← Chapters

ရှေ့မှာအော်ခွင့်ရှိလား

Vol. 23 Ch. 449

ရှေ့မှာအော်ခွင့်ရှိလား

Vol. 23 Ch. 449

“ကောင်စုတ်.. မင်းက အခု သခင်လေး ၉ ဖြစ်ပါစေ ဂရုမစိုက်ဘူး.. ချက်ချင်း သေလိုက်တော့”

ကိုယ်ရံတော်နှစ်ယောက်သည် စိတ်ပျက်သွားသည်။ သူတို့၏မင်းသား သည် ယခုလိုအခြေအနေဖြစ်သည်အထိ အကန်ခံရသည်။ ပေထင်းမိသားစု၏ သခင်လေး ၉ သည် အမှိုက်တစ်စသာဖြစ်သည်။ ပေထင်းမိသားစုသာ သူ့ကို တန်ဖိုးထားလျှင် ၁၀ နှစ်ကျော်ကြာအောင် ခေါင်းပါးသည့်မြို့သို့ နှင်ထုတ်ထား မည်မဟုတ်ပေ။ ဤကဲ့သို့လူမျိုးသည် မြို့တော်သို့ပြန်လာချိန်တွင် ရက်စက် တတ်သည်။ သူသည် အင်ပါယာ၏ မင်းသား ၅ ကိုပင် ကန်ရဲသည်။ သူသည် သေချင်နေပုံပင်။

ပေထင်းဟွမ်သည် ရင်ပြင်အလယ်ကျော်လောက်တွင်ရှိသော ကိုယ်ရံ တော်ကို အေးစက်စွာကြည့်နေသည်။ သူ့အကြည့်သည် ရှန်းယန်ကျို့၏ ခန္ဓာ ကိုယ်ကို ဖြတ်သန်းသွားသည်။ ရှန်းယန်ကျို့သည် မြေပေါ်သို့ကျကာ ဒဏ်ရာ အပြင်းအထန်ရထားသည်။ ထိုအခိုက်အတန့်တွင် သူသည် မျက်လုံးဖွင့်ကြည့် ရာ ပေထင်းဟွမ်၏အကြည့်နှင့်သွားဆုံသည်။ သူသည် တုန်ယင်သွားမိ၏။ ဒေါသလှိုင်းလုံးကြီးထလာရာ သူ၏စိတ်ကို နှိုးဆွလိုက်သည် “ဒီကလေးကို သတ်”

“ဟုတ်ကဲ့ မင်းသား”

ပေထင်းဟွမ်၏ ကန်ချက်သည် အလွန်အားကောင်းသည်။ ကိုယ်ရံတော် နှစ်ယောက်သည် ထင်ရာမဆိုင်းရဲပေ။ သူတို့သည် မင်းသား ၅ ကိုမြေပေါ်သို့ ချပြီး အင်္ကျီလက်များကိုခေါက်ကာ ပေထင်းဟွမ်ဆီသို့ ပြေးကြသည်။ သူတို့ ပေထင်းဟွမ်နှင့် သုံးပေအကွာအရောက်တွင် အနောက်မှဓားကြီးကိုဆွဲထုတ် ကာ သူမအား ချိန်ရွယ်လေသည် “ကောင်စုတ် မင်း ငါတို့နဲ့လိုက်ခဲ့တာ ကောင်း လိမ့်မယ်.. တော်ဝင်မျိုးနွယ်ကိုထိခိုက်အောင်လုပ်ထားရင် အင်ပါယာရဲ့ အပြစ် ပေးတာကိုခံရမယ်”

“တော်ဝင်မျိုးနွယ်ဟုတ်လား” ပေထင်းဟွမ်သည် ရှန်းယန်ကျို့အား မျက်လုံးထောင့်မှ ကြည့်လိုက်သည် “မင်းမှာ ခွန်အားမရှိရင်လည်း တော်ဝင် မျိုးနွယ်ဖြစ်ရင်တောင် ခပ်လျှိုလျှိုနေသင့်တယ်.. သူများကို အမှိုက်လို့စော်ကား ရင် အရှက်ကွဲမယ်ဆိုတာကို သိထားသင့်တယ်.. ဘာလို့လဲ.. ရာယာအင်ပါယာ ရဲ့ဥပဒေက တော်ဝင်မျိုးနွယ်က တခြားသူတွေကို အနိုင်ကျင့်ချင်သလို ကျင့်လို့ ရတာလား”

“ပြီးတော့” ပေထင်းဟွမ်သည် လက်ဖဝါးကိုလှန်လိုက်ရာ လက်ထဲတွင် နှင်းကဲ့သို့ဖြူသည့် ဓားပျော့ပေါ်ထွက်လာသည်။ သူမသည် ကိုယ်ရံတော်နှစ် ယောက်ဆီသို့ ဓားကိုညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ အသက်ဝင်နေသော မြွေမျက်လုံးများကဲ့သို့ နှင်းများသည်သူတို့လက်ထဲရှိ လှံဆီသို့ပြေးသွားလေ၏။

ကြီးမားသောအင်အားတစ်ခုရောက်လာရာ သူတို့လက်များသည် လျှပ်စီး နှင့်တိုက်ခိုက်ခံလိုက်ရသလိုပင်။ သူတို့လက်ထဲမှလှံသည်ကိုလည်း မီးတောက် များဖြင့် ဝန်းရံထားရာ ခပ်တင်းတင်းပင်မကိုင်နိုင်တော့ပေ။ သူတို့သည် ဆက်လက်ကိုင်မထားနိုင်တော့ဘဲ လှံများသည် ပေထင်းဟွမ်၏သိုင်းပညာ ကြောင့် အလုယူခံလိုက်ရသည်။ ချွန်ထက်လှသောလှံများသည် ပေထင်းဟွမ်၏ လက်ထဲမှဓားကြောင့် လေပေါ်မြောက်သွားရသည်။ သူမ၏နီရဲသောနှုတ်ခမ်း များသည် လှောင်ပြောင်သောအပြုံးအဖြစ် တွန့်ကွေးသွားပြီး မျက်လုံးထဲမှ ဓားသွားကဲ့သို့ အထင်သေးမှုများသည် ကိုယ်ရံတော်နှစ်ယောက်ကို စိုက်ကြည့် လေသည် “ငါ့ရှေ့မှာ အော်ဖို့ဘာအရည်အချင်းရှိလဲ လစ်တော့”

ပေထင်းဟွမ် စကားဆုံးပြီးနောက် လက်ကောက်ဝတ်ကိုအသာခါယမ်း လိုက်သည်။ လှံနှစ်ချောင်းသည် ရှန်းယန်ကျို့ရှိရာသို့ မှော်ဖအေမြောက်မှ မှော်အမြုတေမီးလုံးကဲ့သို့ ပျံသွားလေသည်။

ရင်ပြင်ထဲတွင် အားလုံးသည် မှင်တက်ကုန်ကြသည်။ သခင်လေး ၉ က ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ရှန်းယန်ကျို့နဲ့ အဲနှစ်ယောက်ကို လူတွေအများ ကြီးရှေ့မှာ သတ်မို့လား။

ထောင်ပေါင်းများစွာသောအကြည့်များသည် လေထဲရှိ လှံလမ်းကြောင်း အတိုင်းလိုက်ပါသွားကြသည်။ ရှန်းယန်ကျို့၏ မျက်လုံးများသည် သူ့ဆီသို့ ပျံသန်းလာသည့် လှံရှည်နှစ်ချောင်းကို ကြည့်နေသည်ကို သူတို့အားလုံးမြင်နေ ရသည်။

သူသည် ခြေထောက်များ အားနည်းသွားသည်ကိုခံစားမိသည်။ ပေထင်းဟွမ်သည် ထိုကဲ့သို့လူမျိုးဖြစ်လိမ့်မည်ဟု သူမယုံနိုင်ပေ။ သူမသည် သူ့ကို ကျိုးကန်းသွားအောင်ထိ ကန်နိုင်သည်။ ထို့ကြောင့် သူ့အတွက် လမ်းချန် ထားပေးမည်မဟုတ်ပေ။

သူသည် မြေကြီးပေါ်ကျသွားကာ ခက်ခဲစွာဖြင့် ခြေလှမ်းနှစ်လှမ်းနောက် ဆုတ်လိုက်သည်။ ထိုသို့ဆိုလျှင်တောင် သူသည် လှံနှစ်ချောင်းဆီမှ လွတ်မြောက်မည်မဟုတ်ပေ။

ချွင်း

ကျောက်စိမ်းကဲ့သို့ မာကျောသောကျောက်စိမ်းတုံးများဖြင့် ခင်းထား သော ကြမ်းပြင်ပေါ်တွင် လှံနှစ်ချောင်းသည် ရှန်းယန်ကျို့အား အလယ်တွင် ထားပြီး မြေကြီးထဲသို့ နက်နဲစွာဖြင့် စိုက်ဝင်သွားလေသည်။ တစ်ချောင်းသည် သူ့အနောက်တွင်စိုက်နေကာ နောက်တစ်ချောင်းသည် သူ့ခြေထောက်အကြား တွင်စိုက်ဝင်နေသည်။ လက်ကျန်အင်အားသည် ထိုနေရာတွင်ရှိနေဆဲဖြစ်ပြီး လှံရှည်သည် လေထဲတွင် လှုပ်ယမ်းသွားခဲ့သည်။

All Chapters