← Chapters

သူ ကျောက်၀န်နဲ့ပါ ခြေရှုပ်နေတယ်လို့ ငါ့ကို လာမပြောနဲ့...

Vol. 37 Ch. 555

သူ ကျောက်၀န်နဲ့ပါ ခြေရှုပ်နေတယ်လို့ ငါ့ကို လာမပြောနဲ့...

Vol. 37 Ch. 555

ဖြေရှင်းမည့် နည်းလမ်းကို စဉ်းစားထားပြီး ဖြစ်သော်လည်း ကျီချင်းရန်၏ ထွက်ခွာသွားမှုက လူတိုင်း၏ စိတ်ထဲတွင် အရိပ်မည်းကြီးအဖြစ် ထင်ကျန်ခဲ့လေသည်။

ယခု ကစားပွဲတွင် ကျောက်မိုမှာလည်း အသေးအဖွဲသာဖြစ်ပြီး Muddy waters မှာလည်း အရေးမပါချေ။

လင်းရီ အတွက်တော့ စစ်မှန်သည့် အန္တရာယ်မှာ ကျီချင်းရန်နှင့် ဆက်ဆံရေးသာ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ကွဲအက်သွားသည့် မှန်တစ်ချက်က အကောင်းပကတိ ဖြစ်နိုင်ဦးမလား ဆိုတာကိုတော့ မည်သူမျှ မသိရှိနိုင်ချေ။

......

ပန်နီဆူလာဟိုတယ်။

ကျောက်၀န် အဓိက ဆေးကုမ္ပဏီ ခြောက်ခုမှ ကိုယ်စားလှယ်များကို ‌အစည်းအဝေးခန်းထဲသို့ ခေါ်ယူလိုက်ပြီး လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

"ရှင်တို့ရဲ့ ကုမ္ပဏီတွေဆီက ခွင့်ပြုစာတွေ ရောက်လာပြီမလား..."

"အားလုံးရှင်းတယ်.. ငါတို့က ကုမ္ပဏီကိုယ်စားလက်မှတ်ထိုးလို့ ရပြီးတော့ စာချုပ်ကလည်း ရယ်ဒီပဲ..."ဖရေးမှ ပြောလိုက်သည်။

ကျောက်၀န် ခေါင်းညိမ့်လိုက်ပြီး စာချုပ်စာတမ်း တစ်ထပ်လိုက်ကြီးကို ဖရေးထံ ကမ်းပေးလိုက်၏။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် လက်မှတ်ထိုးခိုင်းလိုက်လေသည်။

အားလုံး လက်မှတ်ထိုးပြီးနောက် သူမ ဟွာရှန်းဆေးရုံသို့သွား၍ လင်းရီကို လက်မှတ်ထိုးခိုင်းပေမည်။

အရာအားလုံးကို ကြိုတင်ဆွေးနွေးပြီး ဖြစ်သောကြောင့် လက်မှတ်ထိုးသည့် ဖြစ်စဉ်မှာ အလွန်တရာမှ ချောမွေ့နေလေသည်။

သို့သော်လည်း ကျောက်၀န်မှ စာချုပ်နှင့် ထွက်ခွာတော့မည့် အချိန်တွင် သူမ ရုတ်တရက် ဝေ့ခန်းပြောသည့် စကားကို တစ်၀င်တစ်ပျက်နှင့် ကြားယောင်မိလိုက်၏။

"ဥက္ကဌလင်းတော့ တစ်ခုခု ဖြစ်နေပြီနဲ့တူတယ်...."

"တစ်ခုခု ဖြစ်နေတယ်..."ကျောက်၀န် မေးခွန်းထုတ်ဟန်ဖြင့် ပြောဆိုလိုက်၏။

"ဝေ့ပေါ်ကို တစ်ချက်ကြည့်ကြည့်လိုက်..မင်း နားလည်သွားလိမ့်မယ်..."

ဝေ့ခန်းပြောသည့် အတိုင်း ကျောက်၀န် သူမဖုန်းကို ဖွင့်လိုက်၏။

သူမတို့အားလုံးမှာ နိုင်ငံခြား ကုမ္ပဏီ၀န်ထမ်းများ ဖြစ်ပြီး ပြည်ပ၌သာ တစ်ချိန်လုံး နေထိုင်ရသော်လည်း ကမ္ဘာ့ဈေးကွက်၏ အခြေအနေကို အမြဲတစေ အာရုံစိုက်နေရသောကြောင်ဘ့ ဝေ့ပေါ်ကဲ့သို့ ဆိုရှယ်မီဒီယာအက်ပ်များနှင့် စိမ်းကားနေခြင်း မရှိချေ။

ဝေ့ပေါ်ရှိ ရေပန်းစားနေသော သတင်းခေါင်းစဉ်များကို မြင်တော့ ကျောက်၀န် အံ့အားသင့်သွားလေသည်။

"ဘာတွေ ဖြစ်နေတာလဲ.. ဘာလို့ သူ့ရဲ့ မကောင်းသတင်းတွေက အဲ့လောက်တောင် များပြားနေရတာ...."

"ကြည့်ရသလောက်တော့ တစ်စုံတစ်ယောက်က ဥက္ကဌလင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေပုံပဲ....မဟုတ်ရင် အဲ့လိုမျိုး ဖြစ်စရာ အကြောင်းမရှိဘူး.... "ဝေ့ခန်း ပြောလိုက်ပြီး "သူတို့ရဲ့ PR ဌာနတွေကလည်း ဒီသတင်းအပေါ် ဖြေရှင်းချက် ဆောင်းပါးတွေ ထုတ်ပြန်ထားပြီးပြီ.. ဒါပေမယ့် အကျိုးသက်ရောက်မှုကတော့ သိပ်မရှိဘူး... လင်းယွမ်ရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ Didi ရှယ်ယာတွေက အကန့်အသတ်ရောက်အောင်ကို ထိုးကျနေတာ... ပိုဆိုးတာက စာရင်း၀င်ထားတဲ့ Sci-techရဲ့ ရှယ်ယာတွေလည်း ခဏလေးနဲ့ ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီ....ဒီလိုသာ ဆက်ကျနေလို့ကတော့ မနက်ဖြန်ဆိုရင် ရှယ်ယာတန်ဖိုးက တစ်၀က်လောက်ထိကို ထိုးကျနိုင်ခြေများတယ်... "

လက်ရှိ ရောက်နေကြသည့် လူတိုင်း စာချုပ်ကိစ္စကို အာရုံမရှိကြတော့ချေ။

သူတို့အားလုံး၏ အာရုံစူးစိုက်မှုက ယခု အနှုတ်လက္ခဏာ ဖော်ဆောင်နေသည့် ဆောင်းပါးများအပေါ် ရောက်ရှိနေလေသည်။

ကျောက်၀န် မျက်မှောင် ကြုတ်လိုက်ပြီး "ဘယ်ကုမ္ပဏီက လင်းရီကို ပစ်မှတ်ထားပြီးတော့ သေလမ်းရှာနေတာ..."

"Muddy waters လို့တော့ ထင်တာပဲ..."ဖရေး ပြောလိုက်ပြီး "သူတို့ကလွဲရင် ဘယ်သူကမှ ဒီလောက်ထိ အကျိုးသက်ရောက်မှု ကောင်းအောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး..."

ဝေ့ခန်း သူ၏ ဖုန်းကို အထက်အောက် ပွတ်ရင်း ခေါင်းတဆတ်ဆတ် ညိမ့်လိုက်သည်။ "ဒီလို စစ်ဆင်ရေးမျိုးက သေချာပေါက် Muddy waters ဘက်က လုပ်တာ... တကယ်လို့ ငါခန့်မှန်းတာ မမှားဘူးဆိုရင် ဒီကောင်တွေ သူများ ရှယ်ယာတန်ဖိုး ကျအောင်လုပ်ပြီးတော့ ပိုက်ဆံရှာနေပြန်ပြီ ထင်တယ်...."

"ဒါပေမယ့် ပြဿနာက လင်းရီက ငါတို့နဲ့ လက်တွဲ အလုပ်လုပ်နေတာလေ.. ပြီးတော့ ကုမ္ပဏီရဲ့ PR ဌာနကလည်း ဒီသတင်းကို အများသိအောင် ကြေညာဖို့ အသင့်တောင် ဖြစ်နေပြီ.... ဒီလို မကောင်းသတင်းမျိုးက ငါတို့ရဲ့ လက်တွဲပူးပေါင်းမှုကို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်...."

ဝေ့ခန်း သူ့ဖုန်းကို စားပွဲပေါ် ချထားလိုက်ပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တင်၍ "ခု ဝေ့ပေါ်တင် မကတော့ဘူး.. ဟွာရှရဲ့ လူသုံးများတဲ့ ပလက်ဖောင်း တော်တော်များများမှာလည်း ဒီကိစ္စက ရေပန်းစားနေပြီ... Muddy watersက ဒီတစ်ကြိမ် တော်တော်လေး ကြိုးပမ်းထားတာပဲ... ကြည့်ရတာ သူတို့ တစ်ဖက်သူကို ချေမှုန်းပစ်ချင်နေတယ်နဲ့တူတယ်...."

ဖရေး ပခုံးတွန့်လိုက်ပြီး "တကယ်လို့ သူသာ ချေမှုန်းခံလိုက်ရမယ်ဆိုရင် ငါတို့ရဲ့ အကျိုးအမြတ်တွေကိုပါ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်... ဟွာရှန့်စကားနဲ့ ပြောရမယ်ဆိုရင် ကန်ထဲ ဒီတိုင်းနေတဲ့ငါးက ဒုက္ခရောက်နေသလိုမျိုးပေါ့(ငရုတ်သီးနဲ့ပေါင်းမှ ကြက်သွန်အထောင်းခံရ).... "

ကျောက်၀န် သူမဖုန်းကို လေးနက်သည့် အမူအရာဖြင့် အထက်အောက် ပွတ်ဆွဲနေပြီး နောက်ဆုံးတွင် ယခုလို ပြောလာခဲ့၏။ "ခုလောလောဆယ်တော့ စာချုပ်ကို မပို့သေးဘူး....ကျွန်မတို့ရဲ့ သက်ဆိုင်ရာ ကုမ္ပဏီက ခေါင်းဆောင်တွေကို ဖုန်းခေါ်ပြီးတော့ သူတို့ရဲ့ သဘောထားကို အရင်မေးမြန်းကြတာပေါ့... "

"အင်း.. အဲ့တာကောင်းတယ်..."

လူတိုင်း မတ်တပ်ရပ်ပြီး အခန်းကိုယ်စီသို့ ပြန်သွားလိုက်ကြ၏။

ယခုလို ကိစ္စမျိုးက လျှို့ဝှက်ထားရမည် ဖြစ်သောကြောင့် တစ်ပါးသူ ကြားသိခြင်းမှ ကင်းဝေးစေရန် သိပ်ဆူညံ၍ မဖြစ်ချေ။

စံတော်ချိန်အရတော့ U.S တွင် ည ဆယ့်တစ်နာရီ ထိုးနေပြီးဖြစ်၏။

သို့သော်လည်း နိုင်ငံတကာနှင့် ချိတ်ဆက် အလုပ်လုပ်နေရသည့် ကော်ပိုရေးရှင်းများအတွက်တော့ အိပ်ချိန်မှာ မရှိသလောက်ပင်။

အကယ်၍ သူမ အိမ်ပြန် ညအိပ်လျှင်တောင် အလုပ်မှ မက်ဆေ့ခ်ျများ မလွဲချော်သွားရစေအောင် ဖုန်းကို အမြဲ ဖွင့်ထားလေ့ရှိ၏။

ဆယ်မိနစ်ကြာပြီးနောက် အဓိက ဆေးကုမ္ပဏီကြီး ခြောက်ခုမှ လူတိုင်း အစည်းအဝေးခန်းထဲသို့ ပြန်လည်ရောက်ရှိလာကြသည်။

"သတင်းကို စောင့်ရုံပဲ.. ငါတို့ရဲ့ စီအီးအိုနဲ့ ဘုတ်အဖွဲ့၀င် ဒါရိုက်တာတွေက ဒီကိစ္စကို သုံးသပ်ချင်နေသေးတယ်... ရလဒ် ထွက်လာရင်တောင် အထက်အရာရှိတွေကို တင်ပြဖို့ လိုနေသေးတုန်းပဲ.. ငါ ခန့်မှန်းရသလောက်တော့ အဖြေသိရဖို့ ကြာဦးမှာ..."

"အဲ့တစ်နည်း ရှိတာပဲလေ.... ခုလောလောဆယ်တော့ ထိုင်စောင့်ကြတာပေါ့..."ကျောက်၀န် ပြောလိုက်၏။

သုံးနာရီကြာပြီးနောက် Pfizer နှင့် အဓိက ဆေးကုမ္ပဏီခြောက်ခု၏ ကိုယ်စားလှယ်များမှာ ၎င်းတို့ ဌာနချုပ်ထံမှ မက်ဆေ့ခ်ျအသီးသီးကို လက်ခံရရှိလိုက်သည်။

ထိုစာကို ဖတ်ကြည့်ပြီးနောက် လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

"လူတိုင်းကို ပို့လာတဲ့ မက်ဆေ့ခ်ျတွေကလည်း အတူတူပဲထင်တယ်..."

ဝေ့ခန်း ခေါင်းညိမ့်လိုက်ပြီး "အရင်ဆုံး စာချုပ်မှာ လက်မှတ်ထိုးထားလိုက်... ကျန်တာကို သူတို့ ဖြေရှင်းလိမ့်မယ်....."

"အထက်က သဘောတူလာမှတော့ ငါ အခုပဲ စာချုပ်ကို ပို့လိုက်တော့မယ်... လူတိုင်းပဲ ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်ထားကြ.. ကျွန်မတို့ မနက်ဖြန် အိမ်ပြန်ကြမယ်... "

"ပြဿနာ မရှိဘူး.. ဟွာရှက အစားအသောက်တွေက အတော်လေးကောင်းပေမယ့် အလုပ်က ပိုအရေးကြီးတယ်..."ဖရေးပြောလိုက်၏။

အထက်ကြီးပိုင်းများမှ ယခုကိစ္စကို ဘယ်လိုကိုင်တွယ်မည်မှန်း ကျောက်၀န် နားမလည်သော်လည်း သူတို့ လင်းရီကို ကူညီပြီး သတင်းပျံ့နှံ့မှကို ဖိနှိပ်နိုင်မည့် နည်းလမ်းကို စဉ်းစားပြီးဖြစ်လောက်၏။

ထို့ကြောင့် သူမဘက်ကတော့ ဖိအား လုံး၀ မရှိပေ။ သူမ စာချုပ်ရှစ်ခုကို ပို့လိုက်ပြီး လင်းရီကို လက်မှတ်ထိုးခိုင်းလိုက်ပေမည်။

ကျောက်၀န် သူမ နာရီကို ကြည့်လိုက်သောအခါသုံးနာရီကျော်နေပြီး ဖြစ်ကြောင်း သတိထားမိလိုက်၏။ ထို့ကြောင့် တက္ကစီဌား၍ ဟွာရှန်းဆေးရုံသို့ ဦးတည်လိုက်လေသည်။

သို့သော်လည်း ဆေးရုံသို့ ရောက်သောအခါ လင်းရီမှာ ခွဲစိတ်ခန်းထဲက ထွက်မလာသေးကြောင်း သိရှိလိုက်ရ၏။ နာ့စ်များ ပြောပုံအရတော့ လင်းရီမှာ ညနေ သို့မဟုတ် မနက်ရောက်သည်အထိ ထွက်မလာတာမျိုးလည်း ဖြစ်နိုင်ပေသည်။

ကျောက်၀န်လည်း မည်သို့မျှ မတတ်နိုင်ပဲ ကူကယ်ရာမဲ့စွာဖြင့် ထိုင်စောင့်ရုံသာ တတ်နိုင်တော့၏။ သူမ ထိုင်စောင့်ရင်း နာ့စ်များကိုဆေးရုံအကြောင်း တစ်ခွန်းစ နှစ်ခွန်းစ မေးမြန်းလိုက်သေးသည်။

နာ့စ်များမှာ ကျောက်၀န်နှင့် ရင်းနှီးပြီးဖြစ်၏။ ဒါရိုက်တာလင်း၏ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကို အလူးအလဲ ခံထားရသည်တောင်မှ အသက်ရှင်နေသေးသည့် သူမ၏ ဘ၀မှာ အတော်လေး ခက်ခဲပင်ပန်းခဲ့မည့် ပုံပင်။

စကားပြောဆိုရင်းမှတစ်ဆင့် ကျောက်၀န် အခြေအနေကို နားလည်သွားခဲ့သည်။

ခွဲစိတ်ခန်းထဲရှိ ကလေးမှာ နှစ်လသား အရွယ်မျှသာ ရှိသေးပြီး နှလုံးသွေးလွတ်ကြောလွဲမှားနေသည့် ဝေဒနာကို ခံစားနေရသူလည်း ဖြစ်၏။ ထိုမျှမကသေးပဲ ရှားပါး ရောဂါတစ်မျိုးဖြစ်သည့် SMA ရောဂါ ဝေဒနာသည် တစ်ဦးလည်း ဖြစ်နေသေးပြန်သည်။

ထိုအခါမှသာ လင်းရီ အဘယ်ကြောင့် ရှားပါးဆေးဝါးများ၏ ဈေးနှုန်းကို လျှော့ချခိုင်းလဲဆိုတာ နားလည်သဘောပေါက်သွားတော့၏။

သူ ပြုလုပ်ခဲ့သမျှ အရာအားလုံး၏ ရည်ရွယ်ချက်မှာ ယခုအကြောင်းပြချက်ကြောင့်ပင်။

ဆေးရုံ၏ ထိုင်ခုံတန်းတွင် ထိုင်နေရင်း ကျောက်၀န် သူမ ဆံပင်ကို နားအနောက်သို့ သပ်လိုက်သည်။

လင်းရီမှာ ချောမောခန့်ညားရုံသာမက အခြားထူးခြားသည့် ဝိသေသ လက္ခဏာတစ်ခုလည်း ရှိနေသေး၏။

ထိုအမျိုးသားမှာ အမျက်ကြောင့်လည်း မကန်းသွားသလို ကိစ္စအားလုံးကို ရှင်းလင်းစွာဖြင့် ဝေဖန်ပိုင်းခြားနိုင်လေသည်။

အနောက်တွင်တုန်းက Pfizer ဘက်မှ ibuprofen ကို ဟွာရှဈေးကွက်သို့ တင်သွင်းချင်ခဲ့၏။ အဆိုပါဆေး၏ နောက်ဆုံးဈေးနှုန်းမှာလည်း ၂၈၉ ယွမ်ပင်။ သို့သော်လည်း လင်းရီမှ ၉.၉ ယွမ်သာ ကမ်းလှမ်းလာခဲ့၏။ ထိုသို့ လွန်လွန်ကြူးကြူး တောင်းဆိုလိုက်သော်လည်း သူမတို့အတွက် အမြတ်ချန်ထားပေးဆဲပင်။

ယခုတစ်ကြိမ်တွင်လည်း ရှားပါးရောဂါ ကုသသည့် ဆေးဝါးများကို မူလတန်ဖိုး၏ သုံးပုံနှစ်ပုံ လျှော့ချခိုင်းထားခဲ့၏။ အခြားရှုထောင့်တစ်ဖက်မှ ကြည့်မည်ဆိုပါက ယခုလို ဆွေးနွေးသည့် နည်းလမ်းမှာ အတော်လေး သင့်တင့်မျှတလေသည်။

ခန့်မှန်းရသလောက်တော့ လင်းရီ လျှော့ရမည့် ပမာဏကို မသတ်မှတ်မှီ အချိန်နှင့် သုတေသန ပြုထားရသည့် ကုန်ကျစရိတ်များကို စုပေါင်း တွက်ချက်ပြီးတော့မှ နောက်ဆုံး ဈေးဂဏန်းကို ဆုံးဖြတ်ချက် ချလိုက်ခြင်းပင်။

'ငါမင်းကို ဈေးလျော့ပေးလို့ရတယ်.. ဒါပေမယ့် မင်းဘက်က ကုသဖို့ ဆေးဖိုးဝါးခကိုတော့ ပေးဆောင်ရမယ်.. အလကား ရဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး...'

ထိုအကြောင်း စဉ်းစားမိသောအခါ ကျောက်၀န် မျက်နှာထက်၌ အပြုံးရေးရေးလေး ပေါ်ပေါက်လာခဲ့သည်။

ဒီလူက အရမ်းစိတ်၀င်စားဖို့ကောင်းတာပဲ...

"မစ်ကျောက်..."

ထိုအခိုက်အတန့်တွင် အံ့အားသင့်သည့် အသံတစ်သံကို ကြားလိုက်ရပြီး လျန်ရူရွှယ် အပြင်ဘက်မှ ၀င်ရောက်လာခဲ့၏။

လျန်ရူရွှယ်မှာ အဖြူရောင် ရှပ်နှင့် အမျိုးသမီး အနောက်တိုင်း၀တ်စုံပြည့်ကို ၀တ်ဆင်ထားလေသည်။ ထို့ပြင် အနက်ရောင် ဒေါက်မြင့်ဖိနပ် တစ်ရံကို စီးနင်းထားပြီး မျက်စိအမြင် ဖမ်းစားနိုင်လွန်းလှ၏။

ကျောက်၀န်ကို မြင်လိုက်ရသည့် အတွက် လျန်ရူရွှယ်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

တစ်လမျှသာ ရှိသေးသော်လည်း သူမကို နောက်တစ်ခေါက် ပြန်တွေ့ရလိမ့်မည်လို့ မျှော်လင့် မထားခဲ့ချေ။

"ဟယ်လို မြို့တော်၀န်လျန်... ကျွန်မက မစ္စတာလင်းနဲ့ ပြောစရာ ရှိလို့လေ.. ဒါပေမယ့် သူက ခွဲစိတ်ခန်းထဲက ထွက်မလာသေးဘူး.. ဒါကြောင့်မို့ ဒီမှာ ထိုင်စောင့်နေတာ... "

လျန်ရူရွှယ် တုံ့ပြန်သည့် အနေဖြင့် ပြုံး၍ ခေါင်းညိမ့်ပြလိုက်သည်။ သို့သော်လည်း သူမ အတွေးထဲတွင်တော့ "ဒီကောင်စုတ်က ကျောက်၀န်နဲ့လည်း ခြေရှုပ်နေတယ်လို့တော့ ငါ့ကို လာမပြောနဲ့..."

All Chapters