နတ်ဆိုးအရှင်သခင်တွေကို ဓားကမ္ဘာနဲ့အတူ ပျောက်ကွယ်သွားစေခြင်း
Vol. 61 Ch. 838
ပထမအဆင့်အထွတ်အထိပ်ဓားကွက်ရဲ့စွမ်းအားက လီဖူချန်းထင်ထားတာထက် ပိုသန်မာတယ်။
ကောင်းကင်မီးနေအက်ကွဲဓားက ဖီလီရဲ့ချီသွေးကို လှူံ့ဆော်ရုံသာ တတ်နိုင်ပေမယ့် ကောင်းကင်ပြောင်းလဲလှည့်လည်နဂါးထိုးဖောက်ခြင်းက ဖီလီရဲ့ချီသွေးအရင်းအမြစ်ကို ထိခိုက်စေနိုင်ခဲ့တယ်။
နတ်ဆိုးတွေက သတ်ဖို့ခက်ခဲတယ်၊ အကြောင်းကတော့ သူတို့ရဲ့ကြမ်းတမ်းတဲ့ချီသွေးအရင်းအမြစ်ကြောင့်ပါပဲ။ ဒါပေမယ့် သူတို့ရဲ့ချီသွေးအရင်းအမြစ်ကို ထိခိုက်သွားရင် သူတို့ရဲ့ပြန်လည်ပေါက်ဖွားဖြစ်ပေါ်လာခြင်းကို အကြီးအကျယ် လျော့ကျစေမယ်။
ဓားကွက်တစ်ခုတည်းက ဖီလီရဲ့အသက်စွမ်းအားကို သုံးဆယ်ရာခိုင်နှုန်းလောက် အားနည်းစေခဲ့တယ်။ နောက်ထပ်နှစ်ကွက်သုံးကွက်လောက်ဆိုရင် ဖီလီက မသေရင်တောင် သူက ကြောက်ဖွယ်လိလိအားနည်းသွားရပေလိမ့်မယ်။
"လေးလံပြင်းထန်ကြယ်တိုက်ဆောင့်ခြင်း"
ညာဘက်ဘေးနားမှာ ဂုရလို့ခေါ်တဲ့နတ်ဆိုးအရှင်သခင်တစ်ယောက်က မိုင်ရာအနည်းငယ်အထိ ဟိန်းဟောက်ရင်း လီဖူချန်းထံ တိုက်ခိုက်လာတယ်။
ဝုန်း.......
အရွယ်အစားအားဖြင့် မိုင်ရာအနည်းငယ်ရှိတဲ့ ဝတ္ထုတစ်ခုက ထိတ်လန့်တုန်လှုပ်စရာအရှိန်တစ်ခုနဲ့ ခရီးနှင်လာတယ်။ အဲဒါက တကယ်ကို ကြောက်စရာကောင်းလှတဲ့တိုက်ခိုက်မှုတစ်ခုပါပဲ။ ဟင်းလင်းပြင်က ပေါက်ကွဲသွားပြီး အဖျက်အဆီးမိုးကြိုးတွေက စီးဆင်းလာတယ်။ မိုင်တစ်သောင်းအကွာအဝေးအတွင်းမှာ ဖရိုဖရဲအခြေအနေက လွဲ၍ ဘာမှမရှိဘူး။ ဦးတည်ဘက်ကို ခွဲခြားဖို့တောင် မဖြစ်နိုင်ဘူး။
ထိုအခိုက်မှာ ရွေ့လျားရေးနည်းလမ်းအားလုံးက မထိရောက်တော့ဘူး၊ ရှောင်ဖို့တိမ်းဖို့ နည်းလမ်းလည်း မရှိတော့ဘူး။
လီဖူချန်းပြုလုပ်နိုင်တဲ့တစ်ခုတည်းသောအရာကတော့ နတ်ဆိုးအရှင်သခင်ဂုရကို ခုတ်ပိုင်းရန် ဖြစ်တယ်။
ဂျိုင်း......
ကြီးမားတဲ့မီးပွားတွေက နေရာတိုင်းကို လွင့်စင်လာတယ်။
လီဖူချန်းက တိုက်ဆောင့်မှုကြောင့် လွင့်စင်သွားပြီး သူ့ခန္ဓာကိုယ်မှ အက်ရာတွေတောင် ရှိလာတယ်။
"သူ သေသွားပြီးလား"
လီဖူချန်းရဲ့ခန္ဓာကိုယ်မှ အသံကို ကြားပြီး နတ်ဆိုးအရှင်သခင်ဂုရက နက်မှောင်အေးစက်တဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။
ဂုရက ဖီလီထက် အများကြီးပိုသန်မာပြီး မြန်နှုန်းကသာ နိမ့်ကျတာပါ။
တစ်ခါတုန်းက သူအသုံးပြုခဲ့တဲ့လေးလံပြင်းထန်ကြယ်တိုက်ဆောင့်ခြင်းက အဆင့်မြင့်သားရဲအရှင်သခင်တစ်ကောင်ကိုတောင် သေစေခဲ့တယ်။ အဆင့်မြင့်သားရဲအရှင်သခင်တစ်ယောက်ရဲ့အသက်စွမ်းအားက အဆင့်မြင့်သူတော်စင်တစ်ယောက်ရဲ့ဟိုးအထက်မှာ ရှိတယ်။
ကြယ်ပျံတစ်ခုပမာ လီဖူချန်းရဲ့ခန္ဓာကိုယ်မှာ အက်ရာတွေများစွာ ရှိခဲ့ပေမယ့် အက်ရာတွေက လျင်မြန်စွာ ပျောက်ကင်းသွားတယ်။
ကြယ်အင်မော်တယ်ခန္ဓာကိုယ်နဲ့ဆိုရင် ဒီတိုက်ဆောင့်မှုက ဖော်ပြဖို့ မထိုက်တန်လှပါဘူး။
ဒါ့ပြင် သူက အထွတ်အထိပ်ချပ်ဝတ်ကို ဝတ်ဆင်ထားတယ်။
"မသေဘူးလား" နတ်ဆိုးအရှင်သခင်ဂုရရဲ့အမူအရာက ပြောင်းလဲသွားတယ်။
"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"
ကောင်းကင်ကို ခုန်တက်လျက် လီဖူချန်းက နေနဲ့ တစ်တန်းတည်းမှာ ရပ်နေတယ်။ ပြီးနောက်ချက်ချင်းပဲ ကြီးမားတဲ့ဓားပင်လယ်တစ်ခုက နတ်ဆိုးအရှင်သခင်ဂုရကို နတ်ဆိုးအရှင်သခင်ဖီလီကို ဖုံးအုပ်သွားတယ်။
ဒီဓားပင်လယ်က ဟင်းလင်းပြင်နဲ့အစစ်အမှန်ကြားမှာ တစ်လှည့်စီဖြစ်ပေါ်နေတယ်။ နောက်ထပ်ကမ္ဘာတစ်ခု တည်ရှိနေတဲ့အလားပါပဲ။
အချက်အလက်အရ လူအများစုအတွက်တော့ နောက်ထပ်ကမ္ဘာတစ်ခုက ဓားပင်လယ်အတွင်းမှာ တည်ရှိနေတာပါပဲ။
အဲဒါက ဓားကမ္ဘာတစ်ခုကို ဖြစ်ပေါ်စေခဲ့တာကြောင့်ပဲ။
ဓားပင်လယ်က တဖြည်းဖြည်းနဲ့ ပုံရိပ်ယောင်အသွင် ပြောင်းနေတယ်၊ ဒါပေမယ့် အချိန်တစ်ခုကြာပြီးနောက် အဲဒါက အပြည့်အဝပျောက်ကွယ်သွားတယ်။
နတ်ဆိုးအရှင်သခင်ဂုရနဲ့နတ်ဆိုးအရှင်သခင်ဖီလီတို့အတွက်ကတော့ သူတို့ရဲ့အလောင်းတွေက ဓားပင်လယ်ထဲမှာ မတည်ရှိတော့ပါဘူး။
လီဖူချန်းက ဓားကွက်ကို ဖော်ထုတ်ခဲ့သူဖြစ်ပေမယ့် သူက အံ့အားသင့်နေရတုန်းပဲ။
သူက ပထမအဆင့်အထွတ်အထိပ်ဓားတစ်ကွက်ရဲ့စွမ်းအားကို အထင်သေးမိနေတုန်းပဲဆိုတာကို သူက သဘောပေါက်ခဲ့တယ်။
လီဖူချန်းရဲ့မသိစိတ်က ပြောပြနေခဲ့တယ်၊ ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့အံ့ဖွယ်သဘာဝဓားသူတော်စင်တို့ကတောင် နတ်ဆိုးအရှင်သခင်နှစ်ယောက်ကို ဒီလိုအချိန်တိုလေးအတွင်းမှာ မသတ်ဖြတ်နိုင်ပါဘူး။
သူတို့နှစ်ယောက်က အားကောင်းတယ်၊ ဒါပေမယ့် ဓားတာအိုနားလည်မှုက လီဖူချန်းထက် နိမ့်ကျတယ်။
နတ်ဆိုးအရှင်သခင်တစ်ယောက်ရဲ့အသက်စွမ်းအားက ကြမ်းတမ်းခိုင်ခံလွန်းတယ်၊ လီဖူချန်းက သူတို့ရဲ့အသက်စွမ်းအားကို နည်းနည်းချင်းဆီ ရိတ်သိမ်းနေရင် အချိန်ဘယ်လောက်တောင်ကြာမလဲကို ဘယ်သူမှ မသိနိုင်ပါဘူး။
ဒါပေမယ့် တစ်ယောက်ယောက်မှာ လီဖူချန်းလိုလုံလောက်တဲ့ဥပဒေသနားလည်မှုရှိနေရင် သူက ရန်သူရဲ့ချီသွေးအရင်းအမြစ်ကို တိုက်ခိုက်နိုင်တယ် ဒါမှမဟုတ် သူတို့ကို ဓားကမ္ဘာတစ်ခုထဲမှာ ထောင်ချောက်ဆင်ဖမ်းဆီးထားပြီး ဓားကမ္ဘာစွမ်းအားကို အသုံးပြုလျက် သူတို့ကို ပျောက်ကွယ်အောင်လုပ်နိုင်တယ်။
"ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက တကယ်ကို ထူးခြားပြောင်မြောက်လှတယ်။ ငါက ကျူးနန်ရှန်နဲ့ရင်ဆိုင်ရရင်တောင် ငါက သူ့ကို ရင်ဆိုင်နိုင်လောက်တယ်"
ကျူးနန်ရှန်က မယုံနိုင်စရာကောင်းလွန်းနေတာက သူ့ရဲ့အထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းတွေရဲ့ကြီးမားလှတဲ့အရေအတွက်ကြောင့်ပဲ၊ သူ့မှာ ပထမအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုတောင် ရှိတယ်။ ဒါပေမယ့် ပြင်ပခွန်အားက ပြင်ပခွန်အားသာ ဖြစ်ပြီး ကိုယ်ပိုင်ခွန်အားလောက် ယုံကြည်ကိုးစားလို့မရနင်ပါဘူး။
လက်ကို ဆန့်ထုတ်လိုက်ရာ အနက်ရောင်လက်စွပ်နှစ်ကွင်းက လီဖူချန်းရဲ့လက်ထံ ရောက်ရှိလာတယ်။
နေရာလပ်လက်စွပ်နှစ်ကွင်းက သိုလှောင်အိတ်တွေထက် အဆင့်အားဖြင့် ပိုမြင့်ပြီး အတွင်းမှာ ကြီးမားတဲ့နေရာလွတ် ရှိတယ်။
နက်ပြာပလိန်းထဲမှာ ရှားပါးတဲ့သူတော်စင်အနည်းငယ်ကသာ နေရာလပ်လက်စွပ်တွေကို ပိုင်ဆိုင်တယ်။
နေရာလပ်လက်စွပ်တွေပေါ်ရှိ အမှတ်အသားကို ပယ်ဖျက်ပြီးနောက် လီဖူချန်းက ဖွင့်လိုက်ရာ အရင်းအမြစ်များစွာကို မြင်လိုက်ရတယ်။ ဒါပေမယ့် အရင်းမြစ်အများစုက အမှောင်စွမ်းရည်နဲ့ သက်ဆိုင်တာများတယ်။
"နေရာလပ်ပုံဆောင်ခဲတွေအများကြီးရှိနေတာပဲ"
လီဖူချန်းရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။ နေရာလပ်လက်စွပ်နှစ်ကွင်းအတွင်းမှာ နေရာလပ်ပုံဆောင်ခဲတွေတစ်ပုံတစ်ပင် ရှိနေတာပဲ။ အသေးငယ်ဆုံးနေရာလပ်ပုံဆောင်ခဲတစ်ခုက သစ်ကြာသီးတစ်လုံးအရွယ်အစားရှိပြီး အကြီးဆုံးတစ်ခုကတော့လက်သီးအရွယ်အစားရှိတယ်။ ဈေးကွက်ပေါ်မှာ ပဲစေ့အရွယ်အစားနေရာလပ်ပုံဆောင်ခဲတစ်ခုက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁၀၀၀ထိုက်တန်တယ်။ အရွယ်အစားနှစ်ဆရှိတဲ့ပုံဆောင်ခဲတွေအတွက်ကတော့ ကျသင့်ငွေက နှစ်ဆမဟုတ် ငါးဆလောက် ရှိတယ်။
ဒါကြောင့် သစ်ကြာသီးအရွယ်အစားနေရာလပ်ပုံဆောင်ခဲတစ်ခုရဲ့စွမ်းအားက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်တုံးထက် မနိမ့်ကျပါဘူး။
လက်သီးအရွယ်အစားနေရာလပ်ပုံဆောင်ခဲတစ်ခုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ရာအောက် မကျပါဘူး။
ဒီနေရာလပ်ပုံဆောင်ခဲတွေက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ထောင် ထိုက်တန်တယ်။
နေရာလပ်ပုံဆောင်ခဲတွေအပြင် အထွတ်အထိပ်ဆေးပင်အနည်းငယ်ကို တွေ့လိုက်ရတယ်။ အများစုက အမှောင်စွမ်းရည်နဲ့ သက်ဆိုင်တယ် ဒါပေမယ့် သူက အဲဒါတွေကို ရောင်းချမယ်ဆိုရင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဒါဇင်အနည်းငယ်တော့ ရရှိလာလိမ့်မယ်။
"ဒီနတ်ဆိုးအရှင်သခင်တွေက တကယ်ကို ချမ်းသာတာပဲ"
နေရာလပ်လက်စွပ်တွေကို သိမ်းဆည်းပြီးနောက် လီဖူချန်းက နတ်ဆိုးစစ်တပ်ဆီ ပျံသန်းသွားတယ်။
အနက်ရောင်ဒီရေအလားနတ်ဆိုးစစ်တပ်ရဲ့ရှေ့မှာ လူသားပုံရိပ်တစ်ခုက ထွက်ပေါ်လာတယ်။
"သေကြစမ်း"
သက်ညှာခြင်းမရှိဘဲ လီဖူချန်းက ဆောင်းဦးမိုးဓားကို ဆွဲထုတ်ကာ အဆုံးမဲ့တောက်ပခြင်းဓားကွက်ကို ထုတ်ဖော်လိုက်တယ်။
အဆုံးမဲ့တောက်ပခြင်းက နတ်ဆိုးစစ်တပ်အပေါ် အလင်းကျရောက်သွားတယ်။ အလင်းကျရောက်သွားတဲ့ဘယ်နတ်ဆိုးမဆို နတ်ဆိုးမင်းဖြစ်နေရင်တောင် ပြာမှုန့် ဖြစ်သွားရတယ်။
ဓားတစ်ကွက်တည်းက နတ်ဆိုးစစ်တပ်တစ်ခုလုံးကို အစုလိုက်အပြုံလိုတ်သတ်ဖြတ်ခဲ့တယ်။
အကြွင်းမဲ့ခွန်အားနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ အရေအတွက်အားလုံးက အလကားဖြစ်ခဲ့ရတယ်။
ဓားစက်ကွင်းကြီးမားလာတာနဲ့အမျှ အဲဒါက လွတ်မြောက်ဖို့ကြိုးစားနေတဲ့နတ်ဆိုးတွေကို သုတ်သင်ခဲ့တယ်။ ပြီးနောက် လီဖူချန်းက ဧကရာဇ်ကောင်းကင်တိုက်ကြီးဆီ တစ်ဟုန်ထိုးပြေးသွားတော့တယ်။
"သတ်ကြ၊ နတ်ဆိုးတွေကို သုတ်သင်ရှင်းလင်းကြ"
အခု ဧကရာဇ်ကောင်းကင်တိုက်ကြီးက စစ်ပွဲကြောင့် ဖရိုဖရဲဖြစ်နေတယ်။ နတ်ဆိုးတွေက နေရာတိုင်းမှ ထွက်ပေါ်လာနေတယ်။ သူတို့က သတ်ဖြတ်မှုကို တရစပ်ပြုလုပ်နေကြတယ်။
ကံကောင်းသွားတာက ဧကရာဇ်ကောင်းကင်တိုက်ကြီးက ထိပ်တန်းအလယ်ဆင့်တိုက်ကြီးတစ်ခု ဖြစ်နေလို့ပဲ။ သာမန်အလယ်ဆင့်တိုက်ကြီးတစ်ခုဆိုရင် သူတို့က ခုခံနိုင်မှာမဟုတ်ဘူး။
လွင့်မျောကောင်းကင်တောင်မှာ နတ်ဆိုးမင်းတစ်ဖွဲ့က လွင့်မျောကောင်းကင်တောင်ရဲ့အစီအရင်ကို တိုက်ခိုက်နေတယ်။
အစီအရင်က ပြိုကွဲခါနီးမှာ သတ္တုရုပ်တုတစ်ခုက ပျံသန်းလာတယ်။
"သေကြစမ်း"
သတ္တုရုပ်တုက သတ္တုဓားတစ်လက်ကို ဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်တယ်၊ နတ်ဆိုးမင်းဆယ်ယောက်ကျော်က အပိုင်းပိုင်းဖြစ်သွားတယ်။
"ရုပ်တုတစ်ခုရဲ့စိတ်တန်ခိုးစွမ်းအားက ဒီလောက်တောင်ကြမ်းတမ်းလှပါလား"
နတ်ဆိုးမင်းအုပ်စုထဲမှ အလွန်အားကောင်းတဲ့နတ်ဆိုးမင်းတစ်ယောက်က ပျံသန်းထွက်လာတယ်။ ယခုထိတိုင် ဒီနတ်ဆိုးက ဘာမှမလုပ်ရသေးပါဘူး။
ဝုန်း........
သတ္တုရုပ်တုက ထိုနတ်ဆိုးမင်းကို ခုတ်ပိုင်းလိုက်တယ်။
နောက်အခိုက်အတန့်တွေမှာတော့.........
အား.......
နတ်ဆိုးမင်းက အဆက်မပြတ်ခုတ်ပိုင်းခံနေရတယ်။
"ဒီလိုစွမ်းအား"
လွင့်မျောကောင်းကင်တောင်ရဲ့အစီအရင်ထဲမှာ ရှိနေသူတွေက စိတ်သက်သာရစွာ သက်ပြင်းတစ်ချက်ချလိုက်တယ်။ လီဖူချန်းရဲ့စိတ်တန်ခိုးစွမ်းအားရုပ်တုက ဒီနေရာမှာ ရှိနေရင် ထိုနတ်ဆိုးတွေက အောင်မြင်နိုင်တော့မှာမဟုတ်ဘူ။
"ငါ့ရဲ့မူလခန္ဓာကိုယ်က ပြန်လာပြီ" သတ္တုရုပ်တုက တစ်ခုခုကို ခံစားမိသွားပုံရတယ်၊ သူ့ရဲ့မာကျောတဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုက ဖြစ်ပေါ်လာတယ်။
ဒီသတ္တုရုပ်တုမှာ လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားရှိပြီး ရိုးရှင်းတဲ့အတွေးတွေကို လုပ်ဆောင်နိုင်စွမ်းရှိတယ်။
ဧကရာဇ်ကောင်းကင်တိုက်ကြီးရဲ့အပြင်ဘက်မှာ လီဖူချန်းက ချဉ်းကပ်လာနေရင်း အဖျက်အဆီးလှိုင်းတစ်ခု ရိုက်ခတ်လာတာကို သူက ခံစားမိတယ်။
လီဖူချန်းက ပြဿနာမရှိပါဘူး၊ သူက ခန္ဓာကိုယ်အပြင်အားသူတော်စင်တစ်ယောက်ဖြစ်လာတာကြောင့် ရေနက်တိုက်ကြီးထဲကို သူ ဝင်တုန်းအချိန်ကလိုမျိုး တိုက်ကြီးရဲ့စိတ်တန်ခိုးစွမ်းအားကို သူ ခံစားနေရတာပေါ့။
စိတ်မကောင်းစရာတစ်ခုကတော့ အလယ်ဆင့်တိုက်ကြီးတွေက လီဖူချန်းဝင်ရောက်ခြင်းမှ မတားဆီးနိုင်ပါဘူး။
သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလျက် လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို ချို့ယွင်းချက်မဲ့ဖုံးကွယ်ထားတယ်။ ပြီးနောက် သူက ဧကရာဇ်ကောင်းကင်တိုက်ကြီးထဲသို့ တစ်ဟုန်ထိုးဝင်ရောက်သွားတော့တယ်။
လမ်းတစ်လျှောက်မှာ လီဖူချန်းက သူ့ရဲ့ဓားစွမ်းကွင်းကို အကန့်အသတ်မဲ့ထုတ်ဖော်ထားတယ်။ ဓားစက်ကွင်းအတွင်းရှိဘယ်နတ်ဆိုးမဆို ပြာဖြစ်သွားပေမယ့် လူသားတွေက ဒဏ်ရာရခြင်း မရှိဘူး။
မကြာမီမှာပဲ လီဖူချန်းက လွင့်မျောကောင်းကင်တောင်ကို ရောက်ရှိသွားတယ်။
"ကြိုဆိုပါတယ်" သတ္တုရုပ်တုက နတ်ဆိုးတွေကို သတ်ဖြတ်ခြင်းအား ရပ်တန့်လိုက်တယ်။
"မင်းရဲ့ခွန်အားကို တိုးမြှင့်ဖို့အချိန်ပဲ" လက်ညှိုးညွှန်ပြချက်တစ်ချက်နဲ့အတူ လီဖူချန်းက သတ္တုရုပ်တုရဲ့နဖူးထဲသို့ တောက်ပအလင်းတစ်ခုကို ပစ်လွှတ်လိုက်တယ်။
တစ်ဆက်တည်းမှာပဲ သတ္တုရုပ်တုရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
"သေကြစမ်း"
ဓားဝှေ့ယမ်းမှုနဲ့အတူ ဟင်းလင်းပြင်က တုန်ခါသွားတယ်။ ပြီးနောက်ချက်ချင်းပဲ လွင့်မျောကောင်းကင်တောင်ကို ဝိုင်းရံထားတဲ့နတ်ဆိုးတွေအားလုံး ဇီဝိန်ချုပ်သွားတယ်။
"အတော်လေးအသုံးကျသားပဲ။ ကံမကောင်းတာက စိတ်ဝိညာဉ်စွမ်အားကို ခွဲထုတ်တာက သိသာထင်ရှားတဲ့သက်ရောက်မှုတစ်ခု ရှိတယ်"
လီဖူချန်းလို ပုံမှန်မဟုတ်ထူးကဲတဲ့စိတ်ဝိညာဉ်စွမ်းအားရှိသူတွေသာ စိတ်ဝိညာဉ်စွမ်းအားရဲ့အပိုင်းအစတစ်ခုကို ခွဲထုတ်နိုင်တယ်။ အခြားတစ်ယောက်ယောက်သာဆိုရင် စိတ်ဝိညာဉ်စွမ်းအားရဲ့အပိုင်းအစတစ်ခုကို ခွဲထုတ်ခြင်းက စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်တယ်။ ပြီးတော့ အဲဒါက ကင်းထောက်ဖို့ စိတ်ဝိညာဥ်စွမ်းအားကို အသုံးပြုတာမဟုတ်ဘူး၊ အပိုင်းတစ်ခုကို ခွဲထုတ်ခြင်းလေ။ စိတ်ဝိညာဉ်စွမ်းအားရဲ့အပိုင်းမှာ စိတ်ပိုင်းဆိုင်ရာသက်ဝင်မှုရှိပြီး အဲဒါက ဉာဏ်ရှိတဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့အရေးကြီးဆုံးအရာတွေထဲကတစ်ခု ဖြစ်တယ်။
***