← Chapters

သခင်လေး ၉ ကို လိုက်အတုခိုးတဲ့လူငယ်လေး

Vol. 23 Ch. 441

သခင်လေး ၉ ကို လိုက်အတုခိုးတဲ့လူငယ်လေး

Vol. 23 Ch. 441

အနက်ရောင်ဝတ်ထားသောလူငယ်သည် ထိုစကားကိုကြားသောအခါ ပါးစပ်ပြဲအောင်ပင် အားရပါးရရယ်မောလေသည်။ သူသည် ချုံချီအား မျက်ခုံး ပင့်ပြပြီး သူ့နားကိုကိုင်ထားသည့် လက်ကိုရိုက်ချလိုက်သည်။ ထို့နောက် သူသည် ပေထင်းဟွမ်အား ကြင်နာစွာပြုံးပြပြီး ထွက်ပြေးသွားလေသည်။

ချုံချီသည် သူ့ကိုဆွဲထားပြီး သင်ခန်းစာပေးချင်နေသည်။ ဤနေရာတွင် လူပင်လယ်ကြီးဖြစ်နေရာ သူ၏အရိပ်အယောင်ကို မည်သို့ရှာရတော့မည်နည်း။

ရာသီဥတုမှာအလွန်ပူပြင်းကာ ရင်ပြင်မှာ လူကြပ်နေသည်။ ပေထင်းဟွမ် သည် မျက်နှာကို အုပ်ထားဆဲဖြစ်သလို မုချင်းလင်သည်လည်း အဖြူရောင် ဝတ်ရုံဖြင့် ခေါင်းအစခြေအဆုံးအုပ်ထားသည်။ သူမသည် အထူးတလည် ကျိုးနွံ စွာဖြင့် ပေထင်းဟွမ်နောက်သို့ လိုက်လေသည်။

“အာ.. အဲနှစ်ယောက်က အပူကိုမကြောက်ဘူးလား.. ဘာလို့အဲလောက် ကြီးဝတ်ထားတာလဲ” မကြာခင်တွင် ပေထင်းဟွမ်၏ လူတန်းမှ လူသုံးယောက် သည် သူတို့ကိုညွှန်ပြလေသည် “အဲလူက သူ့ကိုယ်သူ မဟာမိတ်မြို့က နာမည်ကျော် သခင်လေးဟွမ်ကျို့နဲ့တူတယ်လို့များ ထင်နေတာလား.. သခင်လေးဟွမ်ကျို့လည်း ရှန်းယန်မြို့ကိုလာမယ်လို့ကြားတယ်”

“ဟား.. အခုခေတ်က တခြားလူရဲ့ဝတ်ပုံစားပုံကိုလိုက်တုရတာကို ကြိုက် တဲ့သူတွေလည်းရှိတာပဲ... အရင်ကတောင် မြို့တော်မှာ အနက်ရောင်ဝတ်ရုံနဲ့ မျက်နှာဖုံးတွေဝတ်တာ ခေတ်စားသွားသေးတယ်.. ဘယ်သူ့ကိုလိုက်တုတယ် ထင်လဲ.. သခင်ပေယဲ့ပဲ”

“ဟား.. သခင်ပေယဲ့က ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးမဟုတ်ဘူးလား.. သားရဲထိန်းသခင်ကြီးလေ.. ဘယ်သူကများ အဲလိုခွန်အားမလိုချင်လို့လဲ”

“သခင်ဟွမ်ကျို့က ပိုပြီးတော့တောင် အထင်ကြီးဖို့ကောင်းတယ်.. အဲလောက်ငယ်ငယ်လေးနဲ့ အဆင့်မြင့်ဓားကြယ်ဝိညာဉ်သခင်ဖြစ်နေပြီလို့ ကြားတယ်.. ဒါပေမဲ့ ဝတ်ရုံဝတ်လိုက်တာနဲ့ အဆင့်မြင့်ကြယ်ဓားဝိညာဉ်သခင် ဖြစ်လာမယ်လို့ထင်နေတာလား.. အဲလိုဆိုရင်တော့ ငါလည်းဝတ်လိုက်မှာပေါ့”

ပေထင်းဟွမ်သည် ထိုစကားများကို ကြားသောအခါ စိတ်ဓာတ်ကျမိ သည်။ သို့သော် ချုံချီသည် သူ့ကိုမျက်နှာသာမပေးဘဲ ဘေးတွင်ရယ်မောနေ၏။ သူသည် ခါးကိုင်းလာပြီး ပေထင်းဟွမ်၏ နားသို့လေသံဖြင့်ပြောလေသည် “ဒါနဲ့ သခင်လေး ၉ မင်းက မှော်သားရဲတောမှာ အကုန်လုံးကို ထိတ်လန့်စေတဲ့ သခင်ပေယဲ့ရယ်.. မဟာမိတ်မြို့မှာ မွန်မြတ်တဲ့သားရဲတပ်ကို ဦးဆောင်ပြီး နာမည်ကြီးတဲ့ သခင်ဟွမ်ကျို့နဲ့နည်းနည်းတော့တူတယ်”

ပေထင်းဟွမ်သည် သူ့ကိုမျက်စောင်းထိုးလိုက်သည်။ သူ့မျက်လုံးရှေ့တွင် သူမ ကျော်ကြားလာသည်ကို ဤလူမြင်ခဲ့သည်။ “ဘယ်လိုထင်လို့လဲ”

ဟင်း သူမက ညအရှင်အိမ်တော်ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေခဲ့တာ မလား။ အခုကျ အပြစ်ကင်းနေသလိုပုံစံနဲ့။

သူမသည် ထိုနေရာတွင် စိတ်မရှည်စွာဖြင့် ရပ်နေခဲ့သည်။ သူမသည် အစောက ချုံချီသင်ခန်းစာပေးမည့် အနက်ရောင်ဝတ်ထားသော ကောင်လေး ကို အပြစ်ပေးရန် မြှောက်ပေးခဲ့သင့်သည်။ ဘာလို့အစောကြီး တန်းမစီထားတာ လဲ။ အခု သူမ ဒီမှာစောင့်ရတော့မယ်။ သူမ၏အေးစက်သော မျက်ခုံးများသည် တင်းကြပ်စွာ ကြုတ်လိုက်သည်။ “ဒါနဲ့ သူကဘာလို့အဲလောက်တောင် နှေးတာ လဲ.. ခုနက တန်းစီပေးတဲ့သူကဘယ်သူလဲ”

“အင်ပါယာရဲ့မင်းသား ၁၃” ချုံချီသည် ပြုံးပြီးပြောလိုက်လေသည် “အရှင်က အစတုန်းက ပိုင်ဇယ့်ကိုတန်းစီခိုင်းတာ.. ဒါပေမဲ့ မင်းသား ၁၃ က လုသွားတာ.. သူဘာတွေလုပ်နေလဲဆိုတာ ဘယ်သူသိမှာလဲ.. ဒီနေရာကို အတင်းလုခဲ့တာလားမှမသိတာ”

ချုံချီစကားမဆုံးခင်မှာပင် တိမ်တိုက်မည်းကြီးသည် သူ့ခေါင်းပေါ်သို့ လွှမ်းခြုံလိုက်သည်။ ပေထင်းဟွမ်နှင့် ချုံချီ၏မျက်နှာအမူအရာများသည် ချက်ချင်းပင် မှောင်မိုက်သွားတော့သည်။ ပေထင်းဟွမ်သည် မုချင်းလင်အား ဆွဲပြီး ရှေ့သို့ခုန်လိုက်သည်။ သူတို့သုံးရောက်ရှိနေခဲ့သည့်နေရာတွင် ကြီးမား သော ပုံရိပ်တစ်ခုသည် ဘုန်းဆိုသည့်အသံနှင့်အတူ ပေါ်လာသည်။ မြေကြီး သည် နှစ်ကြိမ်မျှတုန်သွားသည့်ပုံပင် ဖုန်မှုန့်များထလာသည်။ ဖုန်မှုန့်များ ပျောက်ကွယ်သွားသည်နှင့် ၎င်း၏ပုံစံအစစ်အမှန်ပေါ်လာသည်။ တောင်ပံနှစ် ဖက်ပါသည့် အနက်ရောင်နဂါးဖြစ်သည်။

“ဝိုး ကြီးလိုက်တဲ့ မှော်သားရဲပဲ”

“မွန်မြတ်တဲ့သားရဲပဲ.. မိုးနတ်မင်းရေ.. ငါ့ဘဝမှာ တကယ်ကြီး မွန်မြတ် တဲ့သားရဲကို မြင်ရပြီပဲ”

“ဒါတွေက ဇကရာဇ်ရဲ့ သားရဲပျံတပ်ရဲ့ မြင်းတပ်သားတွေမလား.. ဘာလို့ ဒီကိုရောက်နေတာလဲ.. မင်းသားနောက်တစ်ယောက်က စာရင်းလာပေးတာ လား”

“သူတို့က တော်ဝင်မျိုးရိုးဖြစ်နေလည်း ဘာလုပ်ရမှာလဲ.. အဲလောက် တောင်မောက်မာနေကြတာလား.. စိတ်တိုဖို့ကောင်းလိုက်တာ”

သန်းပေါင်းများစွာသော မျက်လုံးများည် ကြယ် ၁ ပွင့်မွန်မြတ်သော သားရဲ တောင်ပံနဂါးနက်ကို အားကျစွာစိုက်ကြည့်နေကြသည်။ အားလုံး တံတွေး မျိုချလိုက်သည်ကို ပေထင်းဟွမ်ကြားနေရသည်။ မွန်မြတ်သောသားရဲ များသည် ဤတိုက်ကြီးတွင်ရှားပါးလှသည်။ ဝိညာဉ်သခင်အများစုသည် ဝိညာဉ်သားရဲတစ်ကောင်ရှိလျှင် ကံကောင်းသည်ဟု မှတ်ယူနိုင်သည်…

All Chapters