← Chapters

ကျွမ်းထိုးမှောက်ခုန်

Vol. 116 Ch. 1614

ကျွမ်းထိုးမှောက်ခုန်

Vol. 116 Ch. 1614

ဟွင့်သွမ့်ပင်လယ်က အမှန်ပင် ကျွမ်းထိုးမှောက်ခုန် ဖြစ်လာသည်။

သခင်လေး၊ သခင်မလေး ရှစ်ယောက် ကြယ်တာရာကျွန်းသို့ ပြန်ရောက်သောအခါ ကျွန်းတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ သခင်လေး၊ သခင်မလေး အားလုံး ဒေါသထွက်သွားကြသည်။ မျိုးနွယ်ကြီးလေးခုသည်လည်း ကျန်းရီကို သတ်ရန် ကြယ်တာရာကျွန်းစုတစ်ခုလုံးကို အမိန့်ပေးလိုက်သည်။

ကျန်းရီသာ လူများစွာနှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို မသတ်ခဲ့လျှင် ဤမျှပြဿနာကြုံရမည် မဟုတ်ပေ။

ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများအတွက်ပင် အုပ်ချုပ်သူအဆင့် သိုင်းသမားများမှာ ထိပ်တန်းသိုင်းသမားများဖြစ်ကြသည်။ သို့သော် ကောင်းကင်ဘုံမှ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က အထက်ဘုံမှ လူငယ်တစ်ယောက်၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်လော။ သူတို့ ထိုကိစ္စကို မည်သို့ လျစ်လျူရှုနိုင်မည်နည်း။ မဟုတ်လျှင် ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများ အရှက်ရရပေလိမ့်မည်။

မျိုးနွယ်ကြီးလေးခုသည် အထက်ဘုံနှင့် စစ်မခင်းလိုပေ။ သူတို့က အိမ်နီးချင်းများ မဟုတ်ပါလား။ ထို့ပြင် အထက်ဘုံမှ သိုင်းသမားများကလည်း ကောင်းကင်ဘုံမှ သိုင်းသမားများထက် မနည်းပေ။ သို့သော် သူတို့က ကောင်းကင်ဘုံနှင့် မဟာမိတ်ဖွဲ့ထားသူများ မဟုတ်လော။ ထို့ပြင် အထက်ဘုံသည်လည်း တမလွန်ဘုံက သူတို့ကို မသိမ်းပိုက်နိုင်စေရန် ကောင်းကင်ဘုံအပေါ်တွင် မှီခိုနေရသည်။ ကောင်းကင်ဘုံမှာ အားလုံးကို ထိန်းပေးထားသော ထောက်တိုင်ကြီးတစ်ခု ဖြစ်သည်။

ထိုထောက်တိုင်ကြီးကို မဟာဧကရာဇ်လေးပါးနှင့် ကောင်းကင်ဘုံ၏ မျိုးနွယ်ကြီးများက တစ်လှည့်စီ ထောက်ကန်ပေးကြသည်။ ထို့ကြောင့် သခင်လေး၊ သခင်မလေးများက ဒေါသထွက်လာသောအခါ ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးလေးခုသည် ကျန်းရီကိုလိုက်ရှာရန် မရေမတွက်နိုင်သော ထောက်လှမ်းရေးများကို စေလွှတ်လိုက်ကြသည်။

သခင်လေးများနှင့် သခင်မလေးများသည်လည်း သူတို့ ခေါ်လာခဲ့သူအများစုကို စေလွှတ်လိုက်ကြ၏။ ထို့ပြင် ကောင်းကင်ဘုံမှ လူများကိုလည်း စစ်ကူလှမ်းတောင်းကြ၏။ မျိုးနွယ်ကြီးလေးခုသည် လူတစ်သန်းစေလွှတ်၍ မိုင်သန်းတစ်ထောင်အဝန်းအဝိုင်းကို ဝန်းရံစေလိုက်၏။ ထိုမှ သူတို့ စေ့စေ့စပ်စပ် ရှာဖွေနိုင်မည်ဖြစ်သည်။

ထို့ပြင် မျိုးနွယ်ကြီးလေးခုထဲမှ တစ်ခုဖြစ်သော တင်မျိုးနွယ်သည် ပုန်းအောင်းနေသူများကို ရှာနိုင်သည့် ဆန်းကြယ်သော ရတနာများကိုလည်း ထုတ်ပေးလိုက်သေးသည်။ တင်မျိုးနွယ်တွင်သာ ထိုကဲ့သို့သော ရတနာများရှိသည်။ ၎င်းရတနာများကို ပြဒါးလုံးဟု ခေါ်သည်။

ထိုပြဒါးလုံးများက ကောင်းကင်စွမ်းအားကိုသုံး၍ အာကာပြင်ထဲတွင် လှိုင်းတွန့်များ ဖြစ်စေခြင်းပင်။ တင်မျိုးနွယ်က သူတို့၏ အကောင်းဆုံး ပြဒါးလုံးများကို ထုတ်မပေးခဲ့သော်လည်း၊ ၎င်းပြဒါးလုံးများ ဖန်တီးသော လှိုင်းတွန့်များက အားကောင်းသည်ဟု မဆိုသာသော်လည်း ကျန်းရီနှင့် အဆိပ်ဝိညာဉ် နှစ်ယောက်စလုံးကို ရှာရန် လုံလောက်ပေသည်။ ထို့ပြင် တင်မျိုးနွယ်၌ အဆင့်နိမ့် ပြဒါလုံးများစွာ ရှိရာ ကျန်းရီတို့ကို လိုက်ရှာသူတိုင်း ပြဒါလုံးတစ်လုံးစီ ရကြသည်။

ပုန်းကွယ်ခြင်းအတတ်က လူတစ်ယောက်ကို ဖြစ်တည်မှုပျောက်ကွယ်သွားစေသည် မဟုတ်ပေ။ မိမိ၏အရှိန်အဝါကို အခြားသူများ အာရုံမခံနိုင်တော့အောင် လုပ်ပေးခြင်းသာ။ ထို့ကြောင့် သူတို့၏ ရုပ်ခန္ဓာက ပျောက်ကွယ်နေသော်လည်း ဒြပ်ထည် ရှိနေပေသေးသည်။ ယခင်တွင် ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်၏ ဟိန်းသံက ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့၏ ရုပ်ခန္ဓာများကို ချက်ချင်း ပြန်ပေါ်လာစေခဲ့သည်။ အကယ်၍ ပြဒါးလုံးများက အာကာပြင်ထဲတွင် လှိုင်းတွန့်များ ပြည့်နှက်နေစေမည်ဆိုလျှင် သူတို့၏ခန္ဓာကိုယ်များ ပြန်ပေါ်လာမည်တော့ မဟုတ်သော်လည်း အာကာပြင်ထဲ၌ ထူးခြားသော အရိပ်လက္ခဏာများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထိုအခါ ရှာဖွေနေသော လူများသည် ကျန်းရီတို့နှစ်ယောက်ကို ချက်ချင်း ရှာတွေ့သွားပေလိမ့်မည်။

လူတစ်သန်းကျော်...

ရှာဖွေနေသော လူအရေအတွက် တိုးလာနေ၏။ ကြယ်တာရာကျွန်းစုတစ်ခွင်လုံးတွင် လူများ ပြည့်နှက်နေသည်။ သူတို့အများစုက ပြဒါးလုံးများကို ကိုင်၍ နေ့ညမပြတ် ရှာဖွေနေကြသည်။ မြို့အားလုံးကိုလည်း ပိတ်ထားသည်။ မည်သူမှ မြို့ထဲက ထွက်ခွင့်မရှိတော့ပေ။ သခင်လေး၊ သခင်မလေးများစွာသည်လည်း သူတို့၏ အုပ်ချုပ်သူအဆင့် သိုင်းသမားများကို စေလွှတ်၍ ကျန်းရီကို သတ်ရန် ညွှတ်ကြားလိုက်ကြသည်။

သို့သော်...

ထိုမျှများသော လူများက နှစ်ရက်ကြာအောင် ရှာဖွေခဲ့သော်လည်း ကျန်းရီကို ရှာမတွေ့ကြသေးပေ။ ကျန်းရီက လေထဲတွင် ပျောက်ကွယ်သွားသလိုပင်။ လူတစ်ယောက်မှ သူနှင့် မတိုးပေ။ မည်သူမှလည်း သဲလွန်စ မရချေ။

ကျန်းရီက မည်မျှလျင်မြန်ပါစေ အချိန်တိုအတွင်း ကြယ်တာရာကျွန်းစုအတွင်းမှ ထွက်သွားနိုင်မည် မဟုတ်ပေ။

မည်သည့်နေရာတွင် ပြဿနာ ရှိနေခြင်းနည်း။ ကျန်းရီ မည်သည့်နေရာတွင် ပုန်းအောင်းနေနိုင်သနည်း။ သူ ဟွင့်သွမ့်ပင်လယ်ထဲမှ ထွက်သွားပြီလော။

မည်သူမှ အဖြေရှာမရပေ။

လူအုပ်သည် အလွယ်တကူ လက်မလျှော့နိုင်ပေ။ သူတို့အားလုံး ဆက်ရှာဖွေကြသည်။ သို့သော် နှစ်ရက်ကုန်သွားခဲ့ပြီဖြစ်၍ လူများသည် မျှော်လင့်ချက် သိပ်မထားကြတော့ပေ။ အုပ်ချုပ်သူအဆင့် သိုင်သမား တစ်ယောက်နှင့် အခြား စွမ်းအားကြီး သိုင်းသမားများက အချည်းနှီး သေခဲ့ရသလို ဖြစ်သွားတော့မည့်ပုံပင်။

သူတို့ ကျန်းရီကို အထက်ဘုံအထိ လိုက်သတ်ရမည်လော။

သခင်လေးများ၊ သခင်မလေးများသည် ထိုသို့လုပ်ဝံ့သောသတ္တိ မရှိချေ။ သူတို့ ထိုသို့မလုပ်ဝံ့ခြင်းမှာ အထက်ဘုံမှ သိုင်းသမားများကို ကြောက်၍ မဟုတ်ဘဲ မဟာဧကရာဇ်လေးပါး၏ တင်းကြပ်သော စည်းမျဉ်းများကြောင့် ဖြစ်သည်။ ကောင်းကင်ဘုံမှ သခင်လေးများ၊ သခင်မလေးများသည် အထက်ဘုံတွင် ပြဿနာရှာခွင့် မရှိပေ။ သူတို့ ပြဿနာရှာလျှင် အကြောင်းက မည်သို့ဖြစ်စေ အမေးအမြန်းမရှိ အသတ်ခံရမည်ဖြစ်သည်။

အထက်ဘုံနှင့် အနိမ့်ဘုံတို့က ကောင်းကင်ဘုံ၏ အခြေခံအုတ်မြစ်များဖြစ်ကြသည်။ ထိုဘုံနှစ်ခုမှနေ၍ သိုင်းသမားများ ဆက်တက်လှမ်းမလာနိုင်တော့လျှင် ကောင်းကင်ဘုံတွင် လုံလောက်သော လူစွမ်းအားအရင်းအမြစ် ရှိတော့မည် မဟုတ်ပေ။ ထိုအခါ ကောင်းကင်ဘုံသည် တမလွန်ဘုံကို ဆက်ခုခံနိုင်တော့မည် မဟုတ်ချေ။ တစ်ခါတွင် သခင်လေးတစ်ယောက်က အထက်ဘုံသို့ ဆင်း၍ ပြဿနာရှာခဲ့၏။ မဟာဧကရာဇ်လေးပါးသည် ချက်ချင်းပင် ထိုသခင်လေးကို ကွပ်မျက်ရန် အမိန့်ထုတ်ခဲ့ပေသည်။

တတိယရက်၊ စတုတ္ထရက်၊ ပဉ္စမရက်...

ငါးရက်ကြာပြီးနောက် ကျန်းရီကို ထွက်ရှာကြသော လူအားလုံး ပြန်သွားကြသည်။ ဤမျှကြာအောင် ရှာပြီးသည်အထိ ကျန်းရီကို ရှာမတွေ့သေးပေ။ ထို့ကြောင့် ဖြစ်နိုင်ခြေနှစ်ခုသာ ရှိတော့သည်။ ကျန်းရီက ကြယ်တာရာကျွန်းစုထဲမှ ထွက်သွားခြင်း သို့မဟုတ် ဆန်းကြယ်စွမ်းရည်တစ်ခုကို သုံး၍ အထက်ဘုံသို့ ပြန်သွားခြင်းသာ ဖြစ်မည်။

မည်သို့ပင်ဖြစ်စေ ကျန်းရီကို ရှာမတွေ့သည်မှာတော့ အမှန်ပင်။ ဟွင့်သွမ့်ပင်လယ်က အလွန်ကြီးမားသည်။ သူတို့ လူဆယ်သန်း စုစည်းမည်ဆိုလျှင်ပင် ကျန်းရီကို လိုက်ရှာနိုင်မည် မဟုတ်ချေ။

ဒုတိယဖြစ်နိုင်ခြေက ပိုဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံမှ သခင်လေးများနှင့် သခင်မလေးများတွင် ထူးခြားသော ရတနာတစ်ခု ရှိတတ်၍ပင်။ ထိုရတနာကို နတ်ဘုရားရှောင်တိမ်းအဆောင်ဟု ခေါ်သည်။ ၎င်းကို သုံးလိုက်သည်နှင့် အသုံးပြုသူသည် ကောင်းကင်ဘုံရှိ အထူးနေရာတစ်ခုသို့ ပြန်ရောက်သွားသည်။ သခင်လေး၊ သခင်မလေးများသည် သေတော့မည့်အချိန် မဟုတ်လျှင် ၎င်းအဆောင်ကို အသုံးပြုခဲသည်။ သူတို့၏ အုပ်ချုပ်သူအဆင့် ကိုယ်ရံတော်များတွင်ပင် ထိုကဲ့သို့သော ရတနာတစ်ခု မရှိပေ။ သို့သော် အကယ်၍ ကျန်းရီထံတွင် ထိုကဲ့သို့သော အရာတစ်ခု ရှိနေလျှင် အသို့နည်း။ သူက အထက်ဘုံမှ နံပါတ်တစ်ပါရမီရှင်ဖြစ်ပြီး ဩဇာအာဏာကြီးသောလူများစွာနှင့်လည်း အဆက်အသွယ်ရှိသည် မဟုတ်လော။

သူတို့ ကျန်းရီကို ရှာမတွေ့သော်လည်း အခြားသူများကို ရှာတွေ့ခဲ့သည်။ မိစ္ဆာသတ်ဖြတ်ပုလဲတစ်လုံးစီ ပိုင်ဆိုင်ထားသော ကျန်လူသုံးယောက်စလုံးကို ရှာတွေ့ခဲ့သည်။ ထိုသုံးယောက်လုံးက ကောင်းကင်ဘုံမှ ဖြစ်ပြီး သူတို့ထဲက တစ်ယောက်မှာ မျိုးနွယ်ငယ်လေးတစ်ခုမှ သခင်လေးတစ်ယောက်ဖြစ်ပေသည်။

သုံးယောက်စလုံး၏ မိစ္ဆာသတ်ဖြတ်ပုလဲများ လုယူခံလိုက်ရသည်။ မျိုးနွယ်ငယ်တစ်ခု၏ သခင်လေးမှလွဲ၍ ကျန်နှစ်ယောက် အသတ်ခံလိုက်ရသည်။ သခင်လေးများ၊ သခင်မလေးများသည် ကျန်းရီကြောင့် ထွက်နေသော ဒေါသများကို ထိုသုံးယောက်အပေါ် ပုံချခြင်းသာ။ သူတို့သုံးယောက်သည် အချိန်မှား၊ နေရာမှား၍ ရောက်လာမိခဲ့ခြင်းပင်။

မိစ္ဆာသတ်ဖြတ်ပုလဲ နှစ်ဆယ့်ခုနစ်လုံးထဲတွင် နှစ်ဆယ့်ခြောက်လုံးကို လုယူပြီးပေပြီ။ မိစ္ဆာသတ်ဖြတ်နန်း‌တော်လည်း ထွက်ပေါ်လာတော့မည်။ မည်သူမှ ကျန်းရီအတွက် အချိန်ဖြုန်းမနေနိုင်တော့ပေ။ ထိုအစား သူတို့သည် လုယူထားသော ပုလဲများကို မည်သို့ခွဲဝေကြမည်ကို စတင် ဆွေးနွေးကြသည်။ အချို့ သခင်လေးများနှင့် သခင်မလေးများထံတွင် မိစ္ဆာသတ်ဖြတ်ပုလဲ မရှိသေးပေ။ သို့သော် သူတို့သည် လက်ဗလာဖြင့် လှည့်မပြန်နိုင်ပါချေ။ သမိုင်းတစ်လျှောက်တွင် မျိုးနွယ်ကြီးများသည် မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ ဝင်နိုင်မည့် အခွင့်အရေးကို အမြဲမျှဝေခဲ့ကြသည်။ ဤတစ်ကြိမ်ကလည်း ချွင်းချက်မဟုတ်ပေ။

ခုနစ်ချီ ဆွေးနွေးပြီးနာက် သဘောတူညီမှုတစ်ခု ရလာသည်။ သခင်လေးအားလုံး၊ သခင်မလေးအားလုံး မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ ဝင်ခွင့်ရမည်။ သို့သော် အချို့ သခင်လေးများနှင့် သခင်မလေးများက သူတို့၏ အုပ်ချုပ်သူအဆင့် ကိုယ်ရံတော်များကို အပြင်တွင် ချန်ခဲ့ရမည်။ ဤတစ်ကြိမ်တွင် သူတို့သည် အဖွဲ့လေးဖွဲ့ခွဲ၍ ဝင်မည်ဖြစ်သည်။ သခင်လေးတောက်ဖုန့်၊ သခင်မလေးကုန်းယန်၊ သခင်မလေးဟယ်နှင့် ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးလေးခုတို့က တစ်ဖွဲ့စီကို ဦးဆောင်၍ နန်းတော်ထဲ ဝင်ကြမည်ဖြစ်သည်။

ခြောက်ရက်မြောက်နေ့တွင် သခင်လေး၊ သခင်မလေး အားလုံး မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာလိမ့်မည်ဟု ခန့်မှန်းထားသော နေရာသို့ ထွက်ခွာကြ၏။ ထိုနေရာအနီးတွင် တပ်ဖွဲ့များစွာက စောင့်ကြပ်နေကြပြီ သာမန်လူများ အနားကပ်မလာနိုင်‌အောင် တားထားကြသည်။ သခင်လေး၊ သခင်မလေး အုပ်စုသည် အနီးမှ ကျွန်းတစ်ကျွန်းတွင် အနားယူကာ နန်းတော် ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေကြပေသည်။

***

“အရှင်ငယ်၊ စစ်သူကြီး... ဟိုလူတွေ ထွက်သွားပါပြီ။ ကျွန်တော်တို့ ဘာလုပ်သင့်လဲ”

ကြယ်တာရာမြို့ထဲရှိ ရဲတိုက်ငယ်လေးတစ်လုံးထဲတွင် အဆိပ်ဝိညာဉ် ထွက်ပေါ်လာ၏။ သူသည် ရဲတိုက်ထဲတွင် ထိုင်နေသော ကျန်းရီနှင့် ချီချင်ချန်တို့ကို အခြေအနေ တင်ပြလိုက်သည်။

ကျန်းရီနှင့် ချီချင်ချန်တို့ နှစ်ယောက်စလုံးက ကျင့်ကြံနေကြခြင်းပင်။ သူတို့သည် အဆိပ်ဝိညာဉ်၏ တင်ပြချက်ကို ကြားလိုက်သောအခါ မျက်လုံးများ ဖွင့်လိုက်ကြသည်။ ထို့နောက် ချီချင်ချန်က ပြတ်သားစွာ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့။ မိစ္ဆာသတ်ဖြတ်နန်းတော်ရဲ့ ဂိတ်တံခါးက နန်းတော်ထွက်ပေါ်လာပြီး တစ်ရက်နေမှ ဖွင့်မှာပါ။ ကျွန်မတို့ နန်းတော်ထွက်ပေါ်လာပြီး နေ့ဝက်နေမှ သွားကြမယ်”

တစ်ခါတရံတွင် အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံး ဖြစ်နေတတ်သည်။

ကျန်းရီ၊ ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့က သခင်လေး၊ သခင်မလေးများ ရှိနေသော ကြယ်တာရာမြို့ထဲမှာပင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။ ထိုလူများက သူတို့ကို မရှာနိုင်ခဲ့ခြင်းမှာ သူတို့က ကြယ်တာရာမြို့ထဲတွင် ပုန်းနေရလောက်အောင် ရဲတင်းလိမ့်မည်ဟု မထင်ခဲ့ကြ၍ပင်။

ဝိညာဉ်မျိုးနွယ်က ထောက်လှမ်းခြင်းနှင့် လုပ်ကြံခြင်းအပိုင်းတွင် အတော်ဆုံးဖြစ်သည်။ အဆိပ်ဝိညာဉ်သည် တိရှဘုံတွင် အကြိမ်များစွာ လိုက်လံဖမ်းဆီးခံခဲ့ရဖူးသည်။ ကျန်းရီသည်လည်း ဝိညာဉ်မျိုးနွယ်၏ အတော်ဆုံး ထောက်လှမ်းရေးနှင့် လုပ်ကြံရေးသမားဟု မဆိုသာသော်လည်း သေချာပေါက် ထိပ်တန်းထဲတွင် ပါသည်။

ထို့ပြင် အဆိပ်ဝိညာဉ်က အလွန်ဉာဏ်ကောင်းသည်။ ကျန်းရီ သတိမေ့သွားသည့်အခိုက်တွင် သူသည် ထွက်ပြေးသွားသော သခင်လေးများနှင့် သခင်မလေးများနောက်သို့ အမှီလိုက်၍ သူတို့နှင့်အတူ ကြယ်တာရာမြို့ထဲ လိုက်ဝင်ခဲ့သည်။ ထို့နောက် ခြံဝန်းငယ်တစ်ခုကို ရှာကာ ထိုခြံဝန်းပိုင်ရှင်မိသားစုကို ထိန်းချုပ်၍ ခြံဝန်းထဲရှိ ရဲတိုက်ငယ်တစ်လုံးထဲတွင် ပုန်းအောင်းနေလိုက်ပေသည်။

ကြယ်တာရာမြို့ထဲတွင် စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေသည်။ သို့သော် သူတို့သည် ကောင်းကင်စိတ်အာရုံများကို အသုံးမပြုနိုင်ကြပေ။ ယင်းအပြင် မြို့တိုင်းကိုလည်း လျင်မြန်စွာ ပိတ်ဆို့ခဲ့သဖြင့် အဆိပ်ဝိညာဉ်က ကြယ်တာရာမြို့ထဲသို့ ရောက်နေပြီး ဖြစ်လိမ့်မည်ဟုလည်း မည်သူမှ မထင်ခဲ့ကြချေ။ ထို့ကြောင့် မည်သူကမှ မြို့ထဲတွက် လိုက်မရှာခဲ့ရာ သူတို့သုံးယောက်ကို ရှာမတွေ့ခဲ့ခြင်း ဖြစ်ပေသည်။

“အရှင်ငယ်၊ စစ်သူကြီး...”

အဆိပ်ဝိညာဉ်သည် ခေတ္တမျှ တွေးတော၍ စိုးရိမ်တကြီး ထပ်ပြောလိုက်၏။

“ကျွန်တော်တို့ အထက်ဘုံကို ပြန်သွားသင့်တယ်လို့ ထင်ပါတယ်။ ဒီမှာက အရမ်းအန္တရာယ်များလွန်းတယ်။ ကျွန်တော်တို့ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲကနေ ရတနာတွေ ရခဲ့ရင်တောင် အဲ့သခင်လေးတွေ၊ သခင်မလေးတွေ လက်ထဲကနေ လွတ်အောင် ထွက်မပြေးနိုင်လောက်ဘူး...”

“အဆိပ်ဝိညာဉ်... ခင်ဗျားကြောက်ရင် ခင်ဗျားဘာသာ အထက်ဘုံကို ပြန်သွားပြီး ကျွန်တော်တို့ကို စောင့်နေ”

ကျန်းရီ ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်တို့ သိုင်းပညာတာအိုကို ကျင့်ကြံတာက ကောင်းကင်ကိုဆန့်ကျင်ပြီး ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ပဲ။ ကျွန်တော်တို့မှာ ကောင်းကင်ကို ဆန့်ကျင်ရဲတဲ့သတ္တိ မရှိရင် ဘယ်လိုလုပ် အထွတ်အထိပ်ကို ရောက်နိုင်မှာလဲ။ အကုန်လုံးကို လိုက်ကြောက်နေရင် ကျင့်ကြံခြင်းက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ ကျွန်တော်တို့ အိမ်မှာ ကိုယ့်မိန်းမကိုယ် ဖက်အိပ်နေတာကမှ ပိုကောင်းဦးမယ် မဟုတ်လား။ အဲ့ ကောင်းကင်ဘုံက သခင်လေးတွေ၊ သခင်မလေးတွေက အသုံးမကျပါဘူး... ဘာကြောက်စရာရှိလဲ။ တကယ့် ထိပ်တန်းအဆင့် သခင်လေးတွေကရော ဒီကိုလာပြီး ရတနာရှာနေကြမှာတဲ့လား။ သူတို့က တမလွန်ဘုံစစ်တပ်နဲ့ တိုက်ခိုက်နေရတာနဲ့တင် အားမှာမဟုတ်ဘူး။ ခင်ဗျား နားလည်ရဲ့လား”

All Chapters