အရှေ့ယူနီကွန်ရဲ့စွမ်းပကား
Vol. 61 Ch. 841
"ငါ့ရဲ့လက်ရှိခွန်အားက အံ့ဖွယ်သဘာဝဓားသူတော်စင်တို့လို တည်ရှိမှုတွေထက် နိမ့်ကျနေသေးတယ်"
ဆန်းကြယ်ရေခဲသားရဲအရှင်သခင်နဲ့ တိုက်ခိုက်ပြီးနောက် လီဖူချန်းက သူ့ရဲ့လက်ရှိခွန်အားအပေါ် ရှင်းရှင်းလင်းလင်း နားလည်လာတယ်။
အဆင့်မြင့်သူတော်စင်တွေကို ခွန်အားအဆင့်အလိုက် အမျိုးအစားခွဲထုတ်နိုင်တယ်။
အထွတ်အထိပ်သူတော်စင်တွေ၊ သူတော်စင်အရှင်တွေ၊ ကောင်းကင်အရှင်တွေအားလုံးက ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်မြင့်အဆင့်ရဲ့အစိတ်အပိုင်းတွေပါပဲ။ ဒါပေမယ့် ခွန်အားခြားနားချက်က ကမ္ဘာတစ်ခုအလား ကြီးမားတယ်။
ယေဘုယျပြောရရင် အဆင့်မြင့်သူတော်စင်တွေက အထွတ်အထိပ်သိုင်းပညာတွေကို သေချာပေါက်ပိုင်ဆိုင်တယ်။ အဆင့်သတ်မှတ်မထားတဲ့အထွတ်အထိပ်သိုင်းပညာတွေကိုနားလည်တဲ့အဆင့်မြင့်သူတော်စင်တွေကို သာမန်အဆင့်မြင့်သူတော်စင်တွေလို့ ခေါ်တယ်။ အဆင့်၃အထွတ်အထိပ်သိုင်းပညာတွေကိုနားလည်တဲ့သူတွေကိုတော့ ပျမ်းမျှအဆင့်မြင့်သူတော်စင်တွေလို့ ယူဆထားတယ်။ သာလွန်အဆင့်မြင့်သူတော်စင်တွေမှာ ဒုတိယအဆင့်အထွတ်အထိပ်သိုင်းပညာတွေ ရှိတယ်။ ပထမအဆင့်အထွတ်အထိပ်သိုင်းပညာတွေကိုတော့ အထွတ်အထိပ်အဆင့်သူတော်စင်တွေက ပိုင်ဆိုင်တယ်။ သူတော်စင်အရှင်တွေက ထိပ်တန်းအဆင့်အထွတ်အထိပ်သိုင်းပညာတွေကို ပိုင်ဆိုင်တယ်။ အဆုံးစွန်းအဆင့်သိုင်းပညာတွေအတွက်ကတော့ ကောင်းကင်အရှင်တွေမှာသာ ရှိတယ်။
ဒါက ရိုးစင်းတဲ့ခွဲခြားခြင်းတစ်ခုမျှသာပါပဲ။ လက်တွေ့မှာ ကျင့်ကြံခြင်းနည်းလမ်းက မယုံနိုင်စရာကောင်းနေရင် သိုင်းပညာကျွမ်းကျင်ဖို့အတွက် လိုအပ်ချက်က သိသိသာသာ နိမ့်ကျလိမ့်မယ်။
အံ့ဖွယ်သဘာဝဓားသူတော်စင်ကို ဥပမာယူပါ။ သူက သာလွန်အဆင့်မြင့်သူတော်စင်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းက အဆင့်သတ်မှတ်မထားရာမှ တတိယအဆင့်အထွတ်အထိပ်သို့ တိုးလာရင် သူက အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ရဲ့အဆင့်ကို ရောက်ရှိနိုင်ပါတယ်။
သူတော်စင်တစ်ယောက်အနေနဲ့ ကျင့်ကြံခြင်းနည်းလမ်းက ထိပ်တန်းအဆင့်ကို ရောက်ရှိလာရင် သူတော်စင်ကို ကောင်းကင်အရှင်တစ်ယောက်လို့ စဉ်းစားနိုင်တယ်။
သိုင်းပညာနဲ့ကျင့်ကြံခြင်းနည်းလမ်းတွေအပြင် လက်နက်တွေကလည်း ခွန်အားအစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်တယ်။
အဆင့်သတ်မှတ်မထားတဲ့အထွတ်အထိပ်လက်နက်တစ်ခုက အဆုံးစွန်းအဆင့်လက်နက်တစ်ခုထက် သေချာပေါက်နိမ့်ကျပေလိမ့်မယ်။
ဆန်းကြယ်ရေခဲသားရဲအရှင်သခင်ရဲ့ခွန်အားက သာလွန်အဆင့်မြင့်သူတော်စင်တွေရဲ့အထက်မှာ ရှိတယ်။ လီဖူချန်းရဲ့ခွန်အားက သာမန်အဆင့်မြင့်သူတော်စင်တစ်ယောက်နဲ့ပျှမ်းမျှအဆင့်မြင့်သူတော်စင်တစ်ယောက်အကြားမှာ ရှိတယ်။
လီဖူချန်းနဲ့ဆန်းကြယ်ရေခဲသားရဲအရှင်သခင်တို့ကြား ခွန်အားခြားနားချက်က ကြီးလွန်းတယ်။ ဆန်းကြယ်ရေခဲနန်းတော်မရှိရင်တောင် လီဖူချန်းရဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက ဆန်းကြယ်ရေခဲသားရဲအရှင်သခင်ကို အသေးအမွှားဒဏ်ရာသာ ရစေနိုင်တယ်။ အခြားတစ်ဖက်မှာတော့ ဆန်းကြယ်ရေခဲသားရဲအရှင်သခင်က လီဖူချန်းကို ဘယ်အချိန်မဆို သတ်နိုင်တယ်။
ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက ပိုအားနည်းတဲ့သူတွေကိုသာတစ်ကွက်တည်းနဲ့သတ်ဖြတ်နိုင်တဲ့ ခွန်အားသာ ရှိတယ်။
လီဖူချန်းထက် ပိုသန်မာတဲ့တစ်ယောက်ယောက်သာဖြစ်ရင် သူက မလုပ်ဆောင်နိုင်တော့ပါဘူး။
***
နောက်ဆုံးတော့ လီဖူချန်းက နံပါတ်၃၀တိုက်ပွဲနယ်မြေကို ရောက်ရှိပါပြီ။
အခြားတိုက်ပွဲနယ်မြေတွေနဲ့နှိုင်းယှဉ်ရင် နံပါတ်၃၀တိုက်ပွဲနယ်မြေက အခြအနေအများကြီးပိုကောင်းတယ်။ အခြခံအားဖြင့် နတ်ဆိုးတွေနဲ့ပတ်သက်တဲ့လက္ခဏာတွေ ရှိမနေပါဘူး။ အလယ်ဆင့်တိုက်ကြီးဆယ့်သုံးခုထဲမှာ သုံးခုကိုသာ နတ်ဆိုးတွေက ဖျက်ဆီးခဲ့တာပါ။
နတ်ဆိုးတွေကို ဖယ်ရှားပြီးနောက် လီဖူချန်းက ခုနှစ်ရောင်ခြယ်တိုက်ကြီးဆီ ရောက်ရှိလာတယ်။
သူ သိထားတဲ့သူတွေအားလုံးကို လီဖူချန်းက ဧကရာဇ်ကောင်းကင်တိုက်ကြီးဆီ ပို့ထားပြီးပါပြီ။ အမြဲစိမ်းသိုင်းတက္ကသိုလ်ရှိရင်းနှီးတဲ့သူတွေကိုလည်း စောစောကပဲ ပို့ပေးခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် သူ ဒီနေရာမှာ အချိန်အတိုင်းတာတစ်ခုအထိ နေခဲ့တယ်၊ သူ့မှာ စိတ်ကူးအချို့ ရှိနေတယ်။
လက်ကို ဝှေ့ယမ်းလိုက်ရာ လီဖူချန်းက အလင်းစက်ထောင်ပေါင်းများစွာကို ပစ်လွှတ်လိုက်တယ်။
အဲဒါတွေက ဓားဆန္ဒအလင်းစက်တွေ ဖြစ်ပြီး သူ့ရဲ့ဓားတာအိုနားလည်မှုတစ်စိတ်တစ်ပိုင်း ပါဝင်တယ်။ အဲဒါက လူတစ်ယောက် လက်ရေး ကျွမ်းကျင်ပြီး သူ့ရဲ့ဓားတာအိုနားလည်မှုကို လက်ရေးထဲ ပေါင်းစပ်ထားနဲ့ တူတယ်။ လီဖူချန်းက ပိုတောင်တော်တယ်၊ သူ့ရဲ့ဓားတာအိုနားလည်မှုကို ဓားဆန္ဒအလင်းစက်တွေအဖြစ် ပြောင်းလဲခဲ့တယ်။ အခြားသူတော်စင်တွေသာဆိုရင် အားကောင်းတဲ့စိတ်ဝိညာဉ်မရှိဘဲနဲ့ အဲလိုလုပ်ဖို့က မဖြစ်နိုင်ပါဘူး။
ဓားဆန္ဒအလင်းစက်တွေက တိုက်ကြီးပေါ်ရှိနေရာအားလုံးထံ ပျံ့နှံ့သွားတယ်.........
အံ့အားသင့်စရာကတော့ ဒီဓားဆန္ဒအလင်းစက်တွေက ဓားသမားတွေရဲ့ခန္ဓာကိုယ်ထဲ ကျရောက်သွားခြင်းပဲ ဖြစ်တယ်။
ဓားသမားတွေကြားမှာ အချို့က လျှို့ဝှက်ကျင့်ကြံနေရာမှ ရုတ်တရက် ဈာန်ဝင်စားမှုတစ်ခုဖြစ်တည်လာကာ သူတို့ရဲ့ဓားတာအိုကို ကြီးမားတဲ့တိုးတက်မှု ဖြစ်လာစေတယ်။ အချို့က ရန်သူနဲ့တိုက်ခိုက်နေပြီး သေရေးရှင်ရေးအခြေအနေမှာ သူတို့ရှင်းလင်းစွာနားမလည်ခဲ့တဲ့ အံ့ဖွယ်သတ်ဖြတ်ကွက်ကို ဖော်ထုတ်ပြီး သူတို့ရဲ့ရန်သူအားလုံးကို သတ်နိုင်ခဲ့တယ်။
ဂိုဏ်းအမျိုးမျိုးထဲမှာ ဓားတာအိုဘုရင်အချို့ရှိပြီး ဓားဆန္ဒအလင်းစက်တွေကို ရရှိပြီးနောက် သူတို့ရဲ့နားလည်မှုက ပို၍နက်နဲလာပြီး မူလပင်လယ်နယ်ပယ်ဘုရင်ကို ကျော်ဖြတ်လာနိုင်လာကာ မတိုင်းတာနိုင်တဲ့အဆင့်ကို ရောက်ရှိလာစေတယ်။
"ဒီလူတွေရှိနေရင် သူတို့က ခုနှစ်ရောင်ခြယ်တိုက်ကြီးကို ကာကွယ်နိုင်လောက်မှာပါ"
ခုနှစ်ရောင်ခြယ်တိုက်ကြီးမှ ထွက်လာပြီးနောက် လီဖူချန်းက နံပါတ်၃၀တိုက်ပွဲနယ်မြေဆီ ပျံသန်းသွားတယ်။
တိုက်ပွဲနယ်မြေရဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို သုံးပြီးနောက် လီဖူချန်းက နံပါတ်၈၀တိုက်ပွဲနယ်မြေဆီ ရောက်ရှိလာတယ်။
ဒါက နက်ပြာပလိန်းရဲ့အစွန်အဖျားနယ်နိမိတ်ဖြစ်တယ်။ တိုက်ပွဲနယ်မြေတစ်ခုမှာ အဆင့်နိမ့်တိုက်ကြီးတွေ ရာမှထောင်အထိ ရှိတယ်၊ ဒါပေမယ့် ဒါတွေက နတ်ဆိုးအရေအတွက်အများဆုံးနေရာလည်း ဖြစ်တယ်။ အသားဂိတ်အများစုကို အစွန်အဖျားနယ်နိမိတ်ရှိစွန့်ပစ်တိုက်ကြီးတွေပေါ်မှာ ဆင့်ခေါ်ကြတာလေ။ ဒါကြောင့် အဆင့်နိမ့်နတ်ဆိုးတွေက အနီးနားတိုက်ကြီးတွေကို ဝင်ရောက်ပြီး အဆင့်မြင့်နတ်ဆိုးတွေက အတွင်းပိုင်းတိုက်ကြီးတွေဆီ ဝင်ရောက်ကြတယ်။
ကံကောင်းတာကတော့ ဒိီနေရာမှာ သိုင်းပညာရှင်တွေရဲ့ကြီးမားတဲ့အရေအတွက်ကလည်း တည်ရှိနေလို့ပဲ။ ပြန်လည်မွေးဖွာခြင်းနယ်ပယ်ကျွမ်းကျင်သူတွေ မီလီယံရာချီပြီး ရှိတယ်။ အဲဒါက နတ်ဆိုးတွေလောက် မများပါဘူး၊ ဒါပေမယ့် အဆင့်နိမ့်တိုက်ကြီးတွေကို ဝင်ရောက်ခဲ့တဲ့နတ်ဆိုးတွေက အဆင့်ငါးနတ်ဆိုးတွေချည်းပဲ မဟုတ်ပါဘူး၊ နတ်ဆိုးတွေက အဆင့်၁နဲ့အဆင့်၅အကြားမှာ ရှိတယ်။
တိုက်ပွဲက အလွန်အမင်းပြင်းထန်ပြီး လှုပ်ရှားမှုတိုင်းမှာ သေခြင်းတရားက အဆက်မပြတ်ရှိနေတယ်။
လီဖူချန်းက သိပ်ပြီးတော့ ကြားဝင်စွက်ဖက်ခြင်း မရှိခဲ့ပါဘူး၊ နှစ်ဖက်လုံးက ညီမျှနေတဲ့အခါ သူ မပါဝင်သင့်ဘူးလို့ ခံစားရလို့လေ။ ဒီလိုတိုက်ပွဲတွေမှာ ဆုံးရှုံးမှုက သိသာပြီး လူတိုင်းကို ဒေါသပေါက်ကွဲထွက်စေဖို့ ကြီးမားတဲ့အခွင့်အလမ်းရှိတယ်လေ။ အသက်ရှင်ကျန်ရစ်တဲ့သူတွေက အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေ ရရှိလာမှာ အသေအချာပါပဲ။
…
"ပျောက်ကွယ်သွားကြစမ်း"
အဆင့်နိမ့်တိုက်ကြီးတစ်ခုရဲ့အရှေ့မှာ နတ်ဆိုးအရှင်သခင်တစ်ယောက်က သူ့ရဲ့နတ်ဆိုးချီကို သုံးပြီး ကြောက်စရာကောင်းတဲ့အနက်ရောင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်တယ်။
သေရေးရှင်ရေးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ တိုက်ကြီးစိတ်တန်ခိုးစွမ်းအားက တိုက်ကြီးစွမ်းအားကို သုံးကာ အနက်ရောင်လှိုင်းကို တားဆီးလိုက်တယ်။
သနားစရာကောင်းတာတစ်ခုကတော့ အဆင့်နိမ့်တိုက်ကြီးတစ်ခုက နတ်ဆိုးအရှင်သခင်တစ်ယောက်ရဲ့အလုံးစုံတိုက်ခိုက်မှုထက် နိမ့်ကျနေခြင်းပါပဲ။
ဂျိန်း ဝုန်း ဒုန်း........
အဆုံးမဲ့ဟင်းလင်းပြင်အက်ရာတွေ ဖြစ်လာပြီး တိုက်ကြီးစိတ်တန်ခိုးစွမ်းအားက တဖြည်းဖြည်းနဲ့ မှေးမိန်ပျောက်ကွယ်သွားတယ်။ တိုက်ကြီးပေါ်ရှိသက်ရှိတွေအားလုံးက ပြာဖြစ်သွားတယ်။ တိုက်ကြီးတစ်ခုလုံးက အလုံးစုံပျက်စီးသွားပြီး ပင်လယ်ထဲသို့ နစ်မြုပ်ကာ သမုဒ္ဒရာရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်။
တိုက်ကြီးစိတ်တန်ခိုးစွမ်းအားကို ဖျက်ဆီးပြီးနောက် နတ်ဆိုးအရှင်သခင်က အသားဂိတ်ကို ဆင့်ခေါ်ဖို့အတွက် ယဇ်ပလ္လင်အစီအရင်တစ်ခုကို တည်ဆောက်ရန် အမိန့်ပေးလိုက်တယ်။ ထို့နောက် သူက အားပြန်ဖြည့်ဖို့နေရာတစ်ခုကို ရှာဖွေခဲ့တယ်။ တိုက်ကြီးစိတ်တန်ခိုးစွမ်းအားရဲ့အဖျက်အဆီးက ဥပဒေသတုံ့ပြန်မှုကို ထုတ်ဖော်ပါလိမ့်မယ်။ တုံ့ပြန်မှုက ချီသွေးအရင်းအမြစ်ဆီ ဦးတည်သွားပါလိမ့်မယ်။ အဲဒါက မသေစေနိုင်ပေမယ့် အတော်လေးအန္တရာယ်များပါတယ်။ နတ်ဆိုးအရှင်သခင်က အရာအားလုံးကို ဂရုမစိုက်ဘဲ အဆင့်နိမ့်တိုက်ကြီးစိတ်တန်ခိုးစွမ်းအားအချို့ကို ဖျက်ဆီးရင် သူအတွက် သေခြင်းတရားသာ ရရှိပါလိမ့်မယ်။
အရှေ့ယူနီကွန်တိုက်ကြီးရဲ့အရှေ့မှာ.......
"ပျောက်ကွယ်သွားစမ်း"
အဲဒါက အထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်တစ်ယောက်ဖြစ်ပြီး သူက အရှေ့ယူနီကွန်တိုက်ကြီးကို တိုက်ခိုက်နေတယ်။ အခြားနတ်ဆိုးအရှင်သခင်တွေနဲ့မတူတာက အဆင့်နိမ့်တိုက်ကြီးစိတ်တန်ခိုးစွမ်းအားတွေကို သူ ဆန္ဒရှိသလို ဖျက်ဆီးနိုင်တာပါပဲ။ ဒါ့အပြင် သူက တုံ့ပြန်မှုတွေကို လက်ခံရရှိလိမ့်မှာ မဟုတ်ဘူး။ အခုဆိုရင် သူက အဆင့်နိမ့်တိုက်ကြီးစိတ်တန်ခိုးစွမ်းအားဒါဇင်လောက်ကို ဖျက်ဆီးခဲ့ပြီးပြီဖြစ်တယ်။
လက်တစ်ချက်ဝှေ့ယမ်းမှုနဲ့အတူ အနက်ရောင်ခုတ်ပိုင်းချက်တစ်ချက်က အရှေ့ယူနီကွန်တိုက်ကြီးဆီ ပျံသန်းလာတယ်။
ဝုန်း........
အနက်ရောင်ခုတ်ပိုင်းချက်က ချက်ချင်း ပျံ့နှံ့ပျောက်ကွယ်သွားပြီး ရောင်စုံအနက်ရောင်မိုးကြိုးတွေက အထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်ထံ ကျရောက်လာတယ်။
"မဟုတ်ဘူး" အထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်က တစ်ခုခုကို ခံစားရပြီး သူ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။
အား.........
သူက ပြိုင်ဘက်ကင်းအထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်တစ်ယောက်ဖြစ်ပေမယ့် အပိုင်းအစတစ်ခုတောင် မကျန်ခဲ့ဘူး။ သူက ရောင်စုံအနက်ရောင်မိုးကြိုးကြောင့် ဗလာနတ္ထိ ဖြစ်သွားရတယ်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
အထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်ရဲ့နောက်လိုက်တွေက အလွန်အံ့ဩသွားတယ်။
အဆင့်နိမ့်တိုက်ကြီးစိတ်တန်ခိုးစွမ်းအားက အထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်တစ်ယောက်ကို သတ်နိုင်တာလား။
အလယ်ဆင့်တိုက်ကြီးစိတ်တန်ခိုးစွမ်းအားကတောင် အထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်တစ်ယောက်ကို မသတ်နိုင်ဘူး။
ဒါပေမယ့် အဆင့်မြင့်တိုက်ကြီးတွေကတော့ ချွင်းချက်ပေါ့။ နတ်ဘုရားတစ်ယောက်ကတောင် အဆင့်မြင့်တိုက်ကြီးတစ်ခုကို မဖျက်ဆီးနိုင်ပါဘူး။
"ဒါက အဆင့်နိမ်တိုက်ကြီးတစ်ခု မဟုတ်လို့လား။ အဆင့်နိမ်တိုက်ကြီးရဲ့အရွယ်အစားသာ ရှိနေလို့လား"
ဒီကမ္ဘာမှာ အထူးအရာတွေနဲ့တည်ရှိမှုတွေအချို့ ရှိနိုင်ပါတယ်။ ဒီအဆင့်နိမ့်တိုက်ကြီးမှာ အားကောင်းလွန်းပြီးအလယ်ဆင့်တိုက်ကြီးတွေထက်ပိုသန်မာတဲ့စွမ်းအားတစ်ခု ပါဝင်နေတယ်။
"ဒိသတင်းအချက်အလက်ကို အခြားနတ်ဆိုးအရှင်သခင်တွေဆီ မြန်မြန် အကြောင်းကြားလိုက်" နတ်ဆိုးဧကရာဇ်တစ်ယောက်က လျင်မြန်စွာ အမိန့်ပေးလိုက်တယ်။
***