မင်းက မင်းသား ၅ ရဲ့နေရာကို လုထားတာပဲ
Vol. 23 Ch. 443
မုချင်းလင်သည် ရွေးချယ်စရာမရှိတော့ဘဲ ရှေ့တိုးကာ သူမ၏နာမည်နှင့် အသက်ကို ခါးကိုင်းကာ စာရင်းရေးသွင်းလိုက်သည်။ သဘာဝကျကျပင် အသက်စမ်းသပ်ခြင်းဖန်လုံးသည် အလိုအလျောက်ပင် သူမ၏အသက်အရွယ် ကို ပြသပေးသည် “၁၇ နှစ်”
“လင်အာ မင်းက ၁၇ နှစ်ဖြစ်လိမ့်မယ်လို့ထင်မထားဘူး” ပေထင်းဟွမ် သည် လက်ပိုက်ထားကာ စနောက်လေသည်။ သူမသည် အလွန်နူးညံ့လွန်း၏။ မုချင်းလင်သည်လည်း သူမနှင့်ရွယ်တူ ၁၅ နှစ်၊ ၁၆ နှစ်လောက်သာရှိဦးမည်ဟု ထင်ထားခဲ့သည်။
မုချင်းလင်သည် ဆွဲဆောင်မှုရှိသောမျက်နှာထားမျိုးပြသည်မှာ ရှားပါးလှ သည်။ သူမသည် ပေထင်းဟွမ်အား ဂုဏ်သိက္ခာမထိန်းတော့ဘဲ ဆွဲဆောင်မှုရှိ သည့် မျက်လုံးများဖြင့်ကြည့်ရာ ပေထင်းဟွမ်သည် စနောက်ချင်လာသည် “လင်အာ မင်း ကလူချင်ရင်လည်း ပြန်သွားပြီးမှလုပ်ရအောင်”
မုချင်းလင်သည် ဒေါသဖြင့် ခြေထောက်ဆောင့်လေသည်။ ပေထင်းဟွမ် သည် သူမ စာရင်းသွင်းရာတွင် သက်ရောက်မှုရှိမည်ကို စိုးရိမ်သဖြင့် စနောက် ခြင်းကို ရပ်လိုက်သည်။
“ဟုတ်ပြီ မင်းတို့နှစ်ယောက်ပဲ.. မုချင်းလင်၊ ပေထင်းဟွမ် မင်းတို့နှစ် ယောက်က မင်းသား ၅ ရဲ့နေရာကို လုသွားကြတဲ့သူတွေပဲ” မုဝမ်ယွဲ့သည် ရှေ့တိုးပြီး လက်နှစ်ဖက်ကို ခါးထောက်ထားလေသည်။ ထိုလူနှစ်ယောက်သည် ဘာကြောင့် ဤမျှရင်းနှီးသလိုရှိနေသည်ဟု သူမ သိချင်ခဲ့သည်။ အမှန်တကယ် ပင် သူတို့နှစ်ယောက်ဖြစ်နေသည်။ သူတို့သည် ညအရှင်အိမ်တော်၏ ရထားလုံး ပျံဖြင့် သွားလာခဲ့ရာ သူတို့ထက်မြန်သည်မှာ သဘာဝပင်။
သူမသာ နန်ကုန်းချန်းရှီနှင့် နန်ကုန်းချန်းမိုတို့ကို လမ်းတစ်ဝက်တွင် မတွေ့ခဲ့ပါက ဤမျှမြန်ဆန်မည်မဟုတ်ပေ။
ပေထင်းဟွမ်သည် ဂရုမထားသလို လှည့်ထွက်ပြီး မုချင်းလင်ကို သူမ အနောက်တွင် ကွယ်လိုက်သည်။ သူမသည် ဝတ်ရုံကိုဆွဲချွတ်ပြီး ငွေရောင် မျက်နှာဖုံးဝတ်ထားသည့် မျက်နှာကို ထုတ်ဖော်ပြသလိုက်သည်။ ငွေရောင် မျက်နှာဖုံးသည် နေရောင်အောက်တွင် အေးစက်သောအလင်းဖြင့် လက်သွား ရာ သူမ၏ တောက်ပသောမျက်လုံးထဲမှ တောက်ပမှုကို ဖုံးကွယ်ရန်မဖြစ်နိုင် ပေ။
ထိုမျက်နှာဖုံးသည် သူမ၏နှာခေါင်းအထက်ကို ဖုံးထားပေးပြီး အေးစက် သောနှုတ်ခမ်းရဲရဲများနှင့် လှပသောမေးစေ့ကို ဖော်ပြထားသော သာမန်မျက်နှာ ဖုံးသာဖြစ်သည်။ ကမ္ဘာပေါ်မှ အကောင်းဆုံး စုတ်တံနှင့်ရေးဆွဲထားသလိုပင်။ လှပသောရှုခင်းပင်လျှင် ထိုအလှကို မယှဉ်နိုင်ပေ။
ဝတ်ရုံဆွဲချွတ်လိုက်သည့်အခိုက်အတန့်တွင် မရေမတွက်နိုင်သော မျက်လုံးအစုံများ ရောက်လာကြသည်။ သူတို့သည် လူငယ်၏ လှပသော မျက်နှာကြောင့် ထိတ်လန့်သွားကာ ဝိညာဉ်များပင် လွင့်သွားကြသည်။ အားလုံး သည် အတွေးရပ်လိုက်ကြသည်။ ညအရှင်၏မျက်နှာသည် ပြိုင်ဘက်ကင်းသည် ဟု သူတို့အားလုံးပြောခဲ့ကြသည်။ ဒီလူငယ်ကလည်း ဘာလို့ သူ့လောက်ကို မှင်တက်စရာကောင်းနေတာလဲ။
“ခေါင်းဆောင်” နန်ကုန်းချန်းရှီသည် သူမကိုယ်သူမ ရေရွတ်လိုက်သည်။ သူမရှေ့မှလူငယ်သည် သူမ အိပ်မက်မက်ခဲ့ရသည့် အရိပ်ကဲ့သို့ရှင်းလင်းနေလိမ့် မည်ဟု မယုံကြည်နိုင်ဖြစ်သည်။ သူမ၏နှလုံးသားသည် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ အရိုင်းဆန်စွာခုန်ပေါက်နေသည်။ သူမ၏ ချောမောလှ သောမျက်နှာသည် နွေဦးအစောပိုင်း မြို့တော်တွင်ပွင့်သည့် မန္တလာပန်းကဲ့သို့ နီရဲလာသည်။
“ဟွမ်ကျို့” နန်ကုန်းချန်းမိုသည် အလိုလိုနောက်သို့ ခြေတစ်လှမ်းဆုတ်မိ လေသည်။ မြို့တော်တွင် ဟွမ်ကျို့၏ နာမည်ကို မှတ်တမ်းပုံဆောင်ခဲပုံရိပ်မှ တစ်ဆင့်ထွက်ပေါ်လာသည့်အချိန်မှစ၍ ဟွမ်ကျို့သည် ပေထင်းဟွမ်ဖြစ်နိုင် သည်ဟု သူမ ယုံကြည်ခဲ့သည်။
သူပဲ။ တကယ် သူပဲ။
ဤကမ္ဘာတွင် ခြင်္သေ့တပ်ဖွဲ့ကို ဖွဲ့စည်းနိုင်သည့်အစွမ်းအစရှိပြီး တိုက်ကြီး ကို ခြိမ်းခြောက်နိုင်သည့် တစ်ဦးတည်းသောလူငယ်ဖြစ်သည်။
“ဟွမ်ကျို့ဟုတ်လား.. သခင်ဟွမ်ကျို့က ဘယ်မှာလဲ.. အာ.. အာ.. ငါ တကယ်ကြီး သခင်ဟွမ်ကျို့ကို မြင်နေရတာလား”
ဟွမ်ကျို့ဆိုသည့် စာလုံးနှစ်လုံးသည် တည်ငြိမ်နေသောရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သလိုပင်။ ချက်ချင်းဆိုသလိုပင် လှိုင်းဂယက်များသည် အဘက်ဘက်မှထွက်ပေါ်လာကာ လှိုင်းများဖြစ်ပေါ်စေ သည်။ စာရင်းသွင်းသည့်ရင်ပြင်တစ်ခုလုံးသည် ပိုပိုပြီးပေါက်ကွဲထွက်လာ၏။ သူမသည် ၆ လပိုင်း၏ နေထက်ပင် ပို၍ပူပြင်းသော အကြောင်းအရာဖြစ်ခဲ့ သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ပေထင်းဟွမ်သည် ဟွမ်ကျို့ဖြစ်လိမ့်မည်ဟု မုဝမ်ယွဲ့သည် လုံးဝမယုံကြည်နိုင်ပေ။ ဤလူသည် နေရာတိုင်းတွင် ဟွမ်ကျို့ကို လိုက်တုသူဖြစ်ရမည်။ ဒီလူဟန်ဆောင်နေမလားဆိုတာ ဘယ်သူသိမှာလဲ။ သူမသည် ထိုလူနှစ်ယောက်ကို အောင်မြင်ခွင့်မပေးနိုင်ပေ။ မုချင်းလင်ကို အင်ပါယာကျောင်းသို့ ဝင်ခွင့်မပေးနိုင်ပေ။ မဟုတ်လျှင် သူမသည် ဖခင်ဖြစ်သူ ဆီမှ အထောက်အပံ့ကောင်းကိုရမည်မဟုတ်ပေ။ “မုချင်းလင် အမှိုက်မ.. နင်က ဝိညာဉ်သခင်တောင်မဟုတ်ဘူဘးလေ.. အင်ပါယာကျောင်းတော်မှာ စာရင်း သွင်းဖို့ ဘာအရည်အချင်းရှိလို့လဲ.. မုမိသားစုကို အရှက်ခွဲမလို့လား”
စွမ်းအင်ဖန်လုံးပေါ်သို့ရောက်နေသော မုချင်းလင်၏လက်သည် ရုတ်တရက် နောက်ပြန်ရုတ်လေသည်။ မူလက ပေထင်းဟွမ်ဆီသို့ ဦးတည်နေ သည့်အကြည့်များသည် ယခုအခါ ပေထင်းဟွမ်၏အကြည့်နောက်သို့လိုက်ကာ မုချင်းလင်ဆီသို့ ရောက်သွားလေသည်။ သူမ၏မျက်နှာသည် ချက်ချင်းပင် ချက်ပြုတ်ပြီးသော ကျောက်ပုစွန်ကဲ့သို့ နီရဲသွားလေသည်…