Muddy Waters ဘက်က လှုပ်ရှားလာပြီ
Vol. 37 Ch. 553
တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူပရိတ်သတ်များ၏ စိတ်ခံစားချက်မှာ အမျိုးသမီး စထွင်မာ၏ ယမ်းပုံမီးရှို့ပေးမှုကြောင့် ပေါက်ကွဲထွက်လာကြပြီး ကွန်းမန့်ဆက်ရှင်တွင် ကျည်ဆံကဲ့သို့ တိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို တက်လာလေသည်။ ယင်းက မြင်ကွင်းတစ်ခုလုံးကို ဖုံးအုပ်သွားတော့၏။
အမှန်တော့ အပြင်ဘက်တွင် ဟိုစပ်စပ်ဒီစပ်စပ် ပါ၀င်သူများအားလုံးမှာ အစောင့်များ၏ တားဆီးပိတ်ပင်ခြင်းကို ခံထားရပြီး သူမနှင့် သူငယ်ချင်းနှစ်ယောက်ကသာလျှင် ခိုးဝင်နိုင်ခြင်းဖြစ်လေသည်။ ယခုလို ပွဲဆူစေမည့် ဝါဒကို ဖြန့်ကျက်လိုက်သောအခါ အခြားသူများ၏ တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်ရှုနေကြသူများလည်း သူမထံ ရောက်ရှိလာပြီး မီးလောင်ရာ လေပင့်ကြတော့၏။
“ စုတ်ချာလိုက်တဲ့ဆေးရုံ… ငါ ယီးမှ ဒီတစ်သက် လာမကုဘူးဟျောင့်…”
“ ဒါ သပ်သပ်အနိုင်ကျင့်နေတာ မဟုတ်ဘူးလား… ငါ့ကောင်မလေးက ဘာမှားနေလို့လဲ…. သူက အင်တာဗျူးချင်ရုံသပ်သပ်ပဲ မဟုတ်ဘူးလား… အဲ့တာက တရားမဝင် ဖြစ်နေလို့လား…”
“ ဆေးရုံကလည်း ဘယ်လိုကြီးတွေ စီစဉ်နေတာတုန်းကွာ… ဒီလောက် အရေးကြီးတဲ့ ခွဲစိတ်မှုမျိုးကို နို့နံ့တောင် စင်ပုံမရသေးတဲ့ လူငယ်နှစ်ယောက်ကို လွှတ်လိုက်တယ်လား… ဒါမှမဟုတ် ငါ့မျက်လုံးတွေကပဲ ဝေဝါးနေလို့များလားဟ…..”
“ ဧကန္တ လူနာမိသားစုဝင်တွေက ဆင်းရဲမွဲတေတဲ့ ကျေးလက်ဘက်က ဖြစ်လို့နေမယ်…. ဟွာရှန်းဆေးရုံက ဒီလောက်တောင် အမှိုက်ဆန်တာလားဟ… ဆရာဝန် ကျင့်ဝတ်နဲ့ကို မကိုက်ညီဘူး… ဒီကောင်တွေက သာမန်လူတွေရဲ့ အသက်ဆို ဂရုတောင် မစိုက်ကြဘူးပဲ…”
“ အမှိုက်ဆေးရုံ… မသိဘူး...ငါတော့ ဘွိုင်းကော့ပြီ…. သူတို့ဆေးရုံမှာ နတ်ဆေးတောင့်ကြီးရှိတယ်ဆိုရင်တောင် ငါဆေးလာမကုဘူး….”
သူမ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကျော်ကြားမှုမှာ တိုင်းတာမရတော့သည့် အခြေအနေသို့ ရောက်ရှိလာသည်ကို မြင်တော့ အမျိုးသမီး စထွင်မာမှာ ပို၍ မောက်မာလာပြီး ချောင်ရှင်းနဲ့ အခြားနာ့စ်များမှာ ဆွဲထုတ်လို့ပင် မနိုင်တော့ပေ။
ထိုအခြေအနေကို မြင်တော့ လင်းရီ ခွဲစိတ်သည့် တန်ဆာပလာများကို လီချူးဟန်ထံ ကမ်းပေးပြီးနောက် ရှေ့သို့ လျှောက်လာခဲ့၏။
လင်းရီ ရောက်လာသည်ကိုမြင်တော့ ချောင်ရှင်းနှင့် ကျန်သည့်နာ့စ်များမှာ ကြောက်ရွံ့မှုကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်ယင်သွားကြလေသည်။
“ ငါ နင့်ကို အကောင်းဆုံးအကြံဥာဏ်ပေးလိုက်မယ်… အခုထွက်သွားလိုက်တော့… ဒါရိုက်တာလင်းက အရမ်းဒေါသကြီးတာ…. သူစိတ်တိုလာရင် နင်လွယ်မှာ မဟုတ်ဘူး…”
“ အဲ့တော့ ဘာဖြစ်လဲ… ငါက အမျိုးသမီးလေ… သူငါ့ကို ရိုက်ရဲမှာတဲ့လား….ရိုက်ရဲရင် အမျိုးသမီးရေးရာဆီ သွားတိုင်ပစ်လိုက်မယ်….” အမျိုးသမီး စထွင်မာမှ အကြောက်အလန့်ကင်းစွာဖြင့် အော်ဟစ်လိုက်သည်။
“ ညီကိုတို့ မင်းတို့ ကြားလိုက်ကြလား… ဒီခပ်ချောချောကောင်လေးက ဌာန ဒါရိုက်တာတဲ့ဟ… သူ့ကြည့်တော့ဖြင့် အလွန်ဆုံးရှိလှ 25 26 ပေါ့… ငါ့လောက်တောင် အသက်မကြီးသေးဘူး… တကယ်လို့ ကောင်တီက ဆေးရုံတွေမှာ ဒေါက်တာသွားလုပ်ရင်တောင် ဒါရိုက်တာဖြစ်ဖို့ အရည်အချင်း မပြည့်မှီသေးဘူး… ခု ဟွာရှန်းဆေးရုံရဲ့ ဒါရိုက်တာဖြစ်နေတယ်ဆိုတော့..... ဘယ်လိုတောင် ရယ်စရာကောင်းလိုက်လဲ.….”
“ ပြီးတော့ အဲ့ဒီ အမျိုးသမီးလည်း အသက် 30 တောင် မရှိလောက်သေးဘူး… နာ့စ်တွေရဲ့ ပြုမူနေပုံကို ကြည့်ရသလောက်တော့ သူမလည်း သေချာပေါက် ဒါရိုက်တာပဲ ဖြစ်ရမယ်…. “
“ ဟိုက်ရှားပါး လောကကြီးရေ...ဘယ်လိုတွေ ဖြစ်ကုန်တာတုန်းဟ… ဟွာရှန်းဆေးရုံမှာ ဒါရိုက်တာဖြစ်ဖို့ အဲ့လောက်တောင် လွယ်ကူသွားပြီလား….”
ထိုကွန်းမန့်များ တက်လာသောအခါ မှတ်ချက်ပေးသည့် နေရာ၌ တစ်ဖန် ပွက်လောရိုက်လာပြန်သည်။
“ ငါ့အထင်တော့ သူတို့နှစ်ယောက်လုံးက အနောက်တံခါးသုံးပြီး ဒါရိုက်တာဖြစ်လာတာပဲ ဖြစ်ရမယ်… ဆေးရုံလို နေရာမျိုးက ရာထူးနဲ့ ပတ်သက်လာရင် အရမ်းတင်းကြပ်တာ… သူတို့ အသက်အရွယ်နဲ့ဆို အလုပ်သင် ဆရာဝန်ရာထူးလောက်ပဲ ရှိနေသင့်တယ်… ခု ဌာန ဒါရိုက်တာဖြစ်လာတယ်ဆိုတော့ ရိုးတော့ မရိုးသားဘူး….”
"ငါလည်း ထောက်ခံတယ်.. သူတို့တွေ အနောက်တံခါးကနေ လက်ဆောင်ပေးပြီး ၀င်လာတာပဲ ဖြစ်ရမယ်...."
"ဒီလိုကိစ္စမျိုးကို ဆေးရုံက ခွင့်ပြုထားတယ်ဆိုတော့ လူနာတွေရဲ့ အသက်ကို ပေါပေါပဲပဲ လုပ်နေတာနဲ့ မတူဘူးလား... နောက်ဆို ဘယ်သူက သူတို့ဆီ လာပြီး ဆေးကုသရဲတော့မှာ...အဲ့ဒီအစား အခေါင်းပဲ ကြိုမှာထားလိုက်တော့မယ်.. သေမယ့် အတူတူ ဘာလို့ သူများကို ပိုက်ဆံပေးပြီး သေနေဦးမှာလဲ ဟုတ်တယ်မလား...."
“ ကြည့်ရတာ လူတိုင်းရဲ့ အတွေးက ကျွန်မနဲ့ ထပ်တူကျနေတယ်နဲ့ တူတယ်.."အမျိုးသမီး စထွင်မာမှ ပြောလိုက်ပြီး "ခု သူတို့ လူတိုင်းကို ဘာလို့ အပြင်မှာ တားထားလဲဆိုတာ ရှင်းသွားပြီ... ကျွန်မတို့တွေ ဒီလိုကိစ္စမျိုးကို ရှာတွေ့သွားမှာ ကြောက်လို့ပဲလေ..."
ထိုသို့ ကိုယ်လိုချင်သည့်ဘက်ကို ဆွဲပြောနေသည့် စထွင်မာ အမှိုက်များ၏ စကားကို ကြားတော့ ချောင်ရှင်း သည်းမခံနိုင်တော့ပဲ သူမ၏ ပုံရိပ်ကိုပင် ဂရုစိုက်နိုင်ခြင်း မရှိတော့ပဲ အော်ဟစ်လိုက်တော့၏။
"နင်တို့ မတော်နိုင်ကြသေးဘူးလား...."
သူမ၏ ဘ၀တွင် မိဘများနှင့် မိသားစု၀င်များအပြင် လင်းရီနှင့် လီချူးဟန်မှာ သူမ လေးစားအားအထားရဆုံး သူများ ဖြစ်လေသည်။ သူမ အလုပ်စ၀င်ကတည်းကပင် ထိုသူနှစ်ယောက်မှာ သူမကို ကြည့်ရှုစောင့်ရှောက်ပေးထားခဲ့၏။
ထို့ကြောင့် မဟုတ်တမ်းလျား လျှောက်စွပ်စွဲနေကြသည်များကို ချောင်ရှင်း၏ နှလုံးသားက ဆက်လက်သည်းမခံနိုင်တော့ချေ။
"ငါ နင်တို့လို အရှုံးသမားတွေ သိအောင် ပြောပြလိုက်မယ်... နင်တို့ ပြောနေကြတဲ့ အမျိုးသမီးက ဟွာရှန်းဆေးရုံ နှလုံးအထူးကု ဌာနရဲ့ ဒါရိုက်တာ.. ရန်ကျင်းရဲ့ ဆေးတက္ကသိုလ်ကနေ ဘွဲ့ယူခဲ့ပြီးတော့မှ ကမ္ဘာ့ထိပ်တန်း မေရိုဆေးခန်းမှာတောင် လုပ်ငန်းအတွေ့အကြုံ ရှိခဲ့ဖူးတဲ့သူနော်... အဲ့ဒီမှာ လုပ်သက်နှစ်နှစ်တောင် ရှိထားခဲ့တာ.. ဒါရိုက်တာလီရဲ့ ကိုယ်ရေးအကျဉ်းကို နင်တို့သာ ဖတ်ပြီးသွားရင် မေးရိုးတောင် ပြုတ်ကျသွားဦးမယ်...."ချောင်ရှင်း အားနှင့်မာန်နှင့် ခါးထောက် ပြောဆိုလိုက်ပြီး "ပြီးတော့ ဒါရိုက်တာလင်းကောပဲ... သူက ခွဲစိတ်မှုပေါင်း ၂၈ ခုကို အောင်မြင်ထားတဲ့သူ.. ကျရှုံးတယ်ဆိုတာ တစ်ခုတစ်လေလေးတောင် မရှိဖူးသေးဘူး.. သူကုသပေးလိုက်တဲ့ လူနာတွေဆို အကုန်လုံး ဆေးရုံကနေတောင် ဆင်းကုန်ကြပြီ.. ဒါတောင်မှ နာမည်ပိုကြီးအောင် ကြော်ငြာလုပ်နေတာမျိုးတောင် မရှိဘူး..စစ်တပ်အကြီးအကဲရဲ့ ခွဲစိတ်မှုကိုတောင်မှ ဒါရိုက်တာလင်းနဲ့ ဒါရိုက်တာလီက ပူးပေါင်းခွဲစိတ်ပြီးအောင်မြင်ထားတာ.. နင်တို့ ဘာမှ မသိပဲနဲ့ ရမ်းသန်းမှန်းပြောမနေနဲ့.. လူတိုင်းက နင်တို့လို့ သေခါနီးဖြစ်မှ ပညာထူးချွန်မယ်လို့ အောက်မေ့နေတာလား..... အဲ့လိုမျိုးတွေ လျှောက်ပြောနေတာကို နင်တို့ မရှက်ကြဘူးလား... "
ချောင်ရှင်း၏ စကားလုံးများမှာ စွမ်းပကားကြီးမားလှပြီး တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူများပင် စခရင်မှတစ်ဆင့် ပါးဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ကျိန်းစပ်စပ် ဖြစ်သွားခဲ့ကြ၏။
ထို လူငယ် နှစ်ယောက်က အံ့မခန်း အရည်အချင်းများ ရှိနေလိမ့်မည်လို့ မည်သူမျှ ထင်မှတ်မထားကြချေ။
ဒါကြောင့်မို့ စာအုပ်တစ်အုပ်ရဲ့ တန်ဖိုးကို အဖုံးကြည့်ပြီး မဆုံးဖြတ်ပါနဲ့လို့ ပြောကြတာနေမှာ...
သူတို့အားလုံးမှာ အသက်မတိမ်းမယိမ်းများ ဖြစ်ကြသော်လည်း တစ်ဦးမှာ ကမ္ဘာ့ထိပ်တန်းဆေးခန်းတွင် လုပ်ငန်းအတွေ့အကြုံ နှစ်နှစ် ရှိထားပြီး ကျန်တစ်ဦးကတော့ စစ်တပ်၏ အကြီးအကဲခေါင်းဆောင်ကိုပင် ခွဲစိတ်အောင်မြင်ထားသူဖြစ်၏။
ဒါဆို သူတို့ကျတော့ကော။
သူတို့မှာ ဆိုဒါပုလင်းကို ကိုင်ထားပြီး စခရင်ကိုသာ ငေးကြည့်နေနိုင်လေသည်။ ကွန်ပျူတာရှေ့တွင် ငါးဆားနယ်များကဲ့သို့ စထွင်မာများကို ဖိနပ်လိုက်လျက်နေကြ၏။
ဒါက အလုပ်ကြိုးစားတဲ့သူနဲ့ အလုပ်ကို လုံး၀ မလုပ်သူတွေကြားက ခြားနားချက်လား။
သူမ၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ထင်ပေါ်ကျော်ကြားမှုများမှာ ရုတ်ချည်း ပြုတ်ကျသွားသည်ကိုမြင်တော့ အမျိုးသမီးစထွင်မာမှာ ရုပ်ဆိုး အကျည်းတန်သွားလေသည်။
ယင်းက သူမအလိုရှိသည့် ရလဒ်မဟုတ်ပေ။ အကယ်၍ ထိုအားယားနေသူများသာ ယခုကိစ္စကို အာရုံမစိုက်တော့ဘူးဆိုပါက သူမ အလုပ်ဖြုတ်ခံရနိုင်ချေများလေသည်။
"နင် အလကားသပ်သပ် လျှောက်ပြောနေတာ.. နင်ပြောတဲ့ နာမည်ကြီးကျောင်းဆင်းဆိုတာ ငါ မျက်လုံးမှိတ်ပြီး ယုံကြည်ပေးလိုက်လို့ရတယ်.. ဒါပေမယ့် လူကြည့်တော့ဖြင့် ဟိုနားက ဆရာ၀န်လောက်တောင် အသက်မကြီးသေးတာကို ဘယ် စစ်တပ်အကြီးအကဲက ယုံကြည်ပြီး ခွဲစိတ်ခိုင်းမှာလဲ... နင် ဖိန့်လုံး သုံးချင်ရင်တောင်မှ သူများ ယုံကြည်နိုင်လောက်တာကို ပြောလေ...."
"နင်....."
"ရပ်လိုက်..."
လင်းရီ ချောင်ရှင်းကို အနောက်မှ ဟန့်တားလိုက်ပြီး အမျိုးသမီး စထွင်မာကို စိုက်ကြည့်လိုက်သည်။
"မင်းကို ဒီနေရာကနေ ထွက်သွားဖို့ အချိန်သုံးစက္ကန့်ပေးမယ်... မဟုတ်လို့ကတော့ ငါ့အဆိုးမဆိုနဲ့...."
"နင်က ဘာဖြစ်ချင်နေတာ... နင်က ယောက်ျားလေးဆိုတိုင်း ငါက ကြောက်နေရမှာလား... နင်လည်း သေချာမှတ်ထားလိုက်... ငါ ဒီနေ့ လုံး၀ ထွက်မသွားပေးနိုင်ဘူး..နင် ထိရဲရင် ထိကြည့်လိုက်စမ်း... နင့်ကို သေတဲ့အထိ တရားစွဲဆိုပစ်မယ်....."
ဖြောင်း...
လင်းရီ အမျိုးသမီး စထွင်မာ၏ မျက်နှာကို မညှာမတာ ဖြတ်ရိုက်ပစ်လိုက်သည်။
အငိုက်မိသွားသည့် စထွင်မာအမျိုးသမီးမှာ ပြင်ဆင်ချိန်ပင် မရလိုက်ပဲ ပါးရိုက်ခံလိုက်ရသည့် အရှိန်ကြောင့် မူးဝေသွားတော့၏။ သူမ၏ တိုက်ရိုက်ထုတ်လွင့်သည့် ပစ္စည်းကိရိယာများပင် ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့လေသည်။
"ဒါဆေးရုံကွ.. မင်း ထင်တိုင်းကြဲလို့ရတဲ့ မင်းအမေလင်အိမ် မဟုတ်ဘူး... ထွက်သွားစမ်း...."
"နင် နင် .. အယုတ်တမာကောင်.. နင်ငါ့ကို ရိုက်ဝံ့တယ်ပေါ့လေ..."
အမျိုးသမီးစထွင်မာမှာ ပါးရိုက်ခံလိုက်ရသောကြောင့် မျက်နှာကို လက်ဝါးဖြင့် အုပ်ထားပြီး မယုံကြည်နိုင်သည့် လေသံဖြင့် ပြောဆိုလိုက်သည်။
သူမရှေ့ရှိ ဒေါက်တာမှာ ယခုလို လက်ပါလာလိမ့်မည်လို့ သူမ စိတ်ကူးတောင် မယဉ်ခဲ့ဖူးချေ။
"မင်း သေချင်နေတာလားကွ.. ငါတို့ရဲ့ အမကြီးကို ဘယ်လိုတောင် ရိုက်ရဲတာလဲ..."
ပါးရိုက်ခံလိုက်ရသည့် မြင်ကွင်းကို မြင်တော့ စထွင်မာအမျိုးသမီး၏ လက်ထောက် နှစ်ဦးမှာ မတ်တပ်ရပ်ကြည့်မနေပဲ ရှေ့သို့ တဟုန်ထိုး ပြေးတက်လာကြသည်။ လင်းရီ၏ ခါးကို ဖက်၍ ချုပ်ချင်နေသည့်ဟန်ပင်။
သို့သော်လည်း သူတို့၏အလာကို လင်းရီ၏ ခြေထောက်က စီးလို့ ကြိုနေပြီး ရင်အုံကို အကန်ခံလိုက်ရမှုဖြင့် နောက်သို့ လွင့်စင်သွားခဲ့တော့၏။
သို့နှင့် နှစ်ယောက်လုံး ကြမ်းပြင်ပေါ်တွင် တစ်ယောက်ကို တစ်ယောက်ဆင့်ပြီး မလှုပ်ရှားနိုင်ကြတော့ချေ။
"သွားပြီ.. နင်တော့ အဆုံးသတ်ပြီ.. နင် ငါတို့ကို ခုလေးတင် ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်တာကို ငါ့ရဲ့ ဖန်တွေ မျက်မြင်သက်သေရှိတယ်... ဒီကိစ္စသာ လိုင်းပေါ်မှာ ပျံ့သွားလို့ကတော့ နင်တင်မကဘူး.. နင်တို့ ဆေးရုံပါ ခံစားသွားစေရမယ်...."
"ငါ ဘယ်သူလဲဆိုတာ မသိသေးဘူးဆိုရင် လိုက်စုံစမ်းကြည့်လိုက်ဦး... ဒီကနေ့ ပြီးရင် မင်းအလုပ်ဖြုတ်ခံရရုံတင် မကဘူး.. မင်းတို့ ထုတ်လွင့်တဲ့ ပလက်ဖောင်းတစ်ခုလုံးမှာ ပိတ်ချပစ်လိုက်လို့ရတယ်ကွ.. နားလည်လား..."
လင်းရီ ချောင်ရှင်းကို ကြည့်လိုက်ပြီး "ဒီသောက်ရူးတွေကို ခေါ်ထုတ်သွားလိုက်.. ငါတို့ရဲ့ ခွဲစိတ်မှုက နှောင့်နှေးနေလို့ မဖြစ်ဘူး... "
"ဟုတ် ညီမ အခုပဲ လုံခြုံရေးတွေကို ခေါ်ထုတ်သွားခိုင်းလိုက်တော့မယ်..."
ကြမ်းပြင်ပေါ် လဲနေသည့် လူသုံးယောက်ကို ကြည့်ရင်း ချောင်ရှင်းနှင့် ကျန်သူများကတော့ ထိုက်တန်သည်ဟု ခံစားနေကြရ၏။ အစ်ကိုရီ၏ ဒေါသမှာ မလွယ်ကူဟု သတိပေးထားပါလျက်နှင့် နားမ၀င်ပဲ ဖန်များအားကိုးနှင့် မိမိုက်သလို လုပ်ချင်နေလေသည်။
ပါးတစ်ချက်ရိုက်ခံရသည်ကို မဆိုထားနှင့် အရိုးကြေသည်အထိ ရိုက်နှက်ခံထားရလျှင်တောင် သူမတို့နှင့် ထိုက်တန်လေသည်။
လင်းရီ လီချူးဟန်ထံမှ ခွဲစိတ်သည့် တန်ဆာပလာများကို ပြန်ယူရင်း "သွားကြစို့.. အချိန်ကျပြီ..."
"အွန်း..."
လင်းရီ ၊ လီချူးဟန်နှင့် ကျိန်းပင်းကျန်းတို့ တစ်ယောက်ပြီးတစ်ယောက် ခွဲစိတ်ခန်းထဲသို့ ၀င်ရောက်သွားကြသည်။ မကြာမဣ ခွဲစိတ်မှုမှာ စတင်ပေတော့မည်။
သို့သော်လည်း တစ်ချိန်တည်းတွင် တစ်ဖက် စစ်ပွဲမြေပြင်၌ လေထဲတွင် မီးခိုးမှိုင်းများ အုံ့ဆိုင်းနေလေသည်။
Muddy waters မှာ လင်းရီ၏ သတင်းအချက်အလက်များကို အားလုံး စီစစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် ကိုးနာရီအတိတွင် သူတို့ စုံစမ်းရရှိသမျှ လင်းရီ၏ မကောင်းသတင်းများအားလုံးကို ထုတ်ဖော်လိုက်တော့၏။
အဆိုပါ မကောင်းသတင်းများက အင်တာနက်ပေါ်တွင် ဗိုင်းရပ်တစ်ခုကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။