နတ်ဆိုးတွေ အကြီးအကျယ်ဖျက်ဆီးနေခြင်း
Vol. 61 Ch. 839
လီဖူချန်းရဲ့ပြန်လာမှုက လွင့်မျောကောင်းကင်တောင်အတွက် ပျော်ရွှင်ကျေနပ်ဖွယ်ရာတစ်ခုပါပဲ။
ဒါပေမယ့် ကိစ္စတွေက အလျင်လိုနေတာကြောင့် လီဖူချန်းက လွင့်မျောကောင်းကောင်တောင်မှာ ကြာရှည်မနေပါဘူး။
အရ်းအမြစ်တွေ၊ လက်နက်တွေ၊ အသုံးအဆောင်ပစ္စည်းတွေရဲ့ကြီးမားတဲ့ပမာဏကို ချန်ထားပြီးနောက် သူက ထွက်ခွာလာတယ်။
…
တိုက်ပွဲမျှော်စင်ကို ဗဟိုချက်အနေနဲ့အတူ အလင်းတောက်ပအလွှာတစ်ခုက ကျဆင်းလာတယ်။
တောက်ပအလင်းရဲ့အပြင်ဘက်မှာ မရေမတွက်နိုင်လောက်တဲ့နတ်ဆိုးတွေနဲ့ပြည့်နှက်နေတဲ့အနက်ရောင်ဒီရေလှိုင်းတစ်ခု ရှိတယ်။
"မစိုးရိမ်ကြနဲ့၊ နတ်ဆိုးတွေက တိုက်ပွဲမျှော်စင်ရဲ့ခံစစ်ကို မချိုးဖြတ်နိုင်ဘူး" အားကောင်းတဲ့မဟာဧကရာဇ်တစ်ယောက်က ယုံကြည်ချက်ရှိရှိနဲ့ ပြောလိုက်တယ်။
အခြားသူတွေက မသိပေမယ့် သူက ရှင်းရှင်းလင်းလင်း သိတယ်။ တိုက်ပွဲမျှော်စင်က ရှေးခေတ်ကတည်းက တည်ရှိခဲ့ပြီး အရင်းအမြစ်ပမာဏများစွာကို အသုံးပြုလျက် ကောင်းကင်အရှင်များစွာက ဖန်တီးခဲ့တဲ့ စစ်ပွဲအသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်တယ်။ ကောင်းကင်အရှင်တစ်ယောက်ကတောင် ခံစစ်ကို မချိုးဖြတ်နိုင်ဘူး။
အဝေးကနေ တိုက်ပွဲမျှော်စင်ကို နတ်ဆိုးစစ်တပ်က တိုက်ခိုက်နေတာကို လီဖူချန်းက အာရုံခံနိုင်တယ်။
လီဖူချန်းက မစိုးရိမ်ပါဘူး။ ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့အခြားသူတွေထံမှ သူ သိထားတာအရ တိုက်ပွဲမျှော်စင်တွေက လူသားတွေရဲ့အကြီးအကျယ်ဆုံးအားထားရာဆိုတာကို သူ သိခဲ့တယ်။ နှစ်ပေါင်းမရေမတွက်များစွာကြာသည့်တိုင်အောင် တိုက်ပွဲမျှော်စင်တွေကို ဘယ်တော့မှ မချိုးဖြတ်နိုင်ခဲ့ပါဘူး။
မကြာမီမှာ လီဖူချန်းက မြင်ကွင်းထံ ရောက်ရှိလာတယ်။
ဓားကို ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးစစ်တပ်တစ်ဝက်ခန့်က ရှင်းလင်းခံလိုက်ရတယ်။ နောက်ထပ်ဓားဝှေ့ယမ်းလိုက်ရာ နတ်ဆိုးတွေရဲ့၉၀ရာခိုင်နှုန်းက သတ်ဖြတ်ခံလိုက်ရတယ်။
"တိုက်ကြတော့"
အစောတုန်းက နတ်ဆိုးတွေရဲ့ကြီးမားများပြားတဲ့အရေအတွက်ကြောင့် တစ်ယောက်မှ မထွက်လာရဲဘူး။ ဒါပေမယ့် နတ်ဆိုးတွေက ၁၀ရာခိုင်နှုန်းအောက်သာ ကျန်ရှိတော့တဲ့အချိန်မှာ သူတို့က ပြန်မတိုက်ခိုက်ရဲသေးရင်တော့ သူတို့အားလုံးက ငကြောက်တွေသာ ဖြစ်လိမ့်မယ်။ ပထမဆုံးထွက်လာသူတွေကတော့ ဓားသမားအစည်းအရုံးရဲ့ဓားသမားတွေပါပဲ။ သူတို့က အသီးအရွက်လှီးဖြတ်နေတဲ့အလား နတ်ဆိုးတွေကို သတ်ဖြတ်နေကြတယ်။
နတ်ဆိုးတွေကို ရိတ်သိမ်းပြီးနောက် လီဖူချန်းက ပြောလိုက်တယ်"ငါ့နောက် လိုက်လာကြပါ"
နံပါတ်၁၉တိုက်ပွဲနယ်မြေမှာ အလယ်ဆင့်တိုက်ကြီးစုစုပေါင်းဆယ်ခု ရှိတယ်။ နတ်ဆိုးတွေနဲ့တိုက်ခိုက်ဖို့အတွက်ဆိုရင် လီဖူချန်းတစ်ယောက်တည်းက မလုံလောက်ပါဘူး။ သူက ဒီလူတွေကို တိုက်ကြီးဆယ်ခုဆီ ပို့လွှတ်ဖို့လိုပါတယ်။
ဒီလူတွေက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးပေါ်မှာတော့ ဘာမှမဟုတ်ပေမယ့် အလယ်ဆင့်တိုက်ကြီးပေါ်မှာဆိုရင် သူတို့အားလုံးက ထိပ်တန်းအဆင့်ကျွမ်းကျင်သူတွေ ဖြစ်ကြတယ်။
…
အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ နတ်ဆိုးတွေက နက်ပြာပလိန်းကို ကျူးကျော်လာခဲ့တယ်။
လူသားတွေက ပြင်းထန်တဲ့ထိခိုက်ပျက်စီးမှုတွေ ခံစားရပြီး တိုက်ကြီးတွေကို နတ်ဆိုးတွေက အပြည့်အဝသိမ်းပိုက်ထားတယ်။ လူသားနဲ့ကုန်းမြေနတ်ဆိုးသားရဲတွေကို ခြံမွေးတိရိစ္ဆာန်တွေ စားသောက်ကြတယ် ဒါမှမဟုတ် အသားဂိတ်ကို ဆင့်ခေါ်ဖို့ ယဇ်ကောင်တွေအဖြစ် အသုံးပြုကြတယ်။
…
ပင်လယ်နယ်မြေပေါ်မှာ အဆင့်မြင့်သူတော်စင်သုံးယောက်က နတ်ဆိုးအရှင်သခင်တစ်ယောက်ကို တိုက်ခိုက်နေကြတယ်။
နတ်ဆိုးအရှင်သခင်က ကျောက်မျက်အရိုင်းတုံးတစ်တုံးကို နစ်မြုပ်ထားတဲ့ တောင်ဝှေးတစ်ခုကို ကိုင်ဆောင်ထားတယ်။ တိုက်ကွက်တစ်ကွက်မှာ အဆင့်မြင့်သူတော်စင်တွေထဲကတစ်ယောက်က တိုက်ခိုက်မှုကြောင့် သွေးတစ်ပွက်အန်ထွက်သွားတယ်။
"ဒါ မကောင်းဘူး။ ဒီနတ်ဆိုးအရှင်သခင်ရဲ့ခွန်အားက အထွတ်အထိပ်သူတော်စင်တစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်တယ်" အံ့ဖွယ်သဘာဝဓားသူတော်စင်က မည်းမှောင်တဲ့အမူအရာနဲ့ ပြောလိုက်တယ်။
သူ့ခွန်အားက အထွတ်အထိပ်သူတော်စင်တစ်ယောက်နဲ့ အလွန်နီးကပ်နေပေမယ့် သူက နတ်ဆိုးအရှင်သခင်ကို မရင်ဆိုင်နိုင်ပါဘူး။
"ငါ့ရဲ့ကောင်းကင်ကိုးဖြာနတ်မိုးကြိုးအဆောင်ကို လက်ခံကြည့်စမ်း" ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားတဲ့အဆင့်မြင့်သူတော်စင်တစ်ယောက်က ခရမ်းရောင်အဆောင်တစ်ခုကို ကောင်းကင်ထဲ ပစ်လိုက်တယ်။
ဝုန်း...........
ကောင်းကင်က ရုတ်တရက် မည်းမှောင်သွားပြီး အဆုံးမဲ့မိုးကြိုးတွေက ခရမ်းရောင်အဆောင်ထဲ ဝင်လာတယ်။ တစ်ဆက်တည်းမှာပဲ ခရမ်းရောင်အဆောင်က မိုးကြိုးအလင်းတွေနဲ့ ပေါက်ကွဲထွက်လာတယ်။ သန့်စင်တဲ့ခရမ်းရောင်မိုးကြိုးတွေက နတ်ဆိုးအရှင်သခင်ထံ တိုးဝှေ့လာတယ်။ ကြောက်စရာကောင်းတဲ့လျှပ်စစ်စီးကြောင်းက ဟင်းလင်းပြင်ကို အက်ကွဲသွားစေတယ်။
"ငါ့ရဲ့နတ်စွမ်းရည်ကိုလည်း လက်ခံလိုက်အုံး၊ နေမုန်တိုင်း"
ရွှေရောင်နေချီတည်ရှိမှုတစ်ခုနဲ့အတူ တောက်ပနေတဲ့အဆင့်မြင့်သူတော်စင်တစ်ယောက်က လက်နှစ်ဖက်လုံးကို ရှေ့သို့ တွန်းလိုက်တယ်။ ကြောက်မက်ဖွယ်ရာနေစွမ်းအားက မုန်တိုင်းတစ်ခုကို ဖြစ်စေခဲ့ပြီး အရှေ့ရှိအရာအားလုံးကို လွှမ်းမိုးသွားတယ်။
ဥပဒေသပြောင်းလဲခြင်းနယ်ပယ်မှာ အရိုးတည်ဆောက်ပုံရဲ့နတ်စွမ်းရည်ကို အသုံးပြုတဲ့သူ ရှားပါတယ်။ လူတိုင်းက အဆင့်မြင့်သိုင်းပညာတွေကို ကျင့်ကြံထားပြီးဖြစ်ကာ တိကျသေချာတဲ့ကျွမ်းကျွင်မှုအဆင့်တစ်ခုအထိ ကျင့်ကြံပြီးနောက် ခွန်အားက နတ်စွမ်းရည်တွေထက် အားမနည်းတော့ပါဘူး။ အံ့ဖွယ်သိုင်းပညာတွေ ကင်းမဲ့တဲ့သိုင်းပညာရှင်တွေကသာ အရိုးတည်ဆောက်ပုံရဲ့နတ်စွမ်းရည်ကို ကြိုးစားရှာဖွေမှာပါ။
ဒါပေမယ့် အံ့ဖွယ်နတ်စွမ်းရည်တွေမှာ ခြွင်းချက်တွေ ရှိတယ်။
နေမုန်တိုင်းကို အသုံးပြုတဲ့ အဆင့်မြင့်သူတော်စင်တစ်ယောက်ကို ရက်စက်နေသူတော်စင်လို့ ခေါ်တွင်ပြီး ကြယ်ကိုးလုံးနေအရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်တယ်။ သူ့ရဲ့နေနတ်စွမ်းရည်က အလွန်အမင်း အားကောင်းပြီး သူကျင့်ကြံခဲ့တဲ့ဘယ်သိုင်းပညာတွေမဆို ပိုမြင့်တယ်။ ဒါကြောင့် သူ့ရဲ့နတ်စွမ်းရည်က သူ့ရဲ့သတ်ဖြတ်ကွက်ဖြစ်နေသေးတာပဲ။
"အံ့ဖွယ်သဘာဝအမြစ်ဖြတ်သုတ်သင်ခြင်း"
အသက်ကို တစ်ချက်ရှုရှိုက်ပြီးနောက် အံ့ဖွယ်သဘာဝသူတော်စင်လည်း သူ့ရဲ့သတ်ဖြတ်ကွက်ကို အသုံးပြုလိုက်တယ်။ နတ်ဆိုးအရှင်သခင်ရဲ့ပတ်ပတ်လည်ရှိနေရာက တွန့်လိမ့်သွားပြီး ထိုးဖောက်ခွဲဖြတ်ခံနေရတယ်။
"မင်းတို့ရဲ့ခုခံမှုက အလဟာဿပဲလို့ ငါ ပြောခဲ့တာပဲ။ ငါ၊ အန်ဒရီက မင်းတို့ရင်ဆိုင်နိုင်တဲ့သူ မဟုတ်ဘူး"
အနက်ရောင်စက်လုံးတစ်ခုက နတ်ဆိုးအရှင်သခင်အန်ဒရီကို ကာကွယ်ခဲ့တယ်။
သန့်စင်တဲ့ခရမ်းရောင်မိုးကြိုးဖြစ်စေ၊ နေမုန်တိုင်းဖြစ်စေ၊ ဒါမှမဟုတ် ဓားချီဖြစ်စေ သူတို့က အနက်ရောင်စက်လုံးနဲ့ထိတွေ့လိုက်တာနဲ့ သူတို့က ရှင်းလင်းခံလိုက်ရတယ်။
"သေခြင်းခုတ်ချက်"
အန်ဒရီက ဓားသွားတစ်ခုကို သူ့ရဲ့ညာလက်နဲ့ ဖြစ်တည်လိုက်ပြီး ဝှေ့ယမ်းလိုက်တယ်။ အနက်ရောင်ခုတ်ချက်က အဆင့်မြင့်သူတော်စင်သုံးယောက်ကို ထိမှန်သွားတယ်။
အား........
သူတို့သုံးယောက်ပေါ်ရှိအထွတ်အထိပ်ချပ်ဝတ်က အက်ကွဲသွားပြီး သူတို့က သွေးတွေ အန်ထွက်သွားတယ်။
သူတို့ရဲ့ပြိုင်ဘက်က အားကောင်းလွန်းပြီး အထွတ်အထိပ်သူတော်စင်တစ်ယောက်နဲ့တောင် နှိုင်းယှဉ်နိုင်တာလေ။
"ငါတို့က သူ့ကို အချိန်ဆွဲထားပြီး အခြားသူတွေအလာကို စောင့်ရမယ်။ ပြီးမှ ငါတို့ရဲ့စွမ်းအားအားလုံးကို စုစည်းပြီး သူ့ကို အဆုံးသတ်ရမယ်"
သူတို့က အခြားသူတွေထံ အကြောင်းကြားပြီးပါပြီ။ နက်ပြာပလိန်းက ကြီးလွန်းတယ်။ အဆင့်မြင့်သူတော်စင်တွေတောင် အပြေးအလွှားလာရင်တောင် အချိန်လိုပါတယ်။
"ငါ ခန့်မှန်းထားသလိုပဲ၊ မင်းတို့တွေက အကူအညီတွေ စောင့်ဖို့အတွက် အချိန်ဆွဲဖို့ ကြိုးစားနေတာပဲ" နတ်ဆိုးအရှင်သခင်အန်ဒရီက အေးစက်စွာ ရယ်လိုက်တယ်။
တုံ့ပြန်တဲ့အနေနဲ့ သူတို့သုံးယောက်ရဲ့အမူအရာက ပြောင်းသွားတယ်။
"မင်းတို့ရဲ့အကြံအစည်က ဖြစ်လာမှာ မဟုတ်ဘူး၊ငါက မင်းတို့နဲ့ အချိန်ဖြန်းစရာမရှိဘူး" နတ်ဆိုးအရှင်သခင်အန်ဒရီက စိုးရိမ်နေသေးတယ်။ ဒါက လူသားတွေရဲ့ပိုက်နက်ပဲ၊ ပြီးတော့ သူက နတ်ဆိုးရှင်ဘုရင်လဲမဟုတ်သလို ငရဲရှင်ဘုရင်လဲ မဟုတ်ဘူး။ သူ့အတွက်က အန္တရာယ်တစ်ခုတော့ ရှိနေသေးတယ်။
"အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု:နတ်ဆိုးရှင်ဘုရင်က သူတော်စင်အရှင်နဲ့ ညီမျှပြီး ငရဲရှင်ဘုရင်က ကောင်းကင်အရှင်နဲ့ ညီမျှတယ်)
အန်ဒရီက ရုတ်တရက် ပျောက်ကွယ်သွားပြီး ခရမ်းဝတ်အဆင့်မြင့်သူတော်စင်ရဲ့အနောက်မှာ ထွက်ပေါ်လာတယ်။
"သတိထား"
အံ့ဖွယ်သဘာဝဓားသူတော်စင်က တုန်လှုပ်ချောက်ချားသွားတယ်။သူတိူ့ရဲ့အဆင့်မှာ မည့်သည့်ရွေ့လျားရေးနည်းလမ်းမဆို လှိုင်းဂယက်တစ်ခုကို ထုတ်လုပ်ပါလိမ့်မယ်။ ဒါပေမယ့် နတ်ဆိုးအရှင်သခင်အန်ဒရီက ရွေ့လျားတဲ့အခါ လှိုင်းဂယက်တစ်ခုမှ မရှိဘဲ သူက ကောင်းကင်ကိုးဖြာသူတော်စင်အနောက်မှာ အလွယ်တကူ ထွက်ပေါ်လာတယ်။
အံ့ဖွယ်သဘာဝဓားသူတော်စင် သတိပေးလိုက်တဲ့အချိန်မှာ နောက်ကျလွန်းနေပါပြီ။ နတ်ဆိုးအရှင်သခင်အန်ဒရီရဲ့ညာလက်က ကောင်းကင်ကိုးဖြာသူတော်စင်ရဲ့ခန္ဓာကိုယ်ထဲကို ထိုးစိုက်သွားတယ်။
"ဒါဆိုလည်း အတူသေကြရအောင်။ နီဗာနာနတ်မိုးကြိုး"
ကောင်းကင်ကိုးဖြာသူတော်စင်ရဲ့ခန္ဓာကိုယ်က တောက်ပလျက်ရှိပြီး သူ့ရဲ့ချီနဲ့ချီသွေးတို့က အသက်အန္တရာယ်ပြုနိုင်တဲ့အရှိန်နဲ့ ကုန်ခမ်းသွားတယ်။ အဖျက်အဆီးမိုးကြိုးတွေက နတ်ဆိုးအရှင်သခင်အန်ဒရီကို ရစ်ပတ်သွားတယ်။
ဝုန်း ဒုန်း........
မိုးကြိုးတွေက မပြန့်ခင် အသက်ဆယ်ရှိုက်စာ တည်ရှိနေခဲ့တယ်။
"တကယ်ကို ရူးတာပဲ" နတ်ဆိုးအရှင်သခင်အန်ဒရီရဲ့ခန္ဓာကိုယ်ပေါ်မှာ ထိခိုက်မှုတွေ ရှိသွားခဲ့တယ်။
အထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်တစ်ယောက်အနေနဲ့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခုခံမှုနဲ့အသက်စွမ်းအားက ထိတ်လန့်ဖွယ်ကောင်းတယ်။ ကောင်းကင်ကိုးဖြာသူတော်စင်က ခွန်အားအားဖြင့် နိမ့်ကျတယ်၊ ကောင်းကင်ကိုးဖြာသူတော်စင်က အဆင့်ပိုမြင့်ရင်တောင် အန်ဒရီကို ပြင်းထန်စွာ ဒဏ်ရာရစေဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုဖျက်ဆီးတဲ့ဒီတိုက်ခိုက်မှုက အတော်လေးထိရောက်ခဲ့တယ်။ နတ်ဆိုးအရှင်သခင်အန်ဒရီက စိတ်ပျက်သွားတယ်၊ အကြောင်းကတော့ သွေးအဆီအနှစ်အားလုံးကို ကောင်းကင်းကိုးဖြာသူတော်စင်က သုံးစွဲခဲ့ပြီး သူအသုံးပြုဖို့ဘာတစ်ခုမှ မကျန်ခဲ့ပါဘူး။
"ငါတို့ရဲ့လူသားပိုင်နက်ကို တစ်ယောက်ယောက်က အကြီးအကျယ်ဖျက်ဆီးနေတာကို ငါလည်း လုံးဝသဘောမကျဘူး" အသံတစ်ခုက ပဲ့တင်ထပ်သွားတယ်။
သူ့ခန္ဓာကိုယ်က အေးစက်သွားသလို နတ်ဆိုးအရှင်သခင်အန်ဒရီက ခံစားရတယ်။ သူ ခေါင်းငုံ့ကာ ကြည့်လိုက်ရာ ဘယ်အချိန်တုန်းက သူ့ခန္ဓာကိုယ်က နှစ်ပိုင်းခွဲခံလိုက်ရသလဲကို မသိခဲ့ဘူး။ ဒဏ်ရာရသွားတဲ့အစိတ်အပိုင်းမှာ သူ့ရဲ့ပြန်ကောင်းလာခြင်းကို ရပ်တန့်နေတဲ့ ကြောက်စရာစွမ်းအားတစ်ခုရှိပြီး သူ့ရဲ့အသက်စွမ်းအားကို ကုန်ဆုံးလာစေတယ်။
"သူတော်စင်အရှင်" နတ်ဆိုးအရှင်သခင်အန်ဒရိီရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။
(အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု: အရှင်ကို သူတော်စင်အရှင်လို့ ပြောင်းလဲခဲ့တယ်)
သူတော်စင်အရှင်တစ်ယောက်မှာသာ ဒီလိုခွန်အားမျိုး ရှိနိင်မှာပါ။
သူတော်စင်အရှင်တွေက သူတို့ရဲ့နတ်ဆိုးရှင်ဘုရင်နဲ့ ညီမျှတယ်။
"ပြေးတော့"
နတ်ဆိုးအရှင်သခင်အန်ဒရီရဲ့ကျောက်မျက်တောင်ဝှေးက လင်းလက်သွားပြီး နေရာလပ်စွမ်းအားလှိုင်းဂယက်တစ်ခု ဖြစ်တည်သွားတယ်။
ဝုန်း........
အစကတော့ နတ်ဆိုးအရှင်သခင်အန်ဒရီက သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ယူသွားဖို့ စီစဥ်ထားတယ်၊ ဒါပေမယ့် အားတစ်ခုက ထိုအချိန်မှာ တိုက်ခိုက်ခဲ့ပြီး သူ့ခန္ဓာကိုယ်ရဲ့အခြားတစ်ဝက်ကို အစစအနနဖြစ်စေခဲ့တယ်။
"သူ လွတ်မြောက်သွားတာလား" ကောင်းကင်ဘုံဖျက်ဆီးသူတော်စင်အရှင်က မျက်မှောင်ကြုတ်ကာ ဟင်းလင်းပြင်မှ ထွက်လာတယ်။
"ကောင်းကင်ဘုံဖျက်ဆီးသူတော်စင်အရှင်ကို နှုတ်ဆက်ပါတယ်" အံ့ဖွယ်သဘာဝဓားသူတော်စင်နဲ့ရက်စက်နေသူတော်စင်တို့က ဦးညွှတ်လိုက်ကြတယ်။
***