← Chapters

အခန်း (၄၂၀)

Vol. 30 Ch. 420

အခန်း (၄၂၀)

Vol. 30 Ch. 420

ရှန့်လင်းရွှမ်းက လက်ထဲတွင်ရှိသောလေးကို သိမ်းထားလိုက်ပြီး ဆေဘာဓားများကြားတွင် လက်သီးနှင့်ခြေကွက်ကိုအသုံးပြု၍ လှုပ်ရှားနေသည်။

“သူက လက်မှာ သွေးမစွန်းချင်ဘူးမဟုတ်လား”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“သူက ဒီတိုက်ပွဲမှာမသေရင် ပြောင်းလဲသွားနိုင်လိမ့်မယ်”

သွေးမစွန်းချင်သောမိစ္ဆာတစ်ယောက်သည် ပြောင်းလဲနိုင်မည်လား။

“ဘန်း”

ဆေဘာဓားတစ်လက်သည် ရှန့်လင်းရွှမ်း၏နောက်ကျောကို ခုတ်ချသည်။ လေးကိုင်းသည် နောက်ကျောကို ကာကွယ်ပေးထားသော်လည်း တစ်ပေရှည်သောဒဏ်ရာတစ်ခု ဖြစ်လာသည်။ သွေးများ စီးကျလာခဲ့သည်။

ရှန့်လင်းရွှမ်းက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီး လက်သီးဆုပ်ထားသည်။ သူ့မျက်နှာတွင် ဒေါသများရှိနေသည်။

“ကောင်လေး၊ အညံ့ခံလိုက်”

ကျောက်တုံးရေအိုင်ကြံ့ကလန်၏ ကျွမ်းကျင်သူတစ်ယောက်က ဆေဘာဓားကိုလှုပ်ရှားလိုက်ပြီး ပြောသည်။

“မင်းတို့လူအိုကြီးတွေက ကောင်စုတ်လေးတစ်ယောက်ကို ပြဿနာရှာဖို့ အားပေးနေတာလား”

သိပ်မဝေးသောနေရာတွင် ကြံမိစ္ဆာတစ်ယောက်က ဆေဘာဓားဖြင့် ဆင်မိစ္ဆာများကိုညွှန်ပြပြီး ပြောသည်။

“ဒီကလေးကို အရှုံးပေးလာအောင် ပြောလိုက်။ မဟုတ်ရင် မင်းတို့အားလုံး ဓားချက်တစ်ထောင်ခံရမယ်”

ဓားချက်တစ်ထောင်အကြောင်းကို ကြားလိုက်ရသောအခါတွင် ဆင်မိစ္ဆာများက ကြောက်ရွံ့သွားပုံပေါ်သည်။

ဆင်မိစ္ဆာအနည်းငယ်က မနေနိုင်တော့ဘဲ ပခုံးကိုကြည့်သည်။

သူတို့၏ပခုံးတွင် သွယ်ယှက်နေသော ဓားဒဏ်ရာများဖြင့် ပြည့်နေသည်။ ထို့အပြင် ဒဏ်ရာများက နက်ရှိုင်းသောကြောင့် အရိုးကိုပင် မြင်နေရသည်။

“ငါတို့အားလုံးက မိစ္ဆာတွေပဲ။ ငါတို့ဆင်ကလန်က ဘာဖြစ်လို့ ကျွန်ခံပေးရမှာလဲ”

ရှန့်လင်းရွှမ်းက အံတင်းတင်းကြိတ်ထားပြီး အော်ဟစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် မထိန်းချုပ်နိုင်သော တိုက်ခိုက်လိုစိတ်များရှိနေသည်။

သူ့စကားများကြောင့် နောက်တွင်ရှိသော ဆင်မိစ္ဆာများက တိတ်ဆိတ်သွားသည်။

တစ်ဖက်တွင် ကြံ့မိစ္ဆာတစ်ယောက်က လှောင်ပြောင်သည်။ သူ့ဆေဘာဓားသည် ဆေးစက်သောအလင်းရောင်နှင့်အတူ ကျဆင်းလာသည်။

“ဂါး ....”

ရှန့်လင်းရွှမ်းက ဟိန်းဟောက်လိုက်သည်။ သူ့ပတ်ပတ်လည်တွင် ရွှေအလင်းများရှိနေပြီး သူ့ခန္ဓာကိုယ်သည် ဆယ်ပေကျော်မှ ၁၈ပေခန့်အထိ ကြီးထွားသွားသည်။

ထိုအရပ်အမြင့်သည် ကြံ့မိစ္ဆာများထက် နှစ်ဆခန့်ရှိသည်။

“ဆင်သွေးမျိုးဆက်” ရှန့်လင်းရွှမ်း၏နောက်တွင် ဆင်မိစ္ဆာများက ထိတ်လန့်စွာအော်ဟစ်သည်။

“ငါတို့ရဲ့ ဆင်ကလန်ဘိုးဘေးက ဖိနှိပ်ခံထားရပြီး ဆင်နားရွက်တောင်မှာ အိပ်ပျော်နေတယ်လို့ ပြောကြတယ်မဟုတ်လား။ ဆင်ကလန်ရဲ့သွေးမျိုးဆက်က အဲ့ဒီမှာပဲ ရပ်တန့်သွားပြီမဟုတ်ဘူးလား”

ဒူးထောက်နေသော ဆင်ကလန်၏အကြီးအကဲတစ်ယောက်က လေးနက်သောမျက်နှာထားဖြင့် ဖြည်းဖြည်းချင်း ထရပ်သည်။

“သူ့ကိုသတ်”

ချပ်ဝတ်ကြံ့မိစ္ဆာများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ဆေဘာဓားကို လှုပ်ရှားသည်။

ရှန့်လင်းရွှမ်းက ဟိန်းဟောက်လိုက်ပြီး လက်သီးထိုးချသည်။

“ဘုန်း”

ဆေဘာဓားအလင်းသည် လက်သီးပုံရိပ်နှင့် ထိတွေ့သွားသည်။ ဆေဘာဓားအလင်းက ပျက်စီးသွားပြီး လက်သီးပုံရိပ်က တုန်ခါသွားသည်။

ရှန့်လင်းရွှမ်းကိုတိုက်ခိုက်လိုက်သော ကမ္ဘာမြေဝိညာဉ်နိုးထခြင်းအဆင့်ကျွမ်းကျင်သူက သွေးတစ်လုပ်အန်ထုတ်လိုက်ရပြီး နောက်ဆုတ်သည်။

ရှန့်လင်းရွှမ်း၏လက်သီးနှင့်လက်မောင်းတွင် မှိန်ဖျော့သောဓားရာများ ကျန်ရစ်ခဲ့သည်။

သူက ဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ်ကို ထပ်မံကြီးထွားစေသည်။

သူ့ရှေ့တွင် ပုံရိပ်သုံးခုပျံသန်းလာသည်။ သူတို့က ဓားမော့ကို ခုတ်ချလိုက်သောကြောင့် လေထိုးခွဲသံများ ထွက်လာသည်။

ဆေဘာဓားအလင်းသည် မီးတောက်များထုတ်လွှတ်နေပြီး အလင်းစီးကြောင်းအဖြစ်ပြောင်း၍ ပေါက်ကွဲသွားသည်။

ရွှေအမြုတေအဆင့် မဟာမိစ္ဆာ ....

မြင့်မားသောကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းကောင်းမွန်သော ကြံ့မိစ္ဆာဖြစ်သည်။

ရှန့်လင်းရွှမ်းက အော်ဟစ်လိုက်ပြီး လက်သီးဆုပ်ထား၍ ပြေးဝင်သွားသည်။

“ဂါး ....”

ထိုအချိန်တွင် သူ့နောက်မှ လူတစ်ယောက်ပြေးထွက်လာပြီး သူ့ကို ဖယ်ထုတ်လိုက်သည်။

တစ်ခေါင်းလုံး ဆံပင်ဖြူများရှိနေသော ဆင်ကလန်၏အကြီးအကဲတစ်ယောက်ဖြစ်သည်။

“ကောင်လေး၊ အသက်ရှင်အောင်နေပြီး ဆင်နားရွက်တောင်ကိုသွားလိုက်ပါ”

လူအိုကြီးက ရှန့်လင်းရွှမ်း၏ပခုံးကို ဖိနှိပ်ထားပြီး တိုးဝင်လာသောဓားအလင်းကို ကြည့်သည်။

“ဘုန်း”

လူအိုကြီး၏ခန္ဓာကိုယ်သည် ပေတစ်ရာရှည်လျားသော ဆင်ဖြူတစ်ကောင်အဖြစ် ပြောင်းသွားသည်။ သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာများရှိနေပြီး အိုမင်းသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ဆင်ဖြူသည် နောက်သို့လှည့်မကြည့်ဘဲ ဆေဘာဓားအလင်းဆီသို့ ပြေးဝင်သွားသည်။

“ဘန်း”

ပေတစ်ရာရှည်လျားသောဆင်ဖြူသည် ပိုင်းဖြတ်ခံလိုက်ရသည်။

အားကောင်းသောဆေဘာဓားအလင်းသည် ပေထောင်ချီအထိ ဆန့်ထွက်လာသည်။

နောက်တွင်ရှိနေသော ဆင်ကလန်သားတစ်ဝက်ခန့်သည် ဆေဘာဓားအလင်းကြောင့် သေဆုံးသွားခဲ့ပြီး သွေးများစီးကျလာသည်။

ရှန့်လင်းရွှမ်းက မြေပြင်ပေါ်တွင် ကြောင်အစွာထိုင်နေမိသည်။ သူ့ခေါင်း၊ မျက်နှာနှင့် တစ်ကိုယ်လုံးတွင် သွေးများစိုရွှဲနေသည်။

ဆင်အိုကြီး၏ သွေးများဖြစ်သည်။

သူက လက်မြှောက်လိုက်သောအခါတွင် သွေးများနှင့်စိုရွှဲနေသော လက်တစ်စုံကို မြင်ရသည်။

“အားနည်းတဲ့လူတွေကပဲ သွေးစွန်းမှာကြောက်ကြတယ်”

သူက ရေရွတ်သည်။

“မင်းက ရန်သူတွေရဲ့သွေးနဲ့ စွန်းထင်းမှာကြောက်နေရင် တစ်နေ့မှာ ကိုယ်ပိုင်လူတွေရဲ့သွေးနဲ့ စွန်းထင်းလာလိမ့်မယ်”

ရှန့်လင်းရွှမ်းက ဖြည်းဖြည်းချင်းထရပ်လိုက်ပြီး မြေပြင်ပေါ်တွင်ရှိနေသော အစွယ်ရှည်နှစ်ချောင်းကို ကောက်ယူသည်။

ဆင်အိုကြီး၏ အစွယ်များဖြစ်သည်။

“အစ်ကိုဟန်၊ ဓားနည်းစနစ်ကို သင်ချင်တယ်”

သူက ညင်သာစွာပြောသည်။

ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ ပြင်းထန်သောအငွေ့အသက်များ ပေါ်ထွက်လာသည်။ သူက ခေါင်းမော့လိုက်ပြီး ဟိန်းဟောက်သည်။

“အစ်ကိုဟန်၊ ဓားနည်းစနစ်ကို သင်ချင်တယ်”

“ကျေးဇူးပြုပြီး သတ်ဖြတ်နိုင်တဲ့ဓားနည်းစနစ်ကို သင်ပေးပါ”

မိစ္ဆာချီများသည် အစိမ်းရောင်အလင်းတန်းအဖြစ်ပြောင်းသွားပြီး ပေါ်ထွက်လာသည်။

ချောက်ကမ်းပါးတွင်ရပ်နေသော ဟန်မူယဲ့က ပြုံးလိုက်ပြီး ညင်သာစွာခေါင်းညိတ်သည်။

“ကောင်းပြီ”

သူ့အသံက မကျယ်သော်လည်း မိုင်တစ်ရာအတွင်းရှိလူများအားလုံး ရှင်းလင်းစွာကြားနိုင်သည်။

ကျောက်တုံးရေအိုင်ကြံ့ကလန်၏ ကောင်းကင်အဆင့်မိစ္ဆာသည် ဒေါသထွက်သွားပြီး ချောက်ကမ်းပါးဆီသို့ ပျံတက်လာသည်။

သူ့နောက်တွင် ဒါဇင်ချီသော မိစ္ဆာကျွမ်းကျင်သူများ ပါလာသည်။

ရွှေအမြုတေအဆင့်ကြံ့မိစ္ဆာက ဆေဘာဓားကိုမြှောက်လိုက်ပြီး ရှန့်လင်းရွှမ်းကို ခုတ်ချသည်။

ပိုင်ဝူဟန်က လေပေါ်သို့ ပျံတက်လာသည်။

သူမ၏နောက်တွင် ကောင်းကင်အဆင့် အစိမ်းရောင်မြေခွေးမိစ္ဆာနှစ်ယောက်က ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ကြံ့မိစ္ဆာများဆီသို့ တိုးဝင်သွားသည်။

ပိုင်ဝူဟန်က လေထုထဲတွင်ရှိနေပြီး ဓားအလင်းတစ်ခုကို ထုတ်ဖော်သည်။ ကြံ့မိစ္ဆာကျွမ်းကျင်သူဆယ်ယောက်ခန့်သည် ဓားအလင်းကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ကောင်းကင်အဆင့်ကြံ့မိစ္ဆာက ဟိန်းဟောက်လိုက်သည်။ သို့သော် ကောင်းကင်အဆင့် အစိမ်းရောင်မြေခွေးမိစ္ဆာနှစ်ယောက်၏ ဓားအလင်းများကြောင့် ဖိနှိပ်ခံလိုက်ရပြီး နောက်ဆုတ်သည်။

သွေးမျိုးဆက်ထဲတွင်ရှိသော ဓားနည်းစနစ်ကို ဟန်မူယဲ့က အစိမ်းရောင်မြေခွေးများအတွက် အထူးရွေးချယ်ပေးထားသည်။ သူတို့က ဓားနည်းစနစ်နှင့် ရင်းနှီနေလျှင် အဆပေါင်းများစွာ တိုက်ခိုက်နိုင်စွမ်း တိုးလာလိမ့်မည်။

အောက်တွင် ဓားအလင်းတစ်ရာခန့် ပေါ်ထွက်လာပြီး ရှန့်လင်းရွှမ်းကိုဦးတည်၍ ကာကွယ်ပေးထားသည်။

ဓားကိုင်ထားသော အစိမ်းရောင်မြေခွေးကလန်၏ ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူများ တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာသည်။ သူတို့က လေအသွင်လှုပ်ရှား၍ ကြံ့မိစ္ဆာများဆီသို့ ပြေးဝင်သွားသည်။

မြေခွေးမိစ္ဆာများက ပုန်းကွယ်နေခဲ့ပြီး တိုက်ခိုက်မည့်အချိန်တွင် ကိုယ်ထင်ပြခဲ့သည်။

ရုတ်တရက်ပြောင်းလဲမှုကြောင့် တစ်ဖက်တောင်စောင်းတွင်ရှိနေသော ချင်းရီမင်၏လက်အောက်ငယ်သားများက လမ်းပျောက်သွားသည်။

အစွယ်ရှည်နှစ်ချောင်းကိုင်ထားသော ရှန့်လင်းရွှမ်းက အံတင်းတင်းကြိတ်ထားပြီး ထိုးခုတ်သည်။

သူက ဓားနည်းစနစ်များကို နားမလည်ပေ။ သူ့လှုပ်ရှားမှုများကလည်း မညီမညာဖြစ်နေပြီး အစွယ်ရှည်များ၏ရိုက်ချက်သည် အန္တရာယ်မပေးနိုင်ပေ။

ကံကောင်းစွာဖြင့် သူ့ကို မြေခွေးမိစ္ဆာတစ်ရာခန့်က ကာကွယ်ပေးထားသည်။ ကြံ့မိစ္ဆာများက ရှန့်လင်းရွှမ်းကို အန္တရာယ်မပေးနိုင်တော့ပေ။ သူတို့ကို မြေခွေးမိစ္ဆာများက အနိုင်ယူလိုက်သောအခါတွင် ရှန့်လင်းရွှမ်း၏အစွယ်ရှည်ဖြင့် ရိုက်နှက်ခံလိုက်ရသည်။

ယခုအချိန်တွင် ရှန့်လင်းရွှမ်းက ညင်သာမှုများမရှိတော့ပေ။ သူတစ်ကိုယ်လုံးက သွေးများဖြင့်စိုရွှဲနေပြီး ကြမ်းတမ်းစွာရှေ့တက်လာသည်။

ချိုတစ်ချောင်းကြံ့ပေါ်တွင်ထိုင်နေသော ဟွမ်ကျစ်ဟူက ဝိညာဉ်သစ်သီးတစ်လုံးကို ကိုင်ထားပြီး စိတ်လှုပ်ရှားစွာစောင့်ကြည့်နေသည်။

ချိုတစ်ချောင်းကြံ့၏ဘေးတွင်ရှိသော ရှန်လင်းယွီက လှုပ်ရှားလိုက်ပြီး ဓားဖြင့်ထိုးချသည်။

“ခလွမ်”

ဓားရှည်သည် ဆယ်ပေအကွာတွင်ရှိသောပုံရိပ်ကို ခုတ်ချသည်။ သူမ၏ခန္ဓာကိုယ်က တုန်ခါသွားသည်။

တစ်ဖက်တွင် ပုံရိပ်တစ်ခုက ဦးချိုရှည်ကြံ့ပေါ်တွင်ရှိသော ဟွမ်ကျစ်ဟူကို ခုန်အုပ်သည်။

ဟွမ်ကျစ်ဟူက မသိစိတ်အလျောက် လက်မြှောက်သည်။

“ခလွမ်”

ဓားတိုလေးသည် အစိမ်းရောင်ဓားအလင်းအဖြစ် ပြောင်းသွားပြီး ပုံရိပ်ကို ချက်ချင်းဖျက်ဆီးလိုက်သည်။

ယွင်တိက အေးစက်သောမျက်နှာထားဖြင့် ဟွမ်ကျစ်ဟူ၏ရှေ့တွင် ရပ်နေသည်။

ရှန်လင်းယွီတားဆီးထားသောပုံရိပ်က တိမ်တိုက်မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ပေတစ်ရာအကွာသို့ နောက်ဆုတ်သည်။ အနက်ရောင်ဝတ်စုံနှင့် ဖြူဖျော့နေသောလူတစ်ယောက် ပေါ်လာသည်။

ထိုလူ၏မျက်နှာက ဖြူဖျော့နေပြီး အသက်သုံးဆယ်အရွယ်ခန့် ရှိသည်။ သူ့မျက်လုံးများက ဒေါင်လိုက်ဖြစ်ပြီး အေးစက်နေသည်။

သူ့နောက်တွင် အနက်ရောင်ဝတ်စုံဝတ်ထားသော ချင်းရီမင်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အပြုံးတစ်ခုနှင့်အတူ မတ်တပ်ရပ်နေသည်။

“အသက်ကိုးခုကြောင်ကလန်က တကယ့်ကို အထင်ကြီးစရာပဲ”

ရှန်လင်းယွီနှင့် ယွင်တိကိုကြည့်လိုက်ပြီး ချင်းရီမင်က ဟွမ်ကျစ်ဟူကို ပြုံးပြသည်။

“ဟန်မူယဲ့၊ ဒီကောင်မလေးက မင်းရဲ့အသက် ....”

သူ့စကားမဆုံးခင် ဓားဆေးလုံးဆယ်လုံး ရုတ်တရက်ပေါ်လာပြီး သူ့ကို ဝိုင်းထားသည်။

ဓားဆေးလုံးဆယ်လုံးသည် သွယ်ယှက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့လိုက်သည်။

ကြယ်များ ....

ကြယ်သုံးစင်းဓားဝင်္ကပါ ....

ကြယ်သုံးစင်းဓားဝင်္ကပါ ဆင်းသက်လာသည်။ ဓားဆေးလုံးတစ်လုံးသည် ကြယ်အဖြစ်ပြောင်းသွားပြီး တိုက်ခိုက်လိုက်သည်။

“ဘုန်း”

မိုင်တစ်ရာအတွင်း၌ရှိသော တောင်နှင့်မြစ်များ တုန်ခါသွားသည်။

ထိုတိုက်ခိုက်မှုသည် ပတ်ဝန်းကျင်တွင်ရှိသော ကောင်းကင်နှင့်မြေကြီးကို အက်ကွဲသွားစေပြီး စွေ့ခယ်ကမ်းပါးကို မြေပြင်ဖြစ်သွားစေသည်။

အောက်တွင်ရှိသော ကြံ့မိစ္ဆာတစ်ရာခန့်သည် မြေအောက်သို့ ရောက်သွားသည်။

မျက်နှာချင်းဆိုင်တောင်စောင်းတွင်ရှိသော အနက်ရောင်ဝတ်စုံနှင့်လူများက ကျောက်တုံးများနှင့်အတူ ပြုတ်ကျလာသည်။

မြေခွေးမိစ္ဆာနှစ်ယောက်နှင့်တိုက်ခိုက်နေသော ကောင်းကင်အဆင့်ကြံ့မိစ္ဆာက ထိတ်လန့်သွားပြီး ဂရုစိုက်၍ နောက်ဆုတ်သည်။

ပြေးဝင်လာသော ကြံ့မိစ္ဆာများသည် လမ်းပျောက်သွားခဲ့ပြီး ကြောင်အစွာရပ်နေမိသည်။

သူတို့၏ဝိညာဉ် တုန်ခါသွားသောအချိန်တွင် ပိုင်ဝူဟန်က ကောင်းကင်မြေခွေးစွမ်းအားဖြင့် ဖိနှိပ်လိုက်သည်။

ပိုင်ဝူဟန်က လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကိုကြည့်သည်။

အဝေးတစ်နေရာတွင် မည်းမှောင်နေသောမျက်နှာထားဖြင့် အဝတ်များစုတ်ပြတ်နေသောချင်းရီမင်က ဖုန်တောထဲမှ ထလာသည်။ သူ့ရှေ့တွင်ရှိနေခဲ့သော ကောင်းကင်အဆင့်ကျွမ်းကျင်သူသည် ပျောက်ကွယ်သွားခဲ့သည်။

ဟန်မူယဲ့က အစမှအဆုံးထိ ချင်းရီမင်ကိုသတ်ဖြတ်ရန် မကြိုးစားခဲ့ပေ။ သူက ဟွမ်ကျစ်ဟူအားတိုက်ခိုက်ရဲသော ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကိုပဲ သတ်ဖြတ်ချင်သည်။

လူသားများသည် နဂါးများနှင့်တူသည်။ သူတို့တွင် အထိမခံသော ပြောင်းပြန်ကြေးခွံများရှိသည်။

ကောင်းကင်အဆင့်ကျွမ်းကျင်သူသည် ဟွမ်ကျစ်ဟူကို မတိုက်ခိုက်သင့်ပေ။

တိုက်ခိုက်ရဲလျှင် သေဆုံးသွားရမည်။

ချင်းရီမင်၏ခန္ဓာကိုယ်က ချီနှင့်သွေးများဖြင့် ပြည့်နှက်နေသည်။ သူက လက်သီးဆုပ်ထားပြီး တက်ကြွနေသောစွမ်းအားများကို ဖိနှိပ်လိုက်သည်။

သူက တိုက်ခိုက်လိုစိတ်များပြည့်နေသော မျက်လုံးနှင့်အတူ ဓားဆေးလုံးဆယ်လုံးကို မော့ကြည့်သည်။

“ဟန်မူယဲ့၊ ငါပြောထားတဲ့စကားတွေကို ပြန်ပြီးရုတ်သိမ်းတယ်”

“အခွင့်အရေးရှိရင် ငါက မင်းနဲ့ သေချာပေါက်တိုက်ခိုက်မယ်”

ထိုသို့ဖြင့် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။

“လျှို့ဝှက်နယ်မြေထဲမှာ ငါတို့ပူးပေါင်းကြမယ်။ လျှို့ဝှက်နယ်မြေထဲကနေ ထွက်သွားနိုင်ရင် ငါတို့က ကိုယ်ပိုင်ခွန်အားကိုပဲ မှီခိုကြမယ်”

“ပူးပေါင်းရမှာလား”

ဟန်မူယဲ့၏မျက်လုံးများက မည်းနက်နေပြီး လူတစ်ယောက်ကို ရင်တုန်သွားစေနိုင်သော အေးစက်နေသည့်အလင်းရောင်တစ်ခု ရှိနေသည်။

“ပူးပေါင်းရမယ့်အကြောင်းပြချက်လေး ပြောပါအုံး”

ချင်းရီမင်၏မျက်နှာတွင် ဒေါသများဖြတ်ပြေးသွားသည်။

“ငါက ကြေးခွံနက်ငါးမိစ္ဆာတွေ ပုန်းနေတဲ့နေရာကို မသိဘူး။ သူတို့က တစ်ခုခုကြံစည်နေတာဖြစ်လိမ့်မယ်။ ငါတို့က မိစ္ဆာတစ်သောင်းတံဆိပ်ကို လိုချင်ရင် အားကောင်းတဲ့မိစ္ဆာတွေကို ပူးပေါင်းခုခံသင့်တယ်”

ချင်းရီမင်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။ “ရှေးခေတ်သားရဲတွေက လျှို့ဝှက်နယ်မြေထဲကနေ ထွက်မသွားခဲ့ဘူး။ သူတို့က အိပ်စက်နေတယ်”

“မိစ္ဆာတစ်သောင်းတံဆိပ်အတွက် တိုက်ခိုက်မယ်ဆိုရင် ရှေးခေတ်မိစ္ဆာတွေ နိုးထလာနိုင်တယ်”

All Chapters