← Chapters

နတ်ဆိုးတွေရဲ့ဇာတိဇာစ်မြစ်

Vol. 61 Ch. 836

နတ်ဆိုးတွေရဲ့ဇာတိဇာစ်မြစ်

Vol. 61 Ch. 836

ကျယ်ပြောတဲ့သမုဒ္ဒရာပြင်ပေါ်မှာ ပုံရိပ်တစ်ခုက တစ်ယောက်တည်း ခရီးနှင်နေတယ်။

သူတော်စင်တွေက အမြဲလိုလို တစ်ကိုယ်တည်းပါပဲ။ သူတို့က သူတို့ရဲ့ကျင့်ကြံခြင်းကို တိုးတက်စေဖို့ အရင်းမြစ်တွေ ရှာဖွေဖို့အတွက် သူတို့ရဲ့အချိန်အများစုကို အသုံးချကြတယ်။

လူတိုင်းက လီဖူချန်းလို အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းနဲ့အထွတ်အထိပ်သိုင်းပညာတွေကို နားလည်နိုင်တဲ့ ပါရမီရှင်တွေ မဟုတ်ဘူးလေ။ သာမန်သူတော်စင်တစ်ယောက်က သူတို့ရဲ့ခွန်အားနဲ့ သက်တမ်းကို တိုးတက်စေဖို့အတွက် ပြုလုပ်ရမယ့်အရာက ကျင့်ကြံခြင်းကို တိုးမြှင့်ရန်သာ ဖြစ်တယ်။ ဒါပေမယ့် သူ‌‌တော်စင်တစ်ယောက်ရဲ့ကျင့်ကြံခြင်းကို လျင်မြန်စွာ တိုးစေနိုင်တဲ့ရတနာမျိူးတွေက အများကြီး မရှိဘူးလေ။

"ဒါ ဘာလဲ"

အဝေးကနေ မုတ်ဆိတ်ရှည်သူတော်စင်က မိုးကုတ်စက်ဝိုင်းမှာ ထွက်ပေါ်လာတဲ့အမှောင်ထုတစ်ခုကို မြင်လိုက်ရတယ်။

"နတ်ဆိုးတွေလား" မုတ်ဆိတ်ရှည်သူတော်စင်က အတော်လေး အံ့အားသင့်သွားတယ်။

နက်ပြာပလိန်းမှာ နတ်ဆိုးတွေအများကြီး မရှိပါဘူး။ အနည်းဆုံးတော့ လူသားတွေ၊နတ်ဆိုးသားရဲတွေနဲ့နှိုင်းယှဉ်ရင် နတ်ဆိုးတွေရဲ့အရေအတွက်က သနားစရာကောင်းလောက်အောင်နိမ့်ကျတယ်။ ဒါကြောင့် ဒီလိုကြီးမားတဲ့နတ်ဆိုးအုပ်စုတစ်စုကို မြင်တွေ့တာ အလွန်ရှားပါတယ်။

"ဒီနတ်ဆိုးတွေအားလုံးက အခြားမျိုးနွယ်စုကပဲ၊ သူတို့ကို သတ်ဖြတ်ခြင်းက ကံကြမ္မာချီကို ပေးအပ်ခြင်းခံရလိမ့်မယ်" မုတ်ဆိတ်ရှည်သူတော်စင်က ကံကြမ္မာချီကို အရေးကြီးတယ်လို့ ရှုမြင်ထားခဲ့တယ်။

ကောင်းမွန်တဲ့ကံကြမ္မာချီရှိခြင်းက ပိုကောင်းမွန်တဲ့ကံကြမ္မာအခွင့်အလမ်းကို ဆိုလိုတယ်။ ကံကြမ္မာအခွင့်အလမ်းပိုကောင်းလေလေ၊ ကျင့်ကြံခြင်းအရင်းမြစ်တွေကို ရရှိဖို့ အခွင့်အရေးက ပိုမြင့်မားလေလေပဲ။

"သေစမ်း"

နတ်ဆိုးအရေအတွက်က ကြီးမားတယ်၊ ဒါပေမယ့် မုတ်ဆိတ်ရှည်သူတော်စင်က ဂရုမစိုက်ပါဘူး။ နတ်ဆိုးအရှင်သခင်တွေ မရှိသရွေ့ နတ်ဆိုးသားရဲဘယ်လောက်များများ ပုရွက်ဆိတ်တွေနဲ့ အတူတူပါပဲ။

လက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်စရာချီအားတစ်ခုက မိုးကုတ်စက်ဝိုင်းကို မုန်တိုင်းတစ်ခုပမာ တိုက်ခတ်သွားတယ်။

ဂျိန်း.........

ချီအားက လမ်းခုလတ်မှာတင် ပျောက်ကွယ်သွားတယ်။

"ဘယ်သူလုပ်တာလဲ" မုတ်ဆိတ်ရှည်သူတော်စင်က သတိရှိသွားတယ်။

သူတော်စင်အဆင့်တည်ရှိမှုကသာ သူတော်စင်တစ်ယောက်ရဲ့ချီအားကို ဖယ်ရှားနိုင်တာပါ။

"လူသားသူတော်စင်တွေက အရမ်းအရသာရှိလောက်တယ်" အရှေ့မှာ ကြီးမားတဲ့ပုံရိပ်တစ်ခုက မုတ်ဆိတ်ရှည်သူတော်စင်ရဲ့မြင်ကွင်းထဲမှာ ထွက်ပေါ်လာတယ်။

"ဒါ နတ်ဆိုးအရှင်သခင်ပဲ.......ပြေး‌တော့"

.

ကြီးမားတဲ့လူက လူသားနဲ့တူပုံပေါ်ပေမယ့် နတ်ဆိုးချီတည်ရှိမှုကို မဖုံးကွယ်နိုင်ဘူး၊ လူသားတစ်ယောက်နဲ့နှိုင်းယှဉ်ရင် ကြီးမားတဲ့ကွဲပြားချက်တစ်ခု ရှိတယ်။

နတ်ဆိုးအရှင်သခင်တစ်ယောက်နဲ့ရင်ဆိုင်ရတဲ့အခါ မုတ်ဆိတ်ရှည်သူတော်စင်က လက်တွေ့မကျတဲ့ဘာအတွေးတစ်ခုမှ မရှိတော့ပါဘူး။ သူ့ရဲ့စိတ်ထဲမှာ စကားလုံးတစ်လုံးသာ ရှိပြီး အဲဒါက 'ပြေး'ပါပဲ။

ပြီးတော့ အားအနည်းဆုံးနတ်ဆိုးအရှင်သခင်ကတောင် အဆင့်မြင့်သူတော်စင်တစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်တယ်။ မုတ်ဆိတ်ရှည်သူတော်စင်က သာမန်အလယ်ဆင့်သူတော်စင်တစ်ယောက်သာ ဖြစ်တယ်။

"မင်း လွတ်မြောက်မယ်လို့ ထင်နေတာလား" မုတ်ဆိတ်ရှည်သူတော်စင်အနောက်မှာ နောက်ထပ်နတ်ဆိုးအရှင်သခင်တစ်ယောက်က ထွက်ပေါ်လာတယ်။

"မိုးကြိုးလက်ဝါး" ညာလက်ရဲ့လျှပ်တစ်ပြက်လက်မှုနဲ့အတူ မုတ်ဆိတ်ရှည်သူတော်စင်က ထိုနတ်ဆိုးအရှင်သခင်အပေါ်မှာ လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။

နတ်ဆိုးအရှင်သခင်က သတိမဲ့နေသလားကိုတော့ မသိပါဘူး၊ လက်ဝါးက ရင်ဘတ်အပေါ် တည့်မတ်စွာ ကျရောက်သွားတယ်။

ဒါပေမယ့် နောက်အခိုက်မှာတော့ မုတ်ဆိတ်ရှည်သူတော်စင်က ကြောက်ရွံ့တဲ့အမူအရာ ဖြစ်သွားတယ်။

သူ့ရဲ့လက်ဝါးရိုက်ချက်က နတ်ဆိုးအရှင်သခင်ရဲ့အရေပြားကိုတောင် မချိုးဖောက်နိုင်ဘူး။ လျှပ်စစ်စီးကြောင်းလေးတွေက နတ်ဆိုးအရှင်သခင်ကို ကလိထိုးနေသလိုပါပဲ။

"မီးလျှံအလင်း"

အနီရင်‌ရောင်မီးလျှံတစ်ခုက လင်းလက်သွားပြီး မုတ်ဆိတ်ရှည်သူတော်စင်ကို ရိုက်ခတ်သွားတယ်။

မုတ်ဆိတ်ရှည်သူတော်စင်က ငယ်သံပါအောင် အော်လိုက်မိတယ်၊ သူ့ရဲ့‌သွေးအဆီအနှစ်ကို လျင်မြန်စွာ ဝါးမျိုသွားတယ်။ သူ့ရဲ့အလောင်းကို မီးလျှံတွေက လောင်ကျွမ်းခဲ့ပြီး ပြာအဖြစ် ပြောင်းလဲသွားတော့တယ်။

ကြီးမားတဲ့လူက တစ်ဟုန်ထိုးပြေးလာပြီး မီးလျှံတွေကို ပြောလိုက်တယ်"ဖီလီ၊ မင်းက ငါ့သားကောင်ကို လုလိုက်တာပဲ"

မီးလျှံတွေက နတ်ဆိုးအရှင်သခင်တစ်‌ယောက်အဖြစ်ပြောင်းသွားကာ ပြောလိုက်တယ်"ဂုရ၊ ဒီပလိန်းမှာ သူ‌တော်စင်တွေ များစွာ ရှိတယ်။ ဒီတစ်ခု‌ လောက်ကို ဘာလို့ မင်းက ဂရုစိုက်နေတာလဲ"

နတ်ဆိုးအရှင်သခင်က အဲလိုပြောနေပေမယ့် သူက မုတ်ဆိတ်ရှည်သူတော်စင်ကို ဘယ်တော့မှ လက်မလျှော့ချင်ခဲ့ပါဘူး။

သူတော်စင်တစ်ယောက်ရဲ့သွေးအဆီအနှစ်က နတ်ဆိုးအရှင်သခင်တွေအတွက် ကြီးမားတဲ့အာဟာရတစ်ခုပဲလေ။

…

အသားဂိတ်က တစ်ခုပဲ ရှိတာမဟုတ်ပါဘူး။ နက်ပြာပလိန်းပေါ်ရှိစွန့်ပစ်တိုက်ကြီးတွေပေါ်မှာ အသားဂိတ်များစွာက ပေါ်ထွက်လာတယ်။

မရေမတွက်နိုင်တဲ့နတ်ဆိုးတွေက အသားဂိတ်တွေမှ ထွက်လာကြတယ်။

နတ်ဆိုးကျူးကျော်မှုကို ပထမဆုံးတွေ့ရှိတဲ့သူတွေက သားရဲအရှင်သခင်တွေ ဖြစ်တယ်၊ ပြီးတော့ သမုဒ္ဒရာက နတ်ဆိုးသားရဲတွေရဲ့ပိုင်နက်‌ပဲလေ။

အချင်းချင်းနားလည်မှုအရ နတ်ဆိုးသားရဲတွေနဲ့နတ်ဆိုးတွေက တစ်ဖက်နဲ့တစ်ဖက် မသတ်ဖြတ်ခဲ့ကြပါဘူး။

နဆ်ဆိုးတွေက လူသားတွေလိုပဲ  ကုန်မြေပေါ်မှာ နေထိုင်ဖို့ သင့်တော်တယ်။ ဒီလိုဆိုမှတော့ လူသားတွေက ရှေ့ပြေးဖြစ်လာဖို့ အကောင်းဆုံးပေါ့။

နတ်ဆိုးသားရဲတွေက တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိတာကြောင့် နတ်ဆိုးတွေလည်း သဘာဝအတိုင်းပဲ ဘာမှမလုပ်‌တော့ဘူးပေါ့။ သမုဒ္ဒရာထဲမှာ နတ်ဆိုးသားရဲတွေနဲ့တိုက်ခိုက်ရတာက ဒုက္ခကို ရှာဖွေနေတာနဲ့ အတူတူပဲ။ လူသားတွေကို ချေမှုန်းပြီးမှ နတ်ဆိုးသားရဲတွေကို တိုက်ခိုက်ရင်လည်း မနောက်ကျပါဘူး။

ကျိုင်းကောင်းပမာ နတ်ဆိုးစစ်တပ်နဲ့ရင်ဆိုင်ရတဲ့အခါ တိုက်ကြီးတွေက စတင်ကျရှုံးလာတယ်။

ရွေးချယ်စရာမရှိဘူးလေ။ နတ်ဆိုးတွေက အားကောင်းလွန်းပြီး သူ‌တော်စင်အဆင့်ကြားမှာ ပြိုင်ဘက်ကင်းလို့ စဉ်းစားလို့ရတယ်။ အရေအတွက်ပါပေါင်းလိုက်တော့ သူတို့ကို မရပ်တန့်နိုင်တော့ဘူးပေါ့။ လူသားနဲ့ကုန်းမြေနတ်ဆိုးသားရဲတွေ အတူတကွ ပူးပေါင်းခဲ့တောင် သူတို့က နတ်ဆိုးတွေကို မရပ်တန့်နိုင်‌သေးပါဘူး။

လူသားနဲ့နတ်ဆိုးသားရဲများစွာက အသားဂိတ်အသစ်တွေ ဖန်တီးဖို့ စွန့်ပစ်တိုက်ကြီးတွေဆီ ပို့ဆောင်ခံနေရတယ်။

…

"အကြီးအကဲလီ၊ ဌာနချုပ်ကို ချက်ချင်း လာပါ"

ဒီနေ့မှာတော့ ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့အသံက အကြီးအကဲတိုကင်မှ ထွက်ပေါ်လာတယ်။

ဆန်းကြယ်နက်နဲဓားသူ‌တော်စင်ရဲ့စိုးရိမ်တကြီးအသံကို ကြားပြီး လီဖူချန်းက ချက်ချင်း ပြေးထွက်လာတယ်။

ဌာနချုပ်ထဲမှာ ဆန်းကြယ်နက်နဲဓားသူတော်စင်အပြင် အံ့ဖွယ်သဘာဝဓားသူတော်စင်၊ ကျားစွယ်ဓားသူတော်စင်နဲ့ ပန်းတစ်ရာဓားသူတော်စင်တို့လည်း ရှိနေတယ်။

"အကြီးအကဲတို့အားလုံးကို နှုတ်ဆက်ပါတယ်၊ ဘာဖြစ်နေလို့လဲ" လီဖူချန်းက ထူးဆန်းသလို ခံစားရတယ်။

ကျားစွယ်ဓားသူတော်စင်က လေးလံတဲ့လေသံနဲ့ ပြောလိုက်တယ်"နတ်ဆိုးတွေက နက်ပြာပလိန်းကို ကျူးကျော်နေတယ်"

"နတ်ဆိုးတွေလား" လီဖူချန်းကို နားမလည်ခဲ့ပါဘူး။

နတ်ဆိုးတွေက အားကောင်းပေမယ့် သူတို့ရဲ့အရေအတွက်က နည်းလွန်းပြီး သူတို့က အများကြီးအောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

"မဟုတ်ဘူး၊ ဒါက ကျူးကျော်မှုတစ်ခုလို့ ကျားစွယ်သူတော်စင်က ပြောခဲ့တာ" လီဖူချန်းက စိတ်ထဲမှာ တွေးလိုက်တယ်။

အံ့အားသင့်တဲ့အမူအရာနဲ့ လီဖူချန်းက ပြောလိုက်တယ်"နတ်ဆိုးတွေက အခြားပလိန်းက လာတာလား"

ဆန်းကြယ်နက်နဲဓားသူတော်စင်က ခေါင်းညိတ်လိုက်တယ်"နတ်ဆိုးတွေက စကြာဝဠာတစ်ခုလုံးမှာ ထိပ်တန်းမျိုးနွယ်စုတစ်ခု ဖြစ်တယ်။ သူတို့က ပလိန်းများစွာမှာ နေထိုင်တယ်။ သမိုင်းထဲမှာ ငါတို့ရဲ့နက်ပြာပလိန်းကို အကြိမ်ပေါင်းများစွာ ကျူးကျော်ခဲ့တယ်။ ကျန်ရှိနေတဲ့နတ်ဆိုးတွေက အရင်ကျုးကျော်မှုရဲ့အကြွင်းအကျန်တွေပဲ။ ဒါပေမယ့် နောက်ဆုံးနတ်ဆိုးကျူးကျော်မှုပြီးကတည်းက နှစ်သိန်းပေါင်းအနည်းငယ် ရှိနေပြီ။ တော်တော်များများက ‌နတ်ဆိုးတွေကို အခြားပလိန်းရဲ့သက်ရှိတွေဆိုတာ မသိကြတော့ဘူး။ နတ်ဆိုးတွေက ဒေသခံသက်ရှိတွေလို့ သူတို့က ထင်နေကြတယ်"

နက်ပြာပလိန်းမှာ တိုက်ကြီးတွေများစွာရှိတယ်။ အဆင့်မြင့်တိုက်ကြီးကိုးခု၊ အလယ်ဆင့်တိုက်ကြီးတစ်ရာနဲ့ မရေမတွက်နိုင်‌တဲ့အဆင့်နိမ့်တိုက်ကြီးတွေ ရှိတယ်။ နတ်ဆိုးတွေကို ချေမှုန်းဖို့ဆိုတာ မလွယ်ဘူး။ အချိန်ကြာလာတာနဲ့အမျှ အရာအားလုံးကို ဖြည်းဖြည်းချင်း မေ့ပျောက်သွားကြတာပေါ့။

"ပလိန်းမှာ စိတ်တန်ခိုးစွမ်းအားမရှိဘူးလား။ ဘာလို့ အဲဒါက မတားဆီးတာလဲ"

ပလိန်းစိတ်တန်ခိုးစွမ်းအားက အခြားပလိန်းတွေရဲ့သက်ရှိတွေကို ဝင်ရောက်ခွင့်မပြုလောက်ဘူးလို့ လီဖူချန်းက ထင်နေမိတယ်၊ သူတို့က ဘယ်‌လောပဲအားကောင်းကောင်း နတ်ဆိုးတွေက ဘယ်တော့မှ ဝင်နိုင်လိမ့်မှာ မဟုတ်ဘူးပေါ့။

အံ့ဖွယ်သဘာဝဓားသူတော်စင်က သက်ပြင်းချကာ ပြောလိုက်တယ်"ပလိန်းစိတ်တန်ခိုးစွမ်းအားမှာ အသိဉာဏ်မရှိဘူး၊ ရှိရင်တောင် အဲဒါက အသုံးမဝင်ဘူး။ ပလိန်းစိတ်တန်ခိုးစွမ်းအထက်မှာ စကြာဝဠာစိတ်တန်ခိုးစွမ်းအားရှိပြီး စကြာဝဠာစိတ်တန်ခိုးစွမ်းအားက သဘာဝအလျောက်ရွေးချယ်မှုကို အသုံးပြုတယ်။ လူသားတွေက အားနည်းရင်တော့ ပျောက်ကွယ်သွားရမှာ ပုံမှန်ပါပဲ"

"ဒီလိုလား" လီဖူချန်းက နားလည်သွားတယ်။

စကြာဝဠာစိတ်တန်ခိုးစွမ်းအားက တည်ရှိမှုတိုင်းရဲ့အာဏာရှင်ဖြစ်တယ်။ မျိုးနွယ်စုတွေကြား သတ်ဖြတ်ခြင်းနဲ့ ပလိန်းတွေကြားစစ်ပွဲက စကြာဝဠာရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ဥပဒေသနဲ့ သင့်တော်တယ်။

ဒီအချက်ကို စဉ်းစားမိပြီး လီဖူချန်းက အ‌တော်လေးစိုးရိမ်သွားတယ်။ အရှေ့ယူနီကွန်တိုက်ကြီး၊ ခုနှစ်ရောင်ခြယ်တိုက်ကြီးနဲ့ဧကရာဇ်ကောင်းကင်တိုက်ကြီးတို့က နတ်ဆိုးစစ်တပ်ကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး။ သူက ထိုနေရာတွေကို ခရီးတစ်ခေါက်တော့ သေချာပေါက် သွားရမယ်။

""အလျင်လိုစရာမလိုပါဘူး" အံ့ဖွယ်သဘာဝဓားသူတော်စင်က ပြောလိုက်တယ်"နတ်ဆိုးတွေ ကျူးကျော်လာတာနဲ့ တိုက်ပွဲမျှော်စင်တွေကို အသက်သွင်းထားတယ်။ တိုက်ပွဲမျှော်စင်ကို သုံးပြီးတော့ တစ်စုံတစ်ယောက်က နက်ပြာပလိန်းရဲ့အကြိီးမားဆုံးတိုက်ပွဲနယ်မြေတစ်ရာမှာရှိတဲ့ဘယ်တိုက်ပွဲနယ်မြေကိုမဆို တည်နေရာရွှေ့ပြောင်းနိုင်တယ်"

အံ့ဖွယ်သဘာဝဓားသူတော်စင်က လီဖူချန်းထံ ကျောက်စိမ်းစာလိပ်တစ်ခုကို ကမ်းပေးလိုက်တယ်။

ကျောက်စိမ်းစာလိပ်ကို လက်ခံပြီးနောက် လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ အတွင်းကို ကြည့်လိုက်တယ်။

နက်ပြာပလိန်းတစ်ခုလုံးက ဘဲဥပုံသဏ္ဍာန်ရှိတယ်။ ဗဟိုမှာ အဆင့်မြင့်တိုက်ကြီးကိုးခု ရှိတယ်။ အဆင့်မြင့်တိုက်ကြီးအသီးသီးနဲ့ပတ်ဝန်းကျင်ရှိပင်လယ်နယ်‌မြေတွေကို တိုက်ပွဲနယ်မြေတစ်ခုလို့ သတ်မှတ်ထားတယ်။

ဘဲဥပုံသဏ္ဍာန်ရဲ့အလယ်အဝိုင်းမှာ အလယ်ဆင့်တိုက်ကြီးတွေအတော်များများရှိပြီး တိုက်ပွဲနယ်မြေ၂၇ခုကို ဖွဲ့စည်းထားတယ်။ အပြင်ဘက်အဝိုင်းမှာ အဆင့်နိမ်တိုက်ကြီးတွေက တိုက်ပွဲနယ်မြေ၆၄ခုကို ဖွဲ့စည်းထားတယ်။ လီဖူချန်းက တစ်ချက်ကြည့်လိုက်ရာ ဧကရာဇ်ကောင်းကင်တိုက်ကြီးက နံပါတ်၁၉တိုက်ပွဲနယ်မြေမှာ ရှိပြီး ခုနှစ်ရောင်ခြယ်တိုက်ကြီးက နံပါတ်၃၀တိုက်ပွဲနယ်မြေမှာ ရှိကာ အရှေ့ယူနီကွန်တိုက်ကြီးက နံပါတ်၈၀တိုက်ပွဲနယ်မြေမှာ ရှိတယ်။

***

All Chapters