ဆန်းကြယ်ရေခဲသားရဲအရှင်သခင်
Vol. 61 Ch. 840
ကောင်းကင်ဖျက်ဆီးသူတော်စင်အရှင်က နက်ပြာပလိန်းရှိသူတော်စင်အရှင်အနည်းငယ်ထဲကတစ်ယောက်ပါပဲ။ သူက နက်ပြာပလိန်းရဲ့အသက်ရှင်သန်မှုမှာ သိသာထင်ရှားတဲ့အခန်းကဏ္ဍာမှာ သေချာပေါက် ပါဝင်ခဲ့တယ်။
ဒီတစ်ကြိမ် နက်ပြာပလိန်းကို ကျူးကျော်ခဲ့တဲ့နတ်ဆိုးအရှင်သခင်များစွာ ရှိတယ်၊ အရေအတွက်က လူသားသူတော်စင်တစ်ယောက်နဲ့ ညီမျှတယ်။ အားအနည်းဆုံးနတ်ဆိုးအရှင်သခင်ကတောင် အဆင့်မြင့်သူတော်စင်တစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်ပေမယ့် အဆင့်မြင့်သူတော်စင်တွေက များစွာ မရှိပါဘူး။
နတ်ဆိုးအရှင်သခင်တွေကို အဆက်မပြတ်ဖယ်ရှားနေတဲ့ကောင်းကင်ဖျက်ဆီးသူတော်စင်အရှင်ကြောင့်သာ မဟုတ်ရင် လူသားတွေက ယခုထက် အဆများစွာပိုဆိုးလာပါလိမ့်မယ်။
"အားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်" ပြောပြီးနောက် ကောင်းကင်ဖျက်ဆီးသူတော်စင်အရှင်က ထွက်ခွာသွားတယ်။
အံ့ဖွယ်သဘာဝဓားသူတော်စင်နဲ့ရက်စက်နေသူတော်စင်တို့က လေးစားမှုအပြည့်ဖြစ်နေတယ်။
ကောင်းကင်ဖျက်ဆီးသူတော်စင်အရှင်မှာ ကြောက်စရာကောင်းတဲ့အမည်နာမရှိပေမယ့် တကယ်တော့ သူက လူသားမျိုးနွယ်စုအတွက် ဂရုစိုက်ခဲ့တာပဲ။
…
နက်ပြာပလိန်းက ကြီးလွန်းပြီး သူတော်စင်တွေက လွဲပြီး အခြားသူတွေက ခရီးသွားလာဖို့ အတော်လေးအားထုတ်ဖို့လိုတယ်။ အဲဒါက လအနည်းငယ်၊ နှစ်အနည်းငယ်၊ နှစ်ဒါဇင်အနည်းငယ် ဒါမှမဟုတ် နှစ်တစ်ရာလောက် ကြာနိုင်တယ်။နက်ပြာပလိန်းတစ်ခုကို ပေါင်းစပ်ဖို့အတွက် လူသားတွေက တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို စတင်တည်ဆောက်ခဲ့ကြတယ်။ သူတို့ကို ပုံမှန်အားဖြင့် တိုက်ပွဲမျှော်စင်ရှိရာကျွန်းနဲ့ အနီးနားရှိအခြားတိုက်ကြီးအချို့ထံ ပို့ဆောင်နိုင်လိမ့်မယ်။
လီဖူချန်းတို့အုပ်စုမှာ အစီအရင်ဧကရာဇ်အချို့ရှိပြီး သူတိူ့ထဲကတစ်ယောက်က အစီအရင်မဟာဧကရာဇ်တစ်ယောက် ဖြစ်တယ်။ လီဖူချန်းက နေရာလပ်ပုံဆောင်ခဲကို ထောက်ပံ့ပေးပြီး နံပါတ်၁၉တိုက်ပွဲနယ်မြေတွေရှိအလယ်ဆင့်တိုက်ကြီးတွေအားလုံးမှာ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တွေကို တည်ဆောက်ခဲ့တယ်။ အခုဆိုရင် တိုက်ကြီးတစ်ခုစီက အကူအညီတွေကိုအပြန်အလှန် လျင်မြန်စွာ ထောက်ပံ့ပေးနိုင်ပြီးပေါ့။
"ခုနှစ်ရောင်ခြယ်တိုက်ကြီးလည်း အဆင်ပြေပါစေလို့ ငါ မျှော်လင့်တယ်"
အစီစစဉ်တွေအားလုံး ပြုလုပ်ပြီးနောက် လီဖူချန်းက နံပါတ်၃၀တိုက်ပွဲနယ်မြေဆီ ဦးတည်လိုက်တယ်။
တိုက်ပွဲမျှော်စင်ရဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို သုံးပြီး လီဖူချန်းက နံပါတ်၃၀တိုက်ပွဲနယ်မြေကို တိုက်ရိုက် သွားရောက်နိုင်တယ် ဒါပေမယ့် သူက ထိုနေရာကို ကိုယ်တိုင်ကိုယ်ကျ သွားချင်တယ်။ လမ်းတစ်လျှောက်မှာ သူက နတ်ဆိုးတွေရဲ့အနေအထားအလုံးစုံကို လေ့လာနိုင်တာပေါ့။
ဘယ်လိုပဲပြောပြော ခရီးအကွာအဝေးက သူ့အတွက် ဘာမှ မဟုတ်ဘူးလေ။
ဒါ့ပြင် တိုက်ပွဲနယ်မြေအသီးသီးကို အဆင့်မြင့်တိုက်ကြီးတွေက အမှန်တကယ် ထောက်ပံ့ပေးတာဖြစ်ပြီး အကူအညီမပါဘဲ မတိုက်ခိုက်ကြပါဘူး။
"ဒီတိုက်ကြီးကို နတ်ဆိုးတွေက သိမ်းပိုက်ထားပြီပဲ"
လမ်းတစ်လျှောက်မှာ ခုနှစ်ရောင်ခြယ်တိုက်ကြီးထက် ပိုသန်မာတဲ့ သာမန်အလယ်ဆင့်တိုက်ကြီးတစ်လုံးကို လီဖူချန်းက တွေ့ခဲ့တယ်။ အဲဒါမှာ နတ်ဆိုးတွေနဲ့ ပြည့်နေပြီး လူသားတွေက အသတ်ခံနေရတယ်၊ စားသုံးခံနေရတယ်။ တကယ်ကို ဝမ်းနည်းဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခုပါပဲ။
မျက်လုံးတွေမှာ သတ်ဖြတ်ခြင်းဆန္ဒက လင်းလက်သွားပြီး လီဖူချန်းက ဒီအလယ်ဆင့်တိုက်ကြီးရဲ့အထက်ကို ရောက်ရှိသွားတယ်။
"သေကြစမ်း"
ဓားစက်ကွင်းကို ချဲ့ထွင်ရင်း နတ်ဆိုးများစွာက ပြာဖြစ်သွားကြတယ်။
နောက်နှစ်နာရီကြာတော့ တိုက်ကြီးပေါ်ရှိနတ်ဆိုးအများစုက ပျောက်ကွယ်သွားကြတော့တယ်။
လွတ်မြောက်သွားတာရှိရင်လည်း ဆယ်ယောက်အောက်ပါပဲ။ သူတို့က ထွက်သွားရင်တောင်မှ လူသားတွေကို မခြိမ်းခြောက်နိုင်ပါဘူး။
"ဒီလိုပြင်းထန်တဲ့နတ်ဆိုးအရှိန်အဝါ။ ဒီလူက နတ်ဆိုးဘယ်လောက်တောင်ကို သတ်ခဲ့တာပါလိမ့်"
အဝေးရှိမိုင်တစ်ရာအကွာမှ နတ်ဆိုးအရှင်သခင်တစ်ယောက်က လီဖူချန်းထံမှ နတ်ဆိုးအရှိန်အဝါကို ခံစားမိနေတယ်။
နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် တစ်စုံတစ်ယောက်မှာ နတ်ဆိုးအရှိန်အဝါအနည်းငယ်က ကျန်ရှိနေလိမ့်မယ်၊ ပြီးတော့ အဲဒါကို အနီးကပ်အကွာအဝေးတောင် အာရုံမခံနိုင်ပါဘူး။ နတ်ဆိုးဆယ်ယောက် ဒါမှမဟုတ် အယောက်တစ်ရာကို သတ်တာလည်း ဘာမှမဟုတ်ဘူး၊ ဒါပေမယ့် နတ်ဆိုးအရှိန်အဝါက မိုင်တစ်ရာမှ အာရုံခံစားမိနေတယ်ဆိုရင်တော့ ထိုလူက နတ်ဆိုး၁၀ဘီလီယံ ဒါမှမဟုတ် ၁၀၀ဘီလီယံကို သတ်ခဲ့တယ်လို့ ဆိုလိုတယ်။
"ဒီလူကို သတ်ရမယ်" နတ်ဆိုးအရှင်သခင်က လီဖူချန်းထံ အလွန်မြန်ဆန်တဲ့အရှိန်နဲ့ ပျံသန်းလာတယ်။
"နတ်ဆိုးအရှင်သခင်"
အချိန်တိုအတွင်း လီဖူချန်းက နတ်ဆိုးအရှင်သခင်ရဲ့ချဉ်းကပ်လာမှုကို ခံစားရတယ်။
ဒီနတ်ဆိုးအရှင်သခင်ရဲ့ချီတည်ရှိမှုက သူအရင်သတ်ခဲ့တဲ့နတ်ဆိုးအရှင်သခင်နှစ်ယောက်ထက် အများကြီးပိုမသန်မာတာကို သိရှိပြီးနောက် လီဖူချန်းက သွားနေတာကို ရပ်လိုက်တယ်။
"လူသား၊ သေစမ်း"
မိုင်တစ်ရာက နတ်ဆိုးအရှင်သခင်တစ်ယောက်အတွက် အကွာအဝေးတိုတစ်ခုပါပဲ။ မကြာမီမှာ နှစ်ယောက်သား ထိပ်တိုက်တွေ့သွားတယ်။ အချိန်မဖြုန်းဘဲ နတ်ဆိုးအရှင်သခင်က ကြောက်စရာအရှိန်အဝါကို ထုတ်လွှတ်ကာ လီဖူချန်းထံ ပြေးဝင်လာတယ်။
"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"
လီဖူချန်းရဲ့မျက်လုံးတွေက အေးစက်သွားပြီး သူက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်။ ဓားပင်လယ်တစ်ခုက နတ်ဆိုးအရှင်သခင်ကို ဖုံးအုပ်သွားတယ်။
ဗွမ်း........
သွေးပုံရိပ်တစ်ခုက ဓားပင်လယ်မှ ပေါ်ထွက်လာတယ်။
ဒီနတ်ဆိုးအရှင်သခင်က အားကောင်းတဲ့အသက်ရှင်သန်ခြင်းရှိပြီး ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကတောင် သူ့ကို မသတ်နိုင်ခဲ့ဘူး။
ဒါပေမယ့် သူက နောက်တစ်ကြိမ် မတိုက်ခိုက်ရဲတော့ပါဘူး၊ လီဖူချန်းရဲ့ဓားပညာက တကယ်ကြောက်မက်ဖွယ်ရာပဲ။ ကမ္ဘာမှာရှိတဲ့ဓားတာအိုဥပဒေသအားလုံးက သူ့ကို တိုက်ခိုက်နေသလိုပဲ။
လီဖူချန်းက ဒုတိယကွက်ကို ထုတ်ဖော်ဖို့ ပြင်ဆင်နေတဲ့အခိုက် သတ်ဖြတ်ခြင်းချီတစ်ခုက ရုတ်တရက် တိုက်ခိုက်လာတယ်။
မသိစိတ်ရဲ့စေ့ဆော်မှုအရ လီဖူချန်းက ရှောင်တိမ်းလိုက်တယ်။
ဖြောက်........
လီဖူချန်းရပ်နေတဲ့နေရာက ရုတ်တရက် အေးခဲအက်ကွဲသွားတယ်။
သူ အချိန်မီမရှောင်နိုင်ခဲ့ရင် အကျိုးဆက်က အန္တရာယ်များလှတယ်။
"ဒါ ဘယ်သားရဲအရှင်သခင်လဲ" လီဖူချန်းက မျက်နှာထားတင်တင်းနဲ့ မေးလိုက်တယ်။
ဒီပင်လယ်နတ်ဆိုးသားရဲတွေက ဘေးကနေ ကြည့်နေရုံတင် အားမရဘူးနဲ့တူတယ်၊ သူ့ကိုတောင် ချောင်းမြောင်းတိုက်ခိုက်ရဲတယ်။ ဒါက တကယ်ကို ရွံမုန်းစရာပဲ။
"မင်းက ရှောင်နိုင်တယ်ပေါ့။ ငါ မင်းကို လျော့တွက်မိတာပဲ"
ပင်လယ်အောက်မှ ရေခဲနန်းတော်တစ်ခုက ပေါလောပေါ်လာတယ်။
နန်းတော်အတွင်းမှာ ပုံရိပ်တစ်ခု ရှိနေတယ်။
"ဆန်းကြယ်ရေခဲသားရဲအရှင်သခင်၊ အရူးသားရဲနန်းတော်က လူသားတွေနဲ့ စစ်ပွဲဖြစ်ဖို့ စီစဉ်နေတာလား"
အရင်က လီဖူချန်းက ဆန်းကြယ်ရေခဲသားရဲအရှင်သခင်ကို မတွေ့ဆုံဘူးပေမယ့် သားရဲအရှင်သခင်အနည်းငယ်ကြားမှာ ဒီလိုကြောက်စရာကောင်းတဲ့ရေခဲစွမ်းအားရှိတာ အနည်းငယ်သာ ရှိတယ်။ ဆန်းကြယ်ရေခဲသားရဲအရှင်သခင်က ထိုအနည်းငယ်ထဲကတစ်ကောင်ပဲ။
"ငါ မင်းကို သတ်ပြီးရင် ဘယ်သူက ငါလုပ်ခဲ့တာကို သိမှာလဲ။ ဒါ့ပြင် မင်းက လူသားတွေကို ကိုယ်စားမပြုနိုင်ပါဘူး။ အခုဆိုရင် လူသားတွေက သေရေးရှင်ရေးအခြေအနေမှာ ရှိနေပြီး အဆုံးသတ်မှာ နတ်ဆိုးသားရဲတွေကိုတောင် အားကိုးလာနိုင်တယ်။ မင်းအတွက်နဲ့ လူသားတွေက နတ်ဆိုးသားရဲတွေနဲ့ စစ်ခင်းမယ်လို့ မင်း ထင်နေတာလား။ မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ" အေးစက်တဲ့အသံက ပဲ့တင်ထပ်လာပြီး ပင်လယ်မျက်နှာပြင်က အေးခဲသွားတယ်။
"မင်းလျှံနတ်ဆိုးအရှင်သခင်နဲ့အခြားသူတွေ ပြောတာ မှန်တာပဲ။ နက်ပြာပလိန်းပေါ်ရှိ လူသားတွေနဲ့နတ်ဆိုးသားရဲတွေက တစ်ဖက်နဲ့တစ်ဖက် ကြံစည်နေကြတာပဲ။ အနာဂတ်မှာ ကြီးကျယ်တဲ့မျှော်လင့်ချက်အလားအလာတွေ ရှိလာနိုင်တယ်" ဒဏ်ရာပြင်းထန်စွာရသွားတဲ့နတ်ဆိုးအရှင်သခင်က အဝေးကနေ တိတ်တဆိတ်ကြည့်ရှုနေတယ်။
"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"
ဆန်းကြယ်ရေခဲသားရဲအရှင်သခင်က အရူးသားရဲနန်းတော်ရှိ အသန်မာဆုံးသားရဲအရှင်သခင်တွေထဲက တစ်ကောင်ဖြစ်ပြီး သူ့ခွန်အားက အထွတ်အထိပ်သူတော်စင်တစ်ယောက်နဲ့ နီးကပ်တယ်။ လီဖူချန်း အသာထား၊ အံ့ဖွယ်သဘာဝဓားသူတော်စင်တောင် သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။ ဒါပေမယ့် လီဖူချန်းက ရန်သူရဲ့ခွန်အားကို စမ်းသပ်ချင်ခဲ့တယ်။ ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက ခွန်အားကွာခြားချက်ကို လစ်လျူရှုနိုင်တဲ့ဓားကွက်တစ်ကွက် ဖြစ်တယ်။ ရန်သူကို လွှမ်းမိုးသွားတာနဲ့ သူက မသေရင်တောင် သူတို့ရဲ့အရေပြားက ဆုတ်ဖြဲခံရပါလိမ့်မယ်။
ချက်ချင်းမှာပဲ ဓားပင်လယ်က ရေခဲနန်းတော်ကို ဝါးမျိုသွားပြီး နောက်ကမ္ဘာတစ်ခုထဲသို့ ခေါ်ဆောင်သွားတယ်။
နောက်ထပ်အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် ဓားပင်လယ်က မှေးမှိန်သွားတယ်။ အထဲမှာရှိတဲ့ ဆန်းကြယ်ရေခဲသားရဲအရှင်သခင်အသာထား၊ ရေခဲနန်းတော်က အလွှာတစ်လွှာရိတ်သိမ်းခံရတာကလွဲပြီး အခြေခံအားဖြင့် မထိခိုက်ခဲ့ပါဘူး၊
"မယုံနိုင်စရာကောင်းတဲ့ဓားကွက်ပဲ၊ ဒါပေမယ့် မင်းက ငါနဲ့ တွေ့ဆုံခဲ့တာ သနားစရာပဲ" ဆန်းကြယ်ရေခဲသားရဲအရှင်သခင်က အားရပါးရရယ်ကာ ပြောလိုက်တယ်"ငါ့ရဲ့ဆန်းကြယ်ရေခဲနန်းတော်က နှစ်ပေါင်းများစွာကြာ ဆန်းကြယ်ရေခဲမှဖြစ်တည်လာတဲ့ အဆုံးစွန်းအဆင့်ရတနာတစ်ခု ဖြစ်တယ်။ မင်းက အဲဒါကို ဖျက်ဆီးနိုင်လိမ့်မယ်လို့ ထင်နေတာလား"
"အနာဂတ်မှ ပြန်တွေ့ကြတာပေါ့၊ ဆန်းကြယ်ရေခဲသားရဲအရှင်သခင်၊ ငါ မင်းကို မှတ်ထားမယ်"
လီဖူချန်းက ဓားအလင်းတစ်ခုအဖြစ် ပြောင်းသွားပြီး ပျံသန်းသွားခဲ့တယ်။
ဆန်းကြယ်ရေခဲနန်းတော်က နှစ်ထောင်ပေါင်းများစွာကြာ ဆန်းကြယ်ရေခဲသားရဲချီကို သိပ်သည်းထားခြင်းတစ်ခုပါပဲ။ အဲဒါကို ချိူးဖြတ်ဖို့က တကယ်ခက်ခဲတယ်၊ အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်က မလှုပ်ရှားရင် မဖြစ်နိုင်ဘူး"
"မင်း ထွက်သွားနိုင်မယ်လို့ ထင်နေတာလား။ နန်းတော်ကိုးခုရှစ်ထရီဂရမ်၊ ဆန်းကြယ်ရေခဲနတ်တံတိုင်း"
မိုင်တစ်သောင်းအတွင်းရှိ ပင်လယ်ပြင်ထဲမှာ ဝင်္ကပါနည်းဗျူဟာတစ်ခုရဲ့ပုံရိပ်ယောင်တစ်ခုက ထွက်ပေါ်လာတယ်။ ဆန်းကြယ်ရေခဲအကာအကွယ်က ကြီးမားလာပြီး ပင်လယ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားတယ်။
ဝုန်း.......
လီဖူချန်းက ဓားအလင်းတစ်ခုအနေနဲ့ ဆန်းကြယ်ရေခဲနန်းတော်နဲ့ ဝင်တိုက်မိတဲ့အခါ သူက တစ်ချက်တည်းနဲ့ မချိုးဖြတ်နိုင်ခဲ့ဘူး။
"အဲဒါကို မေ့လိုက်တော့။ မင်း ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး"
ဆန်းကြယ်ရေခဲသားရဲအရှင်သခင်က နှာခေါင်းရှုံ့လိုက်တယ်၊ ဒါပေမယ့် သူက အရူးသားရဲနန်းတော်ရှိအသန်မာဆုံးသားရဲအရှင်သခင်ရှစ်ကောင်ကြားမှာ အဆင့်၂ရှိတယ်။ သူက အထွတ်အထိပ်သူတော်စင်တွေ ဒါမှမဟုတ် မဟာသူတော်စင်တွေအောက် တစ်ယောက်ကိုမှ မကြောက်ဘူး။
လီဖူချန်းမှာ အဆုံးစွန်းအဆင့်ဓားတစ်လက်နဲ့အရင်းအမြစ်များစွာ ရှိတာကို သူက လူသားသူတော်စင်တစ်ယောက်ထံမှ သိခဲ့ရတယ်၊ ဒါကြောင့် သူက သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာပါပဲ။
"တောက်"
သတိပေါ့လျော့သွားပုံရတယ်၊ အနောက်မှကြည့်နေတဲ့နတ်ဆိုးအရှင်သခင်လည်း ဆန်းကြယ်ရေခဲအကာအကွယ်ထဲမှာ ပိတ်မိသွားတယ်။
သူ့ရဲ့ခွန်အားအရ သူက ဆန်းကြယ်ရေခဲအကာအကွယ်ကို မချိုးဖြတ်နိုင်ဘူး။
"ချိုးဖြတ်စမ်း"
စိတ်ဝိညာဉ်စွမ်းအားတစ်ခုကို ဖော်ထုတ်လိုက်ရာ လီဖူချန်းက ဆန်းကြယ်ရေခဲအကာအကွယ်ပေါ်ရှိချို့ယွင်းချက်တစ်ခုကို လျင်မြန်စွာ တွေ့လိုက်ရတယ်။ ဓားအလင်းတောက်ပမှုနဲ့အတူ လီဖူချန်းက ဆန်းကြယ်ရေခဲအကာအကွယ်ကို ချိုးဖြတ်ခဲ့တယ်။
"အမ်၊ ဒါ မဖြစ်နိုင်ဘူး"
ဆန်းကြယ်ရေခဲသားရဲအရှင်သခင်က မျက်လုံးပြူးသွားတယ်၊ သူ့ရဲ့ဆန်းကြယ်ရေခဲနတ်တံတိုင်းက ချိုးဖြတ်ခံရမယ်လို့ သူက မယုံကြည်နိုင်ဘူးဖြစ်နေတယ်။ သူ့အမြင်အရ ဒီဆန်းကြယ်ရေခဲနတ်တံတိုင်းက အနည်းဆုံးတစ်နာရီ ခံတယ်။ ဒီတစ်ရာအတွင်းမှာ သူက လီဖူချန်းကို သတ်ဖို့ လုံလောက်တယ်။
"ဉာဏ်များတဲ့ကောင်စုတ်လေး"
ဆန်းကြယ်ရေခဲသားရဲအရှင်သခင်က မလိုက်သွားပါဘူး၊ သူက မြန်နှုန်းကို အထူးအလေးပေးတာ မဟုတ်တာကြောင့် လီဖူချန်းကို မဖမ်းမိနိုင်ပါဘူး။
ဖြောက်.......
အသံတစ်သံဒါမှမဟုတ်တည်ရှိမှုတစ်ခုမှ မဖြစ်ပေါ်ဘဲ ဆန်းကြယ်ရေခဲနတ်တံတိုင်းထဲမှာ ပိတ်မိနေတဲ့ နတ်ဆိုးသားရဲအရှင်သခင်က အေးခဲသွားတော့တယ်။ ပြီးနောက် နတ်ဆိုးသားရဲအရှင်သခင်က ဆန်းကြယ်ရေခဲနန်းတော်ကို ကျသွားပြီး ရေခဲရုပ်တုတစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့တယ်။
***