← Chapters

ကောင်းကင်ဆက်ဓားချိတ်ပိတ်ထပ်မံဖွင့်ခြင်း

Vol. 61 Ch. 842

ကောင်းကင်ဆက်ဓားချိတ်ပိတ်ထပ်မံဖွင့်ခြင်း

Vol. 61 Ch. 842

တိုက်ပွဲ‌နောက်ဆက်တွဲပုံရိပ်တွေပြည့်နေတဲ့အဆင့်နိမ့်တိုက်ကြီးတစ်ခုပေါ်မှာ မရေမတွက်နိုင်လောက်တဲ့နတ်ဆိုးတွေက အသားဂိတ်မှ ထွက်လာတယ်။

"ဒီနတ်ဆိုးတွေက အဆင့်နိမ့်တိုက်ကြီးစိတ်တန်ခိုးစွမ်းအားတွေကို တကယ် ဖျက်ဆီးနေတာပဲ" လီဖူချန်းရဲ့အမူအရာက မကျေမနပ်ဖြစ်သွားတယ်။

ဒီတိုက်ကြီးကို မကြာသေးခင်ကမှ ဖျက်ဆီးသွားခဲ့တာကို သူ့ရဲ့ထက်မြက်တဲ့မျက်လုံးတွေကအလိုအလျောက်မြင်နိုင်တယ်။

အသားဂိတ်ကို စွန့်ပစ်တိုက်ကြီးတွေပေါ်မှာသာ ဆင့်ခေါ်နိုင်ပြီး ဆင့်ခေါ်ခြင်းတစ်ခုစီက အသက်စွမ်းအင်တွေရဲ့ကြီးမားတဲ့ပမာဏနဲ့တိုက်ကြီးစွမ်းအားကိုလည်း လိုအပ်တယ်။ စွန့်ပစ်တိုက်ကြီးတစ်ခုက အသားဂိတ်ကို တစ်ကြိမ်သာ ဆင့်ခေါ်နိုင်တယ်။ နတ်ဆိုးတွေက နောက်ထပ်စွန့်ပစ်တိုက်ကြီးတွေကို လိုအပ်တယ်ဆိုရင် သူတို့ရဲ့တစ်ခုတည်းသောရွေးချယ်စရာက တိုက်ကြီးစိတ်တန်ခိုးစွမ်းအားကို ဖျက်ဆီးရန် ဖြစ်တယ်။

သတ်ဖြတ်ခြင်းချီကို ဖော်ထုတ်ရင်း လီဖူချန်းက ဓားကို ဝှေ့ယမ်းလိုက်ကာ နတ်ဆိုးတွေနဲ့အသားဂိတ်ကို သူ့ရဲ့ဓားချီထဲမှာ ဝါးမျိုလိုက်တယ်။

နတ်ဆိုး‌တွေအားလုံးက ‌သေတယ်၊ ဒါပေမယ့် အသားဂိတ်က ဘာမှ မထိခိုက်သေးပါဘူး။

ဝုန်း ဝုန်း ဝုန်း...........

လီဖူချန်းက အကြိမ်ဒါဇင်‌ပေါင်းများစွာ ခုတ်ပိုင်းခဲ့တယ်၊ ဓားအသီးသီးမှာ သူ့ရဲ့ခွန်အားအပြည့်ကို ထည့်သွင်းထားတယ်။

"ဒါ အလုပ်မလုပ်ဘူး။ ငါ့ရဲ့လက်ရှိခွန်အားက အသားဂိတ်ကို ဖျက်ဆီးဖို့ မလုံလောက်ဘူးပဲ"

အသားဂိတ်ပေါ်ရှိအမှတ်အသားတွေ လျင်မြန်စွာ ကောင်းသွားတာကို မြင်ပြီး သူက သူ့ရဲ့ဓားစွမ်းအင်ကို သုံးရင်တောင် အသားဂိတ်တစ်ခုကို မဖျက်ဆီးနိုင်ဘူးကို လီဖူချန်းက သိခဲ့တယ်။

ရွေးချယ်စရာတစ်ခုမှ မရှိဘဲ လီဖူချန်းက အသားဂိတ်ရဲ့အပြင်ဘက်မှာ ရိုးရှင်းတဲ့ဓားချီသတ်ဖြတ်ခြင်း၀င်္ကပါတစ်ခုကို တည်ဆောက်ခဲ့တယ်။ ဓားချီသတ်ဖြတ်ခြင်း၀င်္ကပါကို နှိုးဆော်မိတာနဲ့ အဲဒါက အထဲရှိ လီဖူချန်းသိုလှောင်ထားတဲ့ဓားချီကို အသက်သွင်းပါလိမ့်မယ်။

လီဖူချန်းက ထွက်ခွာလာပြီး အရှေ့ယူနီကွန်တိုက်ကြီးဆီ ပျံသန်းလာခဲ့တယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် သူက အရှေ့ယူနီကွန်တိုက်ကြီးနဲ့ပတ်သက်ပြီး သိပ်မစိုးရိမ်ပါဘူး။ သူ အရင်တစ်ကြိမ်ပြန်လာတုန်းက အရှေ့ယူနီကွန်တိုက်ကြီးက သာမန်မဟုတ်ဘူးလို့ လီဖူချန်းက ခံစားရတယ်။

ဒါပေမယ့် သူက တစ်ချက်တော့ သွားကြည့်ရပါမယ်။

လီဖူချန်း မျှော်လင့်ထားသလိုပဲ၊ အရှေ့ယူနီကွန်တိုက်ကြီးက မပျက်စီးသေးပါဘူး သူက ပိုတောင် အံ့အားသင့်ခဲ့ရတယ်။ အရှေ့ယူနီကွန်တိုက်ကြီးရဲ့ကောင်းကင်မြေကြီးစွမ်းအားက အဆများစွာ ပိုပြင်းထန်နေပြီး ခုနှစ်ရောင်ခြယ်တိုက်ကြီးနဲ့တောင် နှိုင်းယှဉ်နိုင်တယ်။

"ဘာဖြစ်နေတာလဲ" လီဖူချန်းက ထိတ်လန့်အံ့ဩသွားရတယ်။

နှစ်အနည်းငယ်သာ ရှိသေးတယ်၊ ကောင်းကင်မြေကြီးစွမ်းအင်က ခုနှစ်ရောင်ခြယ်တိုက်ကြီးရဲ့အဆင့်မှာ ရှိနေပြီးပဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် ဧကရာဇ်ကောင်းကင်တိုက်ကြီး ဒါမှမဟုတ် အဆင့်မြင့်တိုက်ကြီးတစ်ခုရဲ့အဆင့်ကိုတောင် ရောက်ရှိသွားလေမလား။

လီဖူချန်းက အရှေ့ယူနီကွန်တိုက်ကြီးကို ဝင်ရောက်ခဲ့ပြီး မထွက်ခွာခင် ဓားဆန္ဒအလင်းစက်တွေကို ဖြန့်ကြဲခဲ့တယ်။

လက်ရှိအချိန်မှာ လီဖူချန်းက အရှေ့ယူနီကွန်တိုက်ကြီးရဲ့လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ဖို့ အရည်အချင်းမပြည့်မှီသေးပါဘူး။

***

လီဖူချန်းရဲ့နတ်ဆိုးသတ်ဖြတ်ခြင်းအရှိန်အဝါက ပြင်းထန်လွန်းလှတယ်။ သူက မိုင်မီလီယံတစ်ရာအတွင်းမှာ  ရှိနေသရွေ့ ဘယ်နတ်ဆိုးအရှင်သခင်မဆို သူ့ကို အာရုံခံနိုင်တယ်။

"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"

သာမန်နတ်ဆိုးအရှင်သခင်တစ်ယောက်ကို သတ်ပြီးနောက် လီဖူချန်းက အတော်လေး သတိအပြည့်ထားနေရတယ်။

ဒီနတ်ဆိုးအရှင်သခင်က လီဖူချန်းကို မတော်တဆ တွေ့ရှိတာမဟုတ်ဘူး၊ သူက လီဖူချန်းဆီ တိုက်ရိုက်ပြေးလာတာ။

လီဖူချန်းက အဲဒါကို မသိဘူး........

မိုင်၅၀၀မီလီယံအဝေးမှာ အထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်တစ်ယောက်က လီဖူချန်းရဲ့နတ်ဆိုးသတ်ဖြတ်ခြင်းအော်ရာကို ခံစားမိခဲ့တယ်။

"စိတ်ဝင်စားစရာပဲ၊ သေးနုပ်တဲ့သူတော်စင်တစ်ယောက်က ဒီလောက်များတဲ့နတ်ဆိုးတွေကို သတ်နိုင်ခဲ့တာပဲ"

အမှောင်စွမ်းအင် စုစည်းသွားပြီး ဒီအထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်က ဟင်းလင်းပြင်ကို ထိုးဖောက်ကာ လီဖူချန်းရဲ့အနီးမှာ ထွက်ပေါ်လာတယ်။

"အန္တရာယ်"

လီဖူချန်းခန္ဓာကိုယ်ရဲ့တစ်လက်မတိုင်းက သတိပေးနေတယ်။

"ကောင်လေး၊ မင်းက ငါနဲ့ တွေ့တာ ကံဆိုးတာပဲ။ ငါ့ကို အညံခံလိုက်၊ အဲဒါဆိုရင် ငါ မင်းကို ဂုဏ်သိက္ခာရှိရှိသေခွင့်ပေးမယ်"

နတ်ဆိုးအရှင်သခင်ကာရက်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး လီဖူချန်းကို သူ့ရဲ့သားကောင်တစ်ကောင်ပမာ ကြည့်နေတယ်။

လက်ရှိအချိန်မှာ နက်ပြာပလိန်းကို ရောက်ရှိလာတဲ့အထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်တွေရဲ့အရေအတွက်က ငါးယောက်‌အောက်သာ ရှိတယ်။ လူသားသူတော်စင်အရှင်တွေသာမရှိရင် အထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်က ပြိုင်ဘက်မရှိပါဘူး။ ဒါကြောင့် လီဖူချန်းကို မြင်တဲ့အခါ သူက သတ်ဖြတ်ဖို့အလျင်မလိုပါဘူး။

"ဘာလို့ မင်းက ဒီလိုဒုက္ခနဲ့ အမြဲတမ်း တွေ့နေရတာလဲ" ဓားစိတ်ဝိညာဉ်ရဲ့အသံက ရုတ်တရက် ပဲ့တင်ထပ်လာတယ်။

"မင်း နိုးလာပြီးလား" လီဖူချန်းက ကောင်းကင်ဆက်ဓားကို အံ့အားသင့်စွာနဲ့ ယူထုတ်လိုက်တယ်။

"ငါ အချိန်မီ မနိုးလာနိုင်ရင် မင်း သေသွားလောက်ပြီ" ဓားစိတ်ဝိညာဉ်က မကျေနပ်တဲ့လေသံနဲ့ ပြောလိုက်တယ်။

"မင်းက ဓားအင်းကွက်တွေနဲ့ ချိတ်ဆက်နိုင်သေးလား" လီဖူချန်းက ရွေးချယ်စရာမရှိဘူးလေ။

"ဒါပေါ့။ အဲဒါတွေအားလုံးက မင်းရဲ့နေ့စဉ်ဓားစွမ်းအင်အထောက်အပံ့ကြောင့်ပဲ။ ဓားစွမ်းအင်အစိတ်အပိုင်း၁၀၀၀၀တိုင်းရဲ့တစ်ပိုင်းကသာ ငါ့ရဲ့စွမ်းအားဖြစ်လာတယ် ဒါပေမယ့် အရေအတွက်က ခြားနားစေတာပေါ့လေ" ဓားစိတ်ဝိညာဉ် ဒီလောက်မြန်မြန်နိုးလာတဲ့အကြောင်းရင်းကတော့ လီဖူချန်းရဲ့ဓားစွမ်းအင်အရည်အသွေးတိုးမြှင့်လာခြင်းကြောင့်ပါပဲ။ အရင်ကဆိုရင် တစ်မီလီယံအစိတ်အပိုင်းရဲ့တစ်ပိုင်းကသာ ဓားစိတ်ဝိညာဉ်ကို အာဟာရဖြည့်ပေးနိုင်ခဲ့တယ်။

"ဒါတိုရင် ငါ မင်းကို ထပ်ပြီးအားကိုးရအုံးမှာပေါ့" လီဖူချန်းက တောင်းတောင်းပန်ပန်နဲ့ ပြောလိုက်တယ်။

"ဒီတစ်ကြိမ်မှာ‌တော့ ပိုအားကောင်းတဲ့ကောင်းကင်ဆက်ဓားကို မင်း မြင်ရလိမ့်မယ်"

ပြောနေရင်း ဓားစိတ်ဝိညာဉ်က သူ့ရဲ့စွမ်းအားကို မချိတ်ဆက်ထားတဲ့ဓားအင်းကွက်တွေထံ အသက်သွင်းလိုက်တယ်။

ရွှမ်း......

ကြောက်စရာကောင်းတဲ့ဓားဝှေ့ယမ်းချက်တစ်ခုပဲ၊ ဟင်းလင်းပြင်က ပြိုကွဲတဲ့လက္ခဏာတွေ ရှိလာတယ်။

"အမ်။ ဘယ်လောက်တောင် မယုံနိုင်စရာကောင်းတဲ့နတ်လက်နက်တစ်ခုပါလိမ့်"။ နတ်ဆိုးအရှင်သခင်ကာရက်ရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

ဒီလိုအဆင့်ရှိဓားက အနည်းဆုံးထိပ်တန်းအဆင့်အထွတ်အထိပ်လက်နက်တစ်ခုဖြစ်တယ်။ အဲဒါကို ကြယ်ပိုင်နက်ပေါ်မှာ ရောင်းချရင် ကြီးမားတဲ့အရင်းအမြစ်ပမာဏကို ရရှိမှာ အသေအချာပဲ။

"ကောင်လေး၊ မင်းမှာ ဒီလိုလက်နက်တစ်ခုရှိရုံနဲ့ ငါ့ကို တိုက်ခိုက်နိုင်မယ်လို့ မစဉ်းစားနဲ့။ မြန်မြန်အညံ့ခံစမ်း"

နတ်ဆိုးအရှင်သခင်ကာရက်က ကြီးမားတဲ့ပုံရိပ်ယောင်နတ်ဆိုးလက်ဝါးတစ်ခုကို ထုတ်ဖော်လ်ုက်ရာ နေရာတစ်ခုလုံးကို အုပ်မိုးသွား‌တော့တယ်။

"ချိုးဖြတ်စမ်း"

ကောင်းကင်ဆက်ဓားကို ဆုတ်ကိုင်လျက် လီဖူချန်းက ခုတ်ပိုင်းလိုက်ရာ ရွှန်းစိုတဲ့ဓားအလင်းတောက်ပမှုတစ်ခုက နေရာတစ်ခုလုံးကို ထိန်လင်းသွားတယ်။ 'အား'အသံတစ်ခု ထွက်လာပြီး ပုံရိပ်ယောင်နတ်ဆိုးလက်ဝါးက ပိုင်းဖြတ်ခံလိုက်ရတယ်။

လက်ဝါးရှိနာကျင်မှုနဲ့အတူ နတ်ဆိုးအရှင်သခင်ကာရက်က ကမန်းကတန်း နောက်ဆုတ်လိုက်တယ်။

"အဆုံးစွန်းအဆင့်လက်နက်"

နတ်ဆိုးအရှင်သခင်ကာရက်က အစတော့ ထိတ်လန့်သွားတယ်၊ ပြီးနောက် စိတ်တက်ကြွလာတယ်။

အဆုံးစွန်းအဆင့်လက်နက်တွေက ကြယ်ပိုင်နက်မှာတောင် ရှားပါးတယ်။ အဆုံးစွန်းလက်နက်အသီးသီးက သွေးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေနိုင်တယ်။ သူက ဒီနေရာမှာ မြင်တွေ့လိမ့်မယ်လို့  ဘယ်တော့မှ မထင်ထားခဲ့ဘူး။

"သေစမ်း"

ထိတ်လန့်တုန်လှုပ်စရာအမှောင်စွမ်းအားတစ်ခုက ပေါက်ကွဲထွက်လာတယ်။ နတ်ဆိုးအရှင်သခင်ကာရက်ရဲ့ခန္ဓာကိုယ်က ထွက်ပေါ်လာတယ်။

"လီဖူချန်း၊ ကောင်းကင်ဆက်ဓားရဲ့အစစ်အမှန်ခွန်အားကို ခံစားကြည့်လိုက်" ဓားစိတ်ဝိညာဉ်က ဟိန်းလိုက်ပြီး စွမ်းအားအစိတ်အပိုင်းတစ်ခုကို လီဖူချန်းရဲ့ဓားစွမ်းအင်နဲ့ ရောနှောလိုက်တယ်။

ရွှမ်း........

လခြမ်းသဏ္ဍာန်ဓားချီတစ်ခုက ရုတ်တရက် ပျံသန်းလာပြီး နေရာလပ်ဇုန်တစ်ခုလုံးရှိအချိန်က ရပ်တန့်သွားပုံပေါ်တယ်။

နတ်ဆိုးအရှင်သခင်ကာရက်က သူ့ရဲ့မြန်နှုန်း နှေးကွေးလာသလို ခံစားနေရပြီး နောက်ဆုံးမှာ‌တော့ လုံးဝဥဿုံရပ်တန့်သွားခဲ့တယ်။ သူ့ရှေ့မှာတော့ ကြောက်စရာကောင်းတဲ့ဓားချီတစ်ခုက ပိုမြန်လာပြီး သူ့ရဲ့ခန္ဓာကိုယ်ကို ခုတ်ပိုင်းသွားတယ်။

"အား"

ဓားချီတစ်ခုတည်ရှိနေတဲ့ နတ်ဆိုးအရှင်သခင်ကာရက်ရဲ့နောက်ကျောမှ သွေးတွေ ပန်းထွက်လာတယ်။

သူ့ရဲ့ချီသွေးအရင်းအမြစ်အက်ကွဲသွားတာကို သူ ကြားနေရသလို နတ်ဆိုးအရှင်သခင်ကာရက်က ခံစားနေရတယ်။

သူ့ရဲ့ခန္ဓာကိုယ်အတွင်းကို ကြည့်လိုက်ရာ ကြောက်စရာကောင်းတဲ့ဓားချီတစ်ခုက အတွင်းမှာ ‌သောင်းကျန်းနေပြီး သူ့ရဲ့ချီသွေးအရင်းအမြစ်က အဆက်မပြတ် ကုန်ခန်းလာနေတယ်။

"ဒါက အဆုံးစွန်းအဆင့်လက်နက်တစ်ခုရဲ့ခွန်အားလား" နတ်ဆိုးအရှင်သခင်ကာရက်က ကြောက်ရွံ့သွားတယ်။

သူက လီဖူချန်းကို မဖြစလောက်လူတစ်ယောက်လို့သာ တွေးထားတာ၊ပြီးတော့ လီဖူချန်းက အဆုံးစွန်းအဆင့်လက်နက်တစ်ခုရဲ့စွမ်းအားကို အပြည့်အဝအသုံးမချနိုင်ဘူးပေါ့လေ။ လီဖူချန်းက ၎င်းရဲ့ခွန်အားကို အပြည့်အဝအသုံးမချနိုင်ရင်တောင် အဆုံးစွန်းလက်နက်က ဒီလောက်အားကောင်းနေမယ်လို့ ဘယ်သူက သိမှာလဲ။

"ပြေး"

ဟင်းလင်းပြင်ကို ဆုတ်ဖြဲရင်း နတ်ဆိုးအရှင်သခင်ကာရက်က ခြေရာလက်ရာမကျန်ပျောက်ကွယ်သွားတော့တယ်။

"သူက ပြေးတဲ့အခါ အ‌တော်လေးမြန်သားပဲ" ဓားစိတ်ဝိညာဉ်က စိတ်သက်သာရစွာ ပြောလိုက်တယ်။

သူက လီဖူချန်းကို ဓားခုတ်ချက်တစ်ချက်သာ ကူညီပေးနိုင်တာပါ။ ဒုတိယခုတ်ပိုင်းချက်ကို ဖော်ထုတ်ဖို့က မဖြစ်နိုင်ပါဘူး။

"ဒါက ကောင်းကင်ဆက်ဓားရဲ့ခွန်အားအပြည့်လား"

ဓားတာအိုရဲ့မူရင်းဇာစ်မြစ်ကို ရှာဖွေနေတဲ့ လူတစ်ယောက်အနေနဲ့  ဒီခုတ်ချက်က ကြောက်စရာကောင်းလွန်းပြီး အရာအားလုံးရဲ့အမြစ်ကို ခုတ်ဖြတ်နိုင်တာကို လီဖူချန်းက ပို၍ရှင်းလင်းစွာ သိတယ်။

"မင်းက အတွေးများနေပြီ။ မင်းရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်အရ ငါ့ရဲ့အကူအညီရှိရင်‌တောင် မင်းက ကောင်းကင်ဆက်ဓားရဲ့အဆုံးစွန်းအကန့်အသတ်ကို အသုံးမနိုင်သေးဘူး။ ဒါပေမယ့် စောစောကခုတ်ချက်က ကောင်းကင်ဆက်ဓားရဲ့အဆီအနှစ်ကို အသုံးပြုခဲ့တာပဲ" ဓားစိတ်ဝိညာဉ်က ခေါင်းခါလိုက်တော့တယ်။

"ကောင်းပါပြီ"

ဘယ်လိုပဲတွေးတွေး၊ လီဖူချန်းက အဆုံးစွန်းအဆင့်လက်နက်တစ်ခုရဲ့အဆုံးစွန်းအကန့်အသတ်ကို လီဖူချန်းက စိတ်ကူးမယဉ်မနိုင်ပါဘူး။

***

All Chapters