့က ဖျံစိမ်းကလန်မှ ဖြစ်သည်။

အားနည်းသောကြောင်မြီးတိုကလန်သည် ရုတ်တရက်သန်မာလာသည်။ ကျွမ်းကျင်သူအချို့ လှုပ်ရှားလာခဲ့ပြီး ကျူးကျော်လာသော ကောင်းကင်လမ်းလျှောက်သူများကို ဖြေရှင်းခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် ဖျံစိမ်းကလန်၏ကျွမ်းကျင်သူများ နားမလည်နိုင်ဖြစ်သွားသည်။

သူတို့က ကျေးဇူးတင်ရန်နှင့် ကြောင်မြီးတိုကလန်၏ပြောင်းလဲမှုများကို လေ့လာရန်အတွက် လိုက်လာခဲ့သည်။

သူတို့ရောက်လာသောအချိန်တွင် အားကောင်းသောသွေးမျိုးဆက်ပေါင်းစည်းမှုကို မြင်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

‘ဒီလိုခမ်းနားတဲ့မြင်ကွင်းမျိုးဖြစ်လာအောင် ဘယ်လိုသွေးမျိုးဆက်နဲ့ ပေါင်းစပ်လိုက်တာလဲ’

“မိုင်ငါးထောင်အတွင်းမှာ ဒီလိုသန်မာတဲ့သွေးမျိုးဆက်မျိုးရှိတာက ....”

ဖျံစိမ်းကလန်၏ အဖြူရောင်မုတ်ဆိတ်များနှင့် အကြီးအကဲတစ်ယောက်က ဘေးသို့လှည့်ပြီး တီးတိုးပြောသည်။

“ဝိညာဉ်တောဝက်ကလန်”

ဘေးတွင်ရှိသောလူများက ကြောင်အသွားသည်။

“မဖြစ်နိုင်ဘူး။ ဝိညာဉ်တောဝက်ကလန်က ဒီပတ်ဝန်းကျင်မှာ အသန်မာဆုံးပဲ ....”

သူက စကားကို အဆုံးမသတ်နိုင်ဘဲ မျက်လုံးပြူးသွားသည်။

ယဇ်ပလ္လင်၏ပတ်ပတ်လည်တွင် လေများတိုက်ခတ်နေသည်။

ထိုအရာသည် ကောင်းကင်ဖျက်ဆီးခြင်းတောဝက်၏ သွေးမျိုးဆက်စွမ်းအားဖြစ်သည်။

သူတို့က ဖုံးကွယ်မထားနိုင်သော ကြောက်ရွံ့မှုများနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်သည်။

ကြောင်မြီးတိုကလန်သည် ဝိညာဉ်တောဝက်ကလန်၏သွေးမျိုးဆက်ကို လုယူခဲ့သည်။

ယခုအချိန်မှစ၍ ကြောင်မြီးတိုကလန်သည် မိုင်ငါးထောင်ပတ်ဝန်းကျင်၌ နံပတ်တစ်ကလန်ဖြစ်သွားသည်။

“ဘုန်း”

မီးတောက်များက တုန်ခါသွားပြီး အသံပေးလိုက်သည်။ နောက်တွင် အမြီးရှည်သုံးချောင်းရှိနေသော ရှန်စန်းက ပျံသန်းလာသည်။

“သခင်က မင်းတို့ကို တွေ့ချင်နေတယ်”

သူက ဖျံစိမ်းကလန်၏ ကျွမ်းကျင်သူများကိုကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။

ထိုအကြည့်တွင် သန်မာသောဝိညာဉ်စွမ်းအားရှိနေသည်။ ဖျံစိမ်းများ၏ဝိညာဉ်က ထိန်းချုပ်မထားနိုင်ဘဲ တုန်ခါသွားသည်။

‘ကြောင်မြီးတိုကလန်က ဘယ်လိုအခွင့်အရေးမျိုး ရခဲ့တာလဲ’ သူတို့ တွေးမိသည်။

‘အမြီးသုံးချောင်းကြောင်မြီးတိုလား။ လျှို့ဝှက်နယ်မြေမှာ အဲ့လိုကလန်မျိုး ရှိလို့လား’

ဖျံစိမ်းမိစ္ဆာများက တဲအိမ်သို့ ရောက်လာသောအခါတွင် ဟန်မူယဲ့ကို မြင်လိုက်ရသည်။

တဲအိမ်၏ရှေ့တွင် လူတစ်ယောက်၏တစ်ဝက်ခန့်မြင့်သော ကျောက်သင်ပုန်းတစ်ခုရှိနေသည်။ ဟွမ်ကျစ်ဟူက ကျောက်သင်ပုန်း၏ရှေ့တွင် ရပ်နေပြီး ရေးထားသောစာလုံးများကို သင်ကြားပေးနေသည်။

ဒါဇင်ချီနေသော ကြောင်မြီးတိုကလန်သားများက လေးစားသောမျက်နှာထားဖြင့် တင်ပျဉ်ခွေထိုင်နေသည်။

သူတို့က ဟွမ်ကျစ်ဟူ၏ သင်ကြားမှုအောက်တွင် စာအရေးအဖတ် သင်ယူနေသည်။

ဟန်မူယဲ့က စိတ်လှုပ်ရှားနေသောဟွမ်ကျစ်ဟူကို အနှောင့်အယှက်မပေးခဲ့ပေ။ သူက တခြားဘက်သို့ လျှောက်သွားလိုက်သည်။

ရှန်စန်းက ဖျံစိမ်းမိစ္ဆာများကို ခေါ်လာသည်။

“ကောင်းကင်လမ်းလျှောက်သူတွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုကနေ လွတ်မြောက်အောင်ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

အဖြူရောင်မုတ်ဆိတ်နှင့်အကြီးအကဲက ရှေ့တိုးလိုက်ပြီး ဦးညွှတ်သည်။

သူ့နောက်တွင်ရှိနေသော လူအချို့ကလည်း လျင်မြန်စွာဦးညွှတ်သည်။

ဟန်မူယဲ့က ကျောက်သားထိုင်ခုံပေါ်တွင် ထိုင်နေပြီး လက်ကို ဝှေ့ယမ်းသည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ငါက မင်းတို့ ဖျံစိမ်းကလန်ရဲ့ ဆေးလုံးသန့်စင်ခြင်းအမွေအနှစ်ကို စိတ်ဝင်စားနေတယ်”

သူက လှည့်ပတ်မပြောဘဲ တိုက်ရိုက်ပြောခဲ့သည်။

ကြောင်မြီးတိုကလန်၏ခွန်အားနှင့် သူ့ကိုယ်ပိုင်ခွန်အားအရ ဖျံစိမ်းကလန်ကို အထင်သေးနိုင်သည်။

ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် အားနည်းသောလူများကို လှည့်ပတ်ပြောနေရန် မလိုအပ်ပေ။

ဖျံစိမ်းကလန်၏ကျွမ်းကျင်သူများသည် မျက်နှာထားပြောင်းလဲသွားသော်လည်း အပြင်းအထန်တုံ့ပြန်လာခြင်း မရှိပေ။

ဖျံစိမ်းကလန်ကို အကြောင်းပြချက်မရှိဘဲ မည်သူက ကူညီမည်နည်း။

ကြောင်မြီးတိုကလန်နှင့် ကြောင်မြီးတိုကလန်ကို အုပ်စိုးထားသော ကျွမ်းကျင်သူတွင် ရည်ရွယ်ချက်တစ်ခု ရှိလိမ့်မည်။

“မြင့်မြတ်တဲ့အရှင်၊ ဒါက ဖျံစိမ်းကလန်ရဲ့ ဆေးညွှန်းတွေပါ။ ဒါကတော့ ဖျံစိမ်းကလန်ရဲ့ သွေးမျိုးဆက်တစ်စက်ပါ”

မုတ်ဆိတ်ဖြူနှင့်အကြီးအကဲက လက်ကိုဆန့်ထုတ်သည်။ သူ့လက်ဝါးထဲတွင် ကျောက်စိမ်းပေလွှာတစ်ခုနှင့် သဘာဝစွမ်းအင်အလင်းများထုတ်ပေးနေသော အနီရောင်သွေးစက်တစ်စက် ရှိသည်။

အင်အားစုကြီးများတွင် ကိုယ်ပိုင်နည်းလမ်းရှိသလို အင်အားစုငယ်များတွင် ကိုယ်ပိုင်စွမ်းရည်ရှိသည်။

ဥပမာအနေဖြင့် ဖျံစိမ်းကလန်သည် ခုခံခြင်းမရှိဘဲ အမွေအနှစ်ကို ချက်ချင်းထုတ်ပေးခဲ့သည်။ ထိုအပြုအမူသည် သူတို့၏အသက်ကို ကယ်တင်ရန်အတွက် လုံလောက်သည်။

ဟန်မူယဲ့က ကျောက်စိမ်းပေလွှာနှင့်သွေးစက်ကို မယူဘဲ တည်ငြိမ်စွာပြောသည်။ “ငါ့အတွက် ဆေးလုံးအချို့ သန့်စင်ပေး”

‘ဆေးလုံးသန့်စင်ရမှာလား’

‘အခုလား’

ဖျံစိမ်းကလန်၏ကျွမ်းကျင်သူများ မတုံ့ပြန်နိုင်ခင် ဟန်မူယဲ့က လက်မြှောက်ပြီး ဝှေ့ယမ်းသည်။

“ဝီ”

လေထုထဲတွင် မီးပြင်းဖိုကြီးတစ်လုံး ပေါ်ထွက်လာသည်။

မီးပြင်းဖိုသည် ငါးပေမြင့်ပြီး ရွှေရောင်သန်းနေသည်။ ရွှေရောင်သဘာဝစွမ်းအင်အလင်းများသည် ရွှေရောင်အင်းကွက်များကြားတွင် လှုပ်ရှားနေသည်။

အလင်းစက်ကွင်းတစ်ခုက ပတ်ဝန်းကျင်ရှိလေထုကို တွန်းထုတ်လိုက်ပြီး ပုံရိပ်ယောင်တစ်ခု ဖြစ်လာစေသည်။

“ဒါ၊ ဒါက ....”

မုတ်ဆိတ်ဖြူနှင့်အကြီးအကဲက မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားသည်။ “ဒါက မှော်ရတနာ မီးပြင်းဖိုလား”

တခြားဖျံစိမ်းကျွမ်းကျင်သူများကလည်း မီးပြင်းဖိုမှ အကြည့်မလွှဲနိုင်ဘဲ ငေးကြည့်နေမိသည်။

အာခီမီကိုကျင့်ကြံသော မိစ္ဆာများအတွက် ထိုရတနာမျိုးသည် ဘဝအိပ်မက်ဖြစ်သည်။

ဟန်မူယဲ့က တာအိုအနှစ်သာရမီးပြင်းဖို၏ အဆင့်ကို ရှင်းမပြခဲ့ပေ။ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“ဆေးလုံးသန့်စင်ရအောင်”

မုတ်ဆိတ်ဖြူနှင့်လူအိုကြီးက ခေါင်းညိတ်သည်။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအချို့ရှိနေပြီး ဖျံစိမ်းမိစ္ဆာများကို လှည့်ကြည့်သည်။ သူတို့အားလုံး၏မျက်နှာထားက တူညီနေသည်။

ထိုမီးပြင်းဖိုကိုအသုံးပြု၍ ဆေးလုံးသန့်စင်နိုင်ခြင်းသည် ဘဝတစ်လျှောက်လုံးတွင် တစ်ခါသာရနိုင်သော အခွင့်အရေးမျိုး ဖြစ်လိမ့်မည်။

သူတို့က လူစုလိုက်ပြီး စကားအနည်းငယ်ပြောသည်။ ထို့နောက် အစိမ်းရောင်မီးတောက်များကို အသုံးချပြီး ဝိညာဉ်ဆေးပင်များကို တစ်ပင်ပြီးတစ်ပင် ထုတ်ဖော်လိုက်သည်။

ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် စောင့်ကြည့်နေသည်။

သူ့စိတ်ထဲတွင် ဖျံစိမ်းများ၏ ဆေးလုံးသန့်စင်ပုံကို သေချာစစ်ဆေးကြည့်နေသည်။

ဝိညာဉ်ဆေးပင်၊ ဆေးညွှန်းနှင့် ဆေးလုံးသန့်စင်ခြင်းနည်းစနစ်များ ....

အဌမအဆင့် ကျောက်စိမ်းမြစ်ဆေးလုံး။ ထိုဆေးလုံးသည် ဝိညာဉ်သွေးကြောများကိုသန့်စင်ပြီး သွေမျိုးဆက်စွမ်းအားသိပ်သည်းမှုကို မြှင့်တင်ပေးနိုင်သည်။

ထိုဆေးလုံးသည် သွေးမျိုးဆက်များပေါင်းစပ်ချင်သော ကျင့်ကြံသူများအတွက် ရတနာတစ်ခုဖြစ်သည်။

ဖျံစိမ်းကလန်က ဟန်မူယဲ့လိုချင်သောအရာကို ခန့်မှန်းမိပုံရသည်။ ထို့ကြောင့် သူတို့က ထိုဆေးလုံးကို ရွေးချယ်ခဲ့သည်။

တာအိုအနှစ်သာရမီးပြင်းဖို၏ ထောက်ပံ့နိုင်စွမ်းသည် ကြောက်မက်ဖွယ်ကောင်းသည်။

ဖျံစိမ်းကလန်၏ကျွမ်းကျင်သူများက တစ်ယောက်ပြီးတစ်ယောက် လူလဲ၍ လှုပ်ရှားနေသည်။ သူတို့က စိတ်လှုပ်ရှားနေပုံပေါ်သည်။

ဖျံစိမ်းကလန်၏ အာခီမီပညာရပ်တွင် အားသာချက်တစ်ခုရှိကြောင်း ဟန်မူယဲ့ မြင်နိုင်သည်။ သူတို့က အုပ်စုဖွဲ့၍ လှုပ်ရှားနိုင်သည်။

ကလန်နှင့်သွေးမျိုးဆက်တူညီသော အာခီမီပညာရှင်များသည် ပူးပေါင်း၍ ဆေးလုံးသန့်စင်နိုင်သည်။

ဆယ့်ငါးမိနစ်အကြာတွင် မီးပြင်းဖိုက တုန်ခါသွားပြီး အလင်းတန်းများ ပျံထွက်လာသည်။

ရွှေရောင်အင်းကွက်နှင့် ဆေးလုံးငါးလုံး ပျံသန်းလာပြီး ဖျံစိမ်းကလန်၏ကျွမ်းကျင်သူများက ဖမ်းယူထားလိုက်သည်။

“ဝိညာဉ်ဆေးလုံးတွေလား”

ဆေးလုံးပေါ်တွင်ရှိသောအင်းကွက်များကို ကြည့်လိုက်ပြီး သူတို့က စိတ်လှုပ်ရှားစွာအော်ဟစ်သည်။

“ငါတို့ ဖျံစိမ်းကလန်က တကယ့်ကို ဝိညာဉ်ဆေးလုံးကို သန့်စင်နိုင်တာပဲ ....”

မုတ်ဆိတ်ဖြူနှင့်လူအိုကြီးက လက်ထဲတွင် ဆေးလုံးများကိုကိုင်ထားပြီး ရှုပ်ထွေးသောမျက်နှာထားဖြင့် သက်ပြင်းချသည်။

ဟန်မူယဲ့က သူတို့ကို မနှောင့်ယှက်ခဲ့ပေ။ သူတို့ စိတ်ငြိမ်သွားသည်အထိစောင့်ပြီး လက်ကို ဆန့်ထုတ်သည်။

လူအိုကြီး၏လက်ထဲတွင်ရှိသော ဆေးလုံးများက သူ့လက်ထဲသို့ ရောက်လာသည်။

ထိုဆေးလုံးများသည် ဝိုင်းစက်နေပြီး ရွှေရောင်အင်းကွက်များ ရှိနေသည်။

အမြင့်ဆုံးအဆင့်အရည်အသွေးဆေးလုံးများ ဖြစ်သော်လည်း အစစ်အမှန်ဝိညာဉ်ဆေးလုံးအဖြစ် မယူဆနိုင်ပေ။

ဝိညာဉ်အင်းကွက်များသည် အလွန်မှိန်ဖျော့နေသည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်သောအခါတွင် တာအိုအနှစ်သာရမီးပြင်းဖိုက တုန်ခါသွားသည်။ မီးပြင်းဖိုပေါ်တွင် သဘာဝစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။

“ဝီ”

မီးပြင်းဖိုသည် အဖုံးပွင့်လာပြီး ဝိညာဉ်ဆေးပင်များကို ပစ်ထည့်လိုက်သည်။

ဖျံစိမ်းကလန်သားများက မီးပြင်းဖိုကို စိုက်ကြည့်နေသည်။

“အဲ့ဒီလိုမဟုတ်သေးဘူး။ ရင်းမြစ်ကြွယ်မြက်ပင်ကို ဒီလိုမျိုးထားလိုက်ရင် ပေါက်ကွဲသွားလိမ့်မယ် ....”

အစိမ်းရောင်ဝတ်စုံနှင့်လူအိုကြီးက စကားပြောပြီးသွားသောအခါတွင် ဟန်မူယဲ့က မီးပြင်းဖိုဆီသို့ ဓားအလင်းတစ်ခုကို ပစ်လွှတ်သည်။

မီးပြင်းဖိုကို ပေါက်ကွဲသွားစေနိုင်သော ဝိညာဉ်ဆေးပင်က ပျက်စီးသွားသည်။ ဆေးစွမ်းအားသည် တခြားဆေးပင်များထဲသို့ စိမ့်ဝင်သွားသည်။

“အဲ့ဒီလိုလား။ ရင်းမြစ်ကြွယ်မြက်ပင်ရဲ့စွမ်းအားကို ၈၀%ကျော်တဲ့အထိ ခွဲခြားပစ်နိုင်ရင် မီးပြင်းဖိုရဲ့ဆေးစွမ်းအားက နှစ်ဆတိုးလာမှာမဟုတ်လား”

ဖျံစိမ်းကလန်၏ကျွမ်းကျင်သူတစ်ယောက်က မျက်လုံးပြူးသွားပြီး အော်ဟစ်သည်။

ထို့နောက် သူက ချက်ချင်းဆိုသလိုပဲ ပါးစပ်ပိတ်လိုက်သည်။

ဆေးလုံးသန့်စင်နေသောအချိန်တွင် စကားပြောခြင်းသည် တားမြစ်ထားသောအရာဖြစ်သည်။

မီးပြင်းဖိုသည် ညင်သာစွာလည်ပတ်နေသည်။ အထဲတွင်ရှိသော ဝိညာဉ်ဆေးပင်များသည် အရည်အဖြစ်ပြောင်းသွားပြီး ဆေးလုံးအဖြစ် လျင်မြန်စွာစုစည်းနေသည်။

ဆေးလုံးသန့်စင်သော ဖြစ်စဉ်တစ်ခုလုံးသည် ဖျံစိမ်းကလန်ထက် တစ်ဝက်ကျော်ပိုမြန်သည်။

“ဝီ”

မီးပြင်းဖိုထဲမှ လုံးဝိုင်းပြီး တောက်ပနေသောဆေးလုံးများ ပျံထွက်လာသည်။ သေချာမကြည့်လျှင်တောင် ကောင်းမွန်သောဆေးလုံးများဖြစ်ကြောင်း ပြောနိုင်သည်။

ဆေးလုံးရှစ်လုံး ပေါ်ထွက်လာပြီး ဖျံစိမ်းကလန်မှ ကျွမ်းကျင်သူများ၏ရှေ့တွင် လွင့်မျောနေသည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် လေးနက်သောမျက်နှာထားဖြင့်ကြည့်လိုက်ပြီး ဆေးလုံးကို ဖမ်းယူသည်။

“ဆေးစွမ်းအားက သိပ်သည်းပြီး ပြည့်စုံတယ်။ ဝိညာဉ်အင်းကွက်တွေကလည်း ထင်ရှားတယ် ....”

“မပျော်ဝင်နိုင်တဲ့ ဆေးစွမ်းအားတချို့ကို ရှင်းထုတ်လိုက်တဲ့အခါမှာ ဆေးလုံးက ပိုပြီးညင်သာလာတယ်”

“ရှားပါးလိုက်တာ။ ဒီဆေးလုံးက ငါ့ဝိညာဉ်သွေးကြောတွေကို ဆက်တိုက်သန့်စင်ပေးနိုင်တယ်”

“အဲဒါက ရင်းမြစ်ကြွယ်မြက်ပင်ရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့စွမ်းအားတွေကို ဓားအလင်းက ရှင်းထုတ်ပစ်လိုက်လို့ပဲ”

All Chapters