← Chapters

အခန်း (၄၁၈)

Vol. 30 Ch. 418

အခန်း (၄၁၈)

Vol. 30 Ch. 418

သူတို့က အာခီမီပညာရပ်ကို လေ့ကျင့်ပြီး အာခီမီနှင့်သက်ဆိုင်သော သွေးမျိုးဆက်အမွေအနှစ်သည် အလွန်အားကောင်းသည်။ သူတို့က ဆေးလုံးကိုကြည့်ပြီး ဟန်မူယဲ့၏လုပ်ဆောင်ချက်များကို သုံးသပ်နိုင်သည်။

“အကြီးအကဲရဲ့ အာခီမီကျွမ်းကျင်မှုက တကယ့်ကို ရင်သပ်ရှုမောစရာပဲ ....” မုတ်ဆိတ်ဖြူနှင့်လူအိုကြီးက လက်နှစ်ဖက်ဖြင့် ဆေးလုံးကိုကိုင်ထားပြီး ဦးညွှတ်သည်။

ကျန်လူများကလည်း ဟန်မူယဲ့ကို လေးစားစွာကြည့်သည်။

ဟန်မူယဲ့က သန်မာသောကြောင့်မဟုတ်ဘဲ ဟန်မူယဲ့၏ အာခီမီကျွမ်းကျင်မှုကြောင့် ဖြစ်သည်။

တစ်ဖက်လူ၏ အသန်မာဆုံးနယ်ပယ်တွင် အနိုင်ယူခဲ့သည်။ ထိုခွန်အားမျိုးသည် အလွန်တောက်ပနေသည်။

ဖျံစိမ်းများသည် ဟန်မူယဲ့နှင်ပတ်သတ်၍ သိပ်စိတ်မပူတော့ပေ။

အာခီမီပညာရှင်များကြားတွင် များသောအားဖြင့် ငြိမ်းချမ်းမှုနှင့်တိတ်ဆိတ်မှုသာ ရှိသည်။

“ဒီနေ့ကစပြီး ငါ့ရဲ့ အာခီမီသင်ခန်းစာကို နားထောင်ဖို့အတွက် ကြောင်မြီးတိုကလန်ကို တစ်လမှာ တစ်ကြိမ် လာနိုင်တယ်”

ဟန်မူယဲ့၏စကားကြောင့် ဖျံစိမ်းကလန်၏ကျွမ်းကျင်သူများက ပျော်ရွှင်သွားသည်။

ဟန်မူယဲ့၏ အာခီမီကျွမ်းကျင်မှုသည် သူတို့ထက် အဆပေါင်းများစွာသန်မာသည်။ သူတို့က ဟန်မူယဲ့၏ အာခီမီသင်ခန်းစာကို နားထောင်နိုင်လျှင် ခုန်ပေါက်၍ တိုးတက်လာလိမ့်မည်။

“တာအိုအနှစ်သာရမီးပြင်းဖိုကို ယူသွားလိုက်။ မင်းတို့ ဖြည်းဖြည်းချင်းလေ့လာနိုင်တယ်” ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းသည်။ တာအိုအနှစ်သာရမီးပြင်းဖိုက သုံးပေမြင့်သောမီးပြင်းဖိုအဖြစ် ပြောင်းသွားပြီး မုတ်ဆိတ်ဖြူနှင့်လူအိုကြီး၏ရှေ့တွင် လွင့်မျောနေသည်။

‘သူက ဒီလိုရတနာမျိုးကို လေ့လာဖို့အတွက် ပေးလိုက်တယ်ပေါ့’

လူအိုကြီးက တစ်ကိုယ်လုံးတုန်ခါသွားပြီး မသိစိတ်အလျောက် ဟန်မူယဲ့ကို ကြည့်မိသည်။

“ဆရာသခင်၊ ဖျံစိမ်းကလန်ကနေ ဘာကိုလိုအပ်ပါသလဲ”

‘အရေးမပါတဲ့ဖျံစိမ်းကလန်လေးအတွက် သန်မာတဲ့အာခီမီဆရာသခင်တစ်ယောက်က လှည့်ကွက်ထုတ်နေစရာလိုသလား’ သူက တွေးမိသည်။

ကျန်လူများကလည်း နားမလည်နိုင်ပေ။

‘ဒါက တန်ရဲ့လား ....’

သူတို့ တွေးမိသည်။

သူတို့က ကိုယ်ပိုင်တန်ဖိုးကို နားလည်သည်။

သူတို့ထဲမှ ဖျံစိမ်းဆယ်ကောင်ပေါင်းလိုက်မည်ဆိုလျှင်ပင် မီးပြင်းဖို၏တန်ဖိုးကို တတ်နိုင်မည်မဟုတ်ပေ။

“နောက်ကျရင် မင်းတို့က ပေါက်ဈေးအတိုင်း ဆေးလုံးတွေရောင်းပေးရမယ်။ ဘယ်လိုလဲ”

ဟန်မူယဲ့က ဖျံစိမ်းများကို လှည့်ကြည့်သည်။

မုတ်ဆိတ်ဖြူနှင့်လူအိုကြီး စကားမပြောခင် ဟန်မူယဲ့က ဆက်ပြောသည်။

“အပြန်အလှန်အနေနဲ့ ငါက မင်းတို့ကို တခြားဖျံစိမ်းကလန်ရဲ့ သွေးမျိုးဆက်တွေရလာအောင် ကူညီပေးမယ်”

‘သဘောမတူဘဲ နေနိုင်မှာလား’

အရူးတစ်ယောက်ကသာ ငြင်းဆန်လိမ့်မည်။

တာအိုအနှစ်သာရမီးပြင်းဖိုနှင့် ငေးမောစွာထွက်သွားသော ဖျံစိမ်းကလန်၏ကျွမ်းကျင်သူများကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ပြုံးသည်။

သူက တစ်ဖက်သို့လှည့်ပြီး ကျောက်စားပွဲပေါ်တွင်ရှိသော ကျောက်စိမ်းပေလွှာနှင့် သွေးပုလဲကို ကြည့်သည်။

“မွေးစားအဖေ၊ သူတို့က အရမ်းတုံးတယ်။ သင်ပေးလို့မရဘူး”

ဟွမ်ကျစ်ဟူက လက်တစ်ဖက်တွင် သစ်သီးတစ်လုံးကိုင်ထားပြီး လျှောက်လာခဲ့သည်။

“အရင်တုန်းက ဆရာစွေ့ကလည်း ငါ့ကို အဲ့ဒီလိုမျိုးပြောဖူးတယ်”

ဟန်မူယဲ့က သူမကို လှည့်ကြည့်သည်။

ဟွမ်ကျစ်ဟူ၏မျက်နှာထားက အေးခဲသွားသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ကျောက်စားပွဲပေါ်တွင်ရှိသော ကျောက်စိမ်းပေလွှာနှင့် သွေးပုလဲကို သိမ်းသည်။ သူက ရှန်စန်းကို ကြည့်သည်။

“ကြောင်မြီးတိုတွေအားလုံးကိုစုစည်းပြီး အမွေအနှစ်ကိုလက်ခံဖို့ ပြင်ထားလိုက်ပါ”

ဟန်မူယဲ့၏မျက်လုံးထဲတွင် နက်ရှိုင်းသောအလင်းများရှိနေပြီး ရှန်စန်းကိုကြည့်သည်။

“လျှို့ဝှက်နယ်မြေတစ်ခုလုံးကို စုံစမ်းဖို့အတွက် ဘယ်လောက်ကြာမလဲ”

လျှို့ဝှက်နယ်မြေတစ်ခုလုံး ....

ဟန်မူယဲ့က သွေးမျိုးဆက်မှတ်ဉာဏ်များထဲမှ လျှို့ဝှက်နယ်မြေတစ်ခုလုံးကို မြင်ခဲ့သည်။

တောင်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေထက် အနည်းငယ်သေးသည်။

အသန်မာဆုံးကလန်များသည် လျှို့ဝှက်နယ်မြေ၏ အတွင်းပိုင်းတွင်ရှိနေပြီး အရင်းအမြစ်အများစုကို ထိန်းချုပ်ထားသည်။

ကြောင်မြီးတို၊ ဖျံစိမ်း စသည့် ကလန်ငယ်များသည် အစွန်အဖျားတွင် ရှိနေသည်။

သူတို့က ရှင်သန်နိုင်သော်လည်း ခွန်အားနည်းသောကြောင့် ထင်ပေါ်ခြင်းမရှိပေ။

ရှန်စန်းက တစ်ကိုယ်လုံးတုန်ခါသွားပြီး ဟန်မူယဲ့ကို မော့ကြည့်သည်။

ဟန်မူယဲ့က အာခီမီကျွမ်းကျင်မှုကိုအသုံးချ၍ ဖျံစိမ်းကလန်ကို သိမ်းပိုက်ခဲ့သည်။

‘သူ့သခင်က ဘယ်လောက်တောင်သန်မာနေတာလဲ’

“နှစ်လ မဟုတ်ဘူး တစ်လအတွင်းမှာ လျှို့ဝှက်နယ်မြေတစ်ခုလုံးကို စုံစမ်းပေးမယ်လို့ ကတိပေးပါတယ်”

ရှန်စန်းက ခေါင်းငုံ့လိုက်ပြီး ညင်သာစွာပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်ပြီး လက်ကိုဝှေ့ယမ်းသည်။

ရှန်စန်းက ပျောက်ကွယ်သွားသည်။

သူက အစိမ်းရောင်မြေခွေး၊ ကောင်းကင်မြေခွေး၊ တိမ်တိုက်ကျားသစ်၊ ကောင်းကင်ဖျက်ဆီးခြင်းတောဝက် စသည့်သွေးမျိုးဆက်များကို ပေါင်းစပ်ပေးခဲ့သည်။ ထို့အပြင် ကြောင်မြီးတိုများသည် အမြန်နှုန်းနှင့် ပုန်းကွယ်နိုင်စွမ်းကောင်းပြီး ဓားနည်းစနစ်များကိုလည်း တတ်မြောက်ထားသည်။ ထိုစွမ်းရည်နှင့်ဆိုလျှင် လျှို့ဝှက်နယ်မြေကိုစုံစမ်းရန်အတွက် နှစ်လမကြာသင့်ပေ။

ထိုသို့ အချိန်ကြာနေမည်ဆိုလျှင် ကြောင်မြီးတိုကလန်ကိုဖျက်ဆီးပြီး ချန်တောင်ကုန်းမြေခွေးကလန်သို့ သွေးမျိုးဆက်စွမ်းအားလွှဲပေးလိုက်ခြင်းသည် ပိုမိုကောင်းမွန်လိမ့်မည်။

ဟန်မူယဲ့က အစိမ်းရောင်မြေခွေးကလန်နှင့်လည်း ပတ်သတ်နေကြောင်း ရှန်စန်းက သိထားသည်။ ထို့ကြောင့် သူက တစ်လအတွင်း အောင်မြင်စွာဆောင်ရွက်ရန် ကတိပေးခဲ့သည်။

“တစ်လ၊ လျှို့ဝှက်နယ်မြေမှာ တစ်လက သိပ်မကြာပါဘူး”

ဟန်မူယဲ့က ကျောက်စားပွဲပေါ်တွင် လက်ချောင်းများခေါက်နေပြီး တီးတိုးပြောသည်။

ထို့နောက် သူ့ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

....

လျှို့ဝှက်နယ်မြေထဲတွင် တစ်လအချိန်သည် လျင်မြန်စွာကုန်ဆုံးသွားသည်။

ကြောင်မြီးတိုကလန်၏ အဖွဲ့ဝင်များအားလုံးနီးပါးကို လျှို့ဝှက်နယ်မြေအားစုံစမ်းရန်အတွက် အသုံးချထားခဲ့သည်။

ပတ်ဝန်းကျင်ရှိ ကြောင်မြီးတိုကလန်များကို သိမ်းပိုက်ပြီးသောအခါတွင် လူအင်အားတစ်သိန်းအထိ ရှိလာခဲ့သည်။

ထိုလူများထဲတွင် တစ်ဝက်ကျော်သည် လေအသွင်ပြောင်း၍ ပုန်းကွယ်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးနိုင်သည်။

ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူသုံးယောက်သည် အမြီးနှစ်ချောင်း စုစည်းထားနိုင်သည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူ၁၈ယောက်သည် အလင်းရောင်များထုတ်လွှတ်၍ လေပြေလေညင်းသဖွယ် ရပ်နေသည်။

ကြောင်မြီးတိုကလန်သည် အသက်ကိုးခုကြောင်မိစ္ဆာကလန် ဖြစ်လာသည်။

အမွေအနှစ်စွမ်းအားများ၏ တွက်ချက်မှုအရ သွေးမျိုးဆက်စွမ်းအားသည် အမြီးကိုးချောင်းသို့ရောက်သွားလျှင် စိတ်ကူးမယဉ်နိုင်လောက်သော ပြောင်းလဲမှုမျိုး ဖြစ်လာလိမ့်မည်။

ရှန်စန်းက ပုံရိပ်ယောင်အမြီးလေးချောင်းနှင့်အတူ တိတ်ဆိတ်စွာလှုပ်ရှားနေသည်။

ယဇ်ပလ္လင်ထက်တွင်ရှိသော မီးတောက်များသည် အစိမ်းရောင်ပြောင်းသွားပြီး ဓားအရိပ်များကို မြင်နိုင်သည်။

“သခင်၊ ကျားဖြူကလန်ကို အဝါရောင်ခြင်္သေ့နဲ့ ခရမ်းရောင်ကျားသစ်တွေက ဝိုင်းတိုက်နေပါတယ်။ သူတို့က အတော်လေး အားနည်းနေပါပြီ”

“လူသားတွေကြားမှာ အင်အားစုတစ်ခုကို ထိန်းချုပ်ထားတဲ့ ကောင်းကင်လမ်းလျှောက်သူတစ်ယောက် ရှိပါတယ်။ ကျန်တဲ့လူသားတွေကတော့ ပြန့်ကျဲနေတုန်းပါပဲ”

“ကျွန်တော်တို့က သခင်ညွှန်ပြထားတဲ့ ဓားကျွမ်းကျင်သူတွေကိုလည်း စုံစမ်းနေပါတယ်”

ဟန်မူယဲ့၏ရှေ့တွင် အစိမ်းရောင်ဝတ်စုံနှင့် အရပ်ရှည်သော ကလန်သားတစ်ယောက် ရှိနေသည်။

သူက ရှန်လင်းရင်ဖြစ်ပြီး ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။

သူက ယဇ်ပလ္လင်တွင် သွေးမျိုးဆက်စွမ်းအားနှင့်ပေါင်းစပ်ပြီး အဆင့်တက်သွားခဲ့သည်။ သူ၏ သစ္စာတရားကို သံသယဝင်ရန်မလိုပေ။

ယခုအချိန်တွင် ရှန်လင်းရင်က အသက်ကိုးခု ကြောင်မိစ္ဆာကလန်၏ ခေါင်းဆောင်ဖြစ်ပြီး စုံစမ်းရန်ထွက်သွားသော အင်အားစုများအားလုံးကို ထိန်းချုပ်ထားသည်။

ရှန်စန်းက ယဇ်ပလ္လင်ထဲတွင်ရှိနေပြီး စုဆောင်းထားသော သွေးမျိုးဆက်များကို ဖြည်းဖြည်းချင်း သန့်စင်နေသည်။

မိစ္ဆာကလန်၏ခွန်အားကို တိုးမြှင့်ချင်လျှင် သွေးမျိုးဆက်စွမ်းအားကို ပြောင်းလဲရမည်။

ရှန်စန်းက သန်မာလာလျှင် ကလန်တစ်ခုလုံးကလည်း သန်မာလာလိမ့်မည်။

ဟန်မူယဲ့က ညွှန်ကြားချက်အချို့ပေး၍ အသက်ကိုးခုကြောင်မိစ္ဆာကလန်ကို စုံစမ်းစေခဲ့သည်။

သူက ကျားဖြူကလန်၏အကြောင်းကို ပြောခဲ့သည်။

လူသားမျိုးနွယ်တွင် အသန်မာဆုံးလူသည် အသေခံတပ်သားသုံးထောင်ကို ဦးဆောင်ထားသော ချင်းရီမင်ဖြစ်သည်။

စုဆောင်းထားသောအချက်အလက်များအရ ချင်းရီမင်သည် လူဦးရေတစ်သိန်းရှိသောကလန်ကို ထိန်းချုပ်ထားပြီး စစ်တပ်တစ်ခု ဖန်တီးနိုင်သည်။

သို့သော် လျှို့ဝှက်နယ်မြေတွင် လူသားအင်အားစုများသည် ထိပ်တန်းအဆင့်သို့မရောက်နိုင်ဘဲ အားကောင်းသောကလန်များ၏ဖိနှိပ်မှုကို ခံရသည်။၊

ယခုအချိန်တွင် ချင်းရီမင်က ကလန်ကြီးများ၏ဖိနှိပ်မှုကို အစွမ်းကုန်ကြိုးစား၍ ခုခံနေပြီး တိုးတက်လာနိုင်ရန် ကြိုးစားနေသည်။

ကောင်းကင်လမ်းလျှောက်သူများသည် လျှို့ဝှက်နယ်မြေတွင် ဆယ်နှစ်နေရလိမ့်မည်။

မိစ္ဆာတစ်သောင်းတံဆိပ်အတွက် ယှဉ်ပြိုင်မှုသည် နောက်ဆုံးနှစ်တွင် စတင်လိမ့်မည်။

ပထဆုံးကိုးနှစ်သည် ကလန်အသီးသီး၏ တိုးတက်မှုဖြစ်ပြီး တိုက်ပွဲများ သိပ်မရှိပေ။

ချင်းရီမင်အပြင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းများ၊ အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများနှင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်များသည် တိုးတက်လာနိုင်ရန် ကြိုးစားနေကြသည်။

တချို့က အုပ်စုများဖွဲ့ထားသည်။ တချို့က ကလန်များကို တိုက်ခိုက်သည်။

ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများကို အုပ်စုဖွဲ့စေချင်သည်ဟု ပြောခဲ့သည်။

ယခုအချိန်တွင် တချို့က သူ့စကားကိုနားထောင်ပြီး တချို့ကတော့ နားမထောင်ခဲ့ပေ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ကျွမ်းကျင်သူအများအပြားရှိနေသော လူဦးရေငါးထောင်ရှိသည့် ကလန်တစ်ခုကို ထိန်းချုပ်ထားသည်။

လျှို့ဝှက်နယ်မြေထဲတွင် အချိန်ကုန်ဆုံးမှုမြန်ဆန်သောကြောင့် အနည်းငယ်ကြီးမားသောကလန်များတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများ ရှိနေသည်။

အထဲသို့ဝင်လာသော ကောင်းကင်လမ်းလျှောက်သူများကြားတွင် ကောင်းကင်ဘုံအဆင့်တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသောလူများ သိပ်မရှိပေ။

သူတို့က ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကို အနိုင်မယူနိုင်သောကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံသာ တတ်နိုင်သည်။ သူတို့အတွက် တိုးတက်လာရန် ခက်ခဲသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ပြင်ပကမ္ဘာများသည် အဆင့်မြင့်ကျွမ်းကျင်သူများမရှိသောကြောင့် ဒုက္ခရောက်နေရသည်။

“သခင်၊ ပျက်စီးခြင်းနွားသိုးကလန်က လျှို့ဝှက်နယ်မြေရဲ့တောင်ပိုင်းမှာ ရှိနေပါတယ်။ သူတို့ကို ရှေးဟောင်းနွားသိုးကလန်က အုပ်ချုပ်ထားတယ်”

“နွားသိုးကလန်မှာ ကျွမ်းကျင်သူတွေ အများကြီးရှိနေပါတယ်။ သူတို့က မြေဓာတ်လိုက်ဖက်ညီမှုစွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ကျွန်တော်တို့ စုံစမ်းနေတဲ့အချိန်မှာ ဝိညာဉ်နိုးထခြင်းအဆင့် ကျွမ်းကျင်သူသုံးယောက်ကို ဆုံးရှုံးလိုက်ရတယ်”

အဖြူရောင်ဝတ်စုံနှင့် အနက်ရောင်ဆံပင်များရှိသော အကြီးအကဲတစ်ယောက်က ဦးညွှတ်လိုက်သည်။

သူကလည်း အသက်ကိုးခုကြောင်မိစ္ဆာကလန်၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူဖြစ်သည်။ သို့သော် သူ့ဓားတာအိုသည် အသန်မာဆုံးဖြစ်သည်။ သူက အဆင့်မြင့်သောလူများကိုပင် တိုက်ခိုက်နိုင်သည်။

သူက ဟန်မူယဲ့၏အမိန့်အောက်တွင် ဓားတာအိုကျွမ်းကျင်သူအုပ်စုကို ဦးဆောင်ထားပြီး တိုက်ခိုက်ရေးတာဝန်များကို ပြုလုပ်သည်။

သွေးမျိုးဆက်စွမ်းအားများကို လုယူခြင်းနှင့် တခြားလူများအတွက် ကူညီလုယူပေးခြင်း ဖြစ်သည်။

ထိုစီးပွားရေးသည် လူဦးရေတစ်သောင်းရှိသောကလန်ကို ဝါးမြိုနိုင်ရန်အတွက် ဖျံစိမ်းကလန်ကို ကူညီပေးခဲ့ရာမှ စတင်သည်။

ရာချီသော အသက်ကိုးခုကြောင်မိစ္ဆာကလန်၏ ကျွမ်းကျင်သူများသည် ထိုကလန်၏ ကျွမ်းကျင်သူများကို တိတ်ဆိတ်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ထို့နောက် ဖျံစိမ်းကလန်ပေါ်လာပြီး ပြဿနာမရှိဘဲ သွေးမျိုးဆက်ကို ဝါးမြိုနိုင်ခဲ့သည်။

ထို့နောက် စီးပွားရေးစတင်လာခဲ့သည်။

ဟန်မူယဲ့၏ ဖောက်သည်များကြားတွင် သွေးမျိုးဆက်စွမ်းအားကိုလိုချင်သော ကောင်းကင်လမ်းလျှောက်သူများနှင့် တခြားကလန်ကို သိမ်းပိုက်ချင်သော မိစ္ဆာများ ရှိသည်။

သွေးမျိုးဆက်စွမ်းအားအချို့ကိုလိုချင်သော တစ်ကိုယ်တော်မိစ္ဆာများလည်း ရှိသည်။

လုံလောက်သောတန်ဖိုးကို ပေးချေမည်ဆိုလျှင် ဟန်မူယဲ့က ငြင်းဆိုမည်မဟုတ်ပေ။

လျှို့ဝှက်နယ်မြေ၏ သွေးမျိုးဆက်၊ သန်းချီသော ဝိညာဉ်ကျောက်တုံး၊ အဖိုးတန်ဝိညာဉ်ဆေးပင်များ၊ သန္ဓေပြောင်းသားရဲများ၏ အရိုးနှင့်လက်သည်းများ ....

လုပ်ကြံသတ်ဖြတ်မှုတွင်ကျွမ်းကျင်သော အသက်ကိုးခုကြောင်မိစ္ဆာကလန်သည် တစ်လအတွင်း၌ အထူးခြားဆုံးမိစ္ဆာများ ဖြစ်လာခဲ့သည်။

လျှို့ဝှက်နယ်မြေ၏အတွင်းပိုင်းတွင်ရှိသော ကလန်ကြီးများကလည်း သူတို့၏အကြောင်းကို သိလာသည်။ အသက်ကိုးခုကြောင်မိစ္ဆာကလန်သည် ကောင်းကင်လမ်းလျှောက်သူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်မည်ဟု သူတို့ ခန်မှန်းကြသည်။

ဟန်မူယဲ့က ခွေဦးချိုကို မျှားခေါ်ရန်အတွက် ပျက်ဆီးခြင်းနွားသိုး၏သွေးကို လိုအပ်နေသည်။

သို့သော် နွားသိုးမျိုးနွယ်သည် ကိုင်တွယ်ရခက်သည်။

“သခင်၊ ဒါက ကျောက်တုံးရေအိုင်ကြံ့ကလန်ရဲ့ သန့်စင်ထားတဲ့ လက်နက်ပါ။ စစ်ဆေးကြည့်ပါအုံး”

ရှန်လင်းရင်က လက်မြှောက်လိုက်ပြီး ဓားရှည်တစ်လက်ကို ပေးသည်။

All Chapters