ကျောင်းအုပ်ကြီး ကိုယ်ရေးကိုယ်တာစာ
Vol. 23 Ch. 446
ကျောင်းသားဟောင်းနှင့် အကြည့်ချင်းဖလှယ်ရာ ပေထင်းဟွမ်၏ နက်မှောင်သောမျက်လုံးများသည် ခွဲခြားမရသော ဖိအားများဖြင့် တောက်ပလာ သည်။ အစောက မုချင်းလင်အပေါ် အဘိုးကြီး ရိုင်းပြမှုကို လက်စားချေသည်ဟု ပင် မှတ်ယူနိုင်သည်။
ဤကလေးသည် လက်စားချေတတ်သည်ကို သူသိသည်။ ထင်ထားသည့် အတိုင်းပင်။
ကျန်းယန်သည် ဒေါသထွက်သဖြင့် ပြန်စိုက်ကြည့်ချင်မိသည်။ သို့သော် ထိုကလေး၏ ခွန်အားသည်.. နေပါဦး ကောင်းကင်အဆင့်လား။ ကောင်းကင် အဆင့်ကျွမ်းကျင်သူများ၌သာ ထိုကဲ့သို့ဖိအားမျိုးရှိသည်။ နှစ်ပေါင်းများစွာ စာရင်းသွင်းသည့် အလုပ်ကိုလုပ်ကိုင်လာပြိးနောက် ဝိညာဉ်သခင်ကြီးတစ်ဦး နှင့်တွေ့ရန်မှာ ရှားပါးသည်။ ကောင်းကင်အဆင့်ကျင့်ကြံသူက ဘယ်တုန်းက ကျောင်းမှာ နာမည်ကြီးလာတာလဲ။
ကောင်းကင်အဆင့်သို့ရောက်အောင် ကျင့်ကြံပြီးမှ အင်ပါယာ ကျောင်းတော်မှ ထွက်သွားသည်ကိုသာ သိကြသည်။ ကောင်းကင်အဆင့်သို့ ရောက်ပြီးမှ ကျောင်းသို့ စာရင်းလာသွင်းသည်ကို သူ တစ်ခါမှမကြားဖူးပေ။ ဒီကောင်လေးက လာကစားတာလား။
သူသည် ရုတ်တရက်ထရပ်ပြီး ပေထင်းဟွမ်အား ငေါက်ငမ်းမည်အပြု၌ ပေထင်းဟွမ်သည် လက်ချောင်းများကိုလှုပ်ရှားလိုက်ရာ ဝင်ခွင့်စာသည် သူမ လက်ပေါ်ရောက်လာသည်။ နောက်ထပ် ဝင်ခွင့်စာတစ်စောင်ဖြစ်သည်။ သို့သော် ထိုဝင်ခွင့်စာသည် ရွှေရောင်ဝင်ခွင့်စာနှင့်အနည်းငယ် ကွာခြားသည်။ ၎င်းပေါ်မှ စွမ်းအင်အတက်အကျသည် အထူးသဖြင့် ရင်းနှီးနေသည်။
“အိုး”
ရင်ပြင်တစ်ခုလုံးသည် အော်ဟစ်ကြလေသည်။ မည်သူမှ မတည်ငြိမ်နိုင် တော့ပေ။ ရှန်းယန်ကျို့နှင့် မုဝမ်ယွဲ့တို့သည် ထပ်မံရယ်မောကြလေသည်။ ရယ်စရာကောင်းလိုက်တာ။ ထင်ထားတဲ့အတိုင်း အမှိုက်က အမှိုက်ပဲ။ သူက တကယ် အနောက်တံခါးကဝင်တာပဲ။ အင်ပါယာကျောင်းတော်က အနောက် တံခါးကဝင်တာကို တစ်ခါတည်း နှစ်ခါခွင့်ပြုလိုက်ရင် သူတို့ဆုံးဖြတ်ချက်ကို ဘယ်လိုတာဝန်ယူမလဲဆိုတာ ကြည့်ကြတာပေါ့။
“ကောင်စုတ်လေး အခုဘာလုပ်ချင်နေတာလဲ” အချိန်တန်သောအခါ ကိစ္စများသည် ကောင်းမွန်စွာ ပြီးဆုံးမည်မဟုတ်ကြောင်းကိုလည်း သဘော ပေါက်ခဲ့သည်။ ဝင်ခွင့်စာကို ချက်ချင်းမယူဘဲ သူ ပေထင်းဟွမ်ကို မေးလိုက်၏။
“ဝင်ခွင့်စာကို ဖွင့်လိုက်ရင် ကျွန်တော် ဘာလုပ်ချင်လဲဆိုတာကို သိရမှာ ပါ” ပေထင်းဟွမ်၏ မည်းနက်သောမျက်လုံးများတွင် အလင်းတန်း ဖျက်ကနဲ လက်သွားသည်။ သူမသည် နှုတ်ခမ်းတွန့်ကာ နတ်ဆိုးဆန်သောအပြုံးကို ပြုံး လိုက်သည် “လက်မခံလည်းရပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် အင်ပါယာကျောင်း တော်ကို ဝင်နိုင်တယ်”
သေစမ်း.. မောက်မာတဲ့လူတွေကို မြင်ဖူးပေမဲ့ ဒီလိုမျိုးထောင်လွှားတဲ့လူ ကို မမြင်ဖူးဘူး။ သူတို့အကုန်လုံး အမှိုက်တွေပဲ။ အင်ပါယာကျောင်းတော်သည် သူတို့ကို လက်မခံချင်လျှင်ဖြစ်သည်။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ ၎င်းကလေးကို လက်ခံရမည့်ပုံပင်။ အားလုံး၏နှုတ်ခမ်းထောင့်မှာ တွန့်ကွေးသွားကြသည်။
“မင်းကိုယ်မင်း ဘယ်လိုလမ်းရှာထားရမလဲဆိုတာ တကယ်သိတာပဲ” ရှန်းယန်ကျို့သည် ခေါင်းခါလိုက်သည်။ သူ၏လှောင်ပြောင်သောအကြည့်သည် ဓားတစ်လက်သဖွယ် ပေထင်းဟွမ်၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလေသည်။ သူသည် လှောင်ပြောင်စွာဖြင့် ပြောလေသည် “ဟေး မင်းမဝင်ချင်ရင်လည်း ဒီကိုဘာလို့လာနေသေးတလဲ.. ဒါက မင်းလုပ်သင့်တာမဟုတ်ဘူး.. မင်းမှာ ခွန်အားမရှိရင်လည်း ဘာလို့ ဒီကိုလာနေသေးလဲ”
မထင်မှတ်စွာပင် ရှန်းယန်ကျို့ စကားမဆုံးခင်မှာပင် ပေထင်းဟွမ်သည် ရှန်းယန်ကျို့ကို ခြောက်လှန့်လိုက်မည်ကို ကျန်းယန် စိုးရိမ်နေသည်။ သူသည် ပေထင်းဟွမ်၏လက်ထဲမှ ဝင်ခွင့်စာကို အလျင်အမြန်ဆုပ်ကိုင်ကာ ဖတ်လိုက် သည်။ သူသည် ချက်ချင်းပင် ပင့်သက်ရှိုက်မိသည်။
သူ ဘာမြင်လိုက်တာလဲ။
ကျောင်းအုပ်ကြီး၏ ကိုယ်ရေးကိုယ်တာအရ ပေးလိုက်သောစာပင်။ သူသည် ဤကလေးအတွက် ကိုယ်တိုင်ကိုယ်ကျ စာရေးကာ သူမ၏ ဆရာဖြစ် ပေးမည်ဟု အာမခံထားသည်။
တစ်နည်းပြောရလျှင် ပေထင်းဟွမ်သည် နှစ်ပေါင်းများစွာကြာမျှ ကျောင်းအုပ်၏ တစ်ဦးတည်းသော သီးသန့်တပည့်ဖြစ်ခဲ့သည်။ သတင်းများသာ ထွက်သွားပါက ဤတိုက်ကြီးတွင် မည်ကဲ့သို့သော ရုန့်ရင်းဆန်ခတ်မှုများဖြစ် လာနိုင်မည်နည်း။
“မင်း.. မင်းရဲ့အသက်” သူ့လက်များသည် တုန်ယင်နေရာ လက်ထဲမှ ဖိတ်စာပင် မြေပေါ်သို့ကျလုမတတ်ဖြစ်သွားသည်။ ပေထင်းဟွမ်သည် သူ့လက် ထဲမှဖိတ်စာကို တုံ့ဆိုင်းမှုမရှိ ပြန်လုလိုက်သည် “ဖတ်ပြီးပြီလား.. အခုပြန်ပေး လို့ရပြီလား”
“မင်းက လုပြီးနေပြီးပဲ ငါ့ကိုမေးနေသေးတဘ်” အဘိုးကြီးသည် ပေထင်းဟွမ်ကို ရန်ငြိုးရှိနေပြီဖြစ်ရာ ဆက်လက်အော်ငေါက်လေသည် “နာမည် အသက်”
ပေထင်းဟွမ်သည် သူ့ကို မျက်လုံးလှိမ့်ပြလေသည် “နာမည် ပေထင်းဟွမ် အသက် ၁၄ နှစ်”
ဘုတ်
အဘိုးကြီးလက်ထဲမှ စုတ်တ့သည် မြေကြီးပေါ်သို့ မတော်တဆကျသွား ရာ စာရင်းသွင်းရာတွင် အာရုံစိုက်နေသော တခြားဆရာများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ သူတို့သည် လှမ်းကြည့်ပြီး စိုးရိမ်တကြီးမေးလေသည် “ဆရာကျန်းယန် နေမကောင်းရင်လည်း သွားနားလိုက်လေ”
သူ့ကျန်းမာရေးသည် ကောင်းသည်။ အရာအားလုံးသည် ဤကောင်လေး ၏ အမှားဖြစ်သည်။ သူ့စိတ်နှလုံးသည် ဆက်တိုက်ရိုက်ခတ်နေဆဲဖြစ်သည်။ သည်အတိုင်းသာဆက်သွားလျှင် နှလုံးဖောက်သွားနိုင်သည်။
အသက် ၁၄ နှစ်အရွယ် ကောင်းကင်အဆင့်.. ပထမဆုံးအကြိမ်အနေနှင့် အဘိုးကြီးသည် အသက်စမ်းသပ်မှုဖန်လုံးကို မယုံကြည်နိုင်တော့ပေ။ ဒီပစ္စည်း ကများ မအောင်မြင်တော့တာလား။