← Chapters

ဘာလုပ်နေတာလဲ ... ပြန်အိပ်လေ

Vol. 37 Ch. 548

ဘာလုပ်နေတာလဲ ... ပြန်အိပ်လေ

Vol. 37 Ch. 548

လင်းရီ၏ နူးညံ့သော နှလုံးသားမှာ ဆတ်ခနဲ လှုပ်ခါသွားခဲ့သည်။

ချင်းရန်မှာ သူ့ရင်ဘက်ခြမ်း၏ အနူးညံ့ဆုံးအပိုင်းကို ထိတွေ့လိုက်ခြင်းပင်။

"ငါ့ဘက်က အကုန်လုံး စီစဉ်ပြီးသား.."လင်းရီ ကျီချင်းရန်၏ ဆံပင်ကို ထိုးဖွလိုက်ပြီး "ဘာမှ စိတ်မပူနဲ့...ဟုတ်ပြီလား..."

"ဒါပေမယ့် သူတို့က ဒုတိယအကြော့ကို နှစ်ဆလောက်ပိုတဲ့ အမြန်နှုန်းနဲ့ ရောင်းချနေတာလေ... သူတို့နောက်မှာ သေချာပေါက် ရင်းနှီးမြုပ်နှံသူ အကြီးစား ရှိနေတယ်ဆိုဝာာ သေချာတယ်.. မဟုတ်ရင် အဲ့လောက် ပမာဏ အများကြီးကို အချိန်တို အတွင်း ထုတ်ရောင်းနိုင်မှာ မဟုတ်ဘူး... "

ကျီချင်းရန် ထိုအခြေအနေကို ခန့်မှန်းထားပြီး ဖြစ်ပြီး အကယ်၍ ချေးငွေ ကိစ္စနှင့် အလုပ်ရှုပ်မနေပါက သူမ အစောကြီးကရင် လင်းရီကို လာရှာလေသည်။

"ငါ လုံရှင်းကို ၅၀ ဘီလီယမ်နဲ့ ပေါင်နှံပြီးသွားပြီ.. ပြီးတော့ လက်ထဲမှာ ကျန်သေးတဲ့ နှစ်ဆယ် ဘီလီယမ်နဲ့ဆိုရင် ကျောက်မိုကို ကိုင်တွယ်ဖို့ ကောင်းကောင်းကြီး လုံလောက်သွားပြီ..."

"ဒါပေမယ့် ကျောက်မိုအပြင်ကို နောက်ထပ် တခြား ထုတ်ရောင်းမယ့်သူတွေကိုလည်း ထည့်တွက်ရဦးမယ်လေ... သူတို့က အဲ့လောက် မြန်မြန် ထုတ်ရောင်းနေမှတော့ ထရိတ်ဒါ အသေးစားလေးတွေလည်း သေချာပေါက် သတိပြုမိမှာပဲ မဟုတ်လား... ငါ့ရဲ့ သုံးဘီလီယမ်ကို အဲ့ ထရိတ်ဒါတွေနဲ့ ဖြေရှင်းဖို့ သုံးလိုက်...."

လျန်ကျင်းမင် ဝိုင်ခွက်ကို ကိုင်ရင်း ပြုံးလိုက်ပြီး "မရီး စိတ်မပူနဲ့.. ကျွန်တော်တို့ဘက်က အစ်ကိုကြီးလင်းကို ယွမ် ၁၀ ဘီလီယမ် သီးသန့် ကူညီထားပေးသေးတယ်.. ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး..."

ထိုစကားကို ကြားတော့ ကျီချင်းရန် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

အကယ်၍ လင်းရီ၏ သူငယ်ချင်းများမှ နောက်ထပ် ငွေပမာဏ ကူညီပေးထားသေးသည်ဆိုလျှင်တော့ သူမ စိတ်ပူပေးရန် မလိုအပ်တော့ချေ။

"မရီး ကျွန်တော်တို့က ဒီနေ့ အစ်ကိုကြီးလင်းကို အများကြီး ကူညီပေးထားတယ်ဆိုတော့ တစ်ခွက်လောက်တော့ သောက်ပေးသင့်တယ် မထင်ဘူးလား.."ကောင်းကျုံးယွမ် ပြောလိုက်၏။

"ဟုတ်တယ် ဟုတ်တယ်..."လျန်ကျင်းမင်လည်း ထောက်ခံလိုက်ပြီး "ကျွန်တော်တို့က အစ်ကိုကြီးလင်းကို ပိုက်ဆံ ချေးဖို့ ကူညီရုံတင် မကသေးဘူးနော်.. နောက်ထပ် အများကြီးပဲ ကူညီထားတာ..."

လင်းရီ သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။

တကယ့် ညီကိုကောင်းတွေပဲ...

"ကောင်းပြီလေ.. ငါ တစ်ခွက်လောက် သောက်လိုက်မယ်..."

သူမ မကောင်းသည့်သူများ၏ အခွင့်အရေးယူခြင်းကို ခံရမည်ဆိုး၍ သောက်လေ့သောက်ထ မရှိသော်လည်း ယနေ့တွင် လင်းရီလည်း ဘေးတွင် ရှိနေသောကြောင့် တစ်ခွက်လောက် သောက်ရန် ဆုံးဖြတ်လိုက်လေသည်။

"လာ လာ.. ကျွန်တော် ခွက်ဖြည့်ပေးမယ်... "

ကောင်းကျုံးယွမ် ကျီချင်းရန်၏ ခွက်ထဲသို့ အရက် လောင်းထည့်ပေးလိုက်၏။

သို့သော်လည်း တစ်၀က်မျှ သောက်ပြီးသောအခါ ခါးသက်သည့် အရသာကြောင့် ကျီချင်းရန်မှာ မျက်နှာ ရှုံ့မဲ့သွားရလေသည်။

"မရီးက အရက်နဲ့ နေသားမကျသေးဘူးထင်တယ်.. ကျွန်တော် ကော့တေး စပ်ခိုင်းလိုက်ရမလား.."

"မလိုဘူး... ရတယ်..."

ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းရန် နည်းလမ်းရှိထားပြီ ဖြစ်သောကြောင့် အလွန်အမင်း စိတ်ကောင်း၀င်နေပြီး အရက်ဆိုလျှင် လက်ဖျားနှင့်ပင် မထိသည့် သူမမှာ တစ်ခွက်ပြီးတစ်ခွက် ပျော်ပျော်ပါးပါးကြီး သောက်နေတော့၏။ သို့သော်လည်း နာရီ၀က်ခန့် ကြာပြီးနောက် မှောက်သွားတော့သည်။

"ကဲ အစ်ကိုကြီးလင်း... မရီးကတော့ မှောက်သွားပြီ.. ဘယ်သွားရမလဲ ဆိုတာတော့ သိတယ်မလား..."လျန်ကျင်းမင် ပြုံးစစ မေးမြန်းလိုက်၏။

"သေချာပေါက် ပန်နီဆူလာဟိုတယ်ပေါ့ကွ...."

"အိုကေ.. အဲ့တာဆိုလည်း သွားကြတော့...ဟားဟား..."

.......

နောက်တစ်နေ့ နံနက်ခင်းတွင် မှိန်ပျပျ နေရောင်ခြည်မှာ ခန်းဆီးလိုက်ကာကို ဖောက်ထွင်းပြီး အခန်းထဲသို့ ဖြာကျနေလေသည်။

ကျီချင်းရန်မှာ ပျင်းရိနေသည့် ကြောင်ပေါက်လေးကဲ့သို့ လင်းရီရင်ခွင်ထဲတွင် လူးလွန့်တွန့်လိမ်နေခဲ့၏။

ထိုစဉ် ရုတ်တရက် သူမ မျက်လုံးပွင့်လာပြီး လင်းရီ ရင်ခွင်ထဲရောက်နေကြောင်း သတိထားမိသွားသည်။

ဒုတ် ဒုတ်....

ဒုတ် ဒုတ်

ကျီချင်းရန် ဆတ်ကနဲ ထထိုင်လိုက်၏။ ရင်ဘက်ကြီးမှာလည်း အဆက်မပြတ် စည်တီးသကဲ့သို့ ဆူညံနေလေသည်။

ငါ... ငါ ဘယ်လိုလုပ်ပြီး သူ့လက်မောင်းထဲရောက်သွားတာလဲ...

ကျီချင်းရန် မျက်မှောင်ကြုတ်လိုက်ပြီး ယမန်နေ့ညက ဖြစ်ပျက်သွားသည်များကို ပြန်လည်မြင်ယောင်ကြည့်လိုက်သောအခါ ရုတ်ဆိုး အကျည်းတန်သွားခဲ့၏။

သူတို့ ရည်ရွယ်ချက်ရှိရှိ ငါ့ကို မူးအောင် တိုက်လိုက်တာပဲ ဖြစ်ရမယ်...

သူမတွေးလေ ပို၍ ဒေါသထွက်လေ ဖြစ်လာခဲ့ပြီး

ကောင်စုတ်...လင်းရီ.. ဒါ သူ တမင်သပ်သပ် လုပ်ခိုင်းတာပဲ ဖြစ်ရမယ်..

သူမ အစကတော့ အခြားသူတွေ သူမ အပေါ် လှည့်စားမှာကို စိုးရွံ့ခဲ့သော်လည်း အနီးစပ်ဆုံးသူမှ လှည့်စားသွားလိမ့်မည်လို့ မထင်ထားခဲ့ချေ။

"ဘာတွေလုပ်နေတာ.."လင်းရီ အိပ်စုံမှုန်မွှားဖြင့် ပြောလိုက်ပြီး "ပြန်အိပ်လေ..."

'အာ့....'

ကျီချင်းရန် မတုံ့ပြန်နိုင်သေးခင် သူမ လင်းရီ ရင်ခွင်ထဲသို့ တစ်ဖန်ပြန်ရောက်သွားတော့၏။

"ကောင်စုတ်.. နင်ဘာတွေ လုပ်နေတာလဲ..."ကျီချင်းရန် မေးမြန်းလိုက်၏။ သူမ အသံထဲတွင်ပင် ရှက်ရွံ့နေသည့် အရိပ်အယောင်တို့ ရောစွက်နေလေသည်။

ဖြန်း...

လင်းရီ ကျီချင်းရန်၏ တင်ပါးကို အသံမြည်အောင် ရိုက်လိုက်၏။

"ငါတို့ အရင်ကလည်း အတူမအိပ်ဖူးတာ ကျနေတာပဲ.. ဘာတွေ လျှောက်အော်နေတာ.. ငါအခု အရမ်းအိပ်ချင်နေတယ်.. တိတ်တိတ်နေ..."

ကျီချင်းရန်မှာ ရင်တလှပ်လှပ်ဖြင့် အသက်ရှူ မြန်ဆန်နေပြီး လင်းရီ၏ လက်မောင်းထဲတွင် ထူးဆန်းသည့် ခံစားချက်တို့ ပျံ့နှံ့နေလေသည်။

သူမ ရုန်းလို့လည်း မလွတ်သာသောကြောင့် ယခု အနေအထားအတိုင်းသာ ရှိစေလိုက်တော့၏။

ထို့ပြင် ယခုလို အနေအထားက သူမကို လုံခြုံသည်ဟု ခံစားရစေလေသည်။ အဆိုပါ နွေးထွေးလုံခြုံသည့် ခံစားချက်တို့ ပျံ့နှံ့လာရင်း လင်းရီ ရင်ခွင်ထဲသို့ မျက်နှာအပ်လျက် တဖြည်းဖြည်း ပြန်အိပ်ပျော်သွားတော့သည်။

မနက်ကိုးနာရီကျော် နေမြင့်ချိန်လောက်ရောက်မှသာ နှစ်ယောက်သား အိပ်ရာ နိုးလာခဲ့ကြ၏။

ကျီချင်းရန်၏ အမူအရာကတော့ တည်ငြိမ်နေပြီး နှစ်ယောက်ကြားတွင် ဘာမျှ ဖြစ်ပျက်မထားသကဲ့သို့ပင်။ အိပ်ရာမှ ထပြီးနောက် ပုံမှန်အတိုင်း မျက်နှာသစ် သွားတိုက်လိုက်၏။ သူမ အ၀တ်အစားများကို ဘယ်သူလဲပေးတာလဲ ဆိုသည့် ရှက်ရွံ့ဖွယ် မေးခွန်းကိုပင် သူမ မမေးချင်တော့ပေ။

ဖြစ်ပျက်ခဲ့ပြီးမှတော့ သူမ သဘာ၀အတိုင်း ရှိစေလိုက်‌ပေမည်။ ထို့နောက် နှစ်ယောက်သား ရေချိုး အ၀တ်အစားလဲပြီးနောက် ဟိုတယ်တွင် မနက်စာစားလိုက်ကြသည်။

စားသောက်နေစဉ်အတွင်း လင်းရီ ဟော်ယွမ်ယွမ် ပို့ထားပေးသည့် အစီရင်ခံစာကို တစ်ဖက်မှ ဖတ်ရှုနေ၏။

ကျောက်မိုဘက်မှ ယွမ် ၂၀ ဘီလီယမ်ကျော် ရောင်းချလာပြီး ရပ်တန့်သွားမည့် အရိပ်အယောင် မပြချေ။

လင်းရီ၏ နည်းလမ်းကတော့ ရိုးရှင်းသည်။ ထုတ်ရောင်းလာသမျှကို ၀ယ်ယူပြီး ထိပ်တိုက် ရင်ဆိုင်ပေမည်။

'မင်းတို့ဘယ်လောက်ထိ လှမ်းနိုင်မလဲ လှမ်းစမ်း.. ငါ့ဘက်က နောက်ကောက် မကျစေရဘူး...'

ယခု အခြေအနေမှာ မည်သူက ပို၍ ကြွယ်၀လဲဆိုတာကို ပြိုင်ဆိုင်သည့် ပွဲဖြစ်၏။ ချစ်ပ်ပြားများ အကုန်လုံး အသုံးပြုလိုက်သည့် ဘက်က အရှုံးနှင့် ရင်ဆိုင်ရပေလိမ့်မည်။ စီးပွားရေးမှာ ထိုမျှ ရိုးရှင်း၏။

လင်းရီ ဟော်ယွမ်ယွမ်ကို ရိုးရှင်းသည့် ညွှန်ကြားချက်တစ်ချို့ပေးပြီးနောက် နှစ်ယောက်သား အလုပ်သို့ ဦးတည်လိုက်ကြလေသည်။

မူလကတော့ မွန်းလွဲပိုင်းတွင် ခွဲစိတ်မှုတစ်ခု ပြုလုပ်ရန် စီစဉ်ထားသော်လည်း လီချူးဟန်နှင့် လျိုဇီဟော်၏ ခွဲစိတ်မှု အကြောင်း ဆွေးနွေးရမည်ဖြစ်သောကြောင့် လင်းရီ ခွဲစိတ်မည့် အချိန်စာရင်းကို နောက်သို့ ရွေ့ဆိုင်းထားလိုက်သည်။

ထို့ပြင် ယွမ် ခုနစ်သိန်းတန် ဆေးတစ်လုံးကြောင့် လျိုဇီဟောက်၏ ရောဂါမှာ လူထု၏ အာရုံကို အတော်လေး ဖမ်းစားသွားလေသည်။ အခြားဆေးရုံမှ ဒေါက်တာများပင် ဖုန်းဆက်၍ ရောဂါကို ခွဲစိတ်ရာတွင် ကူညီပေးဖို့ ကမ်းလှမ်းလာခဲ့ကြသော်လည်း လင်းရီနှင့် လီချူးဟန်၏ အရည်အချင်းအရ ၎င်းတို့ ကူညီလျှင်တောင် များစွာ အထောက်အကူဖြစ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ခေါ်ဆိုလာမှုများကို တစ်ယောက်ပြီးတစ်ယောက် ငြင်းဆန်လိုက်၏။

......

နောက်နှစ်ရက်အထိ လင်းရီ သူ၏ အားအင်များကို လီချူးဟန်နှင့် ခွဲစိတ်မှု ကိစ္စ ဆွေးနွေးရန်အတွက် အသုံးပြုထားသည်။

‌ကျောက်မိုနှင့် တိုက်ပွဲကိုတော့ ဟော်ယွမ်ယွမ်၏ တင်ပြချက်များကိုသာ နားထောင်တော့၏။

ဒုတိယအချီ စတော့နည်းဗျူဟာ ကစားပွဲတွင် လင်းယွမ် အုပ်စုမှ ရှယ်ယာ ငါးဆယ်ဘီလီယမ် ပမာဏအထိ ၀ယ်ယူထားပြီး ယင်းပမာဏက ငွေကြေး နယ်ပယ်တစ်ခုလုံးကို ရှော့ခ်ရသွားစေသည်။

အတွင်းလူနာဆောင်၏ ရှစ်ထပ်မြောက်၊ နှလုံးအထူးကု ဌာန။

အကြိတ်အနယ် ဆွေးနွေး ငြင်းခုန်ပြီးနောက် လီချူးဟန်နှင့် လင်းရီတို့ ခွဲစိတ်မည့် အစီအစဉ်ကို အတည်ပြုနိုင်သွားခဲ့သည်။

အခြား ဒါရိုက်တာတစ်ဦးဖြစ်သည့် ကျိန်းပင်းကျန်းလည်း ခွဲစိတ်မှုတွင် ပါ၀င်ဆောင်ရွက်မည်ဖြစ်သော်လည်း ဆွေးနွေးနေစဥ်အတွင်း ရှိသည်ဟု မှတ်ယူရအောင် တစ်ခွန်းစ နှစ်ခွန်းစ ထောက်ခံရုံလောက်သာ ပါ၀င်ပေးနိုင်၏။ ယင်းကလည်း ၎င်းတို့ကြားရှိ စကေးပိုင်းဆိုင်ရာ ကွာဟမှုများမှာ အတော်လေး ကွာခြားနေသောကြောင့်ပင်။

"ခု လူတော်တော်များများက ဒီကိစ္စကို အာရုံစိုက်နေကြပြီဆိုတော့ ငါတို့ဘက်က အမှားလုပ်လို့ မရဘူးနော်..."လီချူးဟန် ပြောလိုက်ပြီး "တကယ်လို့ ကျရှုံးခဲ့မယ်ဆိုရင် ဟွာရှန်းဆေးရုံရဲ့ ဂုဏ်သတင်းအပေါ် အကြီးအကျယ် သက်ရောက်လာနိုင်တယ်..."

" မပူနဲ့....ငါ့ဘက်က အစီအစဉ်တစ်ခု ရေးဆွဲပြီးသွားပြီ.. ကုသနိုင်ခြေလည်း များတယ်.. "

လင်းရီ ပြောလိုက်ပြီး "မင်းရဲ့ နည်းလမ်းက ပိုပြီး အောင်မြင်နိုင်ချေ များတယ်ဆိုပေမယ့် ခွဲစိတ်ပြီးရင် ကလေးက နဂိုအတိုင်း ပြန်မဖြစ်တော့မှာ စိုးရိမ်ရတယ်...ပြီးတော့ သူက ကလေးပဲ ရှိသေးတာလေ.. တကယ်လို့ ဆေးစွမ်းက အရမ်းပြင်းထန်နေမယ်ဆိုရင် ဖျက်ဆီးမိသလို ဖြစ်သွားမှာ မဟုတ်ဘူးလား..."

"ဒါဆိုလည်း နင့်အစီအစဉ်အတိုင်းပေါ့... "လီချူးဟန် ပြောလိုက်ပြီး "နင်က ခေါင်းဆောင်ခွဲစိတ်သူလုပ်.. ငါက လက်ထောက်လုပ်မယ်..."

ထို့နောက် လီချူးဟန် သူမ၏ နာရီကို ကြည့်လိုက်ပြီး "မနက်ဖြန် မနက် ကိုးနာရီ ခွဲစိတ်မယ်လို့ စီစဉ်ထားတယ်... ဒါကြောင့်မို့ နင့်မှာ တခြား လုပ်စရာတွေ မရှိတော့ဘူးဆိုရင် အိမ်ပြန်ပြီး အနားယူတော့လေ.... မနက်ဖြန်မှ ပြန်လာခဲ့...."

"အဆင်ပြေပါတယ်.. ဘာပဲဆိုဆို ခွဲစိတ်တာလေးပဲမလား..."

"သဘော.. နင်ကြိုက်သလိုသာ ဆုံးဖြတ်.. ငါကတော့ ဌာနကို ပြန်တော့မယ်... လုပ်စရာတွေလည်း ရှိသေးတယ်..."

"အိုကေ..."

သုတေသန အခန်းထဲတွင်တော့ လင်းရီ သူ့ဖုန်းထဲရှိ ရက်ဆွဲကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ သူ နောက်ဆုံး မစ်ရှင် ပြုလုပ်နေသည်မှာ တစ်လပင် ပြည့်သွားခဲ့ချေပြီ။ သို့သော်လည်း ယခုထက်တိုင် ပိုးထည်တံခွန်၏ အရိပ်အယောင်ကိုပင် မမြင်ရသေးချေ။ ယင်းက လူနာမိသားစု၀င်များမှာ ၎င်းတို့၏ ကျေးဇူးတင်မှုကို မဖော်ပြလာခြင်းမဟုတ်ပဲ ပိုးထည်တံခွန်ဖြင့် ဖော်ပြသည့် နည်းလမ်းကို မေ့လျော့နေခြင်းပင်။

ဘာမျှ တန်ကြေး မပေးရသည့် ပိုးထည်တံခွန်အစား ဈေးကြီးသည့် သစ်သီးနှင့် ပန်းခြင်းများကိုသာ ယူလာပေးတတ်ကြ၏။ ယင်းက သူ့ကို အော်ငိုချင်သည်အထိ ကူကယ်ရာမဲ့သွားစေသည်။ သို့သော်လည်း မျက်ရည်များက ထွက်ကျမလာခဲ့ပေ။

လင်းရီမှာ မာနနှင့် ယောက်ျားတစ်ဦးဖြစ်၏။

သူယခုလို‌သာ အော်ပြောလိုက်ချင်တော့သည်။

ငါ့ကို ပိုးထည်တံခွန်လေးသာ ပေးကြစမ်းပါကွာ…

All Chapters