← Chapters

သီးသန့် စကားပြောကြရအောင်

Vol. 37 Ch. 543

သီးသန့် စကားပြောကြရအောင်

Vol. 37 Ch. 543

"အဲ့တာဆိုရင်တော့ ဒီကောင်က ကိုယ့်ကိုယ်ကို အရမ်း အထင်ကြီးနေတာပဲ..."ဖရေး ပြောဆိုလိုက်ပြီး "ငါတို့အားလုံးက ကျိုးဟိုင်ကို ကိုယ်တိုင်ရောက်လာတာနော်... ဟွာရှ စကားနဲ့ဆိုရင် ဒါက မျက်နှာသာပေးပြီး လာခဲ့တာ... ဒါတောင်မှ လာကြိုရမယ်ဆိုတဲ့ အခြေခံ ရိုသေလေးစားမှုလေးကို မရှိဘူး..."

"ဝေါစထရိမှာ လေးစားမှုလို့ ခေါ်တဲ့ စကားလုံးက တန်ဖိုး မရှိဘူး မဟုတ်လား..... ပြီးတော့ Pfizer နဲ့ အဓိက ဆေးကုမ္ပဏီ ခြောက်ခုရဲ့ ရှယ်ယာဈေးနှုန်းတွေ ဘယ်သူ့ကြောင့် နှစ်ရက်ဆက်တိုက် ထိုးကျသွားလဲဆိုတာကို မစ္စတာဖရေး မေ့နေပြီနဲ့တူတယ်... "

"ဒါ‌ရိုက်တာကျောက်... အဲ့ကိစ္စကလည်း မင်း ဟွာရှဈေးကွက်မှာ ဆွေးနွေးညှိနှိုင်းတာ မအောင်မြင်တာကြောင့် ဖြစ်တာလေ...."ဖရေးမှ ပြောလိုက်ပြီး "ငါသာ ဆိုလို့ကတော့ သူ့ကို အဲ့လိုမျိုး အခွင့်အရေးတောင် မပေးဘူး.."

"ရှင်...."ကျောက်၀န် ဒေါသထွက်သွားခဲ့ပြီး အေးစက်သည့် လေသံဖြင့် "တစ်ဖက်သူက ibuprofen နဲ့ တခြား ဆေးဝါး ၂၅ မျိုးကို အစားထိုးနိုင်မယ့် ဆေးဖော်မြူလာကို ထုတ်ပြလာတာလေ.. ပြီးတော့ ဓာတ်ခွဲခန်း စစ်ဆေးမှုကိုတောင် ဖြတ်ကျော်ပြီးသွားပြီ.. အဲ့လို အခြေအနေမျိုးမှာ မစ္စတာ ဖရေး ဆိုရင်ကော စားပွဲလှန်နိုင်မှာလား..."

"Ibuprofen နဲ့ အာနိသင်တူတဲ့ ဆေးဝါးတွေက တစ်ပုံကြီးပဲ....pfizer's ရဲ့ ibuprofen အာနိသင်က နည်းနည်း ပိုကောင်းသွားတာပဲရှိတယ်...... ဟွာရှန့်တွေ အစားထိုးဆေး ဖော်စပ်နိုင်တာ မဆန်းပါဘူး..."ဖရေးမှ ပြောလိုက်ပြီး "ဒါပေမယ့် ရိုချယ်က ထုတ်တဲ့ ဆေးဝါးခြောက်မျိုးကျတော့ ငါတို့ဘက်က ဆယ်နှစ်ကျော်လောက် လူအင်အားနဲ့ အရင်းအမြစ် အင်အားတွေ ရင်းနှီးပြီးတော့မှ ရရှိလာခဲ့တာ... သူ့ဘက်က အစားထိုးဆေး ထုတ်လုပ်ဖို့ဆိုတာ ဘယ်လိုမှ လွယ်လွယ်နဲ့ မဖြစ်နိုင်ဘူး..."

"ဒါဆို ဟွာရှက သတင်းအတုတွေ ကြေညာနေတယ်လို့ ပြောချင်တာလား..."ကျောက်၀န် မေးမြန်းလိုက်၏။

"အတိအကျပဲ..."ဖရေး ယုံကြည်ချက်ရှိစွာ ပြောဆိုလိုက်ပြီး "ဒီသတင်းတွေ အားလုံးက သူတို့ လုပ်ကြံထားတာတွေ.. ဟွာရှကို တင်သွင်းတဲ့ ဆေးဝါး ၂၅ မျိုးထဲက ကြိုက်တဲ့ဆေး လက်ညိုးထိုးလိုက်.. ibuprofen ထက် ထုတ်လုပ်ရ ပိုခက်တာချည်းပဲ... အဲ့တာကိုတောင်မှ သူက တစ်လအတွင်း ထုတ်လုပ်နိုင်ပြီလို့ ပြောနေတယ်ဆိုတော့ ဘယ်လိုတောင် ရယ်စရာကောင်းလိုက်လဲ... "

"ကျုပ်လည်း မစ္စတာဖရေး ပြောတာက လက်တွေ့ကျတယ်လို့ ထင်တယ်.. သူက ibuprofen နေရာမှာ အစားထိုးဖို့ ဟွာရှန့်တိုင်းရင်းဆေးကို သုံးရက်ထဲနဲ့ တည်ထွင်ခဲ့တာဆိုတော့ ကျန်တဲ့ ဆေးတွေ ထုတ်လုပ်ချင်တယ်ဆိုရင် ပိုပြီးတော့ အချိန်အကြာကြီး ယူရမယ်ဆိုတာ သေချာတယ်..."

ပြောလိုက်သူမှာ အမေရိကန် အခြေစိုက် မာရတ် ကုမ္ပဏီ၏ ဂလိုဘယ်မားကတ်တင်းဌာန၏ လက်ထောက် ဒါရိုက်တာတစ်ဦးဖြစ်သူ ဝေ့ခန်းပင်။

သို့သော်လည်း ဝေ့ခန်းမှာ ကျောက်၀န်နှင့် ခြားနားလေသည်။ သူ ဘွဲ့ရစဉ်ကတည်းက အမေရိကန်တွင် အပြည့်အ၀ အခြေချပြီး မိမိကိုယ်ကို ဟွာရှသွေးပါနေသေးတယ်လို့တောင် ခံယူထားခြင်း မရှိတော့ချေ။

"ကျုပ်တို့ ဒီလို တွက်ချက်ကြည့်ရအောင်... သူက ဆေး တစ်မျိူးဆီကို သုံးရက် အချိန်ပေးပြီး ထွင်မယ်ဆိုရင်တောင် ၂၅ မျိုးလုံး တီထွင်နိုင်ဖို့ ၄၅ ရက် အချိန်ပေးရမှာ.. ခုက တစ်လပဲ ရှိသေးတာကို ဒီဆေးတွေ အားလုံး ထုတ်လုပ်နိုင်သွားပြီ‌ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."

ထိုနှစ်ယောက်၏ စကားဝိုင်းကို ကြားတော့ ကျောက်၀န် သူမခေါင်းကို ခါရမ်းလိုက်သည်။ "ဟွာရှန့်တိုင်းရင်းဆေးကို ပေါ့သေးသေး လျော့မတွက်နဲ့.. သူတို့ အထွတ်အထိပ် ကာလတုန်းက အနောက်တိုင်းဆေး၀ါးတွေဆိုတာ လိုက်မှီခဲ့တာမဟုတ်ဘူး..."

"အဲ့တော့ကော ဘာဖြစ်လဲ.. အဆုံးသတ်ကျတော့လည်း နောက်ကျ ကျန်နေရစ်ခဲ့ရတာပဲ မဟုတ်ဘူးလား...."ဝေ့ခန်း ပခုံးတွန့်လိုက်ပြီး " အူ အတက်ပေါက်တာကို ဟွာရှန့်တိုင်းရင်းဆေးနဲ့ ကုသလို့ရလို့လား... ဒါမှ မဟုတ် နှလုံးရောဂါ ဆိုရင်ကော.. ဟွာရှန့်တိုင်းရင်းဆေးမှာ အနောက်တိုင်းဆေးနဲ့ ယှဉ်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ... ဟိုးအရင်အတိတ်တုန်းက ရွေထီးဆောင်းခဲ့တဲ့ ကိစ္စတွေ လာပြောမနေနဲ့.. အဲ့တာတွေက အတိတ်မှာ ကျန်ခဲ့ပြီ..... "

အဆိုပါ မထီမဲ့မြင် ဝေဖန်သည့် စကားကို ကြားတော့ ကျောက်ဝေ ဘာမျှ ဆက်မပြောတော့ပေ။ သူမဘက်က ပြောစရာ ရှိသည်များကို ပြောပြပြီးဖြစ်၏။ နားထောင်သည် နားမထောင်သည်ကတော့ သူတို့ အပိုင်းပင်။

သို့သော်လည်း ကျောက်ဝေ၏ အမြင်တွင်တော့ လင်းရီမှာ သူဖန်တီးထားသည့် ဟွာရှန့်တိုင်းရင်းဆေးထက်ပင် ပို၍ ထူးကဲသာလွန်လေသည်။

အဓိက ဆေးဝါးကုမ္ပဏီကြီး ခုနစ်ခုနှင့် ကမ္ဘာ့ ဆေးဝါးဖြန့်ဖြူးရေး နယ်ပယ်ကို လက်တစ်ဖက်ဖြင့် လှုပ်ခါသွားသည့် အမျိုးသားတစ်ဦးကို မည်သို့မျှ လျှော့မတွက်သင့်ချေ။

'သူ့လိုလူမျိုးကို ကိုင်တွယ်ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး...'

လေဆိပ်မှ ထွက်လာပြီးနောက် ဒါဇင်ကျော်သော လူအုပ်ကြီးမှာ တက္ကစီ ငှား၍ ပန်နီဆူလာဟိုတယ်သို့ ထွက်လာခဲ့ကြသည်။

တစ်ချိန်တည်းတွင် လင်းရီလည်း နေ့လည်စာ စားသောက်ပြီး ကျောက်၀န်နှင့် တွေ့ဆုံရန် ပန်နီဆူလာ ဟိုတယ်သို့ ထွက်လာခဲ့လေသည်။

ကလင် ကလင်

ကားပါကင် ထိုးပြီးနောက် ဟော်ယွမ်ယွမ်မှ ဖုန်းဆက်လာခဲ့၏။

"ဘော့စ်.. ဈေးကွက်ကတော့ တည်ငြိမ်သွားပြီ.. ကျောက်မိုဘက်က စတော့တွေ ထပ်ထုတ်မရောင်းလာတော့ဘူး..."

"ငါတို့ ဘယ်လောက် သုံးလိုက်ရလဲ...."

"အတိအကျဆို ၄၃.၉၇၆၅ ဘီလီယမ်..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ဒါပေမယ့် အစ်ကိုချီရယ် ကျွန်မရယ် ကျန်တဲ့ Didi ရဲ့ အထက်ကြီးပိုင်းတွင် အစည်းအဝေး လုပ်ပြီး သေချာ စီစစ်ကြည့်လိုက်တော့ ကျွန်မတို့ ၀ယ်ယူခဲ့တဲ့ ရှယ်ယာ ၄၀ ဘီလီယမ်က ကျောက်မို ထုတ်ရောင်းထားတဲ့ဟာတွေ.... ကျန်တာတွေကကျ ထရိတ်ဒါ အသေးစားလေးတွေ ရောင်းတဲ့ ပမာဏပဲ...ဒီရဲ့ စုစုပေါင်း ပမာဏက ရှယ်ယာတွေ အားလုံးပေါင်းရဲ့ ဆယ်ပုံတစ်ပုံလောက်ရှိတယ်နော်.. နည်းတဲ့ ပမာဏတော့ မဟုတ်ဘူး..."

"ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ထားပြီးသားပါ.. ကျောက်မိုက ဟွာယင်းအုပ်စုရဲ့ အထွေထွေ မန်နေဂျာလေ.. အဲ့ဒီ ကုမ္ပဏီက ဟွာရှမှာ အတန်အသင့် လွှမ်းမိုးမှုရှိတယ်ဆိုတော့ သူ့ရဲ့ သာမန် လှုပ်ရှားမှုလေးကတောင် ဂယက်ရိုက် သွားစေမှာ အမှန်ပဲ..."

လင်းရီ ထိုအကြောင်းအရာများကို လုံး၀ ဂရုမစိုက်ချေ။ သူ၏ အမြင်တွင်‌တော့စစ်မှန်သည့် ပြပွဲက ရောက်လာရန် လိုနေသေး၏။

"ကျောက်မို ချေးထားတဲ့ ရှယ်ယာတွေက ခုချိန်ဆို ကုန်လောက်ပြီ... မကြာခင် Muddy waters က ၀င်ပါလာတော့မှာ..."လင်းရီ သတိပေးလိုက်ပြီး "နောက်သုံးလေးရက်အထိ လင်းယွမ်အုပ်စုနဲ့ Didi ရဲ့ ပုံရိပ်ကို သေချာလေး စောင့်ကြည့်ထား.. Didi ရဲ့ ငွေကြေးမှတ်တမ်းတွေကို သေချာစီစစ်.. အထူးသဖြင့် သုံးလတစ်ကြိမ်နဲ့ တစ်နှစ်တစ်ကြိမ် ချုပ်တဲ့ စာရင်းရှင်းတမ်းတွေကို သေချာလေး ဂရုစိုက်.... အဲ့ဒါတွေက ငါတို့ကို တိုက်ခိုက်လာဖို့က အထိရောက်ဆုံး ဆိုတာ သူတို့လည်း သိတယ်...ဘယ်ချွတ်ယွင်းချက်ကိုမှ သူတို့ မဆုပ်ကိုင်မိစေနဲ့..."

"နားလည်ပါပြီ ဘော့စ်..."

ဟော်ယွမ်ယွမ်၏ ဖုန်းကို ချပြီးနောက် လင်းရီ ကားထဲတွင် မိနစ်အနည်းငယ်လောက် ထိုင်နေလိုက်သည်။

ကျောက်မို၏ စရိုက်သဘာ၀နှင့်ဆိုပါက သူ ရှယ်ယာတွေ ထုတ်ရောင်းခြင်းကို ရပ်တန့်လိုက်ပြီဆိုသည်နှင့် ကစားပွဲ၏ ပထမအချီမှာ ပြီးဆုံးသွားပြီး ဒုတိယအချီ စတင်တော့မည်ဖြစ်ကြောင်း သိသာလေသည်။

ထိုအကြောင်းတွေးတောရင်း လင်းရီ အကြောဆန့်လိုက်၏။ သူ့ဘက်ကတော့ Muddy waters ၏ ပါ၀င်လာမှုကို အထူးမျှော်လင့်နေလေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လင်းရီ ကားထဲမှ ထွက်လာပြီး ပန်နီဆူလာဟိုတယ်ထဲသို့ ၀င်လာခဲ့သည်။

လင်းရီ ၀င်ရောက်လာသည်ကို မြင်တော့ ၀မ်ထျန်းလုံမှ ခရီးဦးကြို ပြုလာလေသည်။

"အကုန်လုံး ရောက်လာကုန်ပြီလား..."လင်းရီ မေးလိုက်သည်။

"ဟုတ်ကဲ့...အားလုံးပေါင်း လူ ၁၃ ယောက်ပါဘော့စ်... နိုင်ငံခြားသား ခြောက်ယောက်နဲ့ ဟွာရှန့်လူမျိုး ခုနစ်ယောက် ပါပါတယ်....."

"ကောင်းပြီ..."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "လူတိုင်း အစည်းအဝေး ခန်းထဲ ရောက်နေပြီမလား...."

"အားလုံးရောက်နေကြပါပြီ... သူတို့ ဘော့စ်ကို အထဲမှာ စောင့်နေပါတယ်..."

"ကောင်းပြီ.. မင်းအလုပ် မင်းဆက်လုပ်တော့... ငါ တစ်ချက် သွားကြည့်လိုက်ဦးမယ်...."

၀မ်ထျန်းလုံကို နှုတ်ဆက်ပြီးနောက် လင်းရီဒုတိယထပ်ရှိ စည်းအဝေးခန်းထဲသို့ လျှောက်လာခဲ့သည်။

တစ်ချိန်တည်းတွင် ကျောက်၀န်နှင့် ကျန်သူများမှာ နှစ်တန်း ထိုင်နေကြပြီး လင်းရီ ရောက်အလာကို စောင့်ဆိုင်းနေကြလေသည်။

"ဒါရိုက်တာကျောက်.. မင်းရဲ့လူက လာဦးမှာတဲ့လား... ခု တစ်နာရီတောင် ထိုးတော့မယ်... ဘာလို့ ရောက်မလာသေးဝာာလဲ..."ဖရေးမှ စိတ်မရှည်စွာဖြင့် နာရီကြည့်ရင်း မေးမြန်းလိုက်၏။

“ ငါးမိနစ်ကျန်သေးတယ်လေ…. သူရောက်လာတော့မှာပါ…” ကျောက်ဝန် ပြောလိုက်ပြီး “ သူ့ဘက်က ဘယ်တော့မှ အချိန်မနောက်ကျဘူး….”

“ ဒါပေမယ့် ကျုပ်တို့ကျ အစောကြီး လာရပြီးတော့ သူကျ နောက်ကျမှ လာတယ်ဆိုတော့… ဒါက အရမ်း မိုက်ရိုင်းလွန်းတယ်…”

ကျောက်ဝန် ပခုံးတွန့်လိုက်ပြီး “ တကယ်လို့ ချိန်းထားတာက ၁၂: ၅၅ ဆိုရင်တော့ သူအခုချိန် ရောက်နေလောက်ပြီ…. ဒါပေမယ့် တစ်နာရီဆိုတော့ ဘယ်ပြောလို့ရမှာ…..”

“ ဒါဆိုလည်း နောက်ထပ် လေးငါးမိနစ်လောက် ထပ်စောင့်လိုက်မယ်… အဲ့လောက် ဘဝင်မြင့်နေတဲ့သူက ဘယ်လိုလူစားမျိုးလဲဆိုတာ ငါကြည့်စမ်းမယ်…”

ချလပ်….

ထိုစဉ် အစည်းအဝေးခန်းတံခါး ပွင့်လာပြီး လင်းရီ အပြုံးတစ်ပွင့်ဖြင့် ဝင်ရောက်လာခဲ့၏။

“ ကြည့်ရတာတော့ လူတိုင်း ဒီရောက်နေကြပြီနဲ့ တူတယ်… ဒါဆိုလည်း အစည်းအဝေးကို တရားဝင် စလိုက်ကြတာပေါ့….”

လင်းရီ ဝင်ရောက်လာတာကို မြင်တော့ အဓိက ဆေးကုမ္ပဏီကြီးမှ ကိုယ်စားလှယ်များကို လင်းရီကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ကြသည်။

လင်းရီ၏ ပုံပန်းသဏ္ဍာန်က သူတို့စိတ်ကူးထားသည်နှင့် တခြားစီ ဖြစ်နေလေသည်။

ထိုကဲ့သို့သော လူမျိုးက သုတေသနများ ပြုလုပ်သည်ထက် ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်‌လေးနှင့် ပိုမိုဆင်တူနေသည်။

ထိုအချိန်တွင်ပဲ ကျောက်မို မတ်တပ်ရပ်၍ “ ကျွန်မ အားလုံးကို မိတ်ဆက်ပေးမယ်… ခု ရှင်တို့ရဲ့ ရှေ့မှာ ရပ်နေတဲ့ ပုဂ္ဂိုလ်က ဟွာရှန်းဆေးရုံ နှလုံးအထူးကုဌာနရဲ့ ဒါရိုက်တာ လင်းရီပဲ…. ဆေးဖော်စပ်တာ ကျွမ်းကျင်တဲ့သူတစ်ဦးဆိုလည်း မမှားဘူး…”

သာမန်ဆိုလျှင်တော့ အစည်းအဝေးခန်းထဲတွင် ထိုသို့ မိတ်ဆက်ပေးပြီးသည်နှင့် လက်ခုပ်တီးသံများ ထွက်ပေါ်လာရပေမည်။ သို့သော်လည်း ယခုအခိုက်အတန့်တွင်တော့ အခန်းတစ်ခုလုံး အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။

လူအချို့ကတော့ သာမန်ကာလျှံကာ ခေါင်းညိမ့်လိုက်ကြပြီး တစ်ချို့ကတော့ အမူအရာကင်းမဲ့လျက် ရှိနေကြသည်။ အမူအရာကိုယ်စီနှင့် ရှိနေကြသော်လည်း မည်သူကမျှ လက်ခုပ်မတီးကြချေ။

ကျောက်ဝန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမ ဤလူများ၏ အပြုအမူကို အတော်လေး မကျေမနပ်ဖြစ်နေလေသည်။ မည်မျှပင် မုန်းတီးနေစေကာမူ အလုပ်သဘောအရ ရှိသင့်ရှိထိုက်သည့် အပြုအမူမျိုးတော့ ပြသသင့်၏။ သို့သော်လည်း သူမတွင် ရွေးချယ်စရာ မရှိပေ။ အစည်းအဝေးကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ကျည်ဆံအားလုံးကို ကိုယ်စား ခံယူကာ ရှေ့ဆက်ရပေမည်။

“ မစ္စတာလင်း ကျွန်မ ရှင့်ကို ခုထိုင်နေတဲ့ သူတွေနဲ့ မိတ်ဆက်ပေးမယ်နော်….”

“ ဘာမှ မိတ်ဆက်ပေးနေစရာမလိုဘူး… ရုပ်ကြည့်လိုက်တော့ဖြင့် အကုန်လုံးက သုန်မှုန်နေတဲ့ မျက်နှာထားနဲ့ … မသိရင် သူ့အဘေးတွေ အုတ်ဂူကနေ ခုလေးတင် ဝတ်ပြုပြီး ပြန်လာတာကျနေတာပဲ..….” လင်းရီ ပြောလိုက်ပြီး “ အိမ်မှာက အခြေအနေမကောင်းဘူးဆိုတော့ သူတို့ရဲ့ အချိန်တွေကို ဘယ်ယူလို့ကောင်းမှာ… ကျုပ်တို့နှစ်ယောက်တည်း သီးသန့် စကားပြောကြတာပေါ့…..”

All Chapters