ဒီလိုမေးဖို့အဆင့်မှီရဲ့လား
Vol. 23 Ch. 448
“ဘာလို့သွားရမှာလဲ” အေးစက်သောနှာမှုတ်သံထွက်လာသည်။ အားပြင်းသည့်အရာတစ်ခုနှင့် ဆောင့်မိလိုက်သကဲ့သို့ ရှန်းယန်ကျို့သည် အမြင် များဝေဝါးသွားသည်။ ကြီးမားသောဖိအားတစ်ခုသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင် သွားကာ ဥက္ကာခဲတစ်ခုကဲ့သို့ ရင်ပြင်အလယ်သို့ တွန်းပို့လိုက်သည်။ သူ၏ ကြည်လင်သောအသံသည် လူသောင်းချီရှိနေသောရင်ပြင်အထက်တွင် ပေါ်ထွက်လာသည် “မင်းက ဒီလိုမေးဖို့အဆင့်မှီလို့လား.. ဒါဆိုလည်း ငါ့ကိုနိုင် အောင်တိုက်လေ”
ရှန်းယန်ကျို့သည် သူတို့ဆီသို့ ဦးတည်လာသည်ကိုမြင်သည်နှင့် စောင့် နေကြသော ကျောင်းသားသစ်များသည် အဘက်ဘက်သို့ စီးကြောင်းကဲ့သို့ နောက်ဆုတ်ကြလသည်။ မျက်လုံးအစုံများသည် မိုးပေါ်သို့လွင့်သွားသော ရှန်းယန်ကျို့နောက် လိုက်ပါသွားကြသည်။ မိုးပေါ်တွင် သူသည် လှပသော မျဉ်းကြောင်းဆွဲလိုက်ကာ ရင်ပြင်အလယ်တည့်တည့်သို့ကျသွားလေသည်။
ဘုန်း
အလွန်ကျယ်လောင်သောအသံထွက်လာကာ ဖုန်မှုန့်များသည် အဘက် ဘက်တွင် အလုံးလိုက်ထလာသည်။ ထိုနေရာသို့အကျတွင် ဝက်တစ်ကောင် ကဲ့သို့အသံထွက်လာသည်။ ရင်ပြင်ထဲမှ လူအားလုံးသည် မြေပြင်ပေါ်မှ အဝါ ရောင်ပုံရိပ်ကို ကြည့်လိုက်ကြသည်။ ထိုအရာသည် သူတို့စိတ်များကို တင်းကြပ် သွားစေကာ ခန္ဓာကိုယ်များကို တုန်ယင်သွားစေသည်။
ရက်စက်လိုက်တာ…
မြေပေါ်မှထပြီးနောက် ရှန်းယန်ကျို့၏မျက်နှာသည် မည်သို့ဖြစ်သွားမည် ကို မှန်းဆရန်ခက်လှသည်။ သူသည် လက်ရှိတွင် မြေပြင်ကို အနမ်းပေးနေရ ၏။
အားလုံးသည် ရှန်းယန်ကျို့အရင်ရပ်ခဲ့သည့်နေရာကို အမြင်ဖြင့် တိုင်းတာ နေကြသည်။ ၎င်းသည် လူတစ်သိန်းကျော်ဆန့်သော ရင်ပြင်ကြီးဖြစ်သည်။ ဤ တိုက်ကြီးတွင် အကြီးဆုံးရင်ပြင်ဖြစ်သည်။ ရှန်းယန်ကျို့သည် အမှိုက်၏ ကန်ထုတ်ခြင်းကိုခံခဲ့ရပြီး ရင်ပြင်၏အစွန်းမှ တစ်ဖက်အစွန်အဖျားထိ ထက်ဝက်ကျော်ကို ဖြတ်သွားခဲ့သည်။
“မင်းသား အရှင်မင်းသား”
ကိုယ်ရံတော်နှစ်ယောက်သည် လူအုပ်ကိုတွန်းထိုးကာ ရှန်းယန်ကျို့ဆီသို့ ရောက်လာကြသည်။ နဂိုက လူနှင့်ပြည့်နေသောရင်ပြင်သည် ထိုမတော်တဆမှု အပြီးတွင် ကိုယ်ရံတော်နှစ်ယောက်၏ ခံစားချက်ကို နားလည်သွားပုံပေါက်ကာ သူတို့နှစ်ယောက်အတွက် လမ်းဖယ်ပေးကြသည်။ ပေထင်းဟွမ်ရပ်နေသည့် နေရာသည် ရှန်းယန်ကျို့ လဲကျသွားသည့်နေရာနှင့် ဆက်စပ်နေသည်။ သူတို့ သည် အဝေးမှ တစ်ယောက်နှင့် တစ်ယောက်မြင်နိုင်ကြသည်။
“ဝိုး”
သူတို့သည် ရှန်းယန်ကျို့၏ အခြေအနေကို ရှင်းလင်းစွာမြင်နေရသည်။ သူ့အောက်တွင် သွေးအိုင်ကြီး ပေါ်ထွက်လာသည်။ ရာယာအင်ပါယာ၏ ဂုဏ်သရေမြင့်သော မင်းသား ၅ သည် မြေကြီးပေါ်တွင် ခံစားချက်မဲ့စွာဖြင့် လဲလျောင်းနေသည်။ မုဝမ်ယဲ့သည် ထိတ်လန့်သွားကာ ပါးစပ်ကိုလက်ဖြင့်အုပ် ပြီးအသံပင်မထွက်ရဲပေ။ ပေထင်းဟွမ်က ဘယ်လိုလုပ် ဒီလောက်တောင် လက်စပြင်းရတာလဲ။ သူမက မင်းသား ၅ ကိုသေလောက်အောင် ကန်ပစ်လိုက် တာပဲ။ သူမ အသက်ရှင်ချင်သေးရဲ့လား။
ကျန်းယန်သည် ပေထင်းဟွမ်အား ချင့်ချိန်စွာဖြင့် ကြည့်နေသည်။ လူငယ် သည် ကန်ချက်၏ အကျိုးသက်ရောက်မှုကို ဂရုမစိုက်ပုံပင်။ သူသည် လက်ပိုက်ထားကာ ခေါင်းပေါ်မှ ဝတ်ရုံကိုဆွဲတင်ပြီး တစ်ကိုယ်လုံးကို ဖုံးအုပ် လိုက်သည်။ သူသည် မျက်နှာကိုမမြင်ရသော်လည်း သူမသည် အဝေးရှိမြေ ပေါ်တွင်ရှိနေသော ရှန်းယန်ကျို့ကို အေးစက်စွာကြည့်နေမည်မှာသေချာသည်။
ကိုယ်ရံတော်နှစ်ယောက်သည် ရှန်းယန်ကျို့ကို မြေပေါ်မှဆွဲထူပေးကြ သည်။ သူတို့ သ့ကိုမကြည့်လျှင် ကိစ္စမရှိပေ။ သူတို့ သူ့ကိုကြည့်လိုက်သောအခါ စိတ်ပူပြီးခုန်မိလေသည်။ နဂိုကချောမောလှသောမင်းသားသည်.. မျက်နှာပင် ပျောက်နေပြီဖြစ်သည်။
သူ၏ဖြူစွတ်ချောမွတ်သောမျက်နှာ၊ နဖူးပြင်၊ ပါးပြင်နှင့် မေးစေ့များ ပေါက်ပြဲနေသည်။ ဖုန်မှုန့်များသည် ဒဏ်ရာထဲတွင်ပိတ်နေပြီး မျက်နှာကို ဖုံးအုပ်ထားသည်။ ပျက်စီးသွားသည်ဟု ဖော်ပြလျှင် ချဲ့ကားခြင်းမဟုတ်ပေ။ ဤ မျက်နှာမျိုးကို အဆင့် ၅ အထက် ကျောက်စိမ်းအလှဆေးမသုံးလျှင် ပြန်မကောင်းနိုင်ပေ။
“ဝိုး”
ပင့်သက်ရှိုက်သံများ ကွင်းထဲတွင် ထွက်ပေါ်လာသည်။ ရှန်းယန်ကျို့၏ မျက်နှာကိုမြင်လိုက်ရသောလူများသည် ထိတ်လန့်ကာ သူတို့မျက်နှာကို အုပ်မိ ကြလေသည်။ မိုးနတ်မင်းရေ.. ယောက်ျားတွေက သူတို့မျက်နှာနဲ့ရပ်တည်နေ တာမဟုတ်ပေမဲ့.. ရုပ်ဆိုးတာကိုတော့ မလိုချင်ကြဘူးမလား။
“ရက်စက်လိုက်တာ.. ပေထင်းမိသားစုရဲ့ သခင်လေး ၉ က အမှိုက်လို့ မပြောကြဘူးလား”
“သူက အသုံးကျလားမကျလားတော့မသိဘူး.. ဒါပေမဲ့ တကယ်ပဲ အသုံး မကျဘူးဆိုရင် မင်းသား ၅ ကဘာဖြစ်သွားမလဲ”
“ဒီကန်ချက်က လွန်တာမဟုတ်ဘူးလား.. ပြီးတော့ သခင်လေး ၉ က ဝိညာဉ်စွမ်းအင်မသုံးလိုက်တာကို ငါသိလိုက်တယ်.. သခင်လေး ၉ က ဓားသခင် များဖြစ်နေမလား”
ကျန်းယန်ပင် မတည်ငြိမ်နိုင်တော့ပေ။ ပေထင်းဟွမ်က ဓားသခင်ဖြစ် နေမလား။ ပြီးတော့ ကောင်းကင်အဆင့်လည်းရောက်နေတယ်။ ကွင်းထဲမှလူ များသည် ပေထင်းဟွမ် ဝိညာဉ်စွမ်းအင်မသုံးသည်ကို မြင်လိုက်ရုံသာမကဘဲ ကျန်းယန်သည်လည်း သူမဆီမှ စွမ်းအင်အတက်အကျကို မခံစားမိပေ။ သူမသည် ကီလို ၅၀ ကျော်သော ရှန်းယန်ကျို့ကို သူမ၏ပင်ကိုယ် ကာယခွန်အားဖြင့်သာ ရင်ပြင်တစ်ဝက်ကျော်ရောက်သည်အထိ ကန်လိုက် သည်ဟု ပြောရမည်…