← Chapters

အလောင်းကြီးကို ထုတ်သုံးခြင်း

Vol. 117 Ch. 1629

အလောင်းကြီးကို ထုတ်သုံးခြင်း

Vol. 117 Ch. 1629

တောက်ဖုန့်က အရူးမဟုတ်ပေ။ အစောတွင် သူ မလှုပ်ရှားခဲ့ခြင်းမှာ ကျန်းရီ ကျောက်လှေကားထစ်တစ်ဝက်လောက်ကို တက်သွားပြီးသည်အထိ စောင့်လိုခဲ့၍ဖြစ်သည်။

ကျန်းရီက လမ်းပင်မလျှောက်နိုင်တော့။ သို့ကြောင့် ထိုနေရာမှ မြေဆွဲအားက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်သည်။ တောက်ဖုန့်သည် ကျန်းရီတစ်ယောက် ကြောက်မက်ဖွယ် မြေဆွဲအားကြောင့် မလှုပ်နိုင် ဖြစ်သွားသည်အထိ စောင့်နေခြင်းပင်။ ထိုအခါ ကျန်းရီက ပစ်မှတ်သေတစ်ခု ဖြစ်လာပြီး သတ်ရပိုလွယ်ကူသွားမည်ဖြစ်သည်။

တောက်ဖုန့်၏ တိုက်ခိုက်စွမ်းရည်များက စွမ်းအားကြီးသဖြင့် သူ့အတွက် ကျန်းရီကို သတ်ရန်မှာ မခက်ပေ။ ယနေ့ ဤနေရာတွင် လူများစွာ ရှိနေသည်။ ထို့ကြောင့် တောက်ဖုန့်သည် ပြီးပြည့်စုံစွာ လုပ်ဆောင်ပြလိုသည်။ သူ ကျန်းရီကို အလွယ်လေး သတ်ပြလိုသည်။ ကျန်းရီက အထက်ဘုံ၏ နံပါတ်တစ်ပါရမီရှင်ဟု သမုတ်ခြင်းခံရသည်။ အကယ်၍ သူကသာ အထက်ဘုံ၏ နံပါတ်တစ်ပါရမီရှင်ကို အလွယ်တကူ သတ်ပြနိုင်လိုက်လျှင် ပို၍ဂုဏ်တက်သွားမည် မဟုတ်ပါလော။

ဖျစ်ဖျစ်...

တောက်ဖုန့်၏ အဖြူရောင်ဓားရှည်က ပို၍ တောက်ပလာ၏။ ရုတ်တရက် သူ ဓားဖြင့် အရှေ့ကို ထိုးချလိုက်၏။ ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် တဖျစ်ဖျစ်မြည်သံများ ပဲ့တင်ထပ်သွားသည်။ ဧရာမဓားအလင်းတန်း တစ်တန်းလည်း ထွက်ပေါ်လာပြီး အရှေ့သို့ ပျံထွက်သွားသည်။ ၎င်းက သာမန်ဓားအလင်းနှင့် မကွာပေ။ အလင်းအရောင်က နှစ်ရောင်ဖြစ်သည်။ အဖြူရောင်နှင့် အနက်ရောင်။ ၎င်းအရောင်နှစ်မျိုးက သေခြင်းနှင့် ရှင်ခြင်းတို့၏ အရှိန်အဝါများကဲ့သို့ ရောယှက်နေကြသည်။ ကြည့်နေသည်များသည် ထိုအလင်းတန်းကြောင့် ကြက်သီးများပင် ထသွားကြပေသည်။

“ပေါင်းစည်းအနှစ်သာရလား”

ကျန်းရီ၏ မျက်နှာထား တင်းမာသွားသည်။ ချီချင်ချန်သည် သူ့ကို ပေါင်းစည်းအနှစ်သာရများအကြောင်း ပြောပြခဲ့ဖူးသည်။ ၎င်းမှာ နှစ်ခုနှင့် နှစ်ခုထပ်ပိုသော အနှစ်သာရများကို ပေါင်းစည်းရာမှ ဖြစ်ပေါ်လာခြင်းပင်။ အကယ်၍ အုပ်ချုပ်သူအဆင့် သိုင်းသမားများက သူတို့၏စွမ်းရည်များကို ဆက်၍တိုးတက်အောင်လုပ်လိုလျှင် ကွဲပြားသော အနှစ်သာရများကို လေ့လာ၍ ၎င်းတို့ကို အတူတကွ ပေါင်းစည်းရမည်ဖြစ်သည်။ ထိုပေါင်းစည်းအနှစ်သာရများက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။

‘သေခြင်းနဲ့ရှင်ခြင်းလား၊ သူက အဲ့လောက် ကွာခြားတဲ့ အနှစ်သာရနှစ်ခုကို ဘယ်လို ပေါင်းစည်းနိုင်ခဲ့တာလဲ။ တောက်ဖုန့်က တကယ့်ကို ပါရမီရှင်တွေကြားက ပါရမီရှင်တစ်ယောက်ပဲ’

ကျန်းရီ တုန်လှုပ်သွား၏။ သို့‌သော် ယခုက တုန်လှုပ်နေရမည့်အချိန် မဟုတ်ပေ။ မြေဆွဲအားက သူ့ရန်သူ၏ တိုက်ခိုက်မှုများကို အားနည်းသွားစေနိုင်သော်လည်း သူ့ကိုယ်ပေါ်တွင် မည်သည့်စစ်ချပ်ဝတ်မှ ရှိမနေပေ။

ကျောက်စင်မြင့်က ကြီးမားပြီး ကျောက်လှေကားထစ်များက ကျယ်သည်။ ကျန်းရီ၏ ဆောင်းဥတုပုလဲက အဆက်မပြတ် လင်းလက်လာပြီး ပုလဲအတွင်းမှနေ၍ မရေမတွက်နိုင်သော ကျန့်ရှမျိုးနွယ်ဝင်များ ထွက်လာ၏။ တစ်ချိန်တည်းမှာပင် ကျန်းရီသည် ဘယ်ဘက်သို့လှိမ့်၍ ကျန့်ရှမျိုးနွယ်ဝင်များအား ဓားအလင်းတန်းကို ကာစေလိုက်သည်။

ရွှစ်...ရွှစ်...

ဓားအလင်းတန်းသည် အလွန်လျင်မြန်စွာ ပျံဝင်လာ၏။ သို့သော် မီတာရာကျော် သွားပြီးနောက် စတင် နှေးလာသည်။ ထို့ပြင် ၎င်း၏ စွမ်းအားကလည်း ဖြည်းဖြည်းချင်း အားနည်းလာသည်။ ယင်းကို နားလည်ပေးနိုင်ပေသည်။ ကျောက်တုံးတစ်တုံးကို ဓားနှင့်ထိုးခြင်းက ရွံ့ကို ဓားနှင့်ထိုးခြင်းထက် များစွာပိုအားစိုက်ရသည် မဟုတ်ပါလား။ ဓားကမည်မျှထက်ပါစေ ကျောက်တုံးကို ထိုးနိုင်ရန် အခက်အခဲနှင့် ရင်ဆိုင်ရသည်သာ။

မည်သို့ပင်ဖြစ်စေ ဓားအလင်းတန်းက မြန်နေသေးသည်ဟု ဆိုနိုင်သည်။ ၎င်း ကျန့်ရှမျိုးနွယ်ဝင်များအရှေ့သို့ ရောက်သွားချိန်တွင် မူလအရွယ်အစား၏ တစ်ဝက်သာ ရှိတော့ပြီး အမြန်နှုန်းကလည်း မူလထက် တစ်ဝက်လျော့ကျသွားသည်။ သို့သော် ၎င်း ကျန့်ရှမျိုးနွယ်ဝင်များကို ထိမှန်သွားသောအခါ ကျန့်ရှမျိုးနွယ်ဝင်များ လုံးဝအကာအကွယ်မဲ့သွားသည်။ တစ်စက္ကန့်အတွင်းမှာပင် ဆယ်ချီသော ကျန့်ရှမျိုးနွယ်ဝင်များ အမှုန့်ဖြစ်သွားလေသည်။

အချိန်များစွာ မရှိပေ။ ကျန်းရီသည် မီတာခြောက်ဆယ် လှိမ့်သွားပြီးနောက် ကျန့်ရှမျိုးနွယ်ဝင် တစ်ထောင်နီးပါးကို ထပ်ထုတ်လိုက်၏။ သို့သော် ထိုနေရာမှ မြေဆွဲအားက အလွန်အားကောင်းသည်။ သာမန်ကျန့်ရှမျိုးနွယ်ဝင်များက လှုပ်ပင် မလှုပ်နိုင်ကြချေ။ ထို့ကြောင့် ကျန့်ရှမျိုးနွယ်ဝင်များစွာသည် ကျောက်လှေကားထစ်များတွင် ပြားဝပ်နေကြသည်။ ကျန့်ရှမျိုးနွယ်ဝင် အကောင်တစ်ရာ မရှိတရှိလောက်ကသာ ကျန်းရီကို ကာပေးထားနိုင်လေသည်။

‘လခွမ်းပဲ...’

ဓားအလင်းတန်းကြောင့် ကျန့်ရှမျိုးနွယ်ဝင်များ အမှုန့်ဖြစ်သွားသည်ကို တွေ့လိုက်သောအခါ ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ သူ့လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာသည်။ သူသည် မီးနဂါးဓားကို သုံး၍ တိုက်ခိုက်မှုများကို ကာလိုနေခြင်းပင်။

‘ငါ ကျန့်ရှဘုရင်ကို ထုတ်ပြီး တိုက်ခိုက်မှုတွေကို ကာခိုင်းသင့်လား။ မီးနဂါးဓားက ငါ့လက်ထဲကနေ လွတ်ကျသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ’

ကျန်းရီ၏ ခေါင်းထဲ၌ အတွေးတစ်ခု ထွက်ပေါ်လာ၏။ သို့သော် ကျန့်ရှဘုရင်ကို တွေးမိရုံဖြင့်ပင် သူ ရင်ခုန်မြန်လာသည်။ သူ၏ ဆောင်းဥတုပုလဲထဲတွင် ပို၍သန်မာသော အရာတစ်ခု ရှိနေကြောင်း သူ အမှတ်ရသွားသည်။ နှစ်ပေါင်းသုံးသောင်း သက်တမ်းရှိသော အလောင်း။

‘ဟုတ်ပြီ...’

ကျန်းရီသည် မီးနဂါးဓားကို ကိုင်ထားပြီး ဆောင်းဥတုပုလဲထဲမှနေ၍ ကျန့်ရှမျိုးနွယ်ဝင်များကို ဆက်ထုတ်နေသည်။ ဤတစ်ကြိမ်တွင်မူ ထုတ်ထားသော ကျန့်ရှမျိုးနွယ်ဝင်များကို သူ့အား ဝန်းရံထားစေလိုက်၏။ သူသည် ကျန့်ရှမျိုးနွယ်ဝင်များကြားတွင် မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ‌ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ သူနှင့် ဓားအလင်းတန်းကြားမှ အကွာအဝေးကို ခံစားလိုက်သည်။

မီတာတစ်ရာ့ငါးဆယ်၊ မီတာတစ်ရာ... မီတာခြောက်ဆယ်...

‘အခုပဲ...’

ဓားအလင်းတန်းသည် ကျန့်ရှမျိုးနွယ်ဝင်များကို ဖြတ်ကျော်၍ ကျန်းရီထံသို့ တန်းတန်းမတ်မတ် ပျံဝင်လာ၏။ ကျန်းရီသည် ဓားအလင်းတန်းက သူ့ကို မထိခင်တွင် အလောင်းကို ထုတ်လိုက်သည်။ အလောင်းက အရပ်မြင့်ကာ ကြီးမားသည်။ ၎င်းထွက်ပေါ်လာသည်နှင့် ကျန်းရီ၏အရှေ့တစ်နေရာလုံးကို ကာသွားသည်။ ၎င်းသည် ဧရာမဒိုင်းကြီးတစ်ခုကဲ့သို့ပင်။

ဝုန်း...

ဓားအလင်းတန်းက အလောင်းကြီးကို ပြင်းထန်စွာ ထိမှန်သွား၏။ အလောင်းကြီးသည် အစိမ်းရောင်တောက်သွားသော်လည်း တုန်ပင်တုန်ခါမသွားဘဲ အဟုန်အားလုံးကို စုပ်ယူလိုက်သည်။ ၎င်း၏ကျောပေါ်တွင် အမာရွတ်တစ်ခုပင် မကျန်ခဲ့ပေ။ ထို့ကြောင့် ၎င်းက မည်မျှစွမ်းအားကြီးကြောင်း သိနိုင်ပေသည်။

ရွှီး...

ကျန်းရီသည် အလောင်းကြီးကို ချက်ချင်း ပြန်သိမ်းလိုက်၏။ သူသည် သူ၏ဝှက်ဖဲကို ထုတ်မပြလိုပေ။ ထိုအခိုက်တွင် သူ့ပတ်ပတ်လည်ကို ကျန့်ရှမျိုးနွယ်ဝင်များက ဝန်းရံထားသည်။ ထို့ပြင် သူသည် အလောင်းကြီးကို စက္ကန့်ဝက်လောက်သာ ထုတ်လိုက်ခြင်းပင်။ ထို့ကြောင့် အပြင်မှ မည်သူကမှ ၎င်းကို သတိမပြုမိခဲ့ပေ။ တောက်ဖုန့်သည်သာ အစိမ်းရောင်အလင်းကို တစ်စွန်းတစ်စ လှမ်းမြင်လိုက်သည်။

“အာ...”

တောက်ဖုန့်၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ပထမအနေဖြင့် သူသည် သူ၏တိုက်ခိုက်မှုက သိသိသာသာ အားနည်းသွားသည့်အတွက် အံ့ဩ၏။ ဒုတိယအနေဖြင့် အစောတွင် ကျန်းရီအ‌ရှေ့၌ ထွက်ပေါ်လာသော အစိမ်းရောင်အလင်းကြောင် သူ အံ့ဩ၏။ ဤနေရာတွင် သူ၏ကောင်းကင်စိတ်အာရုံကို မသုံးနိုင်။ ထို့ကြောင့် သူ့မျက်လုံးအပေါ်သာ မှီခိုရသည်။ သို့သော် ကျန့်ရှမျိုးနွယ်ဝင်များစွာက လှည့်ပတ်သွားနေကြပြီး သူ့မြင်ကွင်းကို ပိတ်ဆို့ထားရာ သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

ဝှစ်...

တောက်ဖုန့် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်၏။ သူက အလွန်ဝေးလွန်းနေသည်။ ထို့ကြောင့် ဓားအလင်းတန်းက ကျန်းရီအနားသို့ ရောက်ချိန်တွင် အလွန်အားနည်းသွားပေသည်။ သူ ကျန်းရီကိုသတ်ရန် ထပ်မကြိုးစားခင် ကျန်းရီအနားသို့ ကပ်သွားရပေမည်။

“ဟူး...”

ကျန်းရီသည် လှေကားထစ်ကို လက်တစ်ဘက်ဖြင့်ထောက်၍ အထက်သို့ ဆက်တက်ရန် အားတင်းလိုက်၏။ သူက လမ်းတစ်ဝက် ရောက်နေပေပြီ။ မြေဆွဲအားက ပိုအားကောင်းလာနေသော်လည်း သူ မိုးမြေစွမ်းအားကို သုံးထားသည်။ သူ၏အင်အားက ချီချင်ချန်၏အင်အားနှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။ သူသာ ကြိုးစားမည်ဆိုလျှင် မြေဆွဲအားကို ခံနိုင်လောက်ပေသည်။

“အာ...”

ကျောက်လှေကားထစ် အထစ်သုံးဆယ်ကို တက်ပြီးနောက် ကျန်းရီသည် ‌တောက်ဖုန့်က သူနှင့် တစ်ကီလိုမီတာ ပိုနီးကပ်လာကြောင်း သတိပြုမိလိုက်၏။ တောက်ဖုန့်၏ ရုပ်ခန္ဓာအင်အားက အလွန်သန်မာသဖြင့် သူ ခါးပင်ကိုင်းမနေချေ။ သူ တရွတ်ဆွဲလာသော ဓားကလည်း တောက်ပနေသည်။ သူက ကျန်းရီကို အချိန်မရွေး ခုတ်ပိုင်းတော့မလိုပင်။

ရွှီး...ရွှီး...ရွှီး...

ကျန်းရီ ရုတ်တရက် ရပ်တန့်လိုက်၏။ သူ့လက်ထဲမှ ဆောင်းဥတုပုလဲက အဆက်မပြတ် လင်းလက်လာပြီး ကျန့်ရှမျိုးနွယ်ဝင်များကို ထပ်ထုတ်လိုက်သည်။ မြေဆွဲအားက အလွန်အားကောင်းနေသဖြင့် ကျန့်ရှမျိုးနွယ်ဝင်များသည် အပြင်ရောက်သည်နှင့် လှေကားထစ်များပေါ်တွင် ပြားဝပ်သွားကြသည်။ လှေကားပေါ်တွင် ကျန့်ရှမျိုးနွယ်ဝင်များ စုပုံလာသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် လှေကားရင်းတစ်ခုလုံးတွင်း ကျန့်ရှမျိုးနွယ်ဝင်များ ဖုံးလွှမ်းသွားပေသည်။

ထိုမှ ကျန်းရီ ဆက်တက်လိုက်သည်။ လှေကားရင်းတွင် ကျန့်ရှမျိုးနွယ်ဝင်များက သူ့ကို အကာအကွယ်နံရံတစ်ခုကဲ့သို့ အပုံလိုက် ကာပေးထားသည်။ ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များကို ဆက်ထုတ်ရန်လည်း ဟန်ပြင်နေသည်။ ထိုမျှ ကျောက်စင်မြင့် ပတ်ပတ်လည် မီတာသုံးရာကို ကာထားနိုင်မည်ဖြစ်သည်။ ထိုအခါ တောက်ဖုန့်က သူ့ကို တိုက်ခိုက်လိုလျှင် ကျန့်ရှမျိုးနွယ်ဝင်များကို အရင်ရှင်းရပေလိမ့်မည်။

“အဲ့ဒါက ဘာအသုံးဝင်လဲ”

တောက်ဖုန့်သည် လှောင်ပြုံး ပြုံး၍ အရှေ့သို့ ဆက်ပြေးသွားလိုက်၏။ သူ့အရှေ့တွင် ကျန့်ရှမျိုးနွယ်ဝင်များက တောင်ပုံရာပုံ ဖြစ်နေပေပြီ။ ထို့ပြင် ၎င်းတို့က သူ့ဆီသို့ လှိမ့်ချလာနေသည်။ သူ လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်ပြီး ထိုကျန့်ရှမျိုးနွယ်ဝင်များကို ပိုင်းဖြတ်လိုက်သည်။ ကျန်းရီက သန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်မည်ဆိုလျှင်ပင် သူ အလွယ်တကူ လမ်းရှင်းနိုင်မည်ဖြစ်သည်။

ကျန့်ရှမျိုးနွယ်ဝင်အပုံကြီးက ပို၍ ပို၍ မြင့်လာ၏။ ကျန်းရီသည် ၎င်းတို့အောက်တွင် ပိနေပေပြီ။ သို့သော် သူ ၎င်းတို့ကို ဆက်၍ ထုတ်နေသည်။ သူက ကျောက်စင်မြင့်ကိုပင် ကျန့်ရှမျိုးနွယ်ဝင်များနှင့် မြှုပ်ပစ်လိုနေပုံပင်။ မျိုးနွယ်အသီးသီးမှ သခင်လေးများ၊ သခင်မလေးများနှင့် စွမ်းအားကြီး သိုင်းသမားများ မျက်ခုံးပင့်လိုက်ကြ၏။ သူတို့သည် ကျန်းရီကို မမြင်နိုင်တော့ပေ။ ထို့ကြောင့် သူတို့ အခြေအနေကို မထိန်းချုပ်ထားနိုင်တော့သလို ခံစားလိုက်ရ၏။ ကျန်းရီက လှည့်ကွက်တစ်ခုသုံးရန် ကြိုးစားနေခြင်းလော။

“သခင်လေးဖုန့်... သူ့အနားကို ထပ်ကပ်မသွားပါနဲ့တော့။ အဲ့ကောင်လေးရဲ့ မီးတောက်တွေက ကြောက်စရာကောင်းတယ်။ အဲ့ရုပ်သေးရုပ်တွေ အကုန်လုံးကို အဝေးကနေပဲ ဖျက်ဆီးပစ်လိုက်ပါ”

တောက်ဖုန့်သည် ခေတ္တမျှ တွေးတောလိုက်၏။ ကျန်းရီတွင် ပြေးစရာမြေ မရှိတော့ပေ။ ထို့ကြောင့် သူ ကျန့်ရှမျိုးနွယ်ဝင်များကို အရင်သတ်၍ ကျန်းရီက မည်သည့်လှည့်ကွက်ကို သုံးရန် ကြံနေခြင်းဖြစ်ကြောင်း ကြည့်နိုင်သည်။ သူ မီတာခြောက်ရာအကွာတွင် ရပ်၍ ဓားကို အရှေ့သို့ထိုးကာ နောက်ထပ်ဓားအလင်းတန်းတစ်တန်း ပစ်လွှတ်လိုက်သည်။ ထိုအခါ ကျန့်ရှမျိုးနွယ်ဝင်များ တစ်ကောင်ပြီးတစ်ကောင် ပျက်စီးသွားလေသည်။

‘ဟုတ်ပြီ...’

ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များအောက်မှပင် အထက်သို့ ဆက်တက်နေ၏။ တောက်ဖုန့်သည် အနားသို့ ဆက်ကပ်မလာတော့ဘဲ နေရာမှာပင်ရပ်ကာ တိုက်ခိုက်နေသည်။ ယင်းမှာ ကျန်းရီလိုချင်‌သောအရာပင်။ သူ ကျောက်စင်မြင့်ပေါ်သို့သာ ရောက်သွားလျှင် သေချာပေါက် လုံခြုံပေလိမ့်မည်။ ထိုနေရာမှ မြေဆွဲအားကလည်း အလွန်အားကောင်းသည်။ တောက်ဖုန့်လည်း စင်မြင့်ပေါ် အလွယ်တကူ တက်လာနိုင်လိမ့်မည် မဟုတ်ပေ။ ကျန်းရီသာ အထက်စီးမှ တိုက်နိုင်မည်ဆိုလျှင် ရှင်သန်နိုင်ခြေ ရှိနိုင်ပေသေးသည်။

အလောင်းကြီးက အဝေးမှတိုက်ခိုက်မှုများကို ကာပေးနိုင်သည်။ ခြောက်ရောင်ခြယ်မီးတောက်များက အနီးကပ်တိုက်ခိုက်မှုများကို ဖယ်ရှားပေးနိုင်သည်။ သို့ဖြစ်ရာ တောက်ဖုန့်က ကျန်းရီကို မည်သို့ သတ်နိုင်မည်နည်း။

All Chapters