မင်းက ငါနဲ့ တန်းတူ စကားပြောချင်နေတယ်ပေါ့လေ....
Vol. 37 Ch. 544
ကျောက်ဝန်၏ အုပ်စုတွင် နိုင်ငံခြားသားအများအပြား ပါဝင်သော်လည်း ဟွာရှ ဘာသာစကားကို ထမင်းစားရေသောက်လောက်တော့ ပြောတတ်ကြပြီး ဟွာရှန့်လူမျိုးများနှင့် ကူးလူးဆက်ဆံရန် ပြဿနာ မရှိချေ။ ထို့ကြောင့် လင်းရီ ဘာကို ဆိုလိုနေလဲဆိုတာကို အားလုံး နားလည်ကြလေသည်။
“ မစ္စတာလင်း… ကျုပ်တို့က ဒီကို ပူးပေါင်းဆောင်ရွက်ဖို့ လာဆွေးနွေးတာ… ကျုပ်တို့ကို ထိုက်သင့်တဲ့ လေးစားမှုပေးမယ်လို့ မျှော်လင့်တယ်….”
“ ဟုတ်လား... ဒါဆိုလည်း မင်းတို့ရဲ့ မျက်နှာထားတွေကို မှန်ထဲ တစ်ချက် ပြန်ကြည့်လိုက်စမ်း… ဘယ်သူက ဒီသောက်ခွက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လာဆွေးနွေးတာ မြင်ဖူးလဲ…” လင်းရီ ပြောလိုက်ပြီး “ မင်းတို့က ဒီကိုလာပြီး ဆွေးနွေးတာလား ဒါမှမဟုတ် ငါ့အုတ်ဂူကို အလည်လာကြတာလား… လာတယ်ဆိုရင်လည်း မီးရှို့ဖို့ စောက်ဆံလေးတော့ ယူခဲ့ကြလေ….. မိမိုက်သလို ဟန်မဆောင်တတ်ရင်လည်း မဆောင်နဲ့… ခု လုပ်ထားတဲ့ ရုပ်တွေက မင်းတို့အဘိုး ဆုံးလို့ မှုန်ကုန်နေတဲ့ရုပ်တွေ…… ကျက်သရေကို မရှိဘူး…”
လင်းရီ၏ တစ်ဖက်လူကို အားနာခြင်း အလျင်းမရှိ၊ သူတို့၏ ဂုဏ်သိက္ခာကိုပင် မငဲ့ကွက်ပဲ ပြောသွားသည့် စကားလုံးများကို ကြားတော့ ဖရေး၊ ဝေ့ခန်းနှင့် ကျန်သူများအားလုံး ကြက်သေသေသွားကြသည်။
ဒီလူက လုံးဝကို ခန့်မှန်းလို့ မရဘူးပဲ….
ကျောက်ဝေကတော့ ဖရေးနှင့် ကျန်သူများကို အရူးများအလား ကြည့်နေလိုက်သည်။
'ဒါက ခုမှ အစပဲ ရှိသေးတယ်… လင်းရီရဲ့ စရိုက်က နင်တို့ စိတ်ကူးထားတာရဲ့ ဟိုးအလွန်မှာ…..’
'မဟုတ်လို့ကတော့ ငါလည်း ဒီလက်ဇင် ဆယ်လုံးလောက် အတင်းသောက်ရပြီးတော့ အန်မှာ မဟုတ်ဘူး…’
လင်းရီ ကျောက်ဝန်ကို ကြည့်လိုက်ပြီး “သူငယ်ချင်းဟောင်းကြီးတွေပဲမလား…. ငါတို့နှစ်ယောက်တည်း စကားပြောရင်ကို ရပြီ….”
“ သူငယ်ချင်း ဖြစ်ဖြစ် ဘာကြီးပဲ ဖြစ်ဖြစ်… ရှင်သာ ကျွန်မကိုသာ လာမလှည့်စားနဲ့…”
“ ကြောက်နေတာလား… လုပ်စမ်းပါ… သတ္တိရှိရှိနဲ့ ရင်ဆိုင် တိုက်ခိုက်ရမယ်လေ….”
“ ဟွန်း ကျွန်မဘက်က နိုင်မယ်လို့ မသေချာသေးသရွေ့တော့ ရှင်နဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး…”
“ ဒါဆို မင်းဘက်က နိုင်မယ်လို့ သေချာတဲ့ အချိန်ကျ ဘာလဲဖြစ်မှာ….”
“ ရှင့်ကို အသက်ရှူချိန်တောင် မရအောင် တရစပ် ထိုးနှက်ပစ်မယ်….”
“အိုက်ယား... မိန်းကလေး … မင်းက အရမ်း ကြမ်းတမ်းတာပဲ… မင်းကို လက်ထပ်မိတဲ့သူကတော့ ညသန်းခေါင်မှာ အဆိပ်ခပ်ခံရပြီးတော့ အဆုံးသတ်မယ်နဲ့တူတယ်.….”
“ ရှင်လုပ်သလိုမျိုးပဲလေ… ကျွန်မကို ဒီလက်ဇင် ဆယ်လုံး အတင်းသောက်ခိုင်းတာ မှတ်မိသေးလား…”
“ အဟွတ်….. ခုလို ပြန်တွေ့တဲ့အချိန်မှာ အဲ့လိုမျိုး စိတ်မချမ်းမြေ့စရာတွေကို မပြောစမ်းပါနဲ့…ဒါက ငါတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ထိခိုက်စေတယ်....” လင်းရီ အနည်းငယ် ရှက်ရွံ့သွားခဲ့ပြီး “ ဒါနဲ့ နှလုံးအခြေအနေကော သက်သာတယ်မလား… ငါ ဆေးပြန်စစ်ပေးရဦးမလား…”
“ ရပြီ ရပြီ… ကျွန်မက အခု ဒေါင်ဒေါင်မြည်ပဲ… တခြားကိစ္စဆွေးနွေးကြရအောင်….”ကျောက်၀န် ကြက်သီးထစွာ ပြောဆိုလိုက်ပြီး "ရှင်သာ ကျွန်မကို မလှည့်စားဘူးဆိုရင် ကျွန်မ နှလုံးက နောက်ထပ် ဆယ်စုနှစ် တစ်ခုလောက်အထိ အေးဆေးနေလို့ရသေးတယ်..."
"ဟင်း... မင်းပုံစံ ကြည့်ရတာ အဆင်ပြေတဲ့ ပုံစံ ပေါက်နေပေမယ့် စိတ်ဒဏ်ရာက ရှိနေတုန်းပဲ..."လင်းရီ ပြောလိုက်ပြီး "ဒီလိုလုပ်...ငါက စိတ်ပညာ အကြောင်းလည်း နားလည်တယ်ဆိုတော့ မင်းရဲ့ နဂို ကျန်းမာရေး အခြေအနေ ပြန်ရအောင် ကုသပေးမယ်လေ...."
ကျောက်၀န် "....... "
"အလုပ်ကိစ္စပဲ စကားပြောကြရအောင်လား..."
"ကောင်းပြီလေ.. အလုပ်ကိစ္စပဲ စကားပြောကြတာပေါ့..."လင်းရီ သူ၏ ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်ပြီး "ibuprofen အကြောင်းတော့ မပြောတော့ဘူး.. ကျန်တဲ့ ဟွာရှန့် ဆေးဝါး ၂၅ မျိုးက အလွန်ဆုံး နောက်နှစ်၀က်လောက်ဆိုရင် ဆေးစမ်းသပ် ကုသခြင်း အဆင့်ကို ကျော်ဖြတ်နိုင်တော့မှာ... နိုင်ငံခြားကို ဖြန့်တဲ့ အချိန်ကျ မင်း ငါ့ရဲ့ ကိုယ်စားလှယ်လုပ်ဖို့ စိတ်၀င်စားလား... အရင်က ငါ့ရဲ့ အပြုအမူတွေအတွက် လျော်ကြေးပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့... အားလုံးက မိတ်ဟောင်းဆွေဟောင်းတွေဆိုတော့ ကိုယ့်အိပ်ကပ် အချင်းချင်းပဲ ဖိတ်ကျတာပေါ့နော...."
ထိုအခါ အစည်းအဝေးခန်းထဲရှိ လေထုမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး ကျောက်၀န် လင်းရီကို ကြည့်ကာ "ကျွန်မ အမေရိကန်မှာ နေပြီးတော့ နည်းဗျူဟာ ၃၆မျိူးအကြောင်း လေ့လာဖူးတယ်... မစ္စဝာလင်း ...ခု ရှင့်ရဲ့ "ပိုင်းခြားပြီး အုပ်စိုး" တဲ့ နည်းဗျူဟာက လုံး၀ကို ထိပ်တန်းပါပဲ..."
"အိုး.. အဲ့သဘောမျိုး မဟုတ်ပါဘူးကွာ... မင်းနဲ့လည်း ရင်းနှီးတယ်....ပြီးတော့ မင်းက လူကောင်းပုံစံပေါက်တယ်ဆိုတော့ ဒီရဲ့ အခွင့်အရေးကို မင်းလက်ထဲ အပ်လိုက်ရင် ကောင်းမလားလို့ စဉ်းစားနေတာ...."
"အပိုတွေ လာမပြောနဲ့... ဟွာရှရဲ့ ဆေးဝါးဖြန့်ဖြူးရေးကုမ္ပဏီတွေက နိုင်ငံခြား ကုမ္ပဏီတွေလောက် မကောင်းဘူးဆိုရင်တောင် သူတို့ရဲ့ အင်အားက အထင်သေးလို့တော့ မရဘူး...ဒီကိစ္စကို သူတို့ချည်း သီးသန့်နဲ့ ဆောင်ရွက်သွားလို့ရတယ်... ဘာကိုယ်စားလှယ်မှတောင် မလိုဘူး.. ဟုတ်တယ်မလား.... "
"ဒါပေမယ့် ဒီရဲ့ ဆေးဝါးတွေက ငါ့လက်ထဲမှာ ဆိုတာကို မမေ့နဲ့လေ... ငါ ရောင်းချင်သလို ရောင်းလို့ရတယ်... ဘယ်ကောင်လာပြီး ထိန်းချုပ်ရဲလဲ...."
၎င်းကိုကြားတော့ ကျောက်၀န် တိတ်ဆိတ်သွားပြန်သည်။ ကျန်သူများက ထိုသို့ မစွမ်းဆောင်နိုင်သော်လည်း လင်းရီ၏ အကျင့်စရိုက်နှင့်ဆိုပါက သူမလုပ်ဝံ့တာ မရှိပေ။
"အဟမြးအဟမြး......"
ဖရေး လည်ချောင်း ရှင်းလိုက်ပြီး "မစ္စတာလင်း.. ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ.. ကျုပ်က ရိုချယ် ဂလိုဘယ်မားကတ်တင်း ဌာနရဲ့ ဒါရိုက်တာ ဖရေးပါ..."
ကျုပ်ကက ဝေ့ခန်း... မာရတ် ဂလိုဘယ်မားကတ်တင်း ဌာနရဲ့ ဒါရိုက်တာ..."
ထို့နောက် တစ်ယောက်ပြီးတစ်ယောက် မိမိကိုယ်ကို မိတ်ဆက်ပေးလာကြသည်။ သူတို့၏ ပြုမူပြောဆိုပုံကို ကြည့်ပါက ယခင်ကထက် ပို၍ ယဉ်ကျေးလာလေသည်။
ကျောက်၀န် ယခုလို မိတ်ဆက်နေကြသည့် ဖရေးနှင့် ကျန်သူများကို ကြည့်လိုက်၏။
'လင်းရီက အရမ်း ဉာဏ်ကောင်းတာပဲ.. ဒီလူတွေ အကုန်လုံးကို စကား လေးငါးခြောက်ခွန်းလောက်နဲ့ ထိန်းချုပ်ပြသွားခဲ့တာ...'
'ဒီလူတွေက အခွင့်အရေးတွေအားလုံးကို Pfizer တစ်ဦးတည်း မောင်ပိုင်စီးသွားမှာကို ကြောက်နေကြတာ...အဲ့လိုဖြစ်လာပြီဆိုရင် သူတို့ရမယ့် အကျိုးအမြတ်တွေနဲ့ရှယ်ယာဈေးကွက်ကိုပါ ဆန့်ကျင်ဘက် သက်ရောက်မှုတွေ ရှိလာနိုင်တယ်..."
"ကဲ ကဲ ... လူတိုင်းက တစ်ခန်းထဲမှာ ခေါင်းချင်းဆိုင်နေမှတော့ ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့.. တကယ်လို့ ပြောစရာ မရှိဘူးဆိုရင်လည်း တည့်ပြော.. ဝေ့ဝိုက်မနေကြနဲ့..."
လင်းရီ ထိုင်ခုံနောက်သို့ မှီရင်း ပြောလိုက်၏။ သူ့ကိုယ်သူ မနက်ခင်း ညီလာခံ တက်ရောက်နေသည့် အင်ပါယာတစ်ပါးအလား ခံစားနေရလေသည်။
သူယခုလို တကယ်ကြီး ပြောချင်နေခဲ့၏ "ပြောစရာရှိရင်ပြော.. မရှိရင် ဒိုးလိုက်တော့...."
"မစ္စတာလင်း.. ဒါက ဒီလိုပါ... ကျွန်မတို့ ဒီတစ်ခေါက် ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က ကမ္ဘာ့ဆေးဝါးသုတေသန ဖွဲ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်ခွဲခန်းသုတေသန စင်တာကို အတူတကွတည်ထောင်ဖို့ပါပဲ.... အဲ့ကိစ္စကို မစ္စတာလင်း ဘယ်လိုထင်လဲ...."
"အင်း အကြံကောင်းပဲ.. ဆက်ပါဦး..."
လင်းရီ ခေါင်းကို လက်တစ်ဖက်ဖြင့်ထောက်၍ ဆက်လက်နားထောင်နေလိုက်သည်။
"ကျွန်မတို့စဉ်းစားထားတာတော့ Minnesota(မင်နဆိုးထား) ထားမှာ တည်ထောင်ဖို့ပါ.. အဲ့နေရာက ကမ္ဘာ့ဆေးပညာ အဖွံ့ဖြိုးဆုံး နေရာလေ.. ကမ္ဘာ့အကျော်ကြားဆုံး မေရိုဆေးခန်းတောင် အဲ့နေရာမှာပဲ တည်ရှိတာ..."ကျောက်၀န်ပြောလိုက်ပြီး "ကျွန်မ ကြားထားတာတော့ ဒါရိုက်တာလီလည်း အရင်တုန်းက အဲ့ဆေးခန်းမှာ အလုပ်လုပ်ခဲ့ဖူးတယ်.. ..သူမလည်း မေရိုဆေးခန်းရဲ့ စံချိန်စံညွှန်းတွေကို ကောင်းကောင်းကြီး နားလည်မှာပါ..."
လူတိုင်း လင်းရီကို ကြည့်လိုက်ကြ၏။ ယင်းက သူတို့၏ အဓိက တောင်းဆိုချက်ပင်။ ကျောက်၀န်ဘက်မှလည်း ရှင်းလင်းစွာ ဖော်ပြပြီးသွားပြီး ကျန်သည်ကတော့ လင်းရီအပေါ် မူတည်လေသည်။
"မေရို ဆေးခန်းက အတော်လေး အံ့ဩဖို့ကောင်းပါတယ်..."
"မစ္စတာလင်းမှာ မေးခွန်းထုတ်စရာများ ရှိလားမသိဘူး..."
လင်းရီ၏ လှည့်ကွက်များနှင့် မရေမတွက်အောင် ဆော့ကစား ခံလာခဲ့ရသောကြောင့် ကျောက်၀န် လင်းရီ၏ ယခုလို နည်းလမ်းကို အတော်အတန် ရင်းနှီး နေပြီးဖြစ်သည်။
လင်းရီ ထိုသို့ ပြောလိုက်သော်လည်း သူသဘောတူသည်လို့ မဆိုလိုပေ။
"ကျုပ်ပြောချင်တာ မေရိုဆေးခန်းက သောက်ရမ်း အံ့ဩဖို့ကောင်းနေပြီးသားဆိုရင် ဘာလို့ ကျုပ်ကို လာရှာနေသေးလဲ.. မင်နဆိုးထားမှာပဲ တစ်ခါတည်း ဆောက်လိုက်လေ.... "
"မစ္စတာလင်းရဲ့ အကြံပြုချက်က..... "
"ကျိုးဟိုင်မှာ ဆောက်...."
"မဖြစ်နိုင်ဘူး..."ဖရေး ချက်ချင်း ငြင်းဆန်လိုက်၏။
"မဖြစ်နိုင်ရင် လစ်ကွာ..."
ဖရေး "......"
အဓိက ဆေးကုမ္ပဏီကြီးခြောက်ခုမှ ကိုယ်စားလှယ်များအားလုံး အကျည်းတန်သွားကြသည်။
"မစ္စတာလင်း.. ခင်များ ထင်နေတာ ခင်များရဲ့ ပူးပေါင်းဆောင်ရွက်ပေးမှုက အရေးပါတဲ့ ကဏ္ဍကနေ ပါ၀င်နေတယ်လို့ ထင်နေတာလား..."
ဝေ့ခန်း ပြောလိုက်ပြီး "ကျုပ်တို့ ကျိုးဟိုင်ကို လာခဲ့တယ်ဆိုတာက ခင်များမပါမဖြစ်လို့ မဟုတ်ဘူး... ထိုက်လျောက်တဲ့ သဘောထားကို လာဖော်ပြတာ.... ဒီတော့ ကျုပ်တို့ကို တန်းတူလို သဘောထားပြီး ပြောဆိုဆက်ဆံပေးဖို့ မျှော်လင့်တယ်.... "
"ငါ့မှာ ငွေ ၊ အဆင့်အတန်းနဲ့ အဆင့်အတန်းရှိတယ်... မင်းတို့လိုကောင်တွေနဲ့ ဘာလို့ စိတ်ရှုပ်ခံပြီး စကားပြောနေမှာ... "လင်းရီ ပြောလိုက်ပြီး "ဆေး ၂၅ မျိုးက ယူဆောင်လာမယ့် အကျိုးအမြတ်တွေကို ထည့်မပြောသေးဘူး.. Didi တစ်ခုတည်းကရင် ငါ့ရဲ့ ကြွယ်၀မှုက အမေရိကန် ဒေါ်လာ ၃၀ ဘီလီယမ်ကျော်တယ်... အဲ့တာကို မင်းက ငါနဲ့ တန်းတူ စကားပြောချင်နေတယ်ပေါ့လေ.. မင်းက ထိုက်တန်လို့လား...."
လင်းရီ၏ စကားလုံးများကြောင့် လူတိုင်း ရှော့ခ်ရပြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။
ဒေါ် လာ၃၀ ဘီလီယမ်တန်ကြေးရှိသည့် စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားသည်က ယခု အခန်းထဲရှိ လူတိုင်းကို အပေါ်စီးမှ ငုံ့ကြည့်ရန် လုံလောက်လေသည်။
ကျောက်၀န် လင်းရီကို မိန်းမောတွေဝေစွာ ငေးကြည့်လိုက်သည်။
'သူ ဒီလိုမျိုး အကြောက်အလန့် ကင်းနေတဲ့ အကြောင်းပြချက်က ကိုယ်ပိုင်ခွန်အားအပေါ် ယုံကြည်ချက်ရှိလို့ပေါ့နော်...'
"ကျွန်မတို့ ဘက်က စင်တာဆောက်လုပ်မယ့် တည်နေရာကို အတည်မပြုရသေးခင် ပြန်ပြီးတော့ ဆွေးနွေးတိုင်ပင်ရဦးမှာ... "ကျောက်၀န် ပြောလိုက်ပြီး "မစ္စတာလင်းမှာ တခြား တောင်းဆိုစရာတွေများ ရှိသေးလား..."
"မင်းတို့ သုတေသန စင်တာ ဆောက်လုပ်ချင်တယ်ဆိုတာကလည်း ဆေးဝါးအသစ်အဆန်းတွေကို တီထွင်ပြီးတော့ ပိုက်ဆံရှာဖို့ပဲ မဟုတ်လား... အဲ့တာလည်း ပြဿနာ မရှိဘူး..."လင်းရီ ပြောလိုက်ပြီး "ငါလည်း ဆေးဝါးတွေ သုတေသန လုပ်တဲ့နေရာမှာ ပါ၀င်ပေးမယ်.. ဒါပေမယ့် ငါ့မှာ တောင်းဆိုစရာ နှစ်ခုရှိတယ်..."
"ပြောပါ မစ္စတာလင်း..."
"အဲ့ဒီ သုတေသန စင်တာကနေ ထုတ်လုပ်လိုက်တဲ့ ဆေးဝါးတွေရဲ့ ဈေးနှုန်းက ဟွာရှမှာ ကုန်ကျစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို ကျော်လွန်လို့ မရဘူး... ကျန်တဲ့နေရာဒေသတွေမှာတော့ မင်းတို့ ကြိုက်တဲ့ ဈေးနဲ့ ရောင်းကြ…”