← Chapters

သူမကိုမှတ်မိသေးတာပဲ

Vol. 23 Ch. 451

သူမကိုမှတ်မိသေးတာပဲ

Vol. 23 Ch. 451

နန်ကုန်းချန်းရှီသည် ပေထင်းဟွမ်အကြောင်းသိသည်။ သူမသည် ဖြည်းဖြည်းချင်းရွေ့သွားကာ တိုးညင်းသောအသံဖြင့် ပြောလေသည် “စစ်ဦးစီး ရှင်အရင်သွားသင့်တယ်.. မင်းသား ၅ နဲ့ ပြဿနဖြစ်တာကို ဧကရာဇ်ရဲ့ လှည့်ကင်းတွေသိသွားလိမ့်မယ်”

ပေထင်းဟွမ်သည် နန်ကုန်းချန်းရှီအား အသာခေါင်းဆတ်ပြလိုက်သည်။ ဤကဲ့သို့အချိန်မျိုးတွင် နန်ကုန်းချန်းရှီသည် ခပ်ခွာခွာနေသည်မှာ အကောင်း ဆုံးဖြစ်သဖြင့် ဝင်မပါပေ။ သူမလှည့်ထွက်လိုက်ရာ မုချင်းလင်၏ စိုးရိမ်တကြီး အမူအရာကိုမြင်လိုက်ရသည်။ သူမသည် မုချင်းလင်၏ခေါင်းကိုအသာပုတ်ပြီး နန်ကုန်းချန်းရှီဆီသို့ ပို့ပေးလိုက်သည် “အရင်ဆုံး လင်အာကို ဂရုစိုက်ပေးဖို့ ဒုက္ခပေးရတော့မယ်”

နန်ကုန်းချန်းရှီသည် သူမကိုခေါင်းဆောင်ဟုခေါ်ပြီး သူမ၏သရုပ်မှန်ကို ဖုံးကွယ်ရာတွင်ကူညီပေးသလို သူမအား ကြင်နာစွာဆက်ဆံသဖြင့် သူမသည် သူတို့၏ ဆက်ဆံရေးကို မမေ့သည့်လူမျိုးဖြစ်သည်။ သူမကိုလည်း ဧကရာဇ်မှ မကြာခင်လာရှာမည်ကို သူမသိသည်။ ယခု မုချင်းလင်သည် သူမနောက်လိုက် နေသဖြင့် မုချင်းလင်အပေါ်ရှိသော အာရုံများကို လွှဲဖယ်ရန်မှာ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

“သူမကို ဒီကနေခေါ်သွားလိုက်ပါ” ပေထင်းဟွမ် အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့ပါ စစ်ဦးစီး” နန်ကုန်းချန်းရှီသည် ပျော်ရွှင်နေပုံပေါက်သည်။ ပေထင်းဟွမ်မှ သူမကို ခွင့်လွှတ်သည်မလွှတ်သည်ကို သူမသည် မသေချာ သလို ပေထင်းဟွမ်သည် သူမကို သံမဏိသွေးအဖွဲ့ဝင်ဖြစ် လိုက်ခွင့်ပြုသလား ကိုမသေချာပေ။ သူမသည် စိတ်မအေးဖြစ်ခဲ့သည်။ ယခုအခါ ပေထင်းဟွမ်မှ သူမကို အကူအညီတောင်းသဖြင့် အလွန်ပျော်ရွှင်မိသည်။

“ဟုတ်တယ် မင်းအတွက် လက်ဆောင်တွေလည်းရှိတယ်.. အားလုံး ပေါင်း ၅ ယောက်စာပဲ.. တစ်ခုက လင်အာတွက်.. မင်းတို့ထွက်သွားပြီးရင် ရှန်းယန်ဖိုတို့ကိုရှာပြီး လက်ဆောင်တွေခွဲပေးလိုက်.. အကုန်လုံးဝေစုရမယ်” ပေထင်းဟွမ်သည် တစ်ချက်တွေးပြီးနောက် “ရှောင်ကျဲက ဓားသခင်ပဲ.. သူ့ အတွက် အသီးတစ်လုံးနဲ့ ကျန်တာ မင်းတို့ဝိညာဉ်သခင်တွေအတွက်”

“ဟုတ်ပါပြီ စစ်ဦးစီး” နန်ကုန်းချန်းရှီ၏ လက်ချောင်းမှလက်စွပ်ကို ပေထင်းဟွမ် ညင်သာစွာထိလိုက်ပြီး ပစ္စည်းများကို သူမဆီသို့လွှဲပြောင်းပေး လိုက်သည်။ နန်ကုန်းချန်းရှီသည် သူမ၏နတ်အာရုံကိုဖြန့်ကျက်ပြီး စစ်ကြည့် လိုက်ရာ မှင်တက်သွားလေသည်။ သူမသည် ပေထင်းဟွမ်အား မယုံကြည်နိုင် စွာဖြင့် ကြည့်ရင်းနှင့် သူမစိတ်ထဲမှ ခံစားချက်များသည် မျက်လုံးများမှတစ်ဆင့် လျှံထွက်လာလေသည်။ သူမသည် ထိတ်လန့်သွားသလို သူ့ကို ကျေးဇူးတင်ပြီး လေးစားမိသည်။

ထိန်းကျောင်းပြီးသား အဆင့်မြင့်နတ်သားရဲလေးကောင်နှင့် ဝိညာဉ်နက် သစ်သီးတို့ဖြစ်သည်။ အချိန်များစွာကြာမြင့်ပြီးနောက် သူမသည် ထိုပစ္စည်းများ ကိုမမြင်ဖူးခဲ့ပေ။ သူမသည် သူတို့အတွက် ဤကဲ့သို့သော် လက်ဆောင်ကြီးကို ပြင်ဆင်ထားခဲ့သည်။ သူတို့ မည်သို့လက်ခံရမည်နည်း။

“စစ်ဦးစီး ငါတို့…” နန်ကုန်းချန်းရှီသည် စကားများပင်ထစ်အသွားသည်။ အကယ်၍သာ စစ်ဦးစီးသည် ပေထင်းမိသားစုမှ သခင်လေး ၉ သာဖြစ်နေလျှင်.. ပေထင်းမိသားစုနှင့် နန်ကုန်းမိသားစုတို့သည် အမြဲတမ်းရန်သူဖြစ်ခဲ့ကြသည်။ သို့သော် စစ်ဦးစီးသည် သူမအပေါ်တွင် အလွန်ကောင်းပေးသည်။ နန်ကုန်းချန်းရှီ၏ မျက်လုံးများတွင် မျက်ရည်များဖြင့်ပြည့်လာသည်။ စိတ်ထား နူးညံ့သည့်မိန်းကလေးတစ်ယောက်အလား သူမ ခေါင်းကိုငုံ့လိုက်သည်။

နောက်ဆုံးတွင် သူသည် သူမကိုမှတ်မိနေတုန်းပင်။ သည်လောက်ဆို လုံလောက်ချေပြီ.. မဟုတ်ပါလား။ ဤအခိုက်အတန့်တွင် မုချင်းလင်အပေါ် ထားရှိသော မနာလိုစိတ်သည် ပျောက်ကွယ်သွားလေပြီ။ သူမလှည့်ထွက်ပြီး မုချင်းလင်၏ လက်ကိုဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်သည် “ညီမလင် ဒီကနေ မင်းကို အရင်ခေါ်သွားပေးရမလား”

မုချင်းလင်၏ မျက်လုံးများသည် ပေထင်းဟွမ်အပေါ်တွင် တွယ်ငြိနေ၏။ သူမသည် ခေါင်းခါပြီး ခိုင်မာစွာပြောလေသည် “သခင်လေး ၉ ကျွန်မ မသွားဘူး ရှင်နဲ့အတူရှိချင်တယ်”

အိုး..

မုချင်းလင်သည် မည်မျှပင် ထိတ်လန့်ဖွယ်ကောင်းကြောင်းကို မတွေးမိ ပေ။ အဓိပ္ပာယ်နှစ်ခွထွက်နေသောအကြည့်များ သူမကိုကြည့်နေသည်ကို မြင်ပြီး ပေထင်းဟွမ်သည် ကူကယ်ရာမဲ့နေသည်။ သူမသည် လက်မြှောက်ကာ မုချင်းလင်၏နဖူးကိုထိပြီး ပွတ်သပ်ပေးမိသည်။ “လင်အာ စကားနားထောင် နော်.. ချန်းရှီနဲ့အရင်သွားလိုက်ပါ.. ကျန်တာကို နောက်မှပြောမယ်.. မင်းဒီမှာ ရှိနေရင် မင်းကိုပဲအာရုံစိုက်နေရလိမ့်မယ်.. မင်းတစ်ခုခုဖြစ်ရင် ငါဘယ်လောက် ဝမ်းနည်းလိုက်မလဲ”

ဒီလောက်လူအများကြီးရှေ့မှာ သူတို့အချစ်ကို ပြရမှဖြစ်မှာလား။ နန်ကုန်းချန်းရှီ၏မျက်လုံးထဲတွင် မျက်ရည်များ တွဲလွဲခိုလာသည်.. သူမသည် မုချင်းလင်ကို မနာလိုမဖြစ်ဟု ပြောထားသော်လည်း မည်သို့တောင့်ခံနိုင်မည် နည်း။ သူမသည် နှုတ်ခမ်းဆူကာ စောဒကတက်လေသည် “စစ်ဦးစီး ဒီလောက် ပျော့ညံ့နေရင် ညီမလင်အာကို ဂရုစိုက်မပေးတော့ဘူး”

All Chapters