ငါတို့ နည်းနည်းလေးပဲ မြတ်တယ်ဆိုပေမယ့် လင်းရီက အများကြီး ဆုံးရှုံးသွားတယ်လေ..
Vol. 37 Ch. 551
"မင်းအခု ဘယ်မှာလဲ..."
"ပန်နီဆူလာဟိုတယ်မှာ..."
"နာရီ၀က်အတွင်း ရောက်မယ်... အဲ့မှာ စောင့်နေ...."
သို့နှင့် လင်းရီ ကားကို ပြန်လှည့်ပြီး ပန်နီဆူလာဟိုတယ်သို့ ဦးတည်လိုက်သည်။
ပထမထပ်ရှိ ကော်ဖီဆိုင်သို့ ရောက်သောအခါ ကျောက်၀န်မှာ ထောင့်တစ်နေရာတွင် နေရာယူပြီး ဖြစ်ကြောင်း တွေ့လိုက်ရ၏။
နေ့လည်ခင်းမှ အ၀တ်အစားများနှင့် နှိုင်းယှဉ်လျှင် ယခု အ၀တ်အစားများက ပို၍ သာမန်ဆန်ပြီး သူမကို တက္ကသိုလ်ကျောင်းသူလေးအလားပေါ်လွင်နေစေသည်။
"ဌာနချုပ်ဘက်က အကြောင်းပြန်လာပြီလား...."
ထိုင်ပြီးနောက် လင်းရီ မေးမြန်းလိုက်၏။
"ဌာနချုပ်ဘက်က သဘောတူလိုက်တယ်..."ကျောက်၀န် ခေါင်းညိမ့်လိုက်ပြီး "ရှင်ပြောတဲ့ ယွမ်တစ်သိန်းကျော်တဲ့ ဆေးဝါးတွေက ဈေးကွက်ထဲမှာ ၇၈ မျိုးတောင် ရှိတယ်.... Pfizer နဲ့ အဓိက ဆေးကုမ္ပဏီကြီး ခြောက်ခုက ကုမ္ပဏီ ၄၂ ခုကို ရှင့်ကိုယ်စား ဆက်သွယ်ပြီးသွားပြီ.. ကျန်နေသေးတဲ့ ကုမ္ပဏီတစ်ဒါဇင်ဆီက အကြောင်းပြန်စာကို စောင့်ဆိုင်းနေတုန်း ဆိုပေမယ့် ကျန်တဲ့ ကုမ္ပဏီတွေကတော့ တောင်းဆိုမှုကို ပြတ်ပြတ်သားသား ငြင်းဆိုထားတယ်...ဒါကြောင့်မို့ ရှင်ပြောသွားတဲ့ ဆေးတွေထဲက Nosinogen Sodiumနဲ့ Zolgensmaအပါအ၀င် အမျိုးပေါင်း ငါးဆယ်လောက်ပဲ ဈေးလျှော့ပေးနိုင်မှာ....."
"စားပွဲထိုး..."လင်းရီ စားပွဲရှိ ဘဲလ်ကို တီးလိုက်၏။
"အမိန့်ရှိပါ ဘော့စ်...."
"ဒီရဲ့ အမျိုးသမီးကို ၈၂ ခုနစ်က လက်တေးတစ်ခွက်လောက်ချပေးလိုက်... "
"ရှင် ကျွန်မကို အသေသတ်ချင် နေတာလား......"
"ငါ့ရဲ့ သဘောထားကို ဖော်ပြရုံလေးတင်ပါ... "လင်းရီ ပြုံးလိုက်ပြီး "အမှန်အတိုင်းပြောရရင် ဒီလောက်ထိ ကောင်းကောင်းဆွေးနွေးနိုင်လိမ့်မယ်လို့တောင် ထင်မထားဘူး.. မင်းက ငါ မျှော်လင့်ထားတာထက်ကို ကျော်လွန်နေတာပဲ..."
"အကျိုးအမြတ်ရမယ်ဆိုလို့ကတော့ သူတို့က ဘာလုပ်ပေးရ ပေးရ အဆင်သင့်ပဲလေ.. "ကျောက်၀န်ပြောပြီးနောက် သူမ နာရီကို ကြည့်ကာ " ခု U.S စံတော်ချိန်အရဆိုရင် မနက် ၁၀ နာရီတောင် ထိုးတော့မယ်ဆိုတော့ တရား၀င် စာချုပ်ကို မနက်ဖြန် နေ့လည် ၁၂ မထိုးခင် ရှင့်ဆီ ပို့ပေးလိုက်မယ်... ကျွန်မ တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်ရမလား.. ဒါမှမဟုတ် ရှင် ကျွန်မဆီ လာယူမှာလား..."
"မနက်ဖြန်ကျရင် အရေးကြီးတဲ့ ခွဲစိတ်မှုရှိသေးတယ် .. ညအထိ အားမှာ မဟုတ်ဘူး.. ဆေးရုံကိုပဲ ယူခဲ့လိုက်... ငါ စာချုပ်ကို အရင်ဆုံး ဖတ်ထားကြည့်လိုက်မယ်...."
အဖွဲ့အစည်း နှစ်ခုကြားရှိ စာချုပ်မှာ တတ်နိုင်သမျှ မြန်မြန် အကျိုးသက်ရောက်သည်က ပိုကောင်း၏။ မနက်ဖြန် ခွဲစိတ်မှုပြုပြီးနောက် သူ SMA ကို စတင် ကုသပေမည်။ အကယ်၍ စောစီး လက်မှတ်ထိုးထားပါက အကျိုးအမြတ်များကို ချက်ချင်း ရယူနိုင်လိမ့်မည်။
"ကောင်းပြီလေ.. ဒါဆို တရား၀င် စာချုပ် ရောက်လာတာနဲ့ ဆေးရုံကို ပို့ထားပေးလိုက်မယ်..."
ထို့နောက် နှစ်ယောက်သား တစ်နာရီခန့်ကြာအောင် ထွေရာလေးပါး ပြောဆိုပြီးနောက် လမ်းခွဲလိုက်ကြသည်။
လင်းရီကတော့ ထွက်သွားမနေတော့ပေ။ သူ၏ ကိုယ်ပိုင်အခန်းထဲသို့ပြန်ရင်း ထိုညကို ဟိုတယ်၌သာ ကုန်ဆုံးလိုက်တော့၏။
.........
ရန်ကျင်း ဟွာယင်း အုပ်စု... အဆထွအထွေ မန်နေဂျာ ရုံးခန်း။
ရုံးခန်းထဲရှိ လေထုမှာ အလွန်အမင်း လေးလံနေပြီး ကျောက်မိုနှင့် ကျန်သူများအားလုံး လက်ထဲ၌ စီးကရက် ကိုယ်စီ ညှပ်ထားကြ၏။ ကြမ်းပြင်ပေါ်တွင်လည်း ပြာများဖြင့် ဖုံးလွှမ်းနေလေသည်။
ထိုရုံးခန်းထဲ၌သာ တစ်နေ့လုံး ထိုင်နေပြီး စားသောက်ရုံမှ လွဲ၍ သူတို့လေးယောက်လုံး အပြင်သို့ မထွက်ကြချေ။ ထို့ပြင် ၎င်းတို့ တစ်ဦးချင်းစီ၏ အမူအရာမှာလည်း တစ်ဦးထက်တစ်ဦး ပိုဆိုးနေကြတော့၏။
ယင်းကလည်း သူတို့အားလုံး Didi ၏ ရှယ်ယာများကို ပွဲစားများထံမှ ချေးငှားထားပါသော်လည်း လေးယောက်ပေါင်းထားသည့် ပမာဏကပင် လုံလောက်ခြင်း မရှိသောကြောင့်ပင်။ မူလက သူတို့ တွေးထင်ထားသည်မှာ ၉၀ ဘီလီယမ်လုံးကို တစ်ချီတည်း ထုတ်ရောင်းလိုက်သည်နှင့် Didi ကို အမှောက်သိပ်နိုင်လိမ့်မည်ဟု စိတ်ကူးထားကြသော်လည်း လက်တွေ့တွင်တော့တစ်ဖက်သူမှာ သူတို့ ထုတ်ရောင်းလာခဲ့သမျှကို အကုန်အစင် ပြန်လည် ၀ယ်ယူသွားခဲ့လေသည်။
သူတို့ လေးယောက်အတွက်တော့ လင်းယွမ်အုပ်စုမှာ အဆုံးမရှိသည့် တွင်းနက်ကြီးကဲ့သို့ပင်။ သူတို့ ပိုက်ဆံ မည်မျှပင် ပစ်ထည့်နေစေကာမူ ၎င်းက စုပ်ယူသွားလိမ့်ပေမည်။
ထိုအချက်က ကျောက်မို၏ ဆုံးဖြတ်ချက်ကို ဒွိဟ ဖြစ်သွားစေခဲ့၏။ ထိုအချိန်တွင်ပဲ ရုံးခန်းတံခါးကို တစ်စုံတစ်ယောက်မှ တံခါးလာခေါက်လေသည်။
"၀င်ခဲ့..."
ဖုကျိန်းရီ တုန်တုန်လှုပ်လှုပ်ဖြင့် ၀င်လာပြီး "ဒါရိုက်တာကျောက်.. ဒုတိယအကျော့မှာ ရောင်းချထားတဲ့ ပမာဏက ၅၀ ဘီလီယမ်ကို ရောက်ရှိနေပါပြီ...ဒါပေမယ့် လင်းယွမ် အုပ်စုဘက်ကလည်း ၀ယ်ယူနေတုန်းပါ.. အဲ့တာအပြင် ထရိတ်ဒါ အသေးစားလေးတွေက ပထမ အကျော့တုန်းကလို ထရန်းနောက် မလိုက်ခဲ့တော့ ဘီလီယမ် အနည်းငယ်ပဲ ထုတ်ရောင်းလာခဲ့ကြပါတယ်... "
"ကောင်းပြီ.. ငါ နားလည်ပြီ... မင်းသွားလိုက်တော့..."ကျောက်မို အေးစက်စွာ ဆိုလိုက်သည်။
မကြာမီ ရုံးခန်းထဲရှိ လေထုမှာ တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။လုရွှမ် ဆေးလိပ်မီးကို ခြေထောက်ဖြင့် နင်းငြိမ်းသတ်ရင်း "ငါလခွမ်းတွေ ဖြစ်ပျက်နေတာလားကွာ.. ၄၄ ဘီလီယမ်ပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် သူ စုပ်ယူထားတဲ့ ပမာဏက ၉၅ ဘီလီယမ်တောင် ရှိသွားပြီ.. သူအဲ့လောက် ပိုက်ဆံတွေ အများကြီးကို ဘယ်က ရခဲ့တာလဲ..."
ထိုမေးခွန်းကို စဉ်းစားနေသည်မှာ လုရွှမ်တစ်ဦးတည်း မဟုတ်ပေ။ ကျောက်မိုနှင့် ကျန်သူများလည်း အဖြေထုတ်နေကြလေသည်။
လင်းရီက အဲ့ပိုက်ဆံတွေကို ဘယ်ကနေ ရခဲ့တာလဲ...
အကယ်၍ လင်းယွမ်အုပ်စုကို ရောင်းချထားလျှင်တောင် ထိုမျှ ငွေအများအပြား ရှိနေသည်က လုံး၀ မဖြစ်နိုင်ခြေ။
"ခုက အဲ့ကိစ္စကို အာရုံထားနေရမယ့် အချိန်မဟုတ်ဘူး... "စွန်းချဲ့ မျက်လုံးတို့ ကျဉ်းမြောင်းရင်း ပြောလိုက်ပြီး "သူ့လက်ထဲမှာ ငွေဘယ်လောက်မှ မကျန်တော့ဘူးလို့ ငါထင်တယ်... သူတို့နဲ့ ငါတို့ကြားက အခြေအနေလည်း သေချာပေါက် ဘာမှ သိပ်ကွာမှာ မဟုတ်လောက်ဘူး.. သူလည်း ခုချိန်ဆို ဗျာများနေလောက်ပြီ...."
"ငါလည်း စွန်းကြီးပြောတာကို ထောက်ခံတယ်..."ဂူချန်းချွမ်မှ ပြောလိုက်ပြီး "ငါတို့လက်ထဲမှာတောင် ရှယ်ယာက ဆယ်ဘီလီယမ်ပဲ ကျန်တော့တာ ဆိုတော့ သူ့လက်ထဲမှာ ကိုးဘီလီယမ်လောက်ပဲ ရှိတော့မှာ... ငါတို့ လက်လျော့လိုက်လို့ မဖြစ်ဘူး...."
စွန်းချဲ့ ပခုံးတွန့်လိုက်ပြီး "အဲ့လိုလုပ်ရုံကလွဲရင် တခြား ရွေးချယ်စရာကော ရှိသေးလို့လား.. ငါတို့ လက်ထဲက ရှယ်ယာတွေက ချေးထားတာလေ.. မဖြစ်မနေ ထုတ်ရောင်းရမှာပဲ..."
"ကောင်းပြီ ကောင်းပြီ.. မင်းတို့ကောင်တွေက ဘာလို့ အဲ့လောက် ညဉ်းနေကြတာ..."ဂူချန်းချွမ် ဆေးလိပ်အသစ် နှိုက်လိုက်ပြီး "Muddy waters ဘက်က သေချာလေး ပြင်ဆင်နေပြီ.. သူတို့ဘက်က စလှုပ်ရှားတာနဲ့ Didi ရဲ့ ဂုဏ်သတင်းက သေချာပေါက် စုတ်ပြတ်သပ်သွားမှာပဲ... ဒီလောက်လေး ရှုံးတာကို မချိတင်ကဲ ဖြစ်မနေနဲ့ကြဦး...."
"ဘော့စ်ဂူပြောတာမှန်တယ်... အလွန်ဆုံး ငါတို့ရမယ့် အကျိုးအမြတ်တွေ နည်းသွားရုံပဲ ရှိမှာ..."စွန်းချဲ့ ပြောလိုက်ပြီး "ငါတို့ အားလုံး ချေးထားတဲ့ ရှယ်ယာတွေက တစ်ရာဘီလီယမ်ကျော်တယ်ဆိုတော့ Muddy Waterဘက်ကသာ လှုပ်ရှားလာမယ်ဆိုရင် ဘီလီယမ် အနည်းငယ်လောက်တော့ အဖတ်တင်မှာပါဟ..."
"ဒါပေမယ့် ပလန် အကြီးကြီးတွေ ရှယ်ချပြီးတော့မှ အဲ့လောက်နည်းနည်းလေး ရတာကတော့ မတန်ဘူးလေကွာ... "ကျောက်မို ပြောလိုက်၏။
"ညီကိုမို.. မင်းက အကျိုးအမြတ် နည်းတာကိုပဲ ကြည့်နေတာကိုး..."စွန်းချဲ့ ရယ်မောလိုက်ပြီး "မင်းအနိုင်ရနေသရွေ့ လူတိုင်းက သောက်ရမ်း အံ့ဩဖို့ကောင်းတဲ့ ရင်းနှီးမြုပ်နှံသူ တစ်ယောက်အဖြစ် ရှုမြင်လာကြတော့မှာလေ.. ဒုတိယ Soros လိုမျိုး ဖြစ်မလာနိုင်ဘူးလို့ ပြောရလား..."
"ကောင်းပြီလေ.. မုန့်ဖိုးလည်း မုန့်ဖိုးအလိုက်ပေါ့... မဟုတ်ဘူးလား..."ကျောက်မိ ပြောလိုက်ပြီး "ဒါပေမယ့် ဒီကောင် လင်းရီကတော့ အတော်လေး မခေဘူး... ဒီလောက်ပမာအထိ စုပ်ယူနိုင်တာကျတော့ ငါမျှော်မှန်းထားတာထက်ကို ကျော်လွန်သွားပြီ..."
"မစိုးရိမ်နဲ့... ဒါလည်း သေချာပေါက် မရိုးသားဘူး.."စွန်းချဲ့ပြောလိုက်ပြီး "တိုးတက်နေတဲ့ ကုမ္ပဏီတစ်ခုက လက်ထဲမှာ ငွေသားတွေ အများကြီး ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. တကယ်လို့ ငါတို့ ပိုက်ဆံပြတ်ရင်တောင် ဘဏ်ကနေ ချေးလို့ရတယ်... ငါတို့ဘက်က အကျိုးအမြတ် နည်းနည်းလေးပဲ ရတယ်ဆိုပေမယ့် သူ့ဘက်ကတော့ အများကြီး ဆုံးရှုံးသွားမှာ... သူ့အကြွေးတွေ ပြန်ဆပ်ဖို့ Didi ကို ရောင်းလိုက်ရတာတောင် ဖြစ်နိုင်တယ်... စောင့်ကြည့်ကြတာပေါ့ကွာ.. ငါတို့ ဒီပွဲ နိုင်ကိုနိုင်တယ်...."
"အင်း မင်းပြောမှ ငါလည်း သတိထားမိတော့တယ်..."ကျောက်မို သူ့မေးစေ့ကို ပွတ်လိုက်ပြီး "ဒီကောင် အဆုံးကျ အကြွေးတွေ ဘယ်လိုပြန်ဆပ်မလဲ ဆိုတာ စောင့်ကြည့်ကြတာတာပေါ့ကွာ ...."
"ဒါဆိုလည်း လစ်စို့လေ...နိုင်မယ်မှန်း သေချာနေမှတော့ ဒီမှာ ထိုင်နေပြီး ဘာလဲလုပ်မှာ.... ငါတို့ အရင်တစ်ခေါက် သွားခဲ့တဲ့ ရေပူစမ်းက အတော်လေး မဆိုးဘူး.. ပြန်သွားကြရအောင်..."လုရွှမ်ပြောလိုက်၏။
"မလောသေးနဲ့ဦး... ငါ Muddy waters ကို ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ထားဖို့ ပြောလိုက်ဦးမယ်.. ငါတို့လက်ထဲမှာ ရှယ်ယာ ၁၀ ဘီလီယမ် ရှိသေးတယ်ဆိုတော့ မနက်ဖြန်အထိ လောက်ငှဦးမှာပါ.. ခုက သူတိူ့ ကစားပွဲထဲ ၀င်ရောက်လာရမာ့် အချိန်ပဲ..."ကျောက်မို သူ့ဖုန်းကို ကိုင်ရင်း ပြေ လိုက်ပြီး "ငါ ထပ်မစောင့်နိုင်တော့ဘူး...."
မကြာမီ ဖုန်း၀င်သွားခဲ့ပြီး ကျောက်မို ပြောလိုက်၏။
"မစ္စတာကျူး.. ခင်များဘက်က အဆင်သင့်ပဲလား..."
"အသင့်ပဲ...စလိုက်ရတော့မလား..."
"အဆင်သင့်ပဲဆိုရင် မနက်ဖြန် စလိုက်တော့..."ကျောက်မိုပြောလိုက်ပြီး "ခင်များတို့ ဂုဏ်သတင်းနဲ့ ထိုက်တန်တဲ့ ရလဒ်ကို ပြနိုင်ပြီးတော့ ကျုပ်ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်တယ်... "
"အဲ့တာတော့ စိတ်ချ ဥက္ကဌကျောက်.. ကျုပ်တို့ လင်းရီနဲ့ ဆက်စပ်တဲ့ သတင်းတွေ အကုန်လုံးကို သေချာလေး တူးဆွ ပြီးသွားပြီ..."ဖုန်းကျူး ပြောလိုက်ပြီး "မနက်ဖြန် သင့်တော်တဲ့ အချိန်ရောက်ရင် အဲ့သတင်းတွေကို တစ်ခုပြီး တစ်ခု ကြေညာလိုက်မယ်ဆိုရင် သေချာပေါက် ဂယက်ထသွားမှာပဲ... ကျုပ်တို့ဘက်က အကုန်ပြီးတဲ့ အခါကျရင် Didi ဘက်က လုပ်ငန်းတွေ ရပ်ဆိုင်းပြီး ဒေဝါလီ ခံရဖို့ဆိုတာ သိပ်မလိုတော့ပါဘူး... "
ထိုအခါ ကျောက်မို ယုံကြည်ချက်ရှိစွာ ပြုံးလိုက်ပြီး"ဒါဆိုလည်း ကျုပ် သတင်းကောင်းကို စောင့်မျှော်နေတယ်…”