← Chapters

ပေထင်းဟွမ်က ဘာလို့ကျောင်းကိုဝင်သင့်တာလဲ

Vol. 23 Ch. 447

ပေထင်းဟွမ်က ဘာလို့ကျောင်းကိုဝင်သင့်တာလဲ

Vol. 23 Ch. 447

စုတ်တံကိုကောက်ယူပြီး အဘိုးကြီးသည် ဖန်လုံးနှင့် သူ့ကိုယ်သူ စမ်းသပ် ကြည့်သည်။ သူ၏အသက်ကို အမှန်အကန်ပင်ပြသနေသည်။ သူသည် အသက် ၅၅ နှစ်ရှိပြီဖြစ်သည်။ အဘိုးကြီးသည် ပို၍ပင်ရှုပ်ထွေးလာသည်။ ဤဖန်လုံး သည် ဘာအမှားမှမရှိပေ။ ဒီလူငယ်ရဲ့အသက်ကို စမ်းသပ်တော့ကျ ဘာလို့ အမှားတွေလုပ်နေတာလဲ။

“ပြီးပြီလား မပြီးသေးဘူးလား” ပေထင်းဟွမ်သည် စိတ်မရှည်တော့ပေ။ သူ သူမကို ဘာလို့စမ်းသပ်နေတာလဲ။ ဒီအဘိုးကြီးက စိတ်ဖောက်ပြန်နေတာ လား။ သူမရဲ့အသက်ကိုတောင် မသိဘူးလား။

ပေထင်းဟွမ်၏ အေးစက်သော အော်သံကိုကြာပြီးနောက် အဘိုးကြီး သည် အနည်းငယ် စိတ်ကြည်လင်သွားသည်။ သူ သတိပြန်ဝင်လာပြီး မေးပြန် သည် “မင်းနာမည်ကို ဘယ်သူလို့ပြောလိုက်တာ…”

“ပေထင်းဟွမ်.. ပေထင်းမိသားစုရဲ့ အသုံးမကျတဲ့သခင်လေး ၉” ပေထင်း ဟွမ်သည် ပိုပိုပြီးစိတ်မရှည်လာတော့ပေ။ ဒီအဘိုးကြီးက ဘာဖြစ်နေတာလဲ။ သူ့ပုံကြည့်ရတာ အားမနည်းပေမဲ့ ဦးနှောက်ကနောက်ကျိနေသလိုပဲ။ ဘယ်လိုလုပ် ကျောင်းသားသစ်တွေကို လာစုဆောင်းနိုင်ရတာလဲ။ အဲဒါကြောင့် လူတန်းကြီးက ဒီလောက်ရှည်နေတာကိုး။ မဖြစ်သေးဘူး.. သူမ ဆရာနန်လင်း နဲ့တွေ့ရင် ထင်မြင်ချက်လေးတော့ ပြောပြရမယ်။

ဘုတ်

ကျန်းဘန်၏ လက်မှာထပ်မံတုန်ယင်သွားသည်။ လက်ထဲမှ စုတ်တံသည် ထပ်မံပြုတ်ကျပြန်သည်။ သနားစရာငှက်တောင်စုတ်တံသည် ကျသည့်ဒဏ်ကို မခံနိုင်ပေ။ ၎င်းသည် အညှာတာမဲ့စွာဖြင့် နှစ်ပိုင်းကျိုးသွားလေသည်။

ငှက်တောင်စုတ်တံကျိုးသွားသည်ကိုမြင်သောအခါ ကျန်းယန်၏ ရင်များ နာကျင်သွားလေသည်။ ငှက်တောင်စုတ်တံသည် ကျောင်းတော်၏ပိုင်ဆိုင်မှု ဖြစ်ကာ ကျိုးသွားလျှင် ပြန်ပေးလျော်ရမည်ဖြစ်သည်။ သူသည် ငွေဒင်္ဂါးများ ဆုံးရှုံးရတော့မည်။ အရာအားလုံးသည် လူငယ်၏ အမှားသာဖြစ်သည်။ သူ ဘာလို့ လူတွေကို အကြောင်းအရင်းမရှိ ခြောက်လန့်နေတာလဲ။

“နည်းပြ ဘာအဓိပ္ပာယ်လဲ.. ပေထင်းဟွမ်က ပေထင်းမိသားစုက အသုံး မကျတဲ့လူပဲ.. အခုက သူ့ကို ကျောင်းဝင်ခွင့်ပေးတော့မယ့်ပုံစံဖြစ်နေတယ်.. ဒီနှစ် အင်ပါယာကျောင်းတော်ရဲ့ ဝင်ခွင့်လိုအပ်ချက်တွေက ပြောင်းသွားတာ လား.. သခင်လေး ၉ က ကျောင်းကိုဝင်ခွင့်ရရင် အသက် ၂၅ နှစ်အောက် အကုန် လုံး ကျောင်းကိုဝင်ခွင့်ရတော့မှာလား” ရှန်းယန်ကျို့သည် မပျော်ရွှင်တော့ပေ။ ပေထင်းဟွမ်သာ ကျောင်းသို့ဝင်ခွင့်ရလျှင် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း ပင်ဖြစ်သည်။

အမှိုက်ဟုတ်လား…

မင်းသား ၅ ကိုကြည့်သည့် ကျန်းယန်၏ အိုမင်းသောမျက်လုံးများသည် မယုံကြည်မှုများဖြင့် ပြည့်နေသည်။ ကောင်းကင်အဆင့်.. မဟုတ်သေးဘူး ၁၄ နှစ်အရွယ်ကောင်းကင်အဆင့်ကို အမှိုက်ဟုတွေးရလျှင် ၅၅ နှစ်အရွယ် ကောင်းကင်အဆင့် သူက ဘာဖြစ်သွားမည်နည်း။ သူက အမှိုက်နဲ့တောင် ယှဉ်မရတော့ဘူးလား။

ကျန်းယန်သည် ဒေါသထွက်သွားသည်။ မင်းသား ၅ သည် မောက်မာကာ အကျိုးအကြောင်းမဆီလျော်သောသူဖြစ်သည်။ သူ ဘာလို့ ဒီကိုလာပြီး ပြဿနာရှာနေတာလဲ။။

ပေထင်းဟွမ်၏ခွန်အားသည် ကောင်းကင်ကိုအံတုသည်ကို မဆိုထားနှင့် သာမန်ဝိညာဉ်သခင်ဖြစ်လျှင်တောင် ကျောင်းအုပ်မှ ရွေးချယ်လက်ခံထားသည့် တပည့်ဖြစ်နေရာ တိုက်ကြီးတွင်လုပ်ချင်သလိုလုပ်နိုင်သည့် အစွမ်းအစရှိနေပြီ ဖြစ်သည်။ ရှန်းယန်ကျို့သည် တော်ဝင်မိသားစုတွင် မွေးဖွားလာသည့် မင်းသား တစ်ပါးသာဖြစ်ကာ ပေထင်းဟွမ်နှင့်မယှဉ်နိုင်ပေ။ ပေထင်းဟွမ်ကို ဘယ်လို တောင်အမှိုက်လို့ပြောလိုက်တာလဲ။

ပြီးတော့ ပေထင်းမိသားစုက ဘာလှည့်ကွက်တွေသုံးနေတာလဲ။ ဒါက လှည့်ကွက်သုံးတာမဟုတ်ဘူး။ သူတို့တွေက သူ့ကို သေအောင်ညှဉ်းပန်းနေတာ ပဲ။ ပြိုင်ဘက်ကင်းပါရမီရှင်ကို လူရှေ့မှာ အမှိုက်လို့ကြေညာနေသေးတယ်။ သူ့ ကို လွန်ခဲ့တဲ့ ၁၀ နှစ်က ဌာနချုပ်ကနေတောင် နှင်ထုတ်လိုက်သေးတယ်။

သူမှားနေတာလား၊ ဒါမှမဟုတ် ပင်မတိုက်ကြီးကလူတွေက လာရှုပ်နေ တာလား။

“မင်းသား ၅ အခုကစပြီး ပေထင်းဟွမ်က အင်ပါယာကျောင်းတော်ရဲ့ ကျောင်းသားသစ်ဖြစ်သွားပါပြီ.. သူ့ကို စကားနာမထိုးပါနဲ့.. ကျောင်းအုပ်ကြီး သိသွားရင် တော်ဝင်မိသားစုကို ရုံးတော်ဝန်ကြီးတွေကနေတစ်ဆင့် ညှိနှိုင်းရပါ လိမ့်မယ်” ကျန်းယန်သည် သူ၏ဖုတ်ကောင်သဖွယ်ဖြစ်နေသည့် မျက်နှာထား ဖြင့် ပြောလေသည်။

ဘာ.. ရှန်းယန်ကျို့သည် မှင်တက်သွားသည်။ သူသည် စာရင်းသွင်းရုံနှင့် ဝင်ခွင့်စမ်းသပ်မှုကို အောင်သွားသည်။ အင်ပါယာကျောင်းတော်ရဲ့ ကျောင်းသားအသစ်ရွေးချယ်တာ ဘာကိုအခြေခံတာလဲ။ ဒီနှစ်ရဲ့ ကျောင်းသား သစ်ရွေးချယ်မှု စည်းမျဉ်းလား။ “မဟုတ်သေးဘူး သူ…”

“ဘာမှထပ်ပြောဖို့မလိုတော့ပါဘူး.. ပေထင်းဟွမ်က အင်ပါယာကျောင်း တော်ရဲ့ တရားဝင်ကျောင်းသားဖြစ်သွားပါပြီ.. မကျေနပ်တာရှိရင် အခုထွက် သွားလို့ရပါတယ်” ထိုသို့ပြောပြီးနောက် သူလက်ဝေ့ယမ်းကာ ပုံမှန်လိုပင် အော်လိုက်သည် “နောက်တစ်ယောက်”

“ဘာကိုအခြေခံတာလဲ” ရှန်းယန်ကျို့သည် ယခုလို နှင်ထုတ်ခြင်းကို မခံ နိုင်ပေ။ အင်ပါယာကျောင်းတော်သည် လူအများရှေ့တွင် သူတို့ကို လက်လွတ် စပယ် ဆက်ဆံခဲ့သည်.. အသက်မရှင်ချင်တော့တာများလား…

All Chapters