အဲဒီမိတ်ဆွေဟောင်းက အစ်မပဲ
Vol. 23 Ch. 452
အဲလိုဆိုရင်တောင် သူမ ဘယ်လိုတောင့်ခံနိုင်မှာလဲ။ နန်ကုန်းချန်းရှီသည် စိတ်ပိုင်းဖြတ်ပြီးဖြစ်လေသည်။ သူမသည် စစ်ဦးစီး၏အုပ်ချုပ်မှုနောက်သို့ လိုက်ရန် ဆုံးဖြတ်ပြီးသားဖြစ်သည်။ စစ်ဦးစီးသာ တစ်စုံတစ်ယောက်ကို ဂရုစိုက်ရန် အမိန့်ချထားလျှင် သူမသည် ထိုလူကိုကာကွယ်ပေးမည်။ ထိုလူသည် သံမဏိ သွေးဖြစ်စေ သူ၏.. ချစ်သူဖြစ်စေ…
သူမသည် သူမကိုယ်သူ သံမဏိသွေး၏အဖွဲ့ဝင်တစ်ယောက်အဖြစ် အမြဲ တမ်းမှတ်မိနေသည်။
သူတို့သုံးယောက်သည် လူအုပ်ထဲမှ တိုးထွက်လာခဲ့သည်။ သူတို့ အခင်း နေရာနှင့် အနည်းငယ်ဝေးသောနေရာအရောက်တွင် နန်ကုန်းချန်းမိုသည် သူတို့ နှစ်ယောက်အနောက်မှ ငေးငိုင်စွာလိုက်လာခဲ့သည်။ ပြီးနောက် တိုးညင်းစွာ မေးလေသည် “အစ်မ သူမကိုဘာလို့ ခေါင်းဆောင်လို့ခေါ်တာလဲ.. မင်းတို့ သိတာကြာပြီလား”
မိန်းကလေး၏ပါးစပ်ထဲမှ “သူမ” ဆိုသည့်နာမ်စားထွက်လာကာ ထိုနာမ်စားသည် ယောက်ျာလေးကို ရည်ညွှန်းနေသည်။ ကြားရသူ၏နားထဲတွင် ရှုပ်ထွေးသွားနိုင်သည်။
နန်ကုန်းချန်းရှီသည် နှလုံးခုန်မြန်သွားသည်။ သူမသည် သတိမထားမိ သလိုဟန်ဆောင်လိုက်သည်။ ကံကောင်းစွာပင် မုချင်းလင်၏ အာရုံသည် ပေထင်းဟွမ်ဆီရောက်နေသဖြင့် သတိမထားမိပေ။
“မိုအာ.. ငါ မှော်သားရဲခံတပ်ကို လေ့ကျင့်ဖို့သွားခဲ့တာ မှတ်မိလား.. အဲတုန်းက သံမဏိသွေးကိုတည်ထောင်ခဲ့တာ.. အဲတုန်းက ငါတို့ငါးယောက်ပဲ ရှိသေးတာ.. ခေါင်းဆောင်အပြင် ငါ၊ ချင်ရှဲလင်၊ မင်းသား ၆ နဲ့ ရန်ရှောင်ကျဲတို့ ပဲ.. နောက်ပိုင်းကို ခေါင်းဆောင်က သံမဏိသွေးကို ချဲ့ထွင်လိုက်မယ်လို့ ထင် မထားဘူး.. သံမဏိသွေးက အခုတိုက်ကြီးမှာ အက်စ်အဆင့်ကြေးစားအဖွဲ့ဖြစ် သွားလိမ့်မယ်လို့ ထင်မထားဘူး” နန်ကုန်းချန်းရှီသည် အစက ပေထင်းဟွမ်ကို သဘောမကျခဲ့သည့်ဖြစ်ကို ပြန်တွေးမိသည်။ သို့သော် အရေးကြုံသည့် အခိုက်အတန့်တွင် ပေထင်းဟွမ်သည် သူမ၏အသက်ကို ကယ်ပေးခဲ့သည်။
“အဲဒါကြောင့်ကိုး” နန်ကုန်းချန်းမိုသည် ဝိညာဉ်လွင့်နေသလို ခေါင်းငုံနေ ၏။ သူမ မျက်ရည်များကို မည်မျှပင် ထိန်းစေကာမူ အဆက်မပြတ်ကျနေသည် “အဲဒါကြောင့် အစ်မ နင့်ကိုလည်း ကောင်းကောင်းဆက်ဆံပေးတာကိုး”
ဝိညာဉ်ခွဲတောင်တန်းအနက်ပိုင်း ခြင်္သေ့ဘုရင်တောင်တန်းအနီးတွင် သူတို့သည် မှော်သားရဲများ ဝိုင်းခြင်းကိုခံခဲ့ရသည်။ ထိုအချိန်က နန်ကုန်းမိသား စု၏ လေ့ကျင့်ရေးအဖွဲ့ကို အပြတ်ရှင်းထုတ်ချင်ခဲ့သည်မဟုတ်ပါလား။ သူမသည် နန်ကုန်းမိသားစုကို အရိုးထဲမှမုန်းသည်။ နန်ကုန်းရှို့နှင့် နန်ကုန်းချွန်း တို့သည် သူမကို ထိုသို့အနိုင်ကျင့်ခဲ့သည်။ လှည့်လည်သွားလာသူစခန်းတွင် သူတို့သည် သူမအား လှောင်ပြောင်ကာ စော်ကားခဲ့သည်။ သူမသာဆိုလျှင် လည်း နန်ကုန်းချန်းရှီသည် သူတို့အာလုံးကို သတ်ပစ်မည်ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူ သူတို့ငါးယောက်သည် ထိုလှောင်ပြောင်မှုတွင် အမှန်တကယ်ပါဝင်ပြီး ထိုဒဏ္ဍာရီဝင် အသုံးမကျသည့်လူငယ်ကို ရှုံ့ချလိမ့်မည် ဟု မည်သူထင်မည်နည်း။
“မိတ်ဆွေဟောင်း” ဟု သူမပြောခဲ့သူသည် သူမ၏အစ်မဖြစ်နေလိမ့်မည် ဟု ထင်မထားခဲ့ပေ။
သူမ၏အသက်သည်လည်း အစ်မဖြစ်သူမှကယ်တင်ထားခြင်းဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် သူမသည် မှော်သားရဲများ၏ လက်ထဲတွင်သာ သေချင်တော့သည်။
ထိုလူငယ်တွင် စေ့စပ်ထားသူရှိနေသည်။ သူမ၏အစ်မဖြစ်သူကိုလည်း အရင်သိထားနှင့်ကာ အသက်အန္တရာယ်အတွေ့အကြုံများကို အတူကျော်ဖြတ် ခဲ့သည်။ သံမဏိသွေးကြေးစားအဖွဲ့ကိုလည်း အတူဖွဲ့စည်းခဲ့ကြသည်။ သူမက ရော.. အဲဒီလူငယ်ရဲ့ နှလုံးသားထဲမှာ သူမရဲ့နေရာကရော ဘာလဲ။ သူမ၏ မျက်လုံးထဲတွင် အစ်မကြောင့် လက်ချောင်းများအကြားမှ လွတ်မြောက်လာ သည့် ပိုးမွှားတစ်ကောင်လိုဖြစ်နေလိမ့်မည်။
“မိုအာ ဘာဖြစ်လို့လဲ” နန်ကုန်းချန်းရှီသည် ညီမဖြစ်သူ၏ ပုံပျက်နေသော အသွင်အပြင်ကို မြင်သောအခါ စိုးရိမ်လာသည်။ “စစ်ဦးစီးက တကယ် ကောင်း တဲ့လူပါ.. သူက သူ့နားကလူတွေကို ကောင်းကောင်းဆက်ဆံပေးတယ်.. နောက်ကို သူနဲ့အဆက်အဆံလုပ်ရင် ပိုသိလာလိမ့်မယ်.. မိုအာ နင်လည်း သံမဏိသွေးကိုဝင်ချင်လား.. ဝင်ချင်တယ်ဆိုရင် ငါမေးပေးမယ် ဒါမှမဟုတ် ညီမလင်ကို ကူညီခိုင်းရမလား”
နန်ကုန်းချန်းရှီသည် ပြုံးပြီး မုချင်းလင်ကို ကြည့်လိုက်သည် “ညီမလင် အဆင်ပြေမယ်လို့ထင်လား”
“သေချာတာပေါ့” နန်ကုန်းချန်းမို တစ်စုံတစ်ရာလွဲမှားနေသည်ကို မုချင်းလင် ပြောနိုင်သည် “သခင်လေး ၉ ကလူကောင်းပါ.. သူက စိတ်ရင်းနဲ့ ဆက်ဆံတာကို ခံစားလို့ရမှာပါ.. အခုသူ ဘယ်လောက်အေးစက်လဲဆိုတာကို မကြည့်နဲ့.. အရင်က သူလော့ပေမြို့မှာ အနိုင်ကျင့်ခံခဲ့ရတယ် အဲဒါက သူ့ ကိုယ်ရည်ကိုယ်သွေးကို သွားသက်ရောက်စေတာ.. ဒါပေမဲ့ သူက ညင်နာတတ် ပြီး စဉ်းစားတတ်တဲ့လူပါ.. မင်းနဲ့တွေ့မယ်ဆိုတာ မမျှော်လင့်ထားလို့ မင်း အတွက် လက်ဆောင်ပြင်မထားတာပါ.. ဘာလို့ ငါ့ဟာမယူရမှာလဲ”