← Chapters

ကျောက်၀န်၏ ဖိတ်ခေါ်မှု

Vol. 37 Ch. 550

ကျောက်၀န်၏ ဖိတ်ခေါ်မှု

Vol. 37 Ch. 550

"ဆိုဒ်ကိုတော့ ငါဟာသလုပ်နေတာ မဟုတ်ဘူး.. အဲ့တာက အတည်ကြီး ငါ့ရဲ့ ဆိုဒ်ပဲ..."လျန်ရူရွှယ် ခေါင်းမော့ ရင်ကော့လိုက်ပြီး "နင် အရင်တုန်းကတည်းကရင် ငါဘယ်နံပါတ်၀တ်လဲဆိုတာကို အရမ်း သိချင်နေတာမလား..."

"ဒါကတော့ ငါ့ကို စော်ကားလွန်းသွားပြီ...."

"ဘာလဲ.. ငါမှားလို့လား..."

"ဟိုးအရင်ကတည်းက သိချင်နေတယ်ဆိုတာကြီးက ဘာစကားတုန်း..."လင်းရီ ပြောလိုက်ပြီး "ငါတို့ ပထမတစ်ခေါက် ဆုံတုန်းကတည်းကရင် မင်း ဘယ်နံပါတ် ၀တ်တယ်ဆိုတာ ငါက သိပြီးသား..."

"လဲသေလိုက်လေ.. ငါက အဲ့လောက် လုံလုံခြုံခြုံ ၀တ်ထားတာကို နင်က သိတယ်ဆိုရင် ငါအံ့ဩပေးလိုက်မယ်..."

"မင်းသိလား .. စနိုက်ပါသမားတွေက သေနတ်သံကြားပြီးတာနဲ့ ကျည်လာမှန်တဲ့ အချိန်ကို မူတည်ပြီး ကြာချိန်နဲ့ အကွာအဝေးကို တွက်ချက်ကြည့်ပြီး ရန်သူရဲ့ တည်‌နေရာကို ရှာလို့ရတယ်ဆိုတာ... ခုလည်းအဲ့အတိုင်းပဲ.. ငါက မင်းရဲ့ အ၀တ်အစားတွေထဲမှာ ဘယ်လောက်တောင် တင်းကြပ်နေလဲဆိုတာကို ကြည့်ပြီး ခန့်မှန်းထားတာလေ...."လင်းရီ ပြောလိုက်ပြီး "မယုံရင် ငါမင်းရဲ့ ဘော်ဒီအချိုးအစားကို အစဉ်လိုက်ရွတ်ပြရမလား..."

"မယုံဘူး.. ရွတ်ပြ... မတူလို့ကတော့ နင် ငါနဲ့ တွေ့ပြီသာမှတ်...."

"92 ,59,90 ..."

ထိုအခါ လျန်ရူရွှယ်၏ အကြည့်များမှာ သဘာ၀ မကျ ဖြစ်သွားခဲ့ပြီး သူမ ရင်ဘက်ကို လက်ဖြင့် အုပ်လျက် ' ဒီမကောင်းတဲ့ကောင်မှာ ဘယ်လိုစူးရှတဲ့ မျက်လုံးတွေ ရှိတာပါလိမ့်....

ဒီတိုင်း ကြည့်ရုံနဲ့တင်ကို သူမရဲ့ ဆိုဒ်ကို အတိအကျ ခန့်မှန်းနေနိုင်တယ်ဆိုတော့..သေချာပြီ.. ဒီကောင်စုတ်က ဝါရင့်နေတဲ့ မကောင်းတဲ့ကောင်ကြီးပဲ.... '

"တော်ပြီ တော်ပြီ.. နင်နဲ့ ပေါက်တတ်ကရတွေ မပြောတော့ဘူး... "လျန်ရူရွှယ် လက်ဝှေ့ယမ်းပြီးနောက် စကားလမ်းကြောင်းလွဲကာ "နင် မနက်ဖြန် ခွဲစိတ်ဖို့ အတွက် ယုံကြည်ချက် ရှိလား.. တစ်မြို့လုံးက ရလဒ်ကို နားစွင့်နေကြမှာနော်.. ရေဒီယို သတင်းဌာနက သတင်းထောက်တွေတောင် လာမယ်လို့ ကြားထားတယ်... "

"လူတွေက အအေးဒဏ်ကြောင့်တောင် သေဆုံးနိုင်ကြတာကို.. ခန္ဓာကိုယ်ကို ဓားနဲ့ထိုးပြီး ခွဲစိတ်သာကိုတော့ ပြောမနေနဲ့ဦး.. ဘယ်သူမှ တစ်သတ်မှတ်တည်း မပြောနိုင်ဘူး... အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာကိုတော့ ကံတရားကိုပဲ အဆုံးဖြတ် ပေးခိုင်းလိုက်တော့မယ်... ငါ့ဘက်ကတော့ ငါတတ်စွမ်းသလောက် အစွမ်းကုန် ကြိုးစားသွားမှာပဲ..." လင်းရီ ထိုင်ခုံနောက်သို့ မှီရင်း သက်ပြင်းချလျက် ပြောလိုက်သည်။

"အွန်း.. အကောင်းဆုံး လုပ်ကြတာပေါ့..."

"ခွဲစိတ်တာက ဘယ်နှစ်နာရီလောက် ကြာမယ်လို့ ထင်လဲ..."

လင်းရီ ခေါင်းခါရမ်းလိုက်ပြီး "ပြောဖို့ မလွယ်ဘူး.. ကလေးက အရမ်းကို ငယ်ပြီးတော့ သူ့ရဲ့ ရောဂါ အခြေအနေကလည်း အရမ်းကို ပြင်းထန်တယ်.. ဒါပေမယ့် ငါခန့်မှန်းထားသလောက်တော့ အနည်းဆုံး ကိုးနာရီလောက်ကြာမယ် ထင်တာပဲ... အဲ့ဒါက အစောဆုံးအချိန်ပဲ... တကယ်လို့ မျှော်လင့်မထားတာတွေ ထပ်ဖြစ်ပျက်လာဦးမယ်ဆိုရင် ဆယ်နာရီလည်း ကျော်ချင် ကျော်သွားနိုင်တယ်...."

"ဟင်... အဲ့လောက်တောင် ဆိုးလား..."

"ဒါပေါ့ကွ..."လင်းရီ ပြောလိုက်ပြီး "ပြီးတော့ ခွဲစိတ်နေတဲ့အချိန် အာရုံလည်း အပြည့်စိုက်ထားရမှာနော်... တကယ်လို့ ခွဲစိတ်မှုသာ ဆယ်နာရီကျော်သွားမယ်ဆိုရင်တော့ ငါတို့ကိုယ်တိုင်တောင် ပြိုလဲသွားမလား မသိဘူး...."

လျန်ရူရွှယ် လင်းရီ၏ ခံစားချက်များကို နားလည်လေသည်။

ရူံးခန်းထဲတွင် ဆယ်နာရီထိုင်ရသည်က ပြဿနာ မဟုတ်သော်လည်း အကယ်၍ သူမသာ ဆယ်နာရီ ဆက်တိုက် ကားမောင်းရမည်ဆိုလျှင်တော့ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်သွားမည်မှာ ကျိန်းသေသည်။

အဓိက အကြောင်းအရင်းကတော့ အာရုံစူးစိုက်ခြင်းက လူကို နှစ်ဆ ပင်ပန်းစေသောကြောင့်ပင်။

လျန်ရူရွှယ် လင်းရီကို ကြည့်လိုက်၏။

"စကားမစပ် ငါနင့်ကို အမြဲတမ်း မေးချင်နေတဲ့ မေးခွန်းတစ်ခုရှိတယ်... နင်ဘာလို့ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာ... ဆေးရုံမှာ ဆက်မနေချင်တော့လို့လား..."

လျန်ရူရွှယ်၏ စကားလုံးများက လင်းရီကို အတွေးနက်သွားစေပြီး အချိန်တစ်ခုလောက်ကြာအောင် မည်သို့ ပြန်ဖြေရမှန်းမသိ ဖြစ်သွားစေခဲ့သည်။

အနောက်တွင်တုန်းက သူ ဆရာ၀န် အသက်မွေး၀မ်းကြောင်း အလုပ်အကိုင်၏ နောက်ဆုံးမစ်ရှင်ကို တစ်လဟု အချိန်သတ်မှတ်ထားခဲ့သော်လည်း ထိုအချိန်တစ်လမှာ နေ့နှင့် ညတို့ ကူးပြောင်းရင်း မသိလိုက် မသိစွာဖြင့် ကုန်လွန်သွားခဲ့လေပြီ။ ထို့ပြင် လင်းရီကိုယ်တိုင်လည်း ယခုလို ဆရာ၀န်လုပ်ရသည်ကို အတော်လေး နှစ်ခြိုက်မိ၏။

အစကတော့ လင်းရီ နှလုံးအထူးကုဌာနတွင် အတော်ကြာအောင် အတွေ့အကြုံ ယူပြီးနောက် သားဖွားမီးယပ်ဌာနသို့ ပြောင်းရန် စီစဉ်ထားခဲ့သော်လည်း ယခု လင်းရီမှာတော့ ထိုကဲ့သို့အတွေးမျိုး မရှိတော့ချေ။

မလာမသိ ဆိုသကဲ့သို့ ယခုနေရာကြီးမှာ အင်မတန် နှလုံးနာကျင်ဖွယ်ရာကောင်းသည့် နေရာမျိုးဖြစ်၏။

သူ ICU အ၀င်၀ရှိ အထီးကျန်ဆန်မှုများကိုလည်း နားမလည်ပေးနိုင်သေးချေ။ နားမလည်ခြင်းမဟုတ်ပဲ သူ နားမလည်ဝံ့ခြင်းပင်။

လျိုဇီဟောက်၏ မိဘများမှာ အမှောင်ထဲတွင် မတ်တပ်ရပ်နေပြီး အာရုဏ်ဦး၏ အလင်းရောင်ကို လက်အုပ်ချီလျက် ဆုတောင်းနေ၏၊

အမှောင်ထဲမှ မိဘများ၏ မျှော်လင့်ချက်မဲ့ ငိုကြွေးသည့်အသံများ အစရှိသဖြင့် အဆိုပါမြင်ကွင်းများကို လင်းရီ နှလုံးဌာန၌ အချိန်အတော်အတန်ကြာ အလုပ်လုပ်ပြီးသည်တောင်မှ စိတ်နှလုံးတည်ငြိမ်စွာဖြင့် ရင်ဆိုင်နိုင်ရန် မဖြစ်သေးချေ။

ထိုအပိုင်းတွင်တော့ သူက လီချူးဟန်နှင့် ချောင်ရှင်းတို့ထက်ပင် အားနည်းနေသေး၏။

သူ ဤမစ်ရှင်ကို ဆင်မလုပ်ချင်တော့ဟု ပြောသည်ထက် ထို အနိဠာရုံများကို ကြောက်ရွံ့သောကြောင့်ဟု ပြောလျှင်ပိုမှန်လေသည်။

သို့သော်လည်း သူ ဆေးရုံကို ချစ်မြတ်နိုးပါသည်။ အနာဂတ်တွင် ယခုနေရာကို ပြန်လာသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ ယခုလောလောဆယ်တော့ ပတ်၀န်းကျင်အနေအထားကို တစ်ချက်ပြောင်းလဲပြီး သူ၏ စိတ်ခံစားချက်များကို တိုးတက်အောင် ပြုလုပ်ချင်နေခဲ့၏။

ထိုစဥ် လျန်ရူရွှယ် ခုံအောက်မှ ခြေဖျားဖြင့် လင်းရီကို လှမ်းတို့လိုက်သည်။

"ငါက ဒီတိုင်းမေးလိုက်တာကို နင်က ဘာတွေ အဲ့လောက်တောင် စဉ်းစားခန်း ၀င်နေတာ..."

"ဘာမှ မဟုတ်ပါဘူးကွာ.. ဒီတိုင်း ဆေးရုံက အတော်လေး စိတ်ဖိစီးဖို့ ကောင်းတဲ့ နေရာတစ်ခုလို့ ထင်မိလို့...."လင်းရီ ပြောလိုက်ပြီး "သာမန်လူတစ်ယောက်အတွက်တော့ သူတိူ့ ဒါမှမဟုတ် သူတို့ရဲ့ ဆွေမျိုးမိဘတွေဆီ လူနာလာကြည့်တာကို မြင်နေရတာကိုက ညှဉ်းပန်းမှုတစ်ခုလိုတောင် ဖြစ်နေပြီ...."

"ဘယ်တတ်နိုင်မှာ... ဘ၀ဆိုတာ အဲ့လိုမျိုးပဲလေ... နာကျင်မှုတွေ ခါးသီးမှု‌တွေဆိုတာ မရချင်တဆုံး ရောက်လာမှာပဲ.. ကိုယ်က ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ဖို့ပဲ တတ်နိုင်တယ်..."လျန်ရူရွှယ် သက်ပြင်းချလျက် ပြောလိုက်သည်။

"မင်းပြောတာ မှန်တယ်... ဒါပေမယ့် အဲ့တာကလည်း ငါ ဂရုစိုက်နေသင့်တဲ့ဟာ မဟုတ်ပါဘူးကွာ... မင်းတို့လို ရာထူးကြီးတဲ့သူတွေ ကိုင်တွယ်သင့်တဲ့ ကိစ္စ..."

"ငါက ဘာလုပ်နိုင်မှာ... ဒါက လူ့အဖွဲ့အစည်းတစ်ခုလုံး ကြုံတွေ့နေရတဲ့ ပြဿနာလေ..."လျန်ရူရွှယ် ကူကယ်ရာမဲ့နေသည့် လေသံဖြင့် ပြောလိုက်ပြီး

"လျိုဇီဟောက်အမှုကနေစပြီးတော့ ဆေးတန်ဖိုးတွေ မိုးလောက်မြင့်နေတာက ရေပန်းစားတဲ့ ဆွေးနွေးမှုတစ်ခုတောင် ဖြစ်လာပြီ..... ငါလည်း အဲ့ကိစ္စ တော်တော်လေး ခေါင်းခဲနေတာ..."

"ဒါက မင်းနဲ့ မဆိုင်ဘူး မဟုတ်လား... ခေါင်းခဲကြေးဆိုရင် ချိန်ရန်ရဲ့ အဖေပဲ ခေါင်းခဲနေရမှာပေါ့ ..."

"အန်ကယ်ချိန်နဲ့ ကျန်တဲ့သူတွေလည်း ဒီကိစ္စကို ခေါင်းခဲနေကြတာပဲလေ.. အရင်တုန်းက သူ Nosinogen Sodium ရဲ့ ဈေးနှုန်းကို ယွမ် ၈၇၀,၀၀၀ ကနေ ၇၀၀,၀၀၀ ဖြစ်အောင် လျော့ချပေးပြီးသွားပြီ... သူလည်း အဲ့လောက်ပဲ တတ်နိုင်တယ်... ဆေးဝါး ဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေကို အဲ့ထက်ပိုပြီး လျှော့ခိုင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး...."လျန်ရူရွှယ် ပြောလိုက်ပြီး "ပြီးတော့ နယ်ဘက်က တစ်ချို့နေရာတွေဆိုရင် ဒီကိစ္စကို ခုတုံးလုပ်ပြီးတော့ လူထုအုံကြွမှုတွေ ဖန်တီးလာနိုင်တယ်..."

"အဆင်ပြေသွားမှာပါ..."လင်းရီ အဓိက ဆေးဝါးကုမ္ပဏီ ခုနစ်ခုနှင့် ညှိုနှိုင်းဆွေးနွေးမှုအကြောင်း တစ်ခွန်းမျှ မဟချေ။

ယင်းကလည်း တစ်ဖက်အဖွဲ့အစည်းမှာ သူ၏ တောင်းဆိုချက်များကို သဘော တူမတူ မသေချာသောကြောင့်ပင်။

အကယ်၍ ငြင်းဆန်လိုက်မည်ဆိုပါက လျန်ရူရွှယ် စိတ်ပျက်သွားသည့် ဒဏ်ခံစားရခြင်းမှ ကင်းဝေးနိုင်လေသည်။

"ထားပါ.. ငါတို့လဲ စားပြီးပြီမလား.. ပြန်ကြစို့..."

သူမတို့ နှစ်ယောက်ကြားရှိ လေထုမှာ အနည်းငယ် လေးလံနေသည်ဟု ခံစားမိသောကြောင့် ညစာစားခြင်းကို အမြန်ဆုံး အဆုံးသတ်လိုက်သည်။

"ဒီညအားလား.. အားရင် ငါနဲ့အတူ အ၀တ်အစားတွေ လိုက်၀ယ်ပေးလေ..."

"မင်း တကယ်ကြီး ငါ ၀ယ်ပေးတဲ့ အတွင်းခံကို လိုချင်လို့လား...."

"တကယ်လို့ ငါ့ရဲ့ အထောက်အထားကို မေ့ထားမယ်ဆိုရင်တော့ နင်ငါ့ကို အဖော်ပြုပြီး ဈေး၀ယ်ပေးတာကို စိတ်မရှိပါဘူးနော်..."လျန်ရူရွှယ် ပခုံးတွန့်၍ ပြောလိုက်ပြီး"ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ နင့်ဆန္ဒတွေတော့ ပြည့်၀မှာ မဟုတ်တော့ဘူး... ငါက နင် ၀ယ်ပေးမှာကို တကယ်ကြီး စိတ်မ၀င်စားတာ... "

"တကယ်..."

"ဒါပေါ့...ငါ့ သူငယ်ချင်းက အတွင်းခံနဲ့ စတော်ကင်တွေ ရောင်းတာလေ.. သူ့ဆီ သွားလိုက်ရင် ဘာဆိုဘာမှ စိတ်ပူစရာ မလိုတော့ဘူး..."

"အား....."

လျန်ရူရွှယ် အော်ဟစ်လျက် လင်းရီ ဆွဲခေါ်လာသည့်နောက် လိုက်ပါသွားတော့သည်။

"မင်း သူငယ်ချင်းရဲ့ ဆိုင်က ဘယ်နေရာမှာလဲ...."

လျန်ရူရွှယ် "......"

ဘယ်လိုတောင် နှာဘူးထတဲ့သူလဲ...

လျန်ရူရွှယ် အမှန်အတိုင်းပြောနေခြင်းပင်။ သူမတွင် ကိုယ်ပိုင်ဆိုင်ရှိသည့် သူငယ်ချင်းများရှိလေသည်။ သို့သော်လည်း အတွင်း၀တ်များ ရောင်းချခြင်းမဟုတ်ပဲ စတော်ကင်များလောက်သာ ရောင်းချပေး၏။

အ၀တ်အစားများ ၀ယ်ယူပြီးနောက် လျန်ရူရွှယ် လင်းရီကို လက်၀တ်ရတနာဆိုင်သို့ ခေါ်လာ၍ သေးငယ်သည့် ငှက်မွေးပုံစံ လက်ကောက်၀တ်တန်ဆာကို ၀ယ်ယူလိုက်သည်။

လျန်ရူရွှယ် ထိုအဆင်တန်ဆာကို လင်းရီ လက်ကောက်၀တ်၌ ချည်ပေးရင်း "နင် မနက်ဖြန် ခွဲစိတ်မှု အောင်မြင်ပါစေနော်.. တကယ်လို့ နင်အားလို့ရှိရင် ငါလာလည်မယ်..."

"ကောင်းပြီလေ.. မင်းလည်း လိုအပ်တာတွေ ပြင်ဆင်ထားလိုက်... ဒီကိစ္စက လူထုကို ဧရာမ အကျိုးသက်ရောက်မှုကြီးတွေ ဖြစ်လာနိုင်တယ်ဆိုတော့ မင်းမျက်နှာပြဖို့ အခွင့်အရေးပဲ... "

"အွန်း.. ငါကြည့် စီစဉ်ထားလိုက်မယ်..."

လျန်ရူရွှယ်ကို အိမ်သို့ လိုက်ပို့ပြီးနောက် လင်းရီ ကျိုကျုံးဗီလာသို့ ပြန်လာခဲ့သည်။

သို့သော်လည်း လမ်းတစ်၀က် ရောက်သည့် အချိန်တွင် ကျောက်၀န်ထံမှ ဖုန်းဆက်လာခဲ့လေသည်။

"မစ္စတာလင်း ရှင်အလုပ်များနေလား.. အချိန်ရရင် ကျွန်မ ကော်ဖီလေးတစ်ခွက်လောက် တိုက်ချင်လို့…”

All Chapters