အသားဂိတ်
Vol. 61 Ch. 835
နောက်ထပ်နှစ်ရက်နဲ့နေ့တစ်ဝက်ကြာပြီးနောက် အတွေးဖြစ်စဉ်ရဲ့မြန်နှုန်းက ထိုးကျလာနေတယ်။ လီဖူချန်းက ကျင့်ကြံခြင်းအခြေအနေမှ နိုးထလာတယ်။
"မျှော်လင့်ထားတာထက် ပိုကောင်းတာပဲ။ ကောင်းကင်မျဉ်းဓားပညာရဲ့ပထမခြောက်ကွက်က ဒုတိယအဆင့်အထွတ်အထိပ်ကို ရောက်သွားပြီ။ သတ္တမကွက်က ပထမအဆင့်အထွတ်အထိပ်ကို ထိတွေ့ရုံမျှသာ ရှိနေတယ်၊ ဒါပေမယ့် ပထမအဆင့်အထွတ်အထိပ်ရဲ့ကြောက်မက်ဖွယ်ကို ငါ မသိခဲ့ဘူး။ ဒါပေမယ့် မူလအဆုံးစွန်းဓားပညာက အကျိုးအများဆုံးပဲ"
အစကတော့ သူ့မှာ အချိန်မရှိမှာကို ကြောက်ရွံ့တာကြောင့် လီဖူချန်းက မူလအဆုံးစွန်းဓားပညာကို လေ့လာဖို့မစီစဉ်ထားခဲ့ဘူး။
ဒါပေမယ့် အစီအစဉ်က ပြောင်းလဲမှုတွေကို မဖမ်းမိနိုင်ခဲ့ဘူး၊ မထိန်းချုပ်နိုင်တဲ့အရာတွေ ရှိလာတယ်။
လီဖူချန်းက ကောင်းကင်မျဉ်းဓားပညာရဲ့ပထမခြောက်ကွက်ကို ဒုတိယအဆင့်အထွတ်အထိပ်ကို တွန်းပို့တဲ့အခိုက်မှာ မူလအဆုံးစွန်းဓားပညာရဲ့ပထမကွက်ဖြစ်တဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက ကောင်းကင်မျဉ်းဓားဆန္ဒကို အသုံးချခဲ့ပြီး သူ့ရာသူ စတင်လေ့ကျင့်လာခဲ့တယ်။ အဲဒါက အဆင့်နှစ်ဆင့်တိုးသွားပြီး ပထမအဆင့်အထွတ်အထိပ်ကို ရောက်ရှိလာခဲ့တယ်။ ယခု အဲဒါက ကောင်းကင်မျဉ်းဓားပညာရဲ့သတ္တမကွက်ထက် ပိုသန်မာတယ်။
(မြန်မာဘာသာပြန်သူ၏မှတ်စု: ဓားပင်လယ်စက်ဝိုင်းအစား ဓားပင်လယ်မိုးကုတ်စက်ဝိုင်းလို့ ပြောင်းသုံးပါ့မယ်)
အဲဒါက မူလအဆုံးစွန်းဓားပညာရဲ့မူရင်းဆန္ဒနဲ့ ဆက်စပ်တယ်လို့ လီဖူချန်းက ယူဆထားတယ်။
မူလအဆုံးစွန်းက မူရင်းဇာစ်မြစ်ကို ဆိုလိုတယ်၊ ဒါကြောင့် မူလအဆုံးစွန်းဓားပညာက ဓားတာအိုရဲ့မူရင်းဇာစ်မြစ်ကို လိုက်ရှာနေတယ်။
ဓားပင်လယ်မိုးကုတ်စက်ဝိုင်းအတွက်ကတော့ ဓားတာအိုပင်လယ်ကို ဆိုလိုတယ်။ အဲဒါမှာ မိုးကုတ်စက်ဝိုင်းတစ်ခု မရှိဘူး၊ အဆုံးမဲ့မြစ်တွေကို ဆင်ယင်ပေးထားတယ်။ ထိုမြစ်တွေက ဓားတာအိုအမျိုးမျိူးကို ကိုယ်စားပြုတယ်။
အတိုချုပ်အားဖြင့် လီဖူချန်းက မူလအဆုံးစွန်းဓားပညာကို အဆုံးစွန်းအဆင့်ဓားပညာတစ်ခုသို့ တွန်းပို့ချင်ရင် သူက အထွတ်အထိပ်အဆင့်ဓားပညာများစွာကို သင်ယူပြီး သူတို့ရဲ့ဓားဆန္ဒကို စုပ်ယူဖို့ လိုအပ်တယ်။ သူက သူ့ရာသူ လေ့ကျင့်ခြင်းနဲ့နားလည်မှုကိုသာ မှီခိုနေရင် အချိန်အကြာကြီးလိုအပ်ပါလိမ့်မယ်။
ဟင်း.........
အသက်ရှုထုတ်ပြီးနောက် လီဖူချန်းက ထရပ်လိုက်တယ်။
"ငါ့ရဲ့လက်ရှိခွန်အားအရ ငါက ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့ ယှဉ်ပြိုင်နိုင်တယ်။ ငါက အစိမ်းရောင်မီးလျှံသူတော်စင်ကျူးနန်ရှန်ကို ထပ်တွေခဲ့ရင် ငါက သူ့ကို အနိုင်မယူနိုင်ရင်တောင် ငါက လုံးဝအရိုက်အနှက်ခံရလိမ့်မှာ မဟုတ်ဘူး"
ကျူးနန်ရှန်မှာ ပထမအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုရှိပြီး ဝှက်ဖဲတွေများစွာ ရှိတယ်။ လီဖူချန်းက ကျူးနန်ရှန်အတွက် ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်ပေမယ့် သူ့ကို ဖိနှိပ်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။
ပထမကတော့ ပြင်ပအားတစ်ခုက ကိုယ်ပိုင်ခွန်အားကို အသုံးချရတာလောက် ဘယ်တော့မှ မလွယ်ဘူး၊ ဒါကြောင့် အားနည်းချက်တစ်ခုက နောက်ဆုံးမှာ ထွက်ပေါ်လာရပါလိမ့်မယ်။
ဒုတိယကတော့ လီဖူချန်းက ခန္ဓာကိုယ်အပြင်အားသူတော်စင်တစ်ယောက်ဖြစ်ပြီး ဆန်းကြယ်နက်နဲဓားသူတော်စင်ထက် ပိုကြမ်းတမ်းပါတယ်။
နောက်ရက်အနည်းငယ်ကြာအထိ လီဖူချန်းက သူ့ကိုယ်သူ မူလအဆုံးစွန်းဓားနည်းလမ်းရဲ့အဆင့်၈ ကြောင့်ဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုတွေနဲ့ ရင်းနှီးကျွမ်းဝင်စေခဲ့တယ်။
နောက်ထပ်ရက်အနည်းငယ်အတွင်း လီဖူချန်းက ရှာဖွေတွေ့ရှိမှုအသစ်တစ်ခု ရှိလာတယ်။ မူလအဆုံးစွန်းဓားနည်းလမ်းကို တတိယအဆင့်အထွတ်အထိပ်အခြေအနေအထိ တွန်းပို့နိင်ခဲ့တာကြောင့် သူ့ရဲ့ကျင့်ကြံခြင်းအခက်အခဲက သိသိသာသာ တိုးလာတာကို သူက ရှာတွေ့ခဲ့တယ်။
မူလက အကြိုသူတော်စင်နှောင်းပိုင်းကို ရောက်ရှိဖို့ သူက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဒါဇင်ဒါမှမဟုတ်နှစ်ဆယ်သာ လိုအပ်တယ်၊ ဒါပေမယ့် အခု သူက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးလေးဆယ်ဒါမှမဟုတ်ငါးဆယ်လိုအပ်လိမ့်မယ်လို့ သူ ခန့်မှန်းထားတယ်။
သူ့ရဲ့ကျင့်ကြံခြင်းမြန်နှုန်းက အဆများစွာပိုတိုးလာတယ်၊ ဒါပေမယ့် နောက်ပိုင်းကျရင် ဘာဖြစ်မလဲကို ဘယ်သူက သိနိုင်မှာလဲ။ ပြီးနောက် မူလအဆုံးစွန်းဓားနည်းလမ်းကသာ အထွတ်အထိပ်ကို ရောက်ရှိသေးတယ်၊ သူ့ရဲ့ခန္ဓာကိုယ်ပြောင်းလဲခြင်းက မပြီးပြည့်စုံသေးပါဘူး။ အချိန်တစ်ခုကြာပြီးနောက် အကြိုသူတော်စင်နှောင်းပိုင်းကို ရောက်ရှိဖို့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ရာကို သူက လိုအပ်နိုင်တယ်။
"ကျင့်ကြံခြင်းနည်းလမ်းက ပိုသန်မာလေ၊ တူညီတဲ့နယ်ပယ်အတွင်းမှာရှိတဲ့ချီနေရာပမာဏက ပိုမြင့်လေလေပဲ။ ဒါကြောင့် ဘယ်တိုးတက်မှုအတွက်မဆို ချီတွေကို ပိုလိုအပ်ပါလိမ့်မယ်"
လီဖူချန်းက မအံ့ဩပါဘူး။ ဒီမတိုင်ခင်ကတည်းက အကြိုသူတော်စင်အဆင့်ကို ရောက်ရှိဖို့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေများစွာလိုအပ်လိမ့်မယ်လို့ သူ့မှာ ခံစားချက်တစ်ခု ရှိခဲ့တယ်။
ထိုအချိန်တုန်းက သူ့ရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက မြင့်မြတ်တဲ့ဆန္ဒတစ်ခုရှိရုံတင်မကပါဘူး၊ အဲဒါက အဆုံးစွန်းနဲ့နီးကပ်နေတယ်။
အခု မူလအဆုံးစွန်းဓားနည်းလမ်းက တတိယအဆင့်အထွတ်အထိပ်ကို ရောက်ရှိပြီးဖြစ်ကာ အဆုံးစွန်းအဆင့်ဓားနည်းလမ်းတစ်ခုဖြစ်လာဖို့ အလားအလာတစ်ခုရှိတယ်။ ဒါကြောင့် ပြောင်းလဲမှုတစ်ခုမှ မရှိဖို့က မဖြစ်နိုင်ဘူးလေ။
"ငါ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်က အရင်အတိုင်းသာတည်ရှိနေပေမယ့် အဲဒါက အရေးမကြီးဘူး။ ချီအရည်အသွေးအရ ငါ့ရဲ့ဓားစွမ်းအင်က ဘယ်သူတော်စင်ထက်မဆို မနိမ့်ကျဘူး"
အခုဆိုရင် လီဖူချန်းရဲ့ဓားစွမ်းအင်က အရင်ကထက် အဆများစွာ ပိုသန်မာလာတယ်။ သူတော်စင်တစ်ယောက်ရဲ့ချီက အကြိုသူတော်စင်တစ်ယောက်ထက် အဆဒါဇင်အနည်းငယ် ပိုသန်မာတာ ပုံမှန်ပါပဲ။
ဒါကြောင့် လီဖူချန်းက သူတော်စင်တစ်ယောက်မဟုတ်ရင်တောင် သူနဲ့သူတော်စင်တစ်ယောက်ကြားမှာ ခြာနားချက်အများကြီး မရှိပါဘူး။
သူတော်စင်တစ်ယောက်က သူတော်စင်စိတ်ဝိညာဉ်နဲ့သူတော်စင်လိပ်ပြာကို ပိုင်ဆိုင်တယ်၊ လီဖူချန်းလည်း အတူတူပါပဲ။
သူတော်စင်တစ်ယောက်မှာ အနည်းဆုံးနှစ်တစ်သိန်းသက်တမ်းရှိတယ်၊ လီဖူချန်းလည်း အတူတူပါပဲ။
သူတော်စင်တစ်ယောက်ရဲ့ချီက အားကောင်းလွန်းတယ်၊ လီဖူချန်းရဲ့ဓားစွမ်းအင်လည်း အားကောင်းလွန်းတယ်။
လီဖူချန်းမျှော်လင့်ထားသလိုပါပဲ၊ မူလအဆုံးစွန်းဓားနည်းလမ်းက အခြေမကျခင် လဝက်ခန့်ကြာတဲ့အထိ ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေခဲ့တယ်။
လီဖူချန်းက အကြိုသူတော်စင်နှောင်းပိုင်းကို ချိုးဖြတ်ဖို့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၈၀ခန့် လိုအပ်တယ်။ ကျင့်ကြံရာမှာ သူက သူ့ကိုယ်သူသာ မှီခိုနေရင် သူက အနည်းဆုံး နှစ်ဒါဇင်လောက် လိုအပ်ပါလိမ့်မယ်။
အကြိုသူတော်စင်တစ်ယောက်ဖြစ်လာဖို့ သူ့အနေနဲ့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဘယ်လောက်လိုအပ်သလဲကို စိတ်ကူးယဉ်ဖို့က သူ့အတွက် ခက်ခဲလှတယ်။
***
အချိန်တွေ ဖြတ်သန်းနေတယ်၊ မျက်စိတစ်မှိတ်အတွင်း လအနည်းငယ်က ကုန်လွန်သွားခဲ့တယ်။
လီဖူချန်းက ကြယ်ကျောက်တုံးအတွင်းမှာရှိတဲ့ကြယ်စွမ်းအင်အားလုံးကို စုပ်ယူပြီးတာနဲ့ သူ့ရဲ့ခန္ဓာကိုယ်အပြင်အားက ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အကြိုပြီးပြည့်စုံခြင်းအဆင့်နဲ့ အလွန်နီးကပ်လာတယ်။
ကျူးဟိုင်ရုံက ဒါကို သိသွားရင် ဒေါသကြောင့် သူက အသက်ပြန်ရှင်လာမလားပဲ။
ကြယ်ကျောက်တုံးက ကျူးဟိုင်ရုံရဲ့အကြီးကျယ်ဆုံးရတနာ ဖြစ်တယ်။ ဒါပေမယ့် သူက အဲဒါကို အရင်းအမြစ်အတွက် မလဲလှယ်နိုင်ခင် သူက အသတ်ခံရပြီး လီဖူချန်းအတွက် အကျိုးရှိသွားစေခဲ့တယ်။
လီဖူချန်းက ကျူးဟိုင်ရုံထံမှ ကြယ်ကျောက်တုံးတစ်ခု ရရှိခဲ့တာကို ကျူးကလန်က သိခဲ့ရင် သူတို့က လီဖူချန်းကို သတ်ဖို့ ဘယ်အရာကိုမဆို စွန့်စားမှာပါ။
ကြယ်ကျောက်တုံးတစ်တုံးရဲ့တန်ဖိုးက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ထောင်ခန့် ရှိတယ်။ ကျူးကလန်အတွက်တောင် အဲဒါက သေးငယ်တဲ့ပမာဏတစ်ခု မဟုတ်ပါဘူး။
လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားအဆင့်က တိုးလာတာကြောင့် လလက်ကလည်း အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီး နေလက်မှ ခြေတစ်လှမ်းသာ ကွာဝေးတော့တယ်။
ခန္ဓာကိုယ်အပြင်အားက ခန္ဓာကိုယ်ကိုသာ ကျင့်ကြံတယ်၊ ချီကျင့်ကြံခြင်းနဲ့ မတူတာက အဲဒါက ဥပဒေသနားလည်မှုကို အရေးမထားပါဘူး။ ဒါကြောင့် လီဖူချန်းက နေလက်ကို ရောက်ရှိလာတာနဲ့ သူ့ရဲ့ခန္ဓာကိုယ်အပြင်အားခွန်အားက အလွန်အမင်းကြောက်စရာကောင်းတဲ့အဆင့်ကို ရောက်ရှိလာလိမ့်မယ်။
…
နက်ပြာပလိန်းက ပုံမှန်အတိုင်း ငြိမ်းချမ်းနေတယ်။
ဒီနေ့မှာတော့ စွန့်ပစ်တိုက်ကြီးတစ်ခုပေါ်မှာ နတ်ဆိုးအရေအတွက်များစွာက စုရုံးနေကြတယ်။ ဦးဆောင်နေတဲ့နတ်ဆိုးများက တကယ်ကို နတ်ဆိုးအရှင်သခင်တွေ ဖြစ်ကြတယ်။
"ယဇ်ပူဇော်ခြင်း"
နတ်ဆိုးအရှင်သခင်တွေထဲက တစ်ယောက်က လက်ကို ဝှေ့ယမ်းပြီး အနက်ရောင်အစီအရင်တစ်ခုကို ဝှေ့ယမ်းလိုက်တယ်။ အစီအရင်အတွင်းမှာ လူသားတစ်မီလီယံရာပေါင်းများစွာက နတ်ဆိုးစွမ်းအင်အဖြစ်သို့ ပြောင်းလဲပြီး အစီအရင်ထဲသို့ ပေါင်းစပ်သွားခဲ့တယ်။
ဝုန်း.......
အနက်ရောင်မိုးကြိုးတစ်ခု ပေါက်ကွဲထွက်လာတယ်။ မိုးကြိုးတွေအတွင်းမှာ အသားဂိတ်တစ်ခုက အစီအရင်ရဲ့အလယ်ထဲမှာ ဖြည်းဖြည်းချင်း မြင့်တက်လာတယ်။
အသားဂိတ်ပွင့်လာတာနဲ့ ပထမဆုံးမြင်နိုင်တဲ့အရာက အဆုံးမဲ့ကြယ်ကောင်းကင်တစ်ခုပါပဲ။ ပြီးနောက်ချက်ချင်းပဲ ဘဲဥပုံသဏ္ဍာန်အနက်ရောင်ဥတစ်လုံးက ထွက်ပေါ်လာတယ်။ အနက်ရောင်ဥပတ်ပတ်လည်မှာ မရေမတွက်နိုင်လောက်တဲ့အလင်းစက်တွေ ရှိတယ်။ နီးကပ်စွာတည်ရှိနေသူတွေကသာ အလင်းစက်တွေက ကြယ်တွေဆိုတာကို မြင်နိုင်တယ်။
ကြယ်ကောင်းကင်က တွန့်လိမ်သွားပြီး အနက်ရောင်ရေဝဲတစ်ခုက အသားဂိတ်ထဲမှာ စတင်လှည့်လည်လာတယ်။
ရှဲ......ရှဲ......ရှဲ.....ရှဲ.......
ကျိုင်းကောင်နဲ့တူတဲ့ပုံရိပ်တွေက ရေဝဲနက်မှ စတင်ပြေးထွက်လာတယ်။ နီးနီးကပ်ကပ်ကြည့်လိုက်တဲ့အခါ ထိုပုံရိပ်တွေက တကယ်ကို နတ်ဆိုးတွေပါပဲ။ အဆင့်၁ကနေ အဆင့်၈အထိ နတ်ဆိုးမျိုးစုံ ရှိနေတယ်။
အချိန်ကုန်ဆုံးလာတာနဲ့အမှ နက်ပြာပလိန်းပေါ်ကို နောက်ထပ်နတ်ဆိုးတွေက ရောက်ရှိလာတယ်။ ရက်အနည်းငယ်အတွင်း စွန့်ပစ်တိုက်ကြီးမှာ နတ်ဆိုးတွေနဲ့ ပြည့်နှက်လာတယ်။
"ဟားဟား၊ အချိန်ဘယ်လောက်တောင် ရှိသွားပြီးလဲ၊ နောက်ဆုံးတော့ မင်းတို့ကောင်တွေက နေရာလပ်ပုံဆောင်ခဲတွေကို ရှာတွေ့ပြီး အသားဂိတ်ကို တည်ဆောက်နိုင်ခဲ့ကြတာပဲ"
ကျောက်မျက်တောင်ဝှေးတစ်ခုကို ကိုင်ဆောင်ထားတဲ့ ကြောက်စရာကောင်းတဲ့နတ်ဆိုးအရှင်သခင်တစ်ယောက်က အသားဂိတ်မှ တစ်လှမ်းချင်း ထွက်လာနေတယ်။ သူ့နောက်မှာတော့ ပိုအားနည်းတဲ့နတ်ဆိုးအရှင်သခင်တွေက လိုက်ပါလာတယ်။
"အရှင်အန်ဒရီကို နှုတ်ဆက်ပါတယ်"
အသားဂိတ်ကို တည်ဆောက်ခဲ့တဲ့ နတ်ဆိုးအရှင်သခင်တွေက လျင်မြန်စွာ ဦးညွှတ်လိုက်ကြတယ်။
"မင်းတို့အားလုံး ကောင်းကောင်းလုပ်ဆောင်ခဲ့တာပဲ"
နတ်ဆိုးအရှင်သခင်အန်ဒရီက ကောင်းကင်ကို ပျံသန်းပြီး အသက်တစ်ချက်ရှုရှိုက်လိုက်တယ်၊ ပြီးနောက် သူက ပြောလိုက်တယ်"ဒီလိုလတ်ဆတ်တဲ့လေ......။ သည်နေရာနဲ့နှိုင်းယှဉ်ရင် ငါတို့ရဲ့ကမ္ဘာက ပုတ်ပျက်နေတဲ့နွံတစ်ခုနဲ့ တူတယ်။ ငါတို့က ဒီပလိန်းကို ငါတို့ရဲ့အိမ်အသစ်ဖြစ်အောင် ပြုလုပ်ရလိမ့်မယ်"
နတ်ဆိုးအရှင်သခင်အန်ဒရီက လက်ကို ဝှေ့ယမ်းလိုက်တယ်၊ မရေမတွက်နိုင်လောက်တဲ့နတ်ဆိုးတွေက စွန့်ပစ်တိုက်ကြီးဆီ ပြေးထွက်လာကြတယ်။ မပျံသန်းနိုင်တဲ့အဆင့်နိမ့်နတ်ဆိုးတွေကတေ့ နတ်ဆိုးသတ္တဝါတွေကို စီးနင်းနေကြတယ် ဒါမှမဟုတ် အနက်ရောင်သတ္တုလေသင်္ဘောထဲကို ဝင်ရောက်လျက် ရှိနေကြတယ်။
***