← Chapters

နတ်ဆိုးအရှင်သခင်တစ်ယောက်နဲ့တိုက်ခိုက်ခြင်း

Vol. 61 Ch. 837

နတ်ဆိုးအရှင်သခင်တစ်ယောက်နဲ့တိုက်ခိုက်ခြင်း

Vol. 61 Ch. 837

"အကြီးအကဲလီ၊ ရဲတင်းလွန်းတဲ့တောင်းဆိုချက်တစ်ခုရှိတယ်။ မင်း ငါ့ကို အဆုံးစွန်းအဆင့်ဓားကို ငှားပေးနိုင်မလား"

အံ့ဖွယ်သဘာဝဓားသူတော်စင်က အတော်လေးရှက်ရွံမိတယ်။ သူက အဆုံးစွန်းအဆင့်ဓားကို မျက်စိကျနေတယ်လို့ လီဖူချန်း ထင်မြင်မိသွားမှာ စိုးရိမ်တယ်။ သူက နတ်ဆိုးတွေနဲ့ ရင်ဆိုင်ဖို့ အဲဒါကို အသုံးပြုချင်ခဲ့တာပါ။ အားအနည်းဆုံးနတ်ဆိုးအရှင်သခင်တစ်ယောက်ကတောင် အဆင့်မြင့်သူတော်စင်တစ်ယောက်ရဲ့ခွန်အား ရှိတယ်။ ဒါ့ပြင် နတ်ဆိုးတွေမှာ နဆ်ဆိုးသားရဲတွေထက် ပိုမြင့်မားတဲ့ ကြမ်းတမ်းတဲ့ခန္ဓာကိုယ်နဲ့အသက်စွမ်းအား ရှိတယ်။

သူတို့ကို အနိုင်ယူဖို့က လွယ်ပေမယ့် သတ်ဖို့က အလွန်ခက်ခဲတယ်။ ဒါပေမယ့် အဆုံးစွန်းအဆင့်ဓားနဲ့ဆိုရင် ကိစ္စအားလုံးက အလွယ်တကူဖြစ်သွားပေလိမ့်မယ်။ အံ့ဖွယ်သဘာဝဓားသူတော်စင်ထက်အားနည်းတဲ့ဘယ်နတ်ဆိုးအရှင်သခင်မဆို ဓားတစ်ချက်တည်းနဲ့ ဇီဝိန်ချုပ်သွားရလိမ့်မယ်။ ပိုအားကောင်းတဲ့နတ်ဆိုးအရှင်သခင်တွေကတောင် အဆုံးစွန်းအဆင့်ဓားရဲ့ခုတ်ပိုင်းချက်ကို မခုခံနိုင်ပါဘူး။

လီဖူချန်းက ကောင်းကင်ဆက်ဓားကို ထုတ်ကာ အားနာတဲ့လေသံနဲ့ ပြောလိုက်တယ်"ဒီဓားကို အမှန်တကယ်တော့ ချိတ်ပိတ်မဖွင့်ရသေးဘူး။ ဓားစိတ်ဝိညာဉ်က ဓားအင်းကွက်တွေနဲ့ ချိတ်ဆက်နေတာကြောင့် အရင်တစ်ခါတုန်းက ချိတ်ပိတ်ဖွင့်နိုင်ခဲ့တာ။ အခု၊ ဓားစိတ်ဝိညာဉ်က အချိန်အကြာကြီးအိပ်မောကျနေတဲ့အခြေအနေကို ရောက်ရှိနေလေရဲ့"

"ဒီလိုလား" အံ့ဖွယ်သဘာဝဓားသူတော်စင်က သက်ပြင်းချလိုက်မိတယ်။ သူက အဆုံးစွန်းအဆင့်ဓားတစ်လက်ရဲ့အကူအညီကို ရနိုင်လိမ့်မယ်လို့ အစက တွေးထားခဲ့တာ။ ကြည့်ရတာ သူက အတွေးလွန်နေပုံပါပဲ။

တိုက်ပွဲမျှော်စင်က တိုက်ပွဲမြို့တွေမှာ တည်ရှိတယ်။

အဆင့်မြင့်တိုက်ကြီးကိုးခုစီမှာ တိုက်ပွဲမြို့တစ်ခု ရှိပြီး တိုက်ပွဲမြို့အသီးသီးမှာ တိုက်ပွဲမျှော်စင်တစ်ခု ရှိတယ်။

တိုက်ပွဲမြို့ကို ရောက်ရှိပြီးနောက် လီဖူချန်းက အထပ်တစ်ရာရှိတဲ့မျှော်စင်တစ်ခုကို မြင်လိုက်ရတယ်။

မျှော်စင်အပြင်ဘက်ရှိရင်ပြင်က လူတွေနဲ့ပြည့်နှက်နေပြီး လူများစွာက မျှော်စင်ထဲ တိုးဝင်လာနေကြတယ်။

ဒါပေမယ့် ဒီမျှော်စင်အတွင်းမှာ ထူးခြားတာတစ်ခုခုရှိပြီး လူတွေဘယ်လောက်ပဲဝင်လာလာ ပြွတ်သိပ်ခြင်းမရှိပါဘူး။

"အားလုံးပဲ၊ နတ်ဆိုးတွေကို သတ်ဖြတ်ဖို့ ငါ့နောက်ကို လိုက်လာပါ။ ငါတို့ ပိုသတ်ဖြတ်နိုင်လေလေ၊ ငါတို့ရဲ့ချီကံကြမ္မာက ပိုသန်မာလေလေပဲ"

သိုင်းပညာရှင်တွေကို အုပ်စုဖွဲ့စုစည်းထားတဲ့အဓိကဂိုဏ်းတွေက တိုက်ပွဲနယ်မြေကို ဦးတည်လာနေကြသလို ဂိုဏ်းမရှိတဲ့သိုင်းပညာရှင်တွေကလည်း အုပ်စုဖွဲ့ကာ လာနေကြတယ်။ အချို့က မှန်ကန်တဲ့လုပ်ရပ်တစ်ခုအတွက် လာကြတယ်၊ အချို့က ပလိန်းစိတ်တန်ခိုးစွမ်းအားရဲ့မျက်နှာသာပေးမှုကို ရယူဖို့၊ အချို့ကတော့ သူတို့ကိုယ်သူတို့ လေ့ကျင့်ဖို့အတွက်ပေါ့။

ဓားသမားအစည်းအရုံးက အုပ်စုငါးစုခွဲထားတယ်၊ တစ်ခုစီကို ပင်မအကြီးအကဲငါးယောက်က ဦးဆောင်လာတယ်။

လီဖူချန်းက သူ့ရဲ့အုပ်စုကို ဦးဆောင်လျက် နံပါတ်၁၉တိုက်ပွဲနယ်မြေဆီ ဦးတည်လာနေတယ်။

တိုက်ပွဲမျှော်စင်ရဲ့အတွင်းပိုင်းက တကယ်အံ့အားသင့်စရာပဲ။ အပြင်ဘက်ကနေကြည့်ရင်တော့ မီတာရာအနည်းငယ်ပေါ့။ ဒါပေမယ့် အတွင်းဘက်မှာတော့ မိုင်တစ်ရာလောက်ရှိတယ်။ အထပ်အသီးသီးရဲ့အလယ်မှာ ဧရာမတည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခု ရှိတယ်။ ပို့ဆောင်ရေးအစီအရင်တွေက လှည့်လည်နေပြီး သိုင်းပညာရှင်သောင်းပေါင်းများစွာကို ပို့ဆောင်နေလျက် ရှိတယ်။

နံပါတ်၁၉တိုက်ပွဲနယ်မြေကို ဦးတည်နေတဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်က ၁၉ထပ်မှာ တည်ရှိတယ်။ လီဖူချန်းတို့အဖွဲ့က တိုက်ရိုက်ပျံသန်းလာတယ်။

…

နံပါတ်၁၉တိုက်ပွဲနယ်မြေမှာ အလယ်ဆင့်တိုက်ကြီးဆယ်ခုနဲ့ကြီးမားတဲ့ပင်လယ်နယ်‌မြေတစ်ခု ရှိတယ်။

ဒီနေ့မှာတော့ နံပါတ်၁၉တိုက်ပွဲနယ်မြေရဲ့အလယ်မှာ ကျွန်းတစ်ကျွန်းပေါ်ရှိတောင်တစ်တောင်က ရုတ်တရက် ပေါက်ကွဲထွက်သွားတယ်။ တောင်အတွင်းမှာ ဖုံးကွယ်ထားတဲ့တိုက်ပွဲမျှော်စင်က ထွက်ပေါ်လာတယ်။

အလင်းတစ်ခု ပေါ်ထွက်လာပြီး ပုံရိပ်များစွာက ပြေးထွက်လာတယ်။

"ဒါက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကထွက်လာတဲ့ ငါ့ရဲ့ပထမဆုံးအကြိမ်ပဲ"

"ငါလည်း အတူတူပဲ"

"သက်သောင့်သက်သာ ရှိလိုက်တာ။ ငါက ပင်လယ်ပြင်ကို လက်ဝါးတစ်ချက်နဲ့ ခုတ်ဖြတ်နိုင်တယ်လို့တောင် ခံစား‌ရတယ်"

"အားလုံးပဲ၊ ဒီမှာ တစ်ချက် စောင့်နေပါ"

ညွှန်ကြားချက်ပေးပြီးနောက် လီဖူချန်းရဲ့ပုံရိပ်က လျှပ်တစ်ပြက်လက်ပြီး ချက်ချင်း ပျောက်သွားတယ်။

လီဖူချန်းရဲ့အရှိန်က ယခု အလွန်အမင်းမြန်ဆန်ပြီး ဧကရာဇ်ကောင်းကင်တိုက်ကြီးရဲ့အနီးနားကို ရောက်ရှိဖို့‌ နေ့တစ်ဝက်သာ အချိန်ယူခဲ့ရတယ်။

"နတ်ဆိုးချီရှိနေတယ်"

ရုတ်တရက် လီဖူချန်းက မိုးကုတ်စက်ဝိုင်းမှ ရိုက်ခတ်လာတဲ့နတ်ဆိုးချီလှိုင်းတစ်ခုကို ခံစားရတယ်။

လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်တယ်။

"နတ်ဆိုးစစ်တပ်တစ်ခုပဲ"

လီဖူချန်းရဲ့အမူအရာက ပြောင်းသွား‌တော့တယ်။ အဝေးရှိမိုင်တစ်သိန်းအကွာမှာ နတ်ဆိုးစစ်တပ်တစ်ခုက တစ်ဟုန်ထိုးလာနေတယ်။

"ဟားဟား၊ ငါ ဖီလီက အတော်လေးကံကောင်းတာပဲ။ နောက်ထပ်သူတော်စင်တစ်ယောက်နဲ့ ထပ်တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ပြီးတော့ အဲဒါက ခန္ဓာကိုယ်အပြင်အားသူတော်စင်တစ်ယောက်ဖြစ်နေတာပဲ"

ဟင်းလင်းပြင်က အရည်ပျော်သွားပြီး အလွန်အမင်းအားကောင်းတဲ့နတ်ဆိုးက ထွက်ပေါ်လာတယ်။

နတ်ဆိုးမှာ အနီရင့်ရောင်ဆံပင်ရှိပြီး ခန္ဓာကိုယ်မှ မီးလျှံချီတည်ရှိမှုတစ်ခုက တိုးထွက်လာနေတယ်။ ဒါပေမယ့် မီးလျှံချီတည်ရှိမှုက သာမန်မီးလျှံတွေနဲ့ မတူပါဘူး။ သူတို့က မဖော်ပြနိုင်လောက်တဲ့အမှောင်ထုခံစားချက်တစ်ခုကို ထုတ်လွှတ်နေတယ်။

နတ်ဆိုးအရှင်သခင်လား" ဒါ‌က နတ်ဆိုးအရှင်သခင်တစ်ယောက်ကို ရင်ဆိုင်ရတဲ့ လီဖူချန်းရဲ့ပထမဆုံးအကြိမ်ပါပဲ။

နတ်ဆိုးအရှင်သခင်တစ်ယောက်က သားရဲအရှင်သခင်တစ်ကောင်နဲ့ မတူဘူး။ အားအနည်းဆုံးနတ်ဆိုးအရှင်သခင်ကတောင် လူသားအဆင့်မြင့်သူတော်စင်တွေနဲ့ ယှဉ်နိုင်တဲ့ခွန်အား ရှိတယ်။ အမှန်အတိုင်းပြောရရင် အရင်လီဖူချန်းသာ ဆိုရင် ဘယ်နတ်ဆိုးသခင်တွေအတွက်မဆို သူက ပြိုင်ဘက်မဖြစ်နိုင်ပါဘူး။

"သေစမ်း"

အချိန်မဖြုန်းဘဲ လီဖူချန်းက သက်တံမိုးဓားကို ထုတ်ကာ ခုတ်ပိုင်းလိုက်တယ်။

"သေချင်နေတာပဲ" ဖီလီက အနီရင့်ရောင်မီးလျှံအစုအ‌ဝေးတစ်ခုအဖြစ် ပြောင်းသွားပြီး လီဖူချန်းကို လွှမ်းမိုးသွားတယ်။

အား......

အနီရင့်ရောင်မီးလျှံက ပိုင်းဖြတ်ခံရပြီး လီဖူချန်းက ထွက်ပေါ်လာတယ်။

"ငါ မင်းကို အထင်သေးမိတာပဲ"

ဖီလီက ခေါင်းငုံလိုက်ရာ သူ့ရင်ဘက်ပေါ်မှာ ဓားဒဏ်ရာတစ်ခုကို မြင်လိုက်ရတယ်။ ဓားက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားခဲ့ပေမယ့်သူ့ရဲ့အရေပြားကို စုတ်ပြဲရုံမျှသာပါပဲ။

"ဒီလိုကြမ်းတမ်းတဲ့ခံစစ်" လီဖူချန်းရဲ့အမူအရာက ပြောင်းသွားတယ်။

"မင်းကို လေးစားတဲ့အနေနဲ့ ငါ မင်းနဲ့ ခွန်အားအပြည့် တိုက်ခိုက်ပေးမယ်"

ညာလက်ကို ဝှေ့ယမ်းလိုက်ရာ မီးလျှံစီးကြောင်းတစ်ခုက လီဖူချန်းကို ခုတ်ပိုင်းလိုက်တယ်။

ရွှမ်း.......

လီဖူချန်းက ရှောင်လိုက်တယ်။

ဝုန်း......

ပင်လယ်ပြင်အောက်မှာ ကြီးမားတဲ့ချောက်နက်တစ်ခုက ပွင့်ထွက်သွားတယ်။

"ကောင်းကင်မြေကြီးလည်ပတ်ခြင်း"

လီဖူချန်းက ခုန်လွှားပြီး ပြိုင်ဘက်ကင်းဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းသွားကာ ဖီလီရဲ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်သွားတယ်။

အား အား အား.........

ဖီလီက လီဖူချန်းရဲ့ပြိုင်ဘက်မဟုတ်ပါဘူး၊ ဓားဒဏ်ရာတွေက သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ စတင်ထွက်ပေါ်လာတယ်။ ဓားဒဏ်ရာတွေက သူ့ရဲ့အရိုးအနက်ပိုင်းထိတိုင် ရောက်ရှိနေတယ်။

"‌တောက်"

ဖီလီက မီးလျှံတွေအဖြစ် ထပ်မံပြောင်းလဲသွားပြီး ဓားအလင်းရဲ့အကွာအဝေးထဲမှ ပြေးထွက်လာတယ်။

"ကောင်းကင်အလင်းပျံဓား"

ခုတ်ပိုင်းချက်တစ်ခုနဲ့အတူ အဆုံးမဲ့ဓားအလင်းက စုဝေးပြီး ဧရာမအလင်းရေတံခွန်ပမာ ပျံသန်းလာတယ်။

ဖီလီက အချိန်မှီ မရှောင်တိမ်းနိုင်ခဲ့ဘူး၊ သူ့ရဲ့လက်ကို ရှေ့တွင် မြှောက်ကာ ရင်ဆိုင်ရုံသာ တတ်နိုင်ခဲ့တယ်။ အနီရင့်ရောင်မီးလျှံတွေက ဒိုင်းတစ်ခု ဖြစ်သွားပြီး ခုခံတားဆီးဖို့ ကြိုးစားခဲ့တယ်။

ဂျိုင်း ဂျိုင်း ဂျိုင်း.........

မီးလျှံဒိုင်းက ပါးပါးလာပြီး အက်သံတစ်ခု ထွက်ပေါ်လာကာ ဒိုင်းက ကြေမွသွားတယ်။ ဖီလီကို ဓားအလင်းရေတံခွန်က ဝါးမျိုပြီး ဓားအလင်းတွေက အကြိမ်မရေမတွက်နိုင်စွာ သန့်စင်နေခဲ့တယ်။

"မလုံလောက်သေးဘူးလား"

ဖီလီက ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေပေမယ့် အားနည်းတဲ့ချီတည်ရှိမှု မရှိနေတာကို မြင်ပြီး သာမန်ဓားကွက်တွေက မလုံလောက်တာကို လီဖူချန်းက သိလိုက်တယ်။

"ကောင်းကင်မီးနေအက်ကွဲဓား"

ဓားကွက်ကို ထုတ်ဖော်လိုက်ရာ နေတစ်စင်းက ဖြည်းဖြည်းချင်း ထွက်ပေါ်လာတယ်။

နေက ကြီးမားလွန်းပြီး ဖီလီက ရှောင်တိမ်းချင်ပေမယ့် သူ့ကို ထိမှန်သွားခဲ့တယ်။

ပြီးနောက်ချက်ချင်းပဲ အဆုံးမဲ့အလင်းစက်လုံးတွေက ပျံသန်းထွက်လာတယ်။ ဒီအလင်းစက်လုံးတွေက ဖီလီရဲ့ခန္ဓာကိုယ်မှ ထွက်ပြေးလာတာပါ။ နောက်ဆုံးတော့ ဒီဓားကွက်က ဖီလီထံ ပြင်းထန်တဲ့ဒဏ်ရာတစ်ခုကို ချန်ထားပေးနိုင်ခဲ့တယ်။

"ဖီလီ၊ မင်း ငါ့အကူအညီလိုလား" အေးစက်တဲ့အသံတစ်သံက ပဲ့တင်ထပ်လာတယ်။

"ဂုရ၊ မင်းဘာတွေ လေဖြန်းနေတာလဲ"

ဖီလီက ဒေါသထွက်သွားတယ်။ လီဖူချန်းက သူထင်ထားတာတက် အများကြီးအားကောင်းနေတယ်။ လူသားသူတော်စင်တွေက အလွန်အားနည်းတယ်လို့ သူက ယူဆထားတာလေ။

"ကြီးမားပြင်းထန်ကြယ်နယ်နိမိတ်"

လီဖူချန်းက နတ်ဆိုးအရှင်သခင်နှစ်ယောက်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးဖြစ်ပေမယ့် သူက သတိ‌မဲ့သွားသေးတယ်။ ပြိုင်ဘက်ရဲ့မွေးရာပါစွမ်းရည်က ကြောက်စရာကောင်းတယ်။ အမှောင်ကြယ်တစ်လုံးက လီဖူချန်းရဲ့အထက်မှာ ပေါ်ထွက်လာပြီး ကြီးမားတဲ့ကမ္ဘာဆွဲအားကြောင့် လီဖူချန်းရဲ့လှုပ်ရှားမှုတွေက  အားနည်းသွားတယ်။

"အမှောင်မီးလျှံ"

ပြင်းထန်စွာ ဒဏ်ရာရနေတဲ့ ဖီလီက အော်လိုက်ပြီး ခရမ်းနက်ရောင်မီးလျှံတွေက လီဖူချန်းအပေါ် ကျဆင်းလာတယ်။

မီးလျှံတွေက လောင်ကျွမ်းနေပြီး အဲဒါက ဖြန်းတီးမှုတစ်ခုလို့ ဖီလီက ခံစားရတယ်။ သူ့ထက်ပိုအားကောင်းရင်တောင်မှ သူ့ရဲ့အမှောင်မီးလျှံကို ထိမှန်ပြီးနောက် ပြာပုံဘဝရောက်သွားမှာ အသေအချာပဲ။ လီဖူချန်းရဲ့ခန္ဓာကိုယ်ရှိသွေးအဆီအနှစ်က ဖြန်းတီးမှုတစ်ခုလို့ သူက ခံစားမိနေတယ်။

"ကောင်းကင်‌ပြောင်းလဲလှည့်လည်နဂါးထိုးဖောက်ခြင်း"

မီးလျှံတွေက ပြန့်သွားပြီး ထွင်းဖောက်ကြည်လင်နဂါးတစ်ကောင်က ဖီလီရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်ဖို့ ထွက်လာတယ်။

ဖီလီရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး သူ့ရဲ့ကြောက်စရာကောင်းတဲ့အသက်စွမ်းအားက လျင်မြန်စွာ လျော့ပါးလာနေတယ်။

***

All Chapters