သူငါ့ကိုလာရှာတာ မဟုတ်မှာကြောက်တယ်
Vol. 23 Ch. 442
“ကြယ်နဂါးသွေးသား ပိုင်ဆိုင်ထားတဲ့ ကြယ် ၁ ပွင့်မွန်မြတ်တဲ့သားရဲ မြေကြီးနက်နဂါး.. ဒေါသကြီးပြီး ထိန်းကျောင်းရတာ အရမ်းခက်တယ်.. သူ့ ကျောပေါ်မှာစီးနိုင်တာက မင်းသား ၅၊ ရှန်းယန်ကျို့နဲ့ သူ့အစောင့်အကြပ် စစ်သည်ပဲရှိတယ်.. ကြည့်လိုက် နန်ကုန်းမိသားစုရဲ့ မိန်းကလေးနှစ်ယောက်ပဲ... ဟား သခင်လေး ၉ လမ်းကျဉ်းမှာ ရန်သူတွေ့တတ်တယ်လို့ ပြောလို့ရပြီထင် တယ်”
သေချာပေါက်ပင် ပေထင်းဟွမ်သည် နောက်ဆုံးလူကိုသိသည်။ ထိုလူ သည် သူမနှင့် ခြင်္သေ့လင်းယုန်ရပ်နားစခန်းတွင် သူမနှင့် ပဋိပက္ခဖြစ်ခဲ့သည့် မုဝမ်ယွဲ့ဖြစ်သည်။ ယခုလိုလျင်မြန်စွာ ပြန်တွေ့လိမ့်မည်ဟု ထင်မထားပေ။
“မြို့တော်ရဲ့မြင်ကွင်းတစ်ခုလုံးကို ကြည့်ခွင့်ရအောင် ဖိတ်ကြားပေးတဲ့ သခင်ချုံချီကို ကျေးဇူးတင်ရတော့မှာပဲ.. မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက် လျှို့ဝှက်နိုင်မှာလဲ” ပေထင်းဟွမ်သည် ချုံချီကို ကြည့်လိုက်သည်။ သူမသည် ဤအရူးနှင့်လာတွေ့လိမ့်မည်ဟု ထင်မထားပေ။
“ဟင်း အဲငတုံးကဘယ်မှာလဲ ရှန်းယန်ကျောင်ရော.. သူဘယ်သွားလိုက် တာလဲ.. သူ့ကိုမြင်လိုက်တဲ့သူရှိလား.. ခုနကသူယူလိုက်တဲ့နေရာကို ဘယ်သူ ယူလိုက်တာလဲ ရှေ့ထွက်ခဲ့” အဝါရောင်ဝတ်ဆင်ထားသော မင်းသား ၅ ရှန်းယန်ကျို့သည် ခါးထောက်ကာ မိုးပေါ်သို့မော့ကြည့်နေသည်။ သူသည် ကမ္ဘာ၏ခေါင်းဆောင်အလား မောက်မာစွာဖြင့် အော်ပြောနေသည်။
ပေထင်းဟွမ်အထင်သာမှန်လျှင် ရှန်းယန်ကျောင်သည် သူမကို ကူညီပြီး တန်းစီပေးသည့် မင်းသား ၁၃ ဖြစ်လိမ့်မည်။ ထင်ထားသည့်အတိုင်းပင် ချုံချီ ပြောသည်မှာမှန်သည်။ သူသည် တခြားလူဆီမှ နေရာလုထားခြင်းဖြစ်သည်။
သို့သော် ထိုအရာများသည် ပေထင်းဟွမ်နှင့်ဘာမှမဆိုင်ပေ။ မကျေနပ် ချက်တိုင်းတွင် ကျူးလွန်သူရှိ၍ အကြွေးတိုင်းတွင် မြီးရှင်ရှိကြသည်။ ပေထင်းဟွမ်သည် ဤနေရာကို လက်လျှော့ရန်အတွက် လူကောင်းမဟုတ်ပေ။
ထို့အပြင် ပေထင်းဟွမ်သည် အတန်ကြာအောင် ဒေါသကိုထိန်းထားခဲ့ရ ပြီး ကောင်းကင်မှ မွန်မြတ်သောသားရဲတစ်ကောင် ဆင်းသက်လာကာ ခေါင်းကို ထိလုနီးပါးဖြစ်သည့်တိုင်အောင် ဒေါသမထွက်ခဲ့ပေ။
သူမသည် တည်ငြိမ်စွာပင် လှည့်ပြီး ဆက်လက်တန်းစီကာ ဘာမှမဖြစ်ခဲ့ သလိုဟန်ဆောင်လေသည်။ သူမသည် ကောင်းကင်ပေါ်မှ ကျလာသည့်အရာ ကြောင့် နစ်နာမှုကို ပြန်ပေးရန် အခွင့်အရေးရှာရမည်။ မလောပေ။
“ရှောင်ကျို့ ငါတို့ဘာလုပ်ကြမလဲ” ဤကိစ္စမပြီးသေးသည်ကို မုချင်းလင် သိသည်။ တစ်ဖက်လူသည် မင်းသားတစ်ပါးဖြစ်သည်။ ထို့အပြင် ရှန်းယန်ကျို့ သည် မုဝမ်ယွဲ့ကဲ့သို့ နှင်တံကိုဘေးတွင်ထားနိုင်သည်။ သူတို့နှင့်ဘာမှမဆိုင် သော်လည်း မုဝမ်ယွဲ့သည် သူတို့ကိုဆွဲသွင်းနိုင်သည်။ ထို့အပြင် သူတို့ယူထား သောနေရာသည် ရှန်းယန်ကျို့၏ နေရာဖြစ်နေသည်။
“ဘာတွေကြောကနေတာလဲ.. သူက ငါတို့တွေကို လာရှာတာမဟုတ်ဘူး” ပေထင်းဟွမ်သည် စိတ်ထဲမှ နှာမှုတ်လိုက်သည်။ အပြင်ပန်းတွင် သူမသည် တည်ငြိမ်ပြီး အဖွဲ့နှင့်တစ်လှမ်းချင်းလိုက်သွားလိုက်သည်။
ပေထင်းဟွမ်အနောက်တွင်ရပ်နေသည့်အဖွဲ့သည် တစ်စုံတစ်ရာဖြစ်ပျက် သွားပြီး သူတို့စာရင်းသွင်းမည့်ကိစ္စကို အနှောင့်အယှက်ဖြစ်သွားမည်ကို စိုးရိမ် နေသည်။ ထို့အပြင် အားကောင်းသည့်လူရှေ့တွင် အေးအေးချမ်းချမ်းနေခြင်း သည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ သူတို့သည် လျင်မြန်စွာပင် သူတို့ နေရာများကိုလက်လျှော့ကာ ရှန်းယန်ကျို့ကို လိမ်လိုက်သေးသည် “အဲဒီ အနက်ရောင်နဲ့လူငယ်က ခဏနဲ့တန်းစီပြီးတော့ ထွက်သွားတာပဲ.. သူ့နေရာက လွတ်နေတာ”
“ဟင်း လာလိမ်နေတယ်.. နေရာတွေကို ရှေ့ကနှစ်ယောက်ကိုပေးလိုက် တာ ရှင်းနေတာပဲ”
မုဝမ်ယွဲ့သည် အမှန်တကယ်ပင် ဘေးဆိုးကြီးပင်။ သူမသည် လက်မြှောက်ကာ သူမအရှေ့မှ ပေထင်းဟွမ်နှင့် မုချင်းလင်ကို လက်ညှိုးထိုး လေသည် “မုချင်းလင် နင်မလား.. နင့်မှာအစွမ်းအစရှိရင် ပုန်းမနေနဲ့”
မုချင်းလင်သည် တုန်ယင်သွားကာ လှည့်ထွက်တော့မည်အပြုတွင် ပေထင်းဟွမ်သည် သူမ၏ပခုံးပေါ်လက်တင်ပြီး ဝိညာဉ်ကူးပြောင်းအသံဖြင့် ပြောလိုက်သည် “လိမ္မာတယ် အရင်ဆုံးစာရင်းသွင်းရအောင် ငါရှိတယ်”
မျက်နှာချင်းဆိုင် စားပွဲတွင်ထိုင်နေသည့် အဘိုးကြီးသည် နှုတ်ခမ်းများကို တွန့်ကာ ပေထင်းဟွမ်အား တွဲကျနေသည့်မျက်လုံးများဖြင့် ကြည့်လေသည်။ သူသည် ထိုလူငယ်ဆီမှ အားကောင်းသော စွမ်းအင်အတက်အကျကို အာရုံခံမိ သည်။
ဒါဘယ်လိုကမ္ဘာမျိုးလဲ။ အခုခေတ်လူငယ်တွေက ဘာလို့ဒီလောက် စွမ်းအားကြီးနေတာလဲ။ အဲလူငယ်က အင်ပါယာကျောင်းတော်ကို ပညာလာ သင်တာမဟုတ်ဘဲ ကျောင်းရဲ့အမိုးနဲ့အုတ်ကြွပ်တွေကိုလာခွာတာလား။ ဒီလိုမျိုး အားကောင်းတဲ့ကျောင်းသားသစ်ကို မမြင်ရတာဘယ်လောက်ကြာပြီ လဲ။ သူ ကျောင်းအုပ်ကြီးကို မြန်မြန်နည်းလမ်းရှာပြီး သတင်းပို့ရမယ်။
အဘိုးကြီးသည်သူ့ရှေ့မှ စွမ်းအင်ဖန်လုံးကိုတွန်းပြီး သူ၏မျက်လုံးထဲမှ စူးရှသောအလင်းဖြင့် ထိန်းခုျပ်လိုက်သည်.. သူသည် မျက်နှာထားမဲ့သော အပြုအမူဖြင့် ပြောလေသည် “နောက်တစ်ယောက်... ခွန်အားအဆင့်မစမ်းသပ် ခင် ယေဘုယျအချက်အလက်တွေဖြည့်လိုက်ကြ”