← Chapters

ငါ မင်းကို မျက်နှာသာ လုံလုံလောက်လောက် ပေးခဲ့ပြီးပြီ

Vol. 116 Ch. 1610

ငါ မင်းကို မျက်နှာသာ လုံလုံလောက်လောက် ပေးခဲ့ပြီးပြီ

Vol. 116 Ch. 1610

“အရှင်ငယ်... အနားယူဖို့ နေရာတစ်ခု ရှာကြတာပေါ့”

ကြယ်တာရာကျွန်းစုအလယ်တွင် အဆိပ်ဝိညာဉ်က ကျန်းရီဘေးသို့ စိုးရိမ်တကြီး ပျံသန်းသွား၍ ပြောလိုက်၏။ သူတို့နှစ်ယောက် ပုန်းကွယ်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူက အဆင်ပြေသေးသော်လည်း ကျန်းရီ၏ စိတ်ဝိညာဉ်က ဆက်၍ တောင့်ခံမထားနိုင်လောက်တော့ပေ။ ပုန်းကွယ်ခြင်းအတတ်ကို ကြာရှည်အသုံးပြုခြင်းက စွမ်းအင်များစွာ ကုန်ဆုံးစေသည်။

ကျန်းရီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ ခေါင်းညိတ်လိုက်၏။

“အွန်း... အနားယူဖို့ နေရာတစ်ခု ရှာကြတာပေါ့။ ကျွန်းကြီးကြီးတစ်ကျွန်းကို ရှာပါ.. မြို့ထဲမဝင်ဘဲ နေကြရအောင်”

မိစ္ဆာသတ်ဖြတ်ပုလဲက ကြယ်တာရာကျွန်းစုထဲကို ညွှန်ပြခဲ့သည်။ ယခု သူတို့ ထိုကျွန်းစုထဲ ရောက်နေပြီဖြစ်သည်။ ယခုမှတော့ မိစ္ဆာသတ်ဖြတ်ပုလဲကို အဆုံးရှုံးခံရန်မဆိုထားနှင့် အထက်ဘုံသို့ပင် ပြန်မသွားနိုင်တော့ပေ။

ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် မကြာခင်မှာပင် ကျွန်းကြီးတစ်ကျွန်းကို ရှာတွေ့လိုက်၏။ ဤကြယ်တာရာကျွန်းစုထဲတွင် အနည်းဆုံး ကျွန်းပေါင်းတစ်သောင်း ရှိပုံပင်။ မည်သည့်နေရာကို ကြည့်လိုက်သည်ဖြစ်စေ လေထဲတွင် ရှိနေသော ကျွန်းများကို မြင်တွေ့ရသည်။ သူတို့သည် ထိုကျွန်းကြီးပေါ်သို့ ဆင်းသက်ပြီးနောက် တောင်တန်းဒေသတစ်ခုကိုသွား၍ ထိုနေရာ၌ ပုန်းအောင်းနေကြလိုက်သည်။

“အရှင်ငယ်... ခဏလောက် အနားယူလိုက်ပါ။ ပတ်ဝန်းကျင်ကို ကျွန်တော် စောင့်ကြည့်ထားပါမယ်”

အဆိပ်ဝိညာဉ်သည် ပင်ပန်းနေသော ကျန်းရီကို ကြည့်ကာ ပြော၏။ ကျန်းရီက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

“ကောင်းပြီ... ခင်ဗျားလည်း နားပါ။ လိုအပ်တာတွေကို စစ်သူကြီးကိုပဲ ပြင်ဆင်ခိုင်းလိုက်တာပေါ့”

ကျန်းရီသည် ချီချင်ချန်ကို အပြင်ထုတ်၍ အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်၏။ ချီချင်ချန်သည် ချက်ချင်းပင် ကျန်းရီတို့နှစ်ယောက်ကို အနားယူစေလိုက်သည်။ အဆိပ်ဝိညာဉ်အနေဖြင့် ကျန်းရီနှင့် ချီချင်ချန်တို့၏ စေတနာကိုငြင်းရန် မသင့်တော်ပေ။ ထို့ပြင် သူလည်း အနည်းငယ်ပင်ပန်းနေသည်။ သူ ထောက်လှမ်းရမည့် ရှုပ်ထွေးသော၊ အန္တရာယ်များသော နေရာများစွာလည်း ရှိနေပေသေးသည်။

ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ ချီချင်ချန်၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်လိုက်ကြ၏။ ချီချင်ချန်သည် တစ်ယောက်တည်းဖြစ်၍ ပတ်ဝန်းကျင်ကို မစူးစမ်းဝံ့ပေ။ ထို့ကြောင့် တောင်တန်းဒေသထဲမှာပင် ဆက်နေ၍ အချိန်မရွေး တိုက်ခိုက်နိုင်ရန်သာ အသင့်ပြင်ထားလိုက်သည်။

အန်းမျိုးနွယ်က ထောက်လှမ်းရေးများနှင့် ကင်းထောက်များက ဆက်၍ ကင်းလှည့်နေကြဆဲပင်။ သူတို့ ယခုအထိ ပြန်ဆုတ်မသွားကြသေးပေ။ မကြာမကြာဆိုသလို သူတို့သည် ချီချင်ချန်ပုန်းအောင်းနေသောကျွန်း အနီးသို့ ရောက်လာကြ၏။ သို့သော် ချီချင်ချန်က အုပ်ချုပ်သူအဆင့် ဖြစ်ရာ အဆင့်နိမ့် ထောက်လှမ်းရေးများထက် သေချာပေါက် ပိုမြန်သည်။ ထို့ကြောင့် သူမ သူတို့ကို အလွယ်တကူ ရှောင်ရှားနိုင်ခဲ့ပေသည်။

ဆယ်နာရီနီးပါး အနားယူပြီးနောက် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲမှ ပြန်ထွက်လာကြ၏။ ကျန်းရီသည် အပြင်ရောက်သောအခါ ချီချင်ချန်ကို သူ၏လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ပြန့်ထည်လိုက်သည်။ ထို့နောက် သူနှင့် အဆိပ်ဝိညာဉ်တို့ ပုန်းကွယ်ခြင်းအတတ်ကို သုံး၍ မိစ္ဆာသတ်ဖြတ်ပုလဲက ညွှန်ပြနေသော နေရာဆီသို့ ဆက်သွားလိုက်ကြသည်။

ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် နာရီဆယ်ချီ သွားပြီးနောက်တွင် တစ်ကြိမ် အနားယူသည်။ လမ်းခရီးတစ်လျှောက်လုံး ချောမွေ့နေခဲ့ပြီး မည်သည့်အန္တရာယ်နှင့်မှ ထပ်မကြုံခဲ့ရပေ။ ဤကြယ်တာရာကျွန်းစုက အလွန်ကြီးမားသည်။ သို့သော် ထိုသို့ခံစားရခြင်းမှာ သူတို့နှစ်ယောက်က အမြန်ဆုံးအရှိန်နှင့် မသွားနိုင်၍လည်း ဖြစ်နိုင်သည်။ မကြာခဏဆိုသလို သူတို့ ကွေ့ပတ်သွားရသည်။ ထို့ကြောင့် ခရီးက နေ့တစ်ဝက်လောက် ပိုကြာသွားသည်။ နောက်ဆုံးတွင် သူတို့ မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာမည့်ပတ်ဝန်းကျင် အနီးသို့ ရောက်ရှိသွားလေသည်။

ထိုနေရာက မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာမည့်နေရာဟု သေချာပေါက် ပြောနိုင်ရခြင်းမှာ မိစ္ဆာသတ်ဖြတ်ပုလဲလုံးထဲရှိ မိုးနဂါးက ကူးခတ်မှု ရပ်တန့်သွား၍ပင်။ ၎င်းက လုံးဝ ဆက်မလှုပ်ရှားတော့ပေ။ ကျန်းရီသည် ချီချင်ချန်ဆီ အသံပို့လွှတ်၍ ထိုအကြောင်းကို မေးမြန်းကာ မိစ္ဆာသတ်ဖြတ်နန်းတော်က အမှန်ပင် ထိုပတ်ဝန်းကျင်၌ ထွက်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။

“ပုန်းဖို့နေရာတစ်ခု ရှာလိုက်ပါ”

ကျန်းရီက အလွန်ပြတ်သားစွာဖြင့် ညွှန်ကြားလိုက်၏။ မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာရန် အချိန်အနည်းငယ် လိုပေသေးသည်။ အတိတ်တွင် မိစ္ဆာသတ်ဖြတ်ပုလဲလုံး လင်းလက်လာပြီးနောက် ရှစ်ရက်မှ ဆယ့်ငါးရက်အတွင်း မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာခဲ့သည်။ ယခု နှစ်ရက်သာ ကုန်သေးသည်။ ထို့ကြောင့် သူတို့ အနည်းဆုံး ခြောက်ရက်ကြာ ထပ်စောင့်ရမည်ဖြစ်သည်။ သူတို့သည် ထိုရက်များအတွင်း လေထဲတွင်ရပ်၍ စောင့်မနေနိုင်သည် မဟုတ်ပါလော။

ပုန်းရန်နေရာမှာ ကျွန်းတစ်ခု ဖြစ်ရမည်။ ကျန်းရီတို့သည် ဆယ်ကီလိုမီတာ အဝန်းအဝိုင်းအတွင်း လှည့်ပတ်ရှာဖွေလိုက်ကြ၏။ သို့သော် ပုန်းအောင်းနေရန် သင့်တော်သော ကျွန်းတစ်ကျွန်းကိုမှ ရှာမတွေ့ပေ။

နောက်ထပ်ငါးဆယ်ကီလိုမီတာ ဆက်ပျံသန်းပြီးနောက် အဆိပ်ဝိညာဉ်၏ မျက်လုံးများ လင်းလက်လာ၏။

“အရှင်ငယ်... ဟိုနေရာမှာ ကျွန်းငယ်တစ်ကျွန်း ရှိနေပုံပဲ”

“သတိထားပါ”

ကျန်းရီ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ ထို့နောက် သူသည် အဆိပ်ဝိညာဉ်ကို ခေါ်ဆောင်၍ ထိုကျွန်းဆီသို့ ပျံသန်းသွားလိုက်၏။ သူသည် ပျံသန်းနေရင်း မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ပတ်ဝန်းကျင်နှင့် ကျွန်းပေါ်မှ လှုပ်ရှားမှုများကို အာရုံခံလိုက်သည်။ ထိုအခြေအနေအတွင်း၌ဆိုလျှင် အကာအရံများ၏ လှုပ်ရှားမှုကိုပင် အာရုံခံနိုင်သည်။ အကယ်၍ ထိုကျွန်းပေါ်၌ တစ်စုံတစ်ယောက် ပုန်းအောင်းနေပါက သူ ထိုသူကို အာရုံခံနိုင်မည်ဖြစ်သည်။

“လုံခြုံတယ်...”

ကျွန်းနှင့် နီးကပ်လာသောအခါ ကျန်းရီ မျက်လုံးပြန်ဖွင့်၍ ပြောလိုက်၏။ ထို့နောက် သူနှင့် အဆိပ်ဝိညာဉ်တို့ ကျွန်းပေါ်ရှိ တောင်တန်းဒေသတစ်ခုထဲ ပျံဝင်လိုက်ကြသည်။ ပြီးမှ သူတို့ ကိုယ်ပြန်ဖော်လိုက်ကြသည်။

ရွှီး...

ကျန်းရီတို့ ဆင်းသက်လာသည့်အခိုက်တွင် ကျွန်းတစ်ခုလုံး လင်းလက်သွားပြီး ဧရာမအကာအရံအလွှာကြီးတစ်ခု ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်မှ မြူခိုးများလည်း စတင်လွင့်ပြယ်လာသည်။ ထို့နောက် လေထဲတွင် စွမ်းအားကြီး သိုင်းသမား တစ်ထောင်ကျော် ရုတ်တရက် ထွက်ပေါ်လာလေသည်။

“မကောင်းတော့ဘူး...”

ကျန်းရီ၏အကြည့်က ခက်ထန်သွား၏။ ဤတစ်ခေါက်တွင် သူတို့ သတိထားခဲ့သော်လည်း ထောင်ချောက်တစ်ခုထဲ ဝင်မိသွားပေသေးသည်။ ဤကျွန်းမှ အကာအရံက အလွန်ဆန်းကြယ်ပြီး စွမ်းအားကြီးသည်။ ၎င်းမှာ နတ်ဘုရားအစီအရင်တစ်ခုပင်။ သူ အကာအရံ၏ လှုပ်ရှားမှုတစ်ခုကိုမှ အာရုံမခံမိခဲ့။ သို့ဖြစ်၍ ယင်းက ကောင်းကင်ဘုံ၏ အစီအရင်တစ်ခု ဖြစ်ရပေမည်။

‘ပညာရှင်တွေ အများကြီးပဲ’

ကျန်းရီ မလှုပ်ဘဲ အဆိပ်ဝိညာဉ်ကို သူ့အနောက်တွင် ရပ်နေရန် တိတ်တဆိတ်လက်ပြလိုက်သည်။ ထို့နောက် သူသည် သူ့ထံသို့ အရပ်မျက်နှာအနှံ့မှနေ၍ ပျံသန်းလာသော လူများကိုလှမ်းကြည့်လိုက်၏။ သူတို့က စုစုပေါင်း အယောက်တစ်ထောင်ကျော် နှစ်ထောင်နီးပါး ရှိသည်။ သူတို့ထဲမှ အင်အားအနည်းဆုံးသူပင် ဘွဲ့ထူးရစစ်နတ်ဘုရား ဖြစ်သည်။ ထို့ပြင် ရန်ထျန်းဖန်လောက် စွမ်းအားကြီးသူများလည်း ရာနှင့်ချီ၍ ပါလာသည်။ တောက်ပြောင်ထည်ဝါသော ဝတ်ရုံကို ဝတ်ဆင်ထားသူတစ်ယောက်၏ ဘေးတွင်လည်း အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ရပ်နေပေသည်။

‘အင်း... အုပ်ချုပ်သူအဆင့် သိုင်းသမားက တစ်ယောက်တည်းပဲ’

ကျန်းရီ ဝေ့ဝဲကြည့်လိုက်ပြီးနောက် အတန်ငယ် စိတ်အေးသွား၏။ အကယ်၍ အုပ်ချုပ်သူအဆင့် သိုင်းသမားက တစ်ယောက်ထက်ပိုရှိနေမည်ဆိုလျှင် သူ ပြဿနာအကြီးကြီး တက်မည်ဖြစ်သည်။

ကျန်းရီ၏ မျက်ဝန်းများ တောက်ပလာ၏။ သူ ဟွင့်သွမ့်ချီပုလဲကို ထုတ်လိုက်ပြီး အဆိပ်ဝိညာဉ်ကို ပုလဲထဲသို့ ချက်ချင်းပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် မီးနဂါးဓားလည်း ထွက်ပေါ်လာသည်။ သူ၏ အခြားလက်တစ်ဘက်တွင်မူ ဆောင်းဥတုပုလဲ ပေါ်လာသည်။ ထို့နောက် သူ လှည့်ပတ်ကြည့်ကာ အော်ပြောလိုက်သည်။

“အားလုံးပဲ... ခင်ဗျားတို့က ဘာလို့ ကျွန်တော့်ကို ဝန်းရံဖို့ ကြိုးစားနေရတာလဲ။ ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုး ရှိလို့လဲ”

ကျန်းရီကို ဝန်းရံထားသော စွမ်းအားကြီး သိုင်းသမားများက မည်သို့မှ ပြန်မပြောကြဘဲ သူတို့၏ လက်နက်များ၊ ချပ်ဝတ်များကိုသာ ထုတ်လိုက်ကြသည်။ သူတို့သည် တိုက်ခိုက်ရန် အသင့်ဖြစ်နေပေပြီ။ ထိုစဉ် သူတို့ကြားမှ သခင်လေးတစ်ယောက်က ပြောလိုက်၏။

“မင်းက ကျန်းရီလား။ ငါတို့ကြားမှာ တကယ်ပဲ ဘာရန်ငြိုးမှ မရှိပါဘူး။ ဒါပေမဲ့ မင်းက မယူသင့်တဲ့အရာတစ်ခုကို ယူထားတယ်။ မိစ္ဆာသတ်ဖြတ်ပုလဲကို လွှဲပေးလိုက်ပါ။ အဲ့ဒါဆို မင်း ထွက်သွားခွင့်ရမယ်”

“တကယ်ကိုပဲ...”

ကျန်းရီ၏ မျက်နှာထားက ပို၍ပင်ခက်ထန်သွားသည်။ ထိုသခင်လေးက ဟွင့်သွမ့်ပင်လယ်မှလော သို့မဟုတ် ကောင်းကင်ဘုံမှလောကို သူ မသိပေ။ သို့သော် ထိုသခင်လေးကမူ သူက ကျန်းရီဖြစ်ကြောင်း သိနေသည်။ အဘယ်သို့ သိခြင်းနည်း။ ထို့ပြင် သူ့ထံ၌ မိစ္ဆာသတ်ဖြတ်ပုလဲ ရှိနေကြောင်းကိုလည်း မည်သို့ သိသနည်း။

ထိုသခင်လေးက ကျန်းရီကို မည်သို့သိသည်ဖြစ်စေ အခြေအနေက ယခုကဲ့သို့ ဖြစ်လာပြီဖြစ်၍ မိစ္ဆာသတ်ဖြတ်ပုလဲကို လွှဲပေးလျှင်ပေး မဟုတ်လျှင် တိုက်ခိုက်ရန်သာ ရှိတော့ကြောင်း ကျန်းရီ သိပေသည်။

ကျန်းရီ နွေးထွေးစွာ ပြုံးလိုက်ပြီး လက်ဆုပ်၍ ပြန်ပြောလိုက်သည်။

“သခင်လေး... ကျွန်တော်က တကယ်ပဲ ကျန်းရီပါ။ ဒါပေမဲ့ မိစ္ဆာသတ်ဖြတ်ပုလဲဆိုတာ ဘာပါလဲ။ အဲ့ဒါကို အခုမှ ကြားဖူးတာပဲ။ ကျွန်တော် ဟွင့်သွမ့်ပင်လယ်ကို လာခဲ့တာက ကျွန်တော့်ရဲ့စွမ်းရည်တွေကို လေ့ကျင့်ဖို့ပါ။ ကျွန်တော်တို့ မိတ်ဆွေဖွဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ငြိမ်းချမ်းရေးကို ဆက်ထိန်းထားမယ်ဆိုရင် ဘယ်လိုပါလဲ”

မည်သူနှင့်မှ ပဋိပက္ခမဖြစ်ပါစေနှင့်၊ မတိုက်ခိုက်ပါနှင့်ဟု ချီချင်ချန်က မှာထားသည်။ ထို့ကြောင့် တိုက်ပွဲကို ရှောင်၍ ရမည်ဆိုလျှင် ကျန်းရီ ရှောင်လိုသည်။ သူတို့က ဤနေရာတွင် ရတနာလာရှာခြင်းပင်။ တိုက်ခိုက်ရန် ရောက်လာခြင်း မဟုတ်ပေ။

“မိတ်ဆွေဖွဲ့မှာလား... မင်းက ငါနဲ့ မိတ်ဆွေဖွဲ့ဖို့ အရည်းအချင်းမီတယ်လို့ ထင်လို့လား”

သခင်လေးက ခြောက်ကပ်ကပ် ရယ်လိုက်၏။

“ကျန်းရီ... ငါတို့နှစ်ယောက်လုံးက လူသားမျိုးနွယ်ကဆိုတာနဲ့ မင်းက ပါရမီထူးတဲ့သူတစ်ယောက်ဆိုကို ထောက်ထားပြီး ငါ သက်ညှာပေးနေတာပဲ။ ငါ့မှာ မင်းနဲ့ ပေါက်ကရတွေ ပြောနေဖို့ အချိန်မရှိဘူး။ ငါ့ကို တစ်ခုပဲပြော.. မင်း မိစ္ဆာသတ်ဖြတ်ပုလဲကို လွှဲပေးမှာလား၊ မပေးဘူးလား”

ကျန်းရီ၏ မျက်နှာထားက ပို၍ခက်ထန်သွားသည်။ သို့သော် သူ မလှုပ်ရှားသေးဘဲ ဟွင့်သွမ့်ချီပုလဲထဲ၌ ရှိနေသော ချီချင်ချန်ထံသို့ အသံပို့လွှတ်ကာ မည်သို့ဆက်လုပ်ရမည်ကို မေးလိုက်သည်။ ချီချင်ချန်၏ အဖြေက အလွန်ရှင်းသည်။ သူတို့ မိစ္ဆာသတ်ဖြတ်ပုလဲကို လွှဲမပေးနိုင်။ ထို့ကြောင့် တိုက်ခိုက်ရုံသာ ရှိတော့သည်။ သို့သော် သူတို့ မည်သူ့ကိုမှတော့ သတ်၍မဖြစ်ပေ။ အထူးသဖြင့် သူ့အရှေ့ရှိ ထိုသခင်လေးကို သတ်၍မဖြစ်ပေ။

ချီချင်ချန်၏ ညွှန်ကြားချက်ကို နားထောင်ပြီးနောက် ကျန်းရီသည် သူ မည်သို့လုပ်ရမည်ကို သိသွားသည်။ သူ သခင်လေးကို မျက်နှာချင်းဆိုင်လိုက်ပြီး မေးလိုက်၏။

“သခင်လေးရဲ့နာမည်က ဘယ်လိုခေါ်ပါသလဲ။ ကျွန်တော် မိစ္ဆာသတ်ဖြတ်ပုလဲကို လွှဲပေးနိုင်ပါတယ်။ ဒါပေမဲ့ သခင်လေးဘက်က အရင်ဆုံး အကာအရံကို ဖွင့်ပေးရမယ်။ မဟုတ်ရင် ကျွန်တော်က ပုလဲကို လွှဲပေးပြီးမှ သခင်လေးက ကျွန်တော့်ကို သတ်မယ်ဆို ဘယ်လိုလုပ်မလဲ”

“ငါ့နာမည်လား... မင်းမှာ သိခွင့်မရှိဘူး”

သခင်လေးသည် ကျန်းရီကို လုံးဝအရေးမစိုက်ပေ။ သူ ဓားရှည်တစ်လက်ကို ထုတ်လိုက်ပြီး အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။

“မင်းမှာ ရွေးချယ်စရာ မရှိဘူး။ မင်း သေရင် မိစ္ဆာသတ်ဖြတ်ပုလဲက ငါ့အပိုင် ဖြစ်သွားမှာပဲ။ ငါ မင်းကို နောက်ဆုံးတစ်ခေါက် မေးမယ်။ မင်း ပေးမှာလား၊ မပေးဘူးလား”

“ပေးပါမယ်”

ကျန်းရီ ဆက်သည်းမခံနိုင်တော့ပေ။ သူ့လက်ထဲရှိ ဆောင်းဥတုပုလဲက လင်းလက်လာပြီး မရေမတွက်နိုင်သော ကျန့်ရှမျိုးနွယ်ဝင်များ ပျံထွက်လာသည်။ အကာအရံကို မဖွင့်နိုင်လျှင် ကျန်းရီ ထွက်ပြေးနိုင်မည် မဟုတ်ပေ။ အခြေအနေက ထိုသို့ဖြစ်နေမှတော့ သခင်လေးကို သူ့ထံအညံ့ခံလာအောင် တိုက်ခိုက်ရန်သာ ရှိတော့သည်။ ထိုမှ အကာအရံကို ဖွင့်နိုင်မည်ဖြစ်သည်။

“ငါ မင်းကို မျက်နှာသာ လုံလုံ‌လောက်လောက် ပေးခဲ့ပြီးပြီ”

သခင်လေးက အော်ပြောလိုက်၏။ ရုတ်ခြည်းပင် စွမ်းအားကြီး သိုင်းသမားအားလုံး စတင်လှုပ်ရှားကြသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားကမူ သခင်လေးကို ခေါ်ကာ ပြန်ဆုတ်သွားသည်။

တစ်ချိန်တည်းမှာပင် အနီးရှိ ကျွန်းများတွင် ပုန်းအောင်းနေသော စွမ်းအားကြီး သိုင်းသမားအချို့က တိုက်ပွဲကိုကြည့်၍ လျင်မြန်စွာ ပျံသန်းလာကြ၏။ ဤတစ်ကြိမ်တွင် သူတို့က ကျွန်းတစ်ကျွန်းတည်းပေါ်၌သာ ပုန်းအောင်းနေခဲ့ကြခြင်း မဟုတ်ပေ။ ကီလိုမီတာငါးထောင် အဝန်းအဝိုင်းအတွင်းရှိ ကျွန်းဆယ်ကျွန်းကျော်ပေါ်တွင် တပ်သားများနှင့် စွမ်းအားကြီး သိုင်းသမားများ ပြည့်နှက်နေသည်။ သူတို့အားလုံးသည် ကျန်းရီနှင့် အခြားသူများက မိစ္ဆာသတ်ဖြတ်ပုလဲလုံးများ ယူလာပြီး သူတို့၏ထောင်ချောက်ထဲ ကျရောက်လာမည်ကို စောင့်ဆိုင်းနေကြခြင်းပင်။

All Chapters