← Chapters

ပိုလင်း၏ နှုတ်ဆက်စကား

Vol. 36 Ch. 503

ပိုလင်း၏ နှုတ်ဆက်စကား

Vol. 36 Ch. 503

ခန်းမအတွင်း၌ ပြင်ပတွင်ဖြစ်ပျက်နေသမျှကို နံရံများထက်တွင် ပြသနေပြီး မိုးကြိုးမျှော်စင်၏ထိန်းချုပ်သူက ပတ်ဝန်းကျင်သို့ တိတိကျကျတိုက်ခိုက်နိုင်သည်။ ခန်းမအထက်ရှိ ကောင်းကင်တွင် မိစ္ဆာမြွေကြီးက ပျံသန်းနေပြီး မိုးကြိုးမျှော်စင်က ၎င်းကို အချိန်တိုင်း တိုက်ခိုက်နိုင်စွမ်းရှိသည်။ နတ်မိုးကြိုးနယ်မြေက အမာကျောဆုံးခံစစ်ဖြစ်ပြီး မိုးကြိုးမျှော်စင်က အသန်မာဆုံးတိုက်စစ်ဖြစ်သည်။ နတ်မိုးကြိုးမြို့တော်၏ ကောင်းကင်ထက်ရှိ မည်သည့်ရန်သူကိုမဆို အသေသတ်နိုင်သည့် ရတနာကြောင့် ၎င်းက နှစ်ပေါင်းများစွာ တည်ရှိခဲ့ခြင်းဖြစ်သည်။ ကံမကောင်းစွာဖြင့် မျက်မှောက်ခေတ်တွင် မိုးကြိုးမျှော်စင်ကို ထိန်းချုပ်အသက်သွင်းနိုင်သူ တစ်ယောက်တလေပင် ထွက်ပေါ်မလာခဲ့ပေ။ ပိုလင်းက ၎င်းရှေ့တွင်မတ်တပ်ရပ်၍ မိုးကြိုးချီများထုတ်လွှတ်ကာ ဆက်သွယ်ရန် ကြိုးစားနေသည်။ လောင်ရင်သည်လည်း သူမ၏အရှိန်အဝါကိုထုတ်လွှတ်၍ ပိုလင်းအား မျှော်စင်ကိုထိန်းချုပ်နိုင်ရန် အစွမ်းကုန်ကူညီလျက်ရှိသည်။

ယဲ့ချန်က သူတို့နှစ်ယောက်ကို မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေခဲ့ပြီး သူတို့သာအောင်မြင်ခဲ့လျှင် အနိုင်ရနိုင်သောအခွင့်အရေးက မြင့်မားလာပေလိမ့်မည်။ သူက မိုးကြိုးမျှော်စင်အတွင်း အိပ်မောကျနေသော ဝိညာဥ်တစ်ခုကို အာရုံခံမိသဖြင့် ၎င်းသည် မိုးကြိုးမျိုးနွယ်၏ စီနီယာတစ်ယောက် ဖန်တီးပြုလုပ်ခဲ့သော ရတနာဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်သည်။ ပိုလင်းနှင့် လောင်ရင်၏ အရှိန်အဝါချင်း ပေါင်းစပ်သွားပြီးနောက် ၎င်းက နိုးထလာမည့်အရိပ်အယောင်များ ပြသလာသည်။ လောင်ရင်၏မျက်နှာထက်တွင် တစ်စုံတစ်ခုပြောချင်သည့် အရိပ်အယောင်ရှိသော်လည်း ပိုလင်းကို တစ်ချက်ကြည့်၍ ရပ်တန့်လိုက်သည်။

"ရင်အာ ခဏလောက် အပြင်ထွက်ပေးပါလားဟင်။ ဘယ်သူမှ အထဲကိုမဝင်စေနဲ့။ ငါက မောင်လေးနဲ့ စကားပြောစရာရှိတယ်"

ပိုလင်းက တစ်ချက်ပြုံး၍ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ လောင်ရင်က ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းမှမပြောဘဲ ခေါင်းညိတ်၍ ခန်းမအပြင်ဘက်သို့ ရှောင်ပေးလိုက်သည်။ ပိုလင်းက တစ်ချက်ပြုံး၍ သူမ၏လက်ကိုယမ်းကာ ခန်းမတစ်ခုလုံးကို အသံလုံအစီအရင်တစ်ခုဖြင့် လွှမ်းခြုံလိုက်သည်။ ခန်းမအပြင်ဘက်ရှိလောင်ရင်က သူမ၏လုပ်ရပ်ကြောင့် ဇဝေဇဝါဖြစ်နေပြီး ပိုလင်းနှင့်ယဲ့ချန်အကြား မည်သည့်စကားများပြောမည်ကို သိလိုခဲ့သည်။ ထို့အပြင် သူတို့က ဝိညာဥ်အသိစိတ်ချင်း ဆက်သွယ်နိုင်ပါလျက် အဘယ်ကြောင့် သူမကို မောင်းထုတ်ရသနည်းဟု စဥ်းစားနေမိသည်။

"မောင်လေး ဒီတစ်ခေါက် ငါတို့က မိစ္ဆာမြွေကြီးကို အနိုင်ယူပြီး အသက်ရှင်လျက် ထွက်သွားနိုင်ပါ့မလား မသိဘူး။ ဒီအချိန်မှာ ငါ့ဘေးနားရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ပိုလင်းက ခန်းမအတွင်း နှစ်ယောက်တည်းသာကျန်ရစ်ချိန်တွင် ယဲ့ချန်၏ပါးကို လက်ချောင်းသွယ်သွယ်လေးများဖြင့် ပွတ်သပ်လိုက်သည်။ သူတို့နှစ်ယောက်က အလွန်နီးကပ်နေသဖြင့် သင်းပျံ့သော ကိုယ်သင်းရနံ့တစ်ခုက ယဲ့ချန်၏မျက်နှာကို လာရောက်ကျီစယ်နေသည်။ ပိုလင်းဝတ်ဆင်ထားသော ချပ်ဝတ်က ချပ်ရပ်နေသဖြင့် သူမ၏ လှပသောကောက်ကြောင်းများကို အထင်းသားမြင်တွေ့နိုင်သည်။ သူ၏ဝမ်းဗိုက်အောက်ပိုင်းက ပူလောင်လာကာ အလွန်နီးကပ်သော အနေအထားတွင် စိတ်ကိုထိန်းချုပ်နိုင်ရန် ခက်ခဲနေသည်။

"ကျုပ်က အမကြီးကို မရရအောင် ကယ်ထုတ်သွားနိုင်ပါတယ်"

ယဲ့ချန်က တည်ကြည်စွာ ပြောလိုက်ချိန်တွင် ပိုလင်းသည် သူ၏မျက်နှာကို နောက်ဆုံးအကြိမ်မြင်ရသည့်အလား တစ်လက်မမကျန်မှတ်မိစေရန် စေ့စေ့စပ်စပ်ကြည့်ရှုနေသည်။

"ဘယ်လိုဖြစ်ဖြစ် မင်းက ဒီနေရာကထွက်သွားရမယ်။ အနာဂတ်မှာ ချီပင်လယ်အဆင့်ကို ရောက်အောင်လုပ်ပြီး ကောင်းကင်မူလတိုက်ကြီးကို သွားနော်"

ပိုလင်းက လေးနက်စွာ မှာကြားလိုက်သည်။ ယဲ့ချန်ကမူ သူမကို မထားရစ်ခဲ့နိုင်သောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ သူက ဇနီးဖြစ်သူကိုစွန့်ပစ်ခဲ့လျှင် ယောကျ်ားတစ်ယောက်ဟု ကိုယ့်ကိုကိုယ်ခေါ်ဆိုရန် သတ္တိရှိမည်မဟုတ်ပေ။ သူက နောက်ဆုံးအခြေအနေတွင် ပိုလင်းနှင့်အခြားကျင့်ကြံသူများကို ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ထည့်သွင်း၍ ထွက်ပြေးရန် စဥ်းစားထားပြီးဖြစ်သည်။

"မောင်လေး မမကို တစ်ကြိမ်လောက် ချစ်ပေးပါ"

ပိုလင်းက ယဲ့ချန်၏ရင်ခွင်အတွင်း မှီချလိုက်ကာ ဆွဲဆောင်အားပြင်းသော အသံလေးနှင့် ပြောလိုက်သည်။ သူမက ချပ်ဝတ်ကို ချွတ်ချလိုက်သောကြောင့် ပြစ်ချက်မရှိဝင်းမွတ်လှပသော ပန်းပုရုပ်လေးပမာ ထင်မှတ်ရသည်။ သူမ၏ပန်းရောင်အသားအရေလေးက ယဲ့ချန်၏အချစ်စိတ်များကို တဟုန်းဟုန်းတောက်လောင်စေခဲ့သည်။ ထို့နောက် ချစ်သူနှစ်ဦးက နောက်ဆုံးအကြိမ်ဖြစ်နိုင်သော တွေ့ဆုံရခြင်းကို ပန်းချီကားတစ်ချပ်ပမာ ခြယ်မှုန်းလိုက်ကြသည်။ သို့သော် ယဲ့ချန်၏ရင်ထဲတွင် ဖော်ပြမရနိုင်သော ဝမ်းနည်းစိတ်များ ပြည့်နှက်နေသည်။

အချိန်တစ်ခုကြာသောအခါ ခန်းမအပြင်တွင်ရှိနေသည့် လောင်ရင်က စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။

"လင်းအာနဲ့ ချန်ရဲက ဘာတွေလုပ်နေတာလဲ"

သူမက စပ်စုလိုသဖြင့် ဝိညာဥ်အသိစိတ်ဖြင့် ခန်းမအတွင်း ချောင်းကြည့်လိုက်သောအခါ မြင်ရသည့်အရာကြောင့် နှုတ်ခမ်းနီရဲရဲလေးများကို ဝိုင်းစက်သွားစေခဲ့သည်။ ဤအခြေအနေတွင် ထိုချင်းအရာကိုလုပ်ဆောင်နေသော ချစ်သူနှစ်ဦးကြောင့် သူမ၏ပါးနှစ်ဖက်၌ ရှက်သွေးဖြာနေသည်။ သူမက ရင်တထိတ်ထိတ်နှင့် ဝိညာဥ်အသိစိတ်ကို ပြန်လည်ရုတ်သိမ်းလိုက်ရသည်။ သူမမြင်လိုက်ရသည်က စိတ်ကို များစွာသက်ရောက်သွားသောကြောင့် အချိန်ကြာမြင့်စွာ မတည်ငြိမ်နိုင်ခဲ့ပေ။ သူမ ငယ်စဥ်မှစ၍ ဤအချင်းအရာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သောကြောင့် မေ့ဖျောက်ပစ်ရန် မလွယ်သည့်အပြင် အသံများကိုပင် ကြားယောင်နေမိသည်။

"လင်းအာက ကျင့်ကြံဆင့်ကို ချန်ရဲဆီ လွှဲပေးချင်နေတာလား။ ဒါပေမယ့် ဒီလိုဆိုရင်တောင် အသုံးမဝင်ဘူးလေ။ ချန်ရဲက မိစ္ဆာကောင်ကြီးကို မယှဥ်နိုင်လောက်ဘူး"

လောင်ရင်က အတွေးနက်နေမိသည်။ ထို့နောက် သူမက ခဏတာတုံ့ဆိုင်းနေပြီးနောက် ခန်းမအတွင်း နောက်တစ်ကြိမ် ချောင်းကြည့်လိုက်ပြန်သည်။ အပျိုကလေးတစ်ယောက်အတွက် မမြင်သင့်၊ မမြင်အပ်သောမြင်ကွင်းက သူမ၏မျက်နှာကို ထူပူသွားစေသည်။

"ဒါကို ဘာလို့လုပ်နေကြတာလဲဟာ"

လောင်ရင်က စိတ်ရှုပ်ထွေးနေပြီး စိတ်ထဲတွင် ကိုယ့်ကိုကိုယ် မေးခွန်းထုတ်လိုက်မိသည်။ ထိုအချိန်တွင် ပိုလင်း၏ကျင့်ကြံဆင့်က နိမ့်ကျသွားရမည့်အစား ပို၍သန်မာလာသည်ကို အာရုံခံမိလိုက်သည်။ ယဲ့ချန်၏ကိုယ်တွင်းမှ မိုးကြိုးချီများက ပိုလင်း၏ခန္ဓာကိုယ်အတွင်း အဆက်မပြတ်စီးဆင်းနေသောကြောင့် နှစ်ကိုယ်တူကျင့်ကြံနေခြင်းနှင့် တူညီနေသည်။ ပိုလင်း၏ရှေးဦးမျိုးဆက်သွေးမှာလည်း ယခင်ထက်ပို၍ အဆင့်မြင့်လာခဲ့သည်။ ထို့ကြောင့် သူမသည် ပိုလင်၏စကားက မှန်ကန်ကြောင်း လက်ခံလိုက်ရသည်။ ယဲ့ချန်က ပိုလင်း၏ကျင့်ကြံဆင့်ကို မဝါးမျိုသည့်အပြင် ပို၍တိုးတက်လာစေသည်။

"မောင်လေးကို မမက ထာဝရချစ်သွားမယ်"

လောင်ရင် ချောင်းကြည့်နေသည်ကို သိသော်လည်း လက်ရှိအခြေအနေတွင် ပိုလင်းက များစွာဂရုမစိုက်အားပေ။ လောင်ရင်ကမူ ရှက်သွေးဖြာနေသော်လည်း ဝိညာဥ်အသိစိတ်ကို ရုတ်သိမ်းလိုက်၊ ပြန်ချောင်းကြည့်လိုက်ဖြင့် တစ်ယောက်တည်း အလုပ်ရှုပ်နေခဲ့သည်။

ယဲ့ချန်သည် ပိုလင်းကိုကူညီနိုင်ရန်အတွက် ဓားပျံကိုအသက်သွင်း၍ မိုးကြိုးချီများစွာ ထုတ်ဖော်ပေးနေသည်။ ပိုလင်းက မိုးကြိုးချီများများရလေ၊ ကျင့်ကြံဆင့်မြင့်တက်လေဖြစ်ကာ မိုးကြိုးမျှော်စင်ကို အသက်သွင်း၍ တိုက်ခိုက်ရာ၌ ပို၍အစွမ်းထက်ပေလိမ့်မည်။ သို့မှသာ ခေါင်းသုံးလုံးမိစ္ဆာမြွေကြီးကို သတ်နိုင်ရန် အခွင့်အရေးများမည်ဖြစ်သည်။ ဓားပျံက ဆက်တိုက်တုန်ခါနေပြီး ၎င်း၏ချီများက ပိုလင်း၏မျိုးဆက်သွေးကို အဆက်မပြတ် မြှင့်တင်ပေးနေသည်။ အကယ်၍ သူမသာ အဆင့်နှစ်ပိုင်နက်ကို နားလည်သွားလျှင် အသက်ရှင်နိုင်စွမ်း မြင့်တက်လာမည်ဖြစ်သောကြောင့် အကောင်းဆုံးဖြစ်သည်။ နာရီဝက်အကြာတွင် ယဲ့ချန်နှင့် ပိုလင်းကြားတွင် ဝိညာဥ်ချင်းပေါင်းစပ်သွားခဲ့ပြီး အရာအားလုံးက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

"မောင်လေး အိပ်လိုက်နော်။ အမကြီးက အရာအားလုံးကို တာဝန်ယူလိုက်မယ်"

ပိုလင်းက ယဲ့ချန်ကို တင်းကျပ်စွာပွေ့ဖက်၍ နားအတွင်းသို့ ချိုသာစွာပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က ရုတ်တရက်အိပ်ငိုက်လာသောကြောင့် ထိတ်လန့်သွားခဲ့သည်။ ပိုလင်းက မိစ္ဆာကောင်ကို တစ်ယောက်တည်းတိုက်ခိုက်မည်ဟု အဓိပ္ပါယ်သက်ရောက်သော စကားကို ပြောနေခဲ့သည်။ သူက မျက်လုံးများကို အားယူဖွင့်လှစ်၍ စိုးရိမ်စွာဖြင့် တားမြစ်လိုသော်လည်း စကားတစ်ခွန်းမှမပြောနိုင်ခင် ရုတ်တရက် အိပ်မောကျသွားခဲ့သည်။ ပိုလင်းသည် ယဲ့ချန်၏နဖူးကို ကြင်နာစွာနမ်းရှိုက်၍ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူမက မြေပြင်တွင် ခြေဗလာဖြင့်ရပ်နေပြီး ခန်းမအတွင်းရှိ အလင်းရောင်များကြောင့် ပြည့်စုံသောခန္ဓာကိုယ်လေးက တောက်ပနေသည်။ သို့သော် ကောင်းကင်ထက်ရှိ မြွေမိစ္ဆာကို စိုက်ကြည့်နေသော သူမ၏မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်တို့ ပြင်းထန်စွာ ဖြစ်တည်လာသည်။ ယဲ့ချန်၏ဘေးတွင် ပုံရိပ်ယောင်ပုလဲက လေပေါ်သို့မြောက်တက်လာပြီး အဖြူရောင်အလင်းများခြံရံထားသော အမွေးပွလေး၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။ သူမ၏တောက်ပနေသော မျက်လုံးလေးများက ယဲ့ချန်ကိုတလှည့် ပိုလင်းကိုတလှည့် စိုက်ကြည့်နေခဲ့သည်။

"ညီမလေးနင်အာ မမကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် မိုးကြိုးမျိုးနွယ်ရဲ့ကျင့်စဥ်တွေက သူ့ကို အိပ်ပျော်သွားအောင် မလုပ်နိုင်ဘူး"

ပိုလင်းက ကြင်နာစွာပြုံးလိုက်သော်လည်း ရင်ထဲတွင် ဝမ်းနည်းစိတ်တို့ ပြည့်နှက်နေသည်။

"မမ ဒီလိုလုပ်ဖို့ တကယ်ဆုံးဖြတ်လိုက်ပြီလား"

အမွေးပွလေး၏စကားသံက စိုးရိမ်စွာထွက်ပေါ်လာသည်။ သူမသည် ပိုလင်း၏တောင်းဆိုချက်ကြောင့် ယဲ့ချန်အိပ်မောကျသွားစေရန် ပုံရိပ်ယောင်ပုလဲဖြင့် ပြုလုပ်ပေးခဲ့သော်လည်း ပိုလင်းကိုယ်စား ရင်ထဲတွင် တင်းကျပ်နေခဲ့သည်။ ထို့ကြောင့် ပိုလင်းအား လက်ရှိတွင် ညီအစ်မတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။

"ဒါက တစ်ခုတည်းသော အခွင့်အရေးဖြစ်နေတယ်။ မြွေမိစ္ဆာကောင်ကိုသတ်နိုင်မှ မောင်လေးက အသက်ရှင်နိုင်လိမ့်မယ်။ အနာဂတ်မှာ မမကိုယ်စား သူ့ကို သေချာလေးဂရုစိုက်ပေးပါနော်"

ပိုလင်းက ယဲ့ချန်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး အတိတ်မှပုံရိပ်ယောင်များကို မြင်ယောင်နေမိသော်လည်း ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမက ခန်းမအလယ်ရှိ မိုးကြိုးမျှော်စင်ထံ တစ်လှမ်းချင်းလျှောက်သွားခဲ့သည်။ ပိုလင်း၏ လှပသောပုံရိပ်လေးက အမွေးပွလေး၏နှလုံးသားထဲတွင် ထာဝရစွဲထင်သွားပြီး မျက်ဝန်းများမှ မျက်ရည်များ စီးကျလာခဲ့သည်။ ထိုအချိန်တွင် လောင်ရင်က ခန်းမအတွင်းသို့ အလောတကြီးပြေးဝင်လာခဲ့သည်။

"လင်းအာ တကယ်ပဲ ဒီလိုလုပ်ဖို့ လိုအပ်လို့လား။ ငါ့ကို ကူညီခွင့်ပြုပါ"

သူမက စိုးရိမ်တကြီးတားမြစ်လိုက်သည်။

"မလိုအပ်တော့ပါဘူး။ မိုးကြိုးမျှော်စင်ကို အသက်သွင်းဖို့ ရှေးဦးမျိုးဆက်သွေးပိုင်ရှင်တစ်ယောက်တည်း စွမ်းဆောင်ရမယ်။ လွန်ခဲ့တဲ့ဆယ်ရက်က အရှင်ဟာ ငါ့ကို ဒီနည်းလမ်း သင်ကြားပေးခဲ့တယ်။ သူသေသွားရင် မိုးကြိုးမျှော်စင်ကို အသက်သွင်းပြီး ရန်သူကို အနိုင်တိုက်ဖို့ပေါ့"

ပိုလင်းက ခေါင်းယမ်း၍ ညှင်သာစွာပြုံးကာ လေးနက်စွာ ပြောလိုက်လေသည်။

All Chapters