← Chapters

သူတို့ နင့်ကို အနိုင်ကျင့်တာကို ငါ ခွင့်မပြုနိုင်ဘူး

Vol. 37 Ch. 547

သူတို့ နင့်ကို အနိုင်ကျင့်တာကို ငါ ခွင့်မပြုနိုင်ဘူး

Vol. 37 Ch. 547

"ဖြစ်နိုင်တယ်...."

ချင်းဟန် ပြောလိုက်ပြီး "Didi နဲ့ လုံရှင်းက ဟွာရှမှာ ဂုဏ်သတင်း မသေးဘူး.. ဟို အရိုးအိုကြီးတွေကတော့ စွန့်စားပြီး ဒီလိုလုပ်ရပ်မျိုး လုပ်ရဲမှာ မဟုတ်လောက်ဘူး... အဲ့ကောင် ကျောက်မိုနဲ့ ငပိန်း အပေါင်းအပါတစ်သိုက်တွေပဲ ဖြစ်ရမယ်..."

"မင်းတို့ ပြောတဲ့ ရန်ကျင်းရဲ့ သခင်လေး လေးယောက်ဆိုတာ ဘယ်သူတွေလဲ.. သူတို့က ဘယ်လိုမျိုးလဲ..."

"ငါရှင်းပြမယ်... ငွေကြေးအင်အားအရဆိုရင်တော့ ကျောက်မိုက အကြွယ်၀ဆုံးပဲ..ဒါပေမယ့် ရန်ကျင်းရဲ့ သခင်လေး လေးယောက်ခေါင်းဆောင်က ဂူချန်းချွမ်.. သူ့ရဲ့ မိသားစုက အတော်လေး ဩဇာလွှမ်းမိုးနိုင်ပြီးတော့ သူ့စရိုက်ကလည်း အတော်လေးကို ခက်ထန်တယ်... ."ချင်းဟန် ပြောလိုက်ပြီး "တတိယ ချိတ်တာကတော့ စွန်းချဲ့.. သူ့မိသားစုကလည်း ကျောက်မိုလောက်တော့ မချမ်းသာဘူး ဆိုပေမယ့် အရမ်းကြီး ကွာခြားနေတာမျိုးလည်း မဟုတ်ဘူး... နောက်ဆုံးတစ်ယောက်ကတော့ လုရွှမ်းပဲ.. သူလည်း ရှေ့က သုံးယောက်လောက် မချမ်းသာဘူးဆိုပေမယ့် ရန်ကျင်းမှာ ထိပ်တန်း မိသားစုကြီး တစ်ခု ဖြစ်နေသေးတုန်းပဲ..."

"သူတို့က ကျောက်မိုလောက် မချမ်းသာဘူးဆိုမှတော့ ဒီကိစ္စက ပိုပြီး ရှင်းလင်းသွားပြီ. "လင်းရီ ပြောလိုက်ပြီး "သူတို့ ချေးထားတဲ့ ရှယ်ယာပမာဏက သေချာပေါက် ကျောက်မိုလောက် များမှာ မဟုတ်ဘူး...အလွန်ဆုံးရှိလှ ၄၀ ဘီလီယမ်လောက်ပေါ့..."

"ကောင်းကျုံးယွမ် တစ်ခဏမျှ စဉ်းစားလိုက်ပြီး "ဒါဆို သူတို့လက်ထဲမှာ ရှိတဲ့ ရှယ်ယာ စုစုပေါင်းက ၁၆၀ ဘီလီယမ်လောက် ရှိတယ်ဆိုတဲ့ သဘောလား..."

"အဲ့ပမာဏတော့ မရှိလောက်ဘူး..."ချင်းဟန် အရက် တစ်ငုံသောက်ရင်း ပြောလိုက်ပြီး "ကြည့်ရသလောက်တော့ အဲ့ကောင်တွေက လင်းရီကို အဆုံးသတ်ချင်နေကြတဲ့ ပုံပဲ... ငါ ခန့်မှန်းရသလောက်တော့ သူတို့ လေးယောက် ချေးထားတဲ့ ရှယ်ယာတန်ဖိုးက၁၀၀ ဘီလီယမ်နဲ့ ၁၃၀ ဘီလီယမ်ကြားပဲ ရှိမှာ.."

လျန်ကျင်းမင် လင်းရီကို ကြည့်လိုက်ပြီး "အစ်ကိုကြီးလင်းဆီမှာ အရင်တုန်းက ရှိတာက ၇၂ ဘီလီယမ်.. ခု နောက်ထပ် ၅၀ ဘီလီယမ်ပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် ၁၂၂ ဘီလီယမ် ရှိသွားပြီ. အဲ့ပမာဏက သူတို့ လေးယောက်ကို ကိုင်တွယ်ဖို့ လုံလောက်တယ်မလား..."

လင်းရီ သဘောတူသည့် အနေဖြင့် ခေါင်းညိမ့်လိုက်သည်။

"ဒီရဲ့ ပမာဏက သူတို့ကို ကိုင်တွယ်ဖို့ပဲ လုံလောက်သေးတာ.. ထရန်းနောက် လိုက်နေတဲ့ ရှယ်ယာရှင်တွေကို ကိုင်တွယ်ဖို့ကလည်း ကျန်နေသေးတယ်.. ဒါပေမယ့် အဲ့ဘက်အခြမ်းကတော့ ကြည့်စီစဉ်လို့ ရပါတယ်ကွာ..."

"လင်းကြီး.. မင်း အရမ်း ခေါင်းမာ မနေနဲ့.. ရန်ကျင်းက သခင်လေး လေးယောက်လုံး ကစားပွဲထဲ ရောက်နေပြီ...အဲ့တာကို မင်းက တစ်ယောက်တည်း တိုက်ခိုက်မလို့လား.. အဲ့လိုလုပ်တာက သိပ်တော့ မဟုတ်သေးဘူး..."

"အမှန်ပဲ.. ကျုပ်တို့ ပေါင်းပြီးတော့ နောက်ထပ် ဆယ်ဘီလီယမ်လောက် ထပ်စုဆောင်းပေးဖို့ရာ ပြဿနာ မရှိဘူး..."

"အသေးမွှားလေးပါ.. မင်းတို့၀င်ပါဖို့အထိ မလိုသေးဘူး.. ငါ ကိုင်တွယ်နိုင်ပါသေးတယ်...."လင်းရီ အေးဆေး ပြောလိုက်၏။

"ငိုးပဲ.. ကြည့်လိုက်စမ်း...ဒီကောင် ခေါင်းမာချက်ကတော့ မြည်းကျနေတာပဲ.. မင်းတကယ်ကြီး 1 v 4 ချဖို့ စဉ်းစားနေတာလား... ကိုယ့်ကိုယ်ကို မေကော်သမ္မတတောင် ဒူးထောက်ခစားရတဲ့ ရှူရာနဂါးများ အောက်မေ့နေလားမသိဘူး..."ချင်းဟန် ဟာသနှော၍ ပြောဆိုလိုက်သည်။

"ဟားဟား...."

လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ ရယ်မောလိုက်ကြလေသည်။

"သေချာပေါက် တစ်နေ့ကျရင် အစ်ကိုကြီးလင်းက ဒေါသထွက်ပြီးတော့ သူ့အမိန့်တစ်ချက်နဲ့ စစ်သည်တစ်သိန်းက ကျောက်မိုနဲ့ ကျန်တဲ့သူတွေအတွက် အပြေးအလွှား ခွေးလှောင်အိမ်ဆောက်ပေးလောက်တယ်....ဟားဟား...."

"လုပ်လိုက်လေ... ကြာသလားလို့.. မနက်ဖြန်ပဲ ပိုက်ဆံ လွှဲပေးလိုက်တော့မယ်..."ကောင်းကျုံးယွမ် ပြောလိုက်၏။

"အမှန်ပဲ.. ဘီလီယမ် နည်းနည်းလောက် ထပ်ပေါင်းပြီးတော့ ဟိုကောင့် သောက်ခွက်ကို ဖြတ်ရိုက်ရမယ်လေ.. ဘယ်လောက် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ..."

"ဟားဟား.... ငါတော့ မင်းတို့ ကောင်တွေကို သောက်ရမ်း လေးစားသွားပြီ... ဘီလီယမ် အနည်းငယ်နဲ့ မျက်နှာ ဖြတ်ရိုက်မယ်ဆိုပဲ..."လင်းရီ ရယ်မောလျက် ဆိုလိုက်၏။

ကလင် ကလင်

အချင်းချင်း ဟာသလုပ်နေကြတုန်း လင်းရီ၏ ဖုန်းသံ မြည်လာခဲ့၏။ ထုတ်ကြည့်လိုက်သောအခါ ကျီချင်းရန်ထံမှ ဖြစ်နေလေသည်။

"နင်အခု ဘယ်မှာလဲ..."ကျီချင်းရန် မေးမြန်းလိုက်၏။

"ကံမကောင်းတဲ့ အကြောင်းတွေ ပြောနေကြတာလေ.. ချင်းဟန်က အသက် သုံးဆယ်ကျော်တဲ့ မုဆိုးမတစ်ယောက်နဲ့ ချစ်ကြိုက်မိသွားလို့ မက်ထရိုပိုလစ် ခေါ်လာပြီး အရက်နဲ့ ရင်ဖွင့်နေတာ.. ငါလည်း ဘယ်တတ်နိုင်မှာ.. ဒီကောင်ကြီးကို ဖြောင်းဖြပေးနေရတာပေါ့..."

"ငါ-ိုးမ @#*....."

ချင်းဟန် ကျိန်ဆဲလို့ မပြီးသေးမီ လင်းရီ အသီးတစ်လုံး စို့ထားပေးလိုက်၏။

"ကြားတယ်မလား.. အဲ့ကောင် နှလုံးသားမရှိတဲ့ မိန်းမ ဘာညာဆိုပြီး မူးမူးနဲ့ ဆဲဆိုနေတာ..."

"ပြီးတာပဲလေ.. ဒါဆိုလည်း နင် မက်ထရိုပိုလစ်မှာ စောင့်နေ... ငါ လာခဲ့မယ်..."

"ဟမ်... မင်းက ဒီလာမှာလား..."လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။

"အင်းလေ.. နင်က အဲ့မှာ မဟုတ်ဘူးလား... ငါလာခဲ့မယ်... အရမ်းမူးအောင် မသောက်ထားနဲ့ဦးနော်..."

"အိုကေ..."

လင်းရီ ဖုန်းချလိုက်ပြီးနောက် ချင်းဟန်မှ စတင်ဆဲဆိုတော့၏။

"ငိုးမ လင်းရီ.. ငါ့အဖေ ပြောတာ မင်းက လူကောင်းမဟုတ်ဘူးဆိုတာ တယ်မှန်ပါလားကွ...မင်းဟာမင်း စော်ကြောက်တာကို မဆီမဆိုင် ငါ့ကို လာရောင်းစားလိုက်သေးတယ်.. "

လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ကတော့ ဘေးတွင် ဘီယာခွက်ကိုယ်ဆီနှင့် ဖြစ်ပျက်သမျှကို ထိုင်ကြည့်ရင်း ရယ်မောနေကြလေသည်။

"ဘယ်တတ်နိုင်မှာ... ငါက ကောင်းကြီးနဲ့ လျန်ကြီးကိုပဲ ထုတ်ရောင်းနေရတာဆိုတော့ မင်းကို တစ်ခေါက် တစ်လေ လေးတောင် မထုတ်ရောင်းရင် ငါ့စိတ်ထဲ မမျှတသလိုပဲကွာ...."

လျန်ကျင်းမင် ".…..."

ကောင်းကျုံးယွမ်"....."

အစ်ကိုကြီးလင်းက မယုံရဘူးပဲဟ...

မကြာမီ ကျီချင်းရန် အပြင်ဘက်မှ ၀င်ရောက်လာခဲ့၏။ သူမ၏ ဆံပင်ကို နောက်သို့ သပ်ရင်း ကလပ်ထဲသို့ ဟိုကြည့်ဒီကြည့်ဖြင့် လင်းရီကို လိုက်ရှာလေသည်။

"ဟေ့ ဟေ့ အချောလေး.. တစ်ယောက်တည်းလား..."

မက်ထရိုပိလစ်တွင် လူအများအပြား မရှိသော်လည်း ဒေါင်းမလေးကဲ့သို့ လှပသည့် ကျီချင်းရန်မှာ အထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ပုရိသအပေါင်း၏ အာရုံကို ဆွဲဆောင်သွားတော့၏။ လက်ကောက် မှုတ်သူကမှုတ်နှင့် အော်ကြီးဟစ်ကျယ် စနောက်နေကြသည်။

ကျီချင်းရန် မျက်မှောင်ကြုတ်လိုက်ပြီး ထို တေလေဂျပိုး အုပ်စုကို လျစ်လျူရှုထားလိုက်၏။

သူမ လင်းရီကိုသာ တွေ့လိုတွေ့ငြား လိုက်ရှာလေသည်။ ယခုလိုနေရာမျိုးသို့ ပထမဆုံးအကြိမ်ရောက်ဖူးသောကြောင့် ပတ်၀န်းကျင်နှင့်လည်း အနည်းငယ် စိတ်သက်နေလေသည်။

အချို့ လက်ရဲဇက်ရဲ ရှိသည့် အမျိုးသား တစ်ချို့မှာ ရောက်လာပြီး သူမနှင့် စကားပြောရန် ကြိုးစားလာခဲ့ကြ၏။

"အလှလေး.. တစ်ခွက်လောက် အတူသောက်သွားပါဦးလား.. မှာချင်တာ မှာလေ... အချောလေး စိတ်ကျေနပ်စေရမယ်လို့ ဒီအစ်ကိုကြီးက အာမခံတယ်..."

"မလိုဘူး.. ရှင်တို့လမ်း ရှင်တို့သွား ... ရှေ့မှာ လာပိတ်မရပ်နဲ့..."ကျီချင်းရန် အေးစက်စွာ ဆိုလိုက်၏။

"ဟေ့ ဟေ့ .. ဒါက ဘာလုပ်တာလဲ... ကိုကြီးတို့က ပျော်ချင်လို့ ဒီရောက်လာတာပဲလေ..."

ထိုသို့ပြောရင်း ပုကွကွ မုဒိန်းသောက်ခွက်နှင့် လူကြီးမှာ သူ၏ လက်ကို ရဲတင်းစွာ ဆန့်ထုတ်လာခဲ့၏။

ဖြန်း...

ကျီချင်းရန် တုံ့ဆိုင်းခြင်းမရှိ ထိုသူ၏ မျက်နှာကို ကြမ်းတမ်းစွာ ဖြတ်ရိုက်လိုက်သည်။

"မင်း... မင်း ငါ့ကို ရိုက်တယ်ပေါ့လေ... "ပုကွကွနှင့်လူမှာ မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ပြန်ရိုက်ရန် ဟန်ပြင်လာခဲ့၏။

ထိုအချင်းအရာကို မြင်တော့ ကျီချင်းရန်‌ ဟန့်တားရန် အချိန်မမှီတော့ပဲ မျက်စိကိုသာ တင်းကြပ်စွာ မှိတ်ထားလိုက်ရတော့သည်။ သို့သော်လည်း အချိန်အတော်ကြာသည်အထိ ဘာမျှ ဖြစ်ပျက်မလာခဲ့ပေ။ သူမ မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ ဖြူဖွေးသည့် လက်တစ်စုံက ထိုလူကြီး၏ လက်ကို ဟန့်တားထားကြောင်း မြင်တွေ့လိုက်ရလေသည်။

"လင်းရီ..."ကျီချင်းရန် မျက်လုံး ပုတ်ခတ် ပုတ်ခတ်လုပ်၍ ကြည့်လိုက်၏။

သူဘယ်တုန်းက ဒီရောက်လာခဲ့တာလဲ...

အမှန်တော့ လင်းရီမှာ အပေါ့အပါးသွားရင်း ကျီချင်းရန်ကို တွေ့၍ ရောက်လာခဲ့ခြင်းပင်။ သို့‌သော်လည်း လမ်းဘေးလူမိုက်များက သူမကို နှောင့်ယှက်နေလိမ့်မယ်လို့တော့ သူမမျှော်လင့်ထားခဲ့ချေ။လင်းရီ ထိုသူ၏ လက်ကို နောက်ပြန် လိမ်ချိုးလိုက်ပြီး ၀မ်းဗိုက်ကို လွင့်ထွက်သွားအောင် ကန်ထုတ်လိုက်သည်။ ရလဒ် အနေဖြင့် ထိုသူမှာ သူ့ဘော်ဒါများရှိရာထံ တရကြမ်း နောက်ဆုတ်လိုက်ရပြီး ပါးစပ်မှ သွေးတို့ ပန်းထုတ်လိုက်ရ၏။

"လစ်စမ်း... မင်းတို့ကို ဒီကလပ်မှာ နောက်တစ်ခါ ထပ်မတွေ့စေနဲ့... "

ပုကွကွနှင့်လူလည်း လင်းရီကို မြင်တော့ ဒူးကွေးညွှတ်မတတ် ကြောက်ရွံ့သွားခဲ့၏။

'၀မ်မာဇီရဲ့ ဘယ်လက်ရုံးကို တစ်ယောက်တည်းဆော်ခဲ့တဲ့သူလားဟ...'

"ဟုတ် ဟုတ် .. ကျုပ်တို့ မသိလို့ပါ.. ခုပဲ ထွက်သွားပါ့မယ်... "

"ရီ...."

ကျီချင်းရန် လင်းရီ၏ ရင်ခွင်ထဲသို့ တိုး၀င်လိုက်၏။ သူမ ထိုအခိုက်အတန့်တွင် အတော်လေး ကြောက်ရွံ့နေလေသည်။

လင်းရီ သူမ ခေါင်းကို ခပ်ဖွဖွ ပွတ်ရင်း "ဘာလို့ ငါ့ဆီ ဖုန်းမဆက်တာ.. ငါ လာခေါ်မှာပေါ့..."

"အွန်း... ငါလည်း မတွေ့ရင် နင့်ကို ခေါ်တော့မလို့‌ပဲ... ဒါပေမယ့် လူဆိုးတွေနဲ့ တွေ့မယ်လို့မှ မထင်ထားတာ...."

"အရူးမလေး... "

လင်းရီ ခေါင်းခါရမ်းရင်း ကျီချင်းရန်ကို စားပွဲဆီသို့ ခေါ်ဆောင်လာခဲ့လိုက်သည်။

"မရီး..."

လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ ထလာပြီး နှုတ်ဆက်လိုက်ကြ၏။

"နင်တို့ကို နှောင့်ယှက်သလိုတော့ မဖြစ်သွားပါဘူးနော်."

"အာ ... မဖြစ်ဘူး မဖြစ်ဘူး.. ခုဆို အစ်ကိုကြီးချင်းရဲ့ စိတ်အခြေအနေက အတော်လေး သက်သာလာနေပြီလေ..."

ချင်းဟန် : 'သေစမ်း...'

"အင်းပါ ... နင်လည်း စိတ်ထဲ ထားမနေနဲ့.. နင့်အရည်အချင်းနဲ့ဆိုရင် အနာဂတ်ကျ သူ့ထက် ကောင်းတဲ့ မိန်းကလေးမျိုး ရှာတွေ့မှာပါ..."ကျီချင်းရန်လည်း နှစ်သိမ့်ပေးလိုက်သည်။

ချင်းဟန် :"....."

ငါ ဘာပြန်ပြောသင့်လဲ...

"ဒါနဲ့ ချင်းရန် မင်းက ဘာ‌တွေ အရေးကြီးနေလို့ ဒီအထိတောင် လိုက်လာခဲ့တာ..."လင်းရီ မေးမြန်းလိုက်၏။

"ယွမ်ယွမ် ပြောတာ နင့်အခြေအနေ သိပ်မကောင်းဘူးဆို..."

"ငါ နင့်ကို သုံးဘီလီယမ် ကူညီပေးမယ်.. တကယ်လို့ မလောက်ရင်လည်း ငါ တခြားနည်းလမ်း ထပ်စဉ်းစားကြည့်လိုက်မယ်လေ..."

"ဟမ်...."

လင်းရီ ကျီချင်းရန်၏ မျက်လုံး အစုံကို သေချာ စူးစိုက်ကြည့်လိုက်ပြီး"မင်း အဲ့ပိုက်ဆံတွေ ဘယ်ကရခဲ့တာ... ချောင်ရန် အုပ်စုကို အာမခံထားလိုက်တယ်လို့တော့ ငါ့ကို လာမပြောနဲ့..."

"ဘယ်က ရလဲဆိုတာကို နင် တွေးပူမနေနဲ့....မြန်မြန် ဘယ်လို ဖြေရှင်းရမလဲဆိုတာကိုပဲ စဉ်းစားသင့်တယ်...."

"ငါ မေးတာကို အရင်ဖြေ..."လင်းရီ အေးစက်စွာ ဆိုလိုက်၏။

ကျီချင်းရန်၏ အမူအရာမှာ အနည်းငယ် ခက်ခဲသွားပြီး "တီချယ်ကျန်းရဲ့ တပည့်တစ်ဦးက စိုက်ပျိုးရေးဘဏ်တစ်ခုရဲ့ ဥက္ကဌလေ.. ငါ တီချယ်ကျန်းကို ပြောပြီးတော့ ယွမ်သုံးဘီလီယမ် ချေးလိုက်တာ... ဒါပေမယ့် အဲ့ပမာဏ သေချာပေါက် မလောက် လောက်ဘူး.. ငါ နောက်မှ ပြန်စဉ်းစားကြည့်လိုက်ဦးမယ်..."

ချင်းဟန် နှင့် ကောင်းကျုံးယွမ်တို့ သုံးယောက်သား အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။

သေစမ်း.. ငါတို့ကျတော့ ဘာလို့ မိန်းမကောင်းလေးတွေ မရှာနိုင်ရတာလဲ...

"ဟင်း .. မင်းနဲ့‌တော့..... ဘာမဟုတ်တဲ့ ကိစ္စလေးကိုကွာ.. ဘာလို့ အကျယ်ချဲ့နေတာ... "လင်းရီ ပြောလိုက်ပြီး "ပိုက်ဆံတွေကို မြန်မြန် ပြန်ပေးလိုက်.. ငါ့နည်း ငါ့ဟန်နဲ့ ရှိပြီးသား..."

"မပေးဘူး..."

"သူတို့တွေ နင့်ကို အနိုင်ကျင့်နေကြတာကို ငါလုံး၀ ခွင့်မပြုနိုင်ဘူး…”

All Chapters