← Chapters

ထုတ်ပြီး အဲဒီအဘိုးကြီးကိုပေးလိုက်

Vol. 23 Ch. 444

ထုတ်ပြီး အဲဒီအဘိုးကြီးကိုပေးလိုက်

Vol. 23 Ch. 444

ဝင်ခွင့်စားပွဲနောက်တွင်ထိုင်နေသော အဘိုးကြီးသည် ဖြည်းဖြည်းချင်း မျက်ခွံပင့်ကြည့်ပြီး မုချင်းလင်အား ဂုဏ်သိက္ခာအပြည်ဖြင့်ကြည့်လိုက်သည်။ သူမသည် ဝိညာဉ်သခင်ပင်မဖြစ်သေးပေ။ သူ့အချိန်ကို လာဖြုန်းနေတာမဟုတ် ဘူးလား။ စာရင်းသွင်းဖို့ ကျောင်းသားအသစ်တွေအများကြီး စောင့်နေတာကို သူမ မမြင်ဘူးလား။

“ဟင်း” အေးစက်သောနှာမှုတ်သံနှင့်အတူ ပေထင်းဟွမ်သည် ရှေ့တိုးကာ မုချင်းလင်၏ ပခုံးကိုကိုင်လိုက်သည်။ သူမသည် နူးညံ့စွာပြောလေသည် “လင်အာ မကြောက်နဲ့ ငါရှိတယ်”

မုချင်းလင်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ သူမသည် လော့ပေမြို့ မှ တစ်လျှောက်လုံး အလောတကြီးလာခဲ့ကာ တစ်လမ်းလုံးတွင် မုမိသားစုနှင့် ကွဲပြဲလုမတတ်ပင်။ ဟွမ်ကျို့သည် မည်သူဆိုသည်ကို သူမ မသိသလို.. ပေထင်း ဟွမ်သည် ထိုဝင်ခွင့်စာကိုမလိုအပ်ကြောင်းကိုလည်း သူမမသိပေ “ရှောင်ကျို့ ငါ…”

“အဲဒါထုတ်ပြီး ငါ့ကိုပေး” ပေထင်းဟွမ်သည် မျက်လုံးများကို အသာ ကျဉ်းမြောင်းလိုက်သည်။ သူမ၏အသ့သည် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် ပြည့် နေကာ မုချင်းလင်ကို ငြင်းဆန်ခွင့်မပေးပေ။

သေချာပေါက်ပင် မုချင်းလင်သည် ပေထင်းဟွမ်အား လူရှေ့သူရှေ့တွင် မလေးမစားမလုပ်ပေ။ သူမသည် ရွှေရောင်ဝင်ခွင့်လွှာထုတ်ကာ ပေထင်းဟွမ် အားပေးလိုက်သည်။ သို့သော် ပေထင်းဟွမ်သည် မယူပေ။ သူမသည် အဘိုးကြီးအား တစ်ချက်ကြည့်လိုက်သည် “အဲဒီအဘိုးကြီးကို ပေးလိုက်”

“ဖူး”

သူသည် လက်ဖက်ရည်အာဆွတ်ရုံရှိသေးကာ မျိုမချရသေးခင်မှာပင် အဘိုးကြီးသည် ပေထင်းဟွမ်၏ စကားများကိုကြားသောအခါ လက်ဖက်ရည် များအန်ထွက်ပြီး သီး၍သေလုနီးပါးဖြစ်သွားသည်။

အဘိုးကြီးဟုတ်လား။ သူ ကောင်းကင်အဆင့်ဝိညာဉ်သခင်ဖြစ်ပြီး ကတည်းက သူ့ကို ဒီလိုအသံနေအသံထားနဲ့ သူ့ရှေ့မှာ အဘိုးကြီးလို့ ဘယ်သူမှ မခေါ်ရဲကြတော့ပေ။ ဒီကောင်လေးက အင်ပါယာကျောင်းတော်ကို မဝင်ချင် တော့တာလား ဒါမှမဟုတ်…

အင်ပါယာကျောင်းတော်သည် လွန်စွာ ဇီဇာကြောင်သည်။

နှစ်စဉ်နှစ်တိုင်း အစောပိုင်းဝင်ခွင့်စာနှစ်ခုကို နာမည်တပ်ပြီးပို့ပေးခဲ့ သော်လည်း နာမည်မပါသည့်ဝင်ခွင့်စာကို ၁၀ နှစ်အတွင်း တစ်ခါမှမပို့ဖူးခဲ့ပေ။ ဒါ လာလိမ်နေတာလား။

နှစ်စဉ်နှစ်တိုင်းတွင် ကျန်းယန်သည် ကျောင်းသားသစ်များ၏ ခွန်အားနှင့် စိတ်ဓာတ်ကို မျက်မြင်တွေ့ရန် ကိုယ်တိုင်ကိုယ်ကျ ကျောင်းသားသစ်များကို စာရင်းလက်ခံခဲ့သည်။ ဒီလိုမျိုး ရှားပါးတဲ့အရာမျိုးကို မမြင်တာ ဘယ်နနှစ် တောင်ကြာပြီလဲ။ ဒီလူငယ်က ဒီလိုရတနာကို ဘယ်ကရလာတာလဲ။

ထိုဝင်ခွင့်စာသည် နောက်ထပ်လှုပ်လှုပ်ရှားရှားဖြစ်သွားစေနိုင်သည်။ ထိုအချိန်တွင် ကြီးမားသောအင်အားစုအားလုံးသည် ၎င်းအားတောင်းဆိုရန် ကျောင်းတော်သို့ရောက်လာနိုင်သည်။ ထိုသို့ဆိုလျှင် အခက်တွေ့နိုင်သည် မဟုတ်ပါလား။

“ဟွန်း.. အဲဒါက ဒီအတိုင်းဖိတ်စာသပ်သပ်ပဲကို.. မင်းမှာဒါရှိတာနဲ့ပဲ အင်ပါယာကျောင်းတော်က မင်းကိုလက်ခံမယ်ထင်လား” ပေထင်းဟွမ် လုပ်သည်မှာ မကောင်းဟု မုဝမ်ယဲ့ထင်သည်။ သူမသည် ရွှေရောင်ခြယ်ထား သောဝင်ခွင့်စကိုမြင်သောအခါ အရည်အသွေးမြင့်မားသည်ကို သိလိုက်သည်။ သို့သော် အင်ပါယာကျောင်းတော်သည် မည်သို့နေရာဖြစ်သနည်း။ ၎င်းသည် မျက်နှာမဟုတ်ဘဲ ခွန်အားကိုသာ အသိအမှတ်ပြုသည်။ “ငါပြောတယ်.. မုမိသားစုရဲ့မျက်နှာကို မြေကြီးပေါ်ပစ်ချပြီး သူများတွေကို နင်းခိုင်းနေတာလား”

“မုမိသားစုထဲက နန်ကုန်းကျိယင်နဲ့ မင်းလို အမှိုက်ကများ ဘာမျက်နှာရှိ သေးလို့လဲ” ပေထင်းဟွမ်သည် ညှာတာကင်းစွာ ပြန်ချေပလေသည် “ကမ္ဘာကြီး ကိုမမြင်ဖူးရင်လည်း ဒီမှာမဟုတ်တာတွေလာမပြောနေနဲ့.. ဝန်ခွင့်ကိုလက်ခံ မယ် မခံဘူးဆိုတာ မင်းဆုံးဖြတ်ရမှာမဟုတ်ဘူး”

“မင်း.. သခင်လေး ၉ တိုက်ကြီးကလူတွေက မင်းကိုမသိမှာ ကြောက်နေ တာလား” မုဝမ်ယွဲ့သည် ပေထင်းဟွမ်အား လက်တစ်ဖက်ဖြင့် ညွှန်ပြကာ ရှန်းယန်ကျို့၏ အင်္ကျီလက်ကို နောက်လက်တစ်ဖက်ဖြင့် ဆွဲနေလေသည်။ သူမသည် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် “အရှင် သူဘယ်သူလဲဆိုတာ သိလား.. သူက ပေထင်းမိသားစုရဲ့ နာမည်ကြီးအသုံးမကျတဲ့ သခင်လေး ၉ လေ သူက သခင်ဟွမ်ကျို့ပုံစံတောင် လိုက်တုဝတ်နေသေးတယ်.. ရယ်ရတယ်လို့ မထင်ဘူးလား”

“မင်း..” နန်ကုန်းချန်းမိုသည် ဒေါသထွက်လွန်းသဖင့် မုဝမ်ယွဲ့ကို ထွက် ရိုက်လုမတတ်ဖြစ်သွားသည်။ သို့သော် ပေထင်းဟွမ်၏ သတိပေးသောအကြည့် ကိုမြင်သောအခါ တစ်စုံတစ်ရာပြောလိုက်သည်ဟု တွေးပြီး အသက်ပြင်းပြင်းရှူ ကာ တခြားတစ်ဖက်သို့ခေါင်းလှည့်သွားလေသည်။ ပေထင်းဟွမ်သည် ဟွမ်ကျို့ဖြစ်သည်ကိုသာ သိသွားကြလျှင် ကမ္ဘာပေါ်တွင် မည်ကဲ့သို့ ရုန်းရင်းဆန်ခတ်မျိုးဖြစ်သွားမလဲဆိုသည်ကို မသိနိုင်ပေ။

“ဖူး ဟားဟား” ရှန်းယန်းကျို့သည် ပေထင်းဟွမ်အား အတန်ကြာသည် အထိစိုက်ကြည့်နေသည်။ ပေထင်းဟွမ်ဆီမှ ဝိညာဉ်စွမ်းအင်အတက်အကျကို သူ မခံစားမိပေ။ ထင်ထားသည့်အတိုင်းပင် အသုံးမကျသည့် သခင်လေး ၉ သည် ဝိညာဉ်စွမ်းအင်မစုစည်းနိုင်သည့် အမှိုက်ဖြစ်နေသည်။ “ဒါပုံမှန်ပါပဲ.. အခုခေတ် အမှိုက်တွေက ဒီလိုမျိုးချည်းပဲ.. သူတို့က ဟွမ်ကျို့လိုမျိုး ဝတ်ထား တာနဲ့ပဲ အဆင့်မြင့် ဓားကြယ်ဝိညာဉ်သခင်ဖြစ်နေပြီလို့ သူတို့ကိုယ်သူတို့ ထင်နေကြတာ.. ရယ်ရတယ်”

All Chapters