← Chapters

နတ်ဆိုးရှင်ဘုရင်တစ်ယောက် ရောက်ရှိလာခြင်း

Vol. 62 Ch. 843

နတ်ဆိုးရှင်ဘုရင်တစ်ယောက် ရောက်ရှိလာခြင်း

Vol. 62 Ch. 843

ကောင်းကင်ဆက်ဓားက ချိတ်ပိတ်ဖွင့်ခြင်းအခြေအနေမှာ ရှိနေသေးစဉ် လီဖူချန်းက အရှိန်ကို တိုးကာ ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ရှုနေခဲ့တယ်။

နတ်ဆိုးအရှင်သခင်တွေက သူ့ကို အာရုံခံနိုင်မှတော့ လီဖူချန်းက သူ့ကိုယ်သူကို သူတို့ထံ ပို့ဆောင်ပေးရမှာပေါ့။

တိုက်ပွဲနယ်မြေကို ကျော်ဖြတ်လျက် နောက်ထပ်နတ်ဆိုးအရှင်သခင်တစ်ယောက်က လီဖူချန်းကို သတိပြုမိသွားပြန်တယ်။

စိတ်မကောင်းစရာတစ်ခုကတော့ နတ်ဆိုးအရှင်သခင်က မနီးကပ်နိုင်ခင် လီဖူချန်းက ဓားတစ်ချက်တည်းနဲ့ နတ်ဆိုးအရှင်သခင်ကို အပိုင်းပိုင်းဖြတ်လိုက်တယ်။ နတ်ဆိုးအရှင်သခင်တစ်ယောက်ရဲ့အသက်စွမ်းအားအရ သွေးတစ်က်သာကျန်ရင်တောင် နတ်ဆိုးအရှင်သခင်က ချက်ချင်း ပြန်လည်ပေါက်ဖွားနိုင်တယ်။ ဒါပေမယ့် ချိတ်ပိတ်ဖွင့်ထားတဲ့ကောင်းကင်ဆက်ဓားကြောင့် သေခြင်းကသာ သေချာသွားစေခဲ့တယ်။

နတ်ဆိုးအရှင်သခင်တစ်ယောက်ကို တစ်ကြိမ်တည်းနဲ့ သတ်ဖြတ်ပြီးနောက် ကောင်းကင်ဆက်ဓားရဲ့ဓားအင်းကွက်တွေက ပိတ်ဆို့မှုထပ်မံစတင်လာတော့တယ်။

"ကျေနပ်စရာပဲ၊ သတ်ရတာဖြတ်ရတာ လွယ်လိုက်တာ" လီဖူချန်းက မလိုလားဘူးဖြစ်နေတယ်။

"မင်းက သူတော်စင်တစ်ယောက်ဖြစ်လာတာနဲ့ အနည်းဆုံးဆယ်ဆပိုကြာတဲ့အထိ ဓားချိတ်ပိတ်ဖွင့်ဖို့က ပြဿနာတစ်ခုမဟုတ်တော့ဘူး" ဓားစိတ်ဝိညာဉ်က ပြောလိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"ငါ ဓားအင်းကွက်တွေကို ငါ့ရာငါ နားလည်အောင် လုပ်ရမှာပေါ့"

"မင်း အကောင်းဆုံးလုပ်ပါ။ ဒီဓားအင်းကွက်တွေက ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားအင်းကွက်တွေပဲ။ သူတို့ကို နားလည်ပြီးဆိုရင် မင်းရဲ့ခွန်အားက အဆမရေတွက်နိုင်လောက်အောင် တိုးတက်လာလိမ့်မယ်။ ကောင်းကင်ဆက်ဓားမရှိဘဲနဲ့တောင် မင်းက သာမန်ထက်ထူးကဲစွာ အားကောင်းနေလိမ့်မယ်"

ချိတ်ပိတ်ထားတဲဓားအင်းကွက်တွေရဲ့နောက်ဆုံးအလွှာက အဆုံးစွန်းအဆင့်ဓားအင်းကွက်တွေ မဟုတ်ပါဘူး။ အဲလိုသာဆိုရင် လီဖူချန်းက သူတော်စင်တစ်ယောက်ဖြစ်လာရင်တောင် အချိန်ကာလကြာမြင့်တဲ့အထိ  သူတို့ကို နားလည်နိုင်လိမ့်မှာမဟုတ်ဘူး‌လေ။

…

ကျယ်ပြောတဲ့အလယ်ဆင့်တိုက်ကြီးတစ်ခုပေါ်မှာ......

"ဒူရီဆိုဒင်၊ ယဇ်ပူ‌ဇော်ခြင်းအစီအရင်ကို အမြန်တည်ဆောက်ကြ"

နတ်ဆိုးအရှင်သခင်အန်ဒရီရဲ့ခန္ဓာကိုယ်က သက်သာလာပြီ၊ ဒါပေမယ့် သူ့ရဲ့ချီတည်မှုက အရမ်းအားနည်းနေသေးတယ်။ သူက ယဇ်ပလ္လင်အစီအရင်ကို တည်ဆောက်ဖို့ သူ့နောက်လိုက်တွေကို အမိန့်ပေးနေတယ်။

သူက သွေးရောင်ပုံဆောင်ခဲဘောလုံးတစ်ခုကို ကိုင်ဆောင်ထားတယ်။

ဒီသွေးရောင်ပုံဆောင်ခဲဘောလုံးကို အသက်စုပ်ပုံဆောင်ခဲဘောလုံးလို့ ခေါ်တယ်။ အဲဒါမှာ အဆုံးမဲ့လူသားတွေရဲ့အသက်စွမ်းအားတွေ ပါဝင်တယ်။ ယဇ်ပူဇော်သက်ရောက်မှုက အသက်ရှင်နေတဲ့ယဇ်ကောင်တွေလောက် မကောင်းပေမယ့် ပမာဏအားဖြင့် ပိုမြင့်တယ်။

ပြီးတော့ မြောက်များစွာသောလူရှင်တွေကို တည်နေရာရွှေ့ပြောင်းဖို့က ဒုက္ခများလွန်းတယ်။ သာမန်အသားဂိတ်တွေကို ဆင့်ခေါ်ဖို့က အဆင်ပြေပေမယ့် အဆင့်မြင့်အသားဂိတ်တစ်ခုကို ဆင့်ခေါ်ဖို့အတွက် လိုအပ်တဲ့ယဇ်ကောင်အရေအတွက်က အလွန်များတယ်။ အဲလောက်များတဲ့လူသားသက်ရှိတွေကို တည်နေရာရွှေ့ပြောင်းဖို့က အလွန်အမင်းခက်တယ်။ ဒါပေမယ့် အသက်စုပ်ပုံဆောင်ခဲဘောလုံးကတော့ မ‌တူတော့ဘူးလေ။ လုံလောက်တဲ့အသက်စွမ်းအားနဲ့ဆိုရင် အဆင့်မြင့်မားတဲ့အသားဂိတ်တစ်ခုကို ဆင့်ခေါ်ဖို့က ပြဿနာတစ်ခုမဟုတ်တော့ဘူး။

မကြာမီမှာပဲ ယဇ်ပူဇော်ခြင်းအစီအရင်က ပြီးပြည့်စုံသွားခဲ့တယ်။ နတ်ဆိုးအရှင်သခင်အန်ဒရီက ပုံဆောင်ခဲဘောလုံးကို အစီအရင်ရဲ့ဗဟိုချက်မှာ ထားလိုက်တယ်။

ဝုန်း.....

စူးရှတောက်ပတဲ့သွေးရောင်မိုးကြိုးတစ်ခုက ရိုက်ခတ်လာတယ်။ ဧရာမအသားဂိတ်တစ်ခုက တဖြည်းဖြည်း မြင့်တက်လာတယ်။

အသားဂိတ်က ပွင့်သွားပြီး မရေမတွက်နိုင်တဲ့နတ်ဆိုးတွေက ထွက်လာတယ်။ နတ်ဆိုးအားလုံးက အဆင့်၁မှအဆင့်၈ထိ ရှိနေတယ်။

မကြာမီမှာပဲ နတ်ဆိုးအရှင်သခင်တွေက ထွက်ပေါ်လာတယ်။

"အရှင်အန်ဒရီကို နှုတ်ဆက်ပါတယ်"

နတ်ဆိုးအရှင်သခင်အန်ဒရီက နတ်ဆိုးတွေကြားမှာ မြင့်မြတ်သူတစ်ယောက်ဖြစ်ပြီး မြင့်မားတဲ့အဆင့်အတန်းတစ်ခု ရှိတယ်။

နတ်ဆိုးအရှင်သခင်အန်ဒရီက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်တယ်၊ပြီးနောက် သူက အသားဂိတ်ကို စိုက်ကြည့်နေခဲ့တယ်။

လက်တစ်စုံက အသားဂိတ်ကို အတွင်းမှ ဆုပ်ကိုင်လိုက်တယ်။ ဧရာမနွားထီးဦးချိုတစ်စုံနဲ့နတ်ဆိုးတစ်‌ယောက်ရဲ့ဦးခေါင်းက ထွက်ပေါ်လာတယ်။

ဒီနတ်ဆိုးကို မြင်ပြီး နတ်ဆိုးအရှင်သခင်အန်ဒရီက ပျော်ရွှင်သွားတော့တယ်။

"နှုတ်ဆက်ပါတယ် နတ်ဆိုးရှင်ဘုရင်လောင်ခို" နတ်ဆိုးအရှင်သခင်အန်ဒရီက လေးစားစွာ နှုတ်ဆက်လိုက်တယ်။

ပိုမြင့်မားတဲ့အသားဂိတ်တစ်ခုက နတ်ဆိုးရှင်ဘုရင်တစ်ယောက်ကို ဆင့်ခေါ်နိုင်တယ်။

နတ်ဆိုးရှင်ဘုရင်တစ်ယောက်ရဲ့စွမ်းအင်က အလွန်အမင်းကြောက်စရာကောင်းပြီး အထွတ်အထိပ်နတ်ဆိုးအရှင်သခင်တစ်ယောက်ထက် အဆရာပေါင်းများစွာ ပိုသန်မာတယ်။ သာမန်အသားဂိတ်တစ်ခုက နတ်ဆိုးရှင်ဘုရင်တစ်ယောက်ကို ပို့ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။

"အန်ဒရီ၊ ဘာလို့ မင်းက ဒဏ်ရာရနေတာလဲ" နောက်ဆုံးမှာတော့ နတ်ဆိုးရှင်ဘုရင်လောင်ခိုရဲ့ခန္ဓာကိုယ်က အပြည့်အဝထွက်ပေါ်လာပါပြီ။ အရပ်မီတာတစ်သောင်းကျော်က နတ်ဆိုးသားရဲတွေနဲ့ မယှဉ်နိုင်ပေမယ့် လူသားတွေထက် သိသိသာသာပိုကြီးတယ်။ အရေးကြီးဆုံးကတော့ အသားတစ်လက်မတိုင်းမှာ ထိတ်လန့်တုန်လှုပ်စရာပြင်းထန်တဲ့စွမ်းအင်တွေ ပါဝင်တယ်။ နှိုင်းယှဉ်ကြည့်ရင် နတ်ဆိုးသားရဲတစ်ကောင်က အရွယ်အစားပိုကြီးပေမယ့် ဘာမှ မပါဝင်ပါဘူး။

ပြောနေရင်း နတ်ဆိုးရှင်ဘုရင်လောင်ခိုရဲ့ခန္ဓာကိုယ်က လျင်မြန်စွာ သေးငယ်သွားတော့တယ်။

နတ်ဆိုးအရှင်သခင်အန်ဒရီက ဖြေလိုက်တယ်"ငါ့ကို လူသားသူတော်စင်အရှင်တစ်ယောက်က ဒဏ်ရာရစေခဲ့တာ"

"လူသားသူတော်စင်အရှင်တစ်ယောက်လား။ အခွင့်အရေးတစ်ခုရှိလာရင် သူနဲ့ စမ်းကြည့်ရတာပေါ့"

နတ်ဆိုးရှင်ဘုရင်လောင်ခိုက ဂရုမစိုက်ပါဘူး။ ကြယ်ပိုင်နက်ထဲမှာ သူက လူသား‌သူတော်စင်အရှင်တွေနဲ့ တိုက်ခိုက်လာတာ တစ်ခါနှစ်ခါမကတော့ဘူးလေ။ အကြိမ်တစ်ရာအတွင်းမှာ သူက တစ်ကြိမ်နှစ်ကြိမ်သာ ရှုံးခဲ့တယ်။ ဒါ့ပြင် သူက လူသားသူတော်စင်အရှင်တစ်ယောက်ကို သတ်နိုင်ခဲ့တယ်။

"သေကြစမ်း"

နတ်ဆိုးရှင်ဘုရင်လောင်ခိုက ရုတ်တရက် လက်လှမ်းကာ ဆုတ်ကိုင်လိုက်တယ်။ မိုင်မီလီယံအနည်းငယ်အကွာမှ လူသားသူ‌တော်စင်နှစ်ယောက်ကို ဖမ်းမိသွားတယ်။ လက်ကို ဖိညှစ်လိုက်ရာ လူသားသူတော်စင်နှစ်ယောက်က အစစအနနဖြစ်သွားရတယ်။ ကျန်ရှိနေတဲ့သွေးအဆီအနှစ်က ပုလင်းတစ်လုံးထဲ ကျရောက်လာတယ်။

"နတ်ဆိုးရှင်ဘုရင်က ပြိုင်ဘက်ကင်းတယ်......"

မြင်ကွင်းကို မြင်တွေ့တဲ့အခါ နတ်ဆိုးအရှင်သခင်အားလုံးက လေးစာမှု၊ ကြောက်ရွံ့မှုအပြည့် ဖြစ်လာတယ်။

…

"အကြီးအကဲလီ၊ လက်ရှိအချိန်မှာ သတိထားပါ။ နတ်ဆိုးရှင်ဘုရင်တစ်ယောက်က နတ်ဆိုးတွေဘက်ကို ရောက်ရှိလာပြီ။ လူသားသူတော်စင်တွေအကြားသေကြေပျက်ဆီးခဲ့တဲ့အရေအတွက်က တကယ်ကို ဆိုးရွားလွန်းနေတယ်"

အကြီးအကဲတုံကင်မှ ဆန်းကြယ်နက်နဲဓားသူ‌တော်စင်ရဲ့အသံက ပဲ့တင်ထပ်လာတယ်။

"နတ်ဆိုးရှင်ဘုရင်......."

လီဖူချန်းရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။ နတ်ဆိုးရှင်ဘုရင်တစ်ယောက်က သူတော်စင်အရှင်တစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်တယ်။ ကောင်းကင်အရှင်တွေကသာ မထွက်ပေါ်လာရင် နတ်ဆိုးရှင်ဘုရင်တွေက ပြိုင်ဘက်ကင်းနေပါလိ့မ်မယ်။

ဒီအချိန်အတော်အတွင်း နတ်ဆိုးတွေနဲ့လူသားတွေက သေကြေပျက်ဆီးမှုတွေ အပြင်းအထန် ခံစားနေရတယ်။ လူသားတွေဘက်မှာ နတ်ဆိုးအရှင်သခင်တွေကို အဆက်မပြတ်ရိတ်သိမ်းနေတဲ့ ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင် ရှိခဲ့တယ်။ အခု နတ်ဆိုးတွေမှာလည်း နတ်ဆိုးရှင်ဘုရင်တစ်ယောက်ရှိလာပြီ။

လီဖူချန်းက သူတော်စင်အရှင်တစ်ယောက်ကို အထင်မသေးပါဘူး၊ ဒါပေမယ့် တူညီတဲ့အဆင့်မှာဆိုရင် နတ်ဆိုးရှင်ဘုရင်တစ်ယောက်က သူတော်စင်အရှင်တစ်ယောက်ထက် ခြိမ်းခြောက်နိုင်စွမ်း ပိုကြီးတယ်။

"ကျားစွယ်ဓားသူတော်စင်နဲ့ပန်းတစ်ရာဓားသူတော်စင်တို့က သေသွားပြီ။ ဒီစစ်ပွဲက ဘယ်လိုအဆုံးသတ်လိမ့်မလဲဆိုတာ မသိနိုင်ပါလား"

လီဖူချန်းက သက်ပြင်းချလိုက်တယ်။

လီဖူချန်းက သေးနုပ်တဲ့သူတော်စင်တစ်ယောက်မျှသာဖြစ်ပြီး အခြေအနေကို ပြောင်းလဲဖို့ စွမ်းအားကင်းမဲ့တယ်။ သူက ကြိုးစားရုန်းကန်အသက်ရှင်သန်ဖို့သာ တတ်နိုင်တယ်။

…

အနေအထားက လူသားတွေထင်ထားတာထက် ပိုဆိုးဝါးလာတယ်။

ပထမက‌တော့ ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်က နတ်ဆိုးရှင်ဘုရင်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ ဒုတိယမြောက်နတ်ဆိုးရှင်ဘုရင်က ရောက်ရှိလာတယ်။

လူသားတွေက စိုးရိမ်ဖွယ်အခြေအနေကို ကျရောက်နေတယ်။

…

"ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်၊ မင်း လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား"

သူတော်စင်ယင်တိုက်ကြီးပေါ်မှာ နတ်ဆိုးရှင်ဘုရင်နှစ်ယောက်က လိုက်ဖမ်းနေတယ်။

"ကောင်းကင်ဘုံဖျက်ဆီးခြင်းသွေးလက်"

ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်ရဲ့လက်ဝါးက နတ်ဆိုးရှင်ဘုရင်လောင်ခိုအပေါ် ကျရောက်လာပြီး သွေးလက်ရာတစ်ခုကို ချန်ထားခဲ့တယ်။

ဝုန်း ဝုန်း........

ဒါပေမယ့် ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်က နှစ်ယောက်လုံးရဲ့လက်ဝါးရိုက်ချက်တွေ ထိမှန်သွားတယ်။

ခြားနားချက်ကတော့ နတ်ဆိုးရှင်ဘုရင်လောင်ခိုက လျင်မြန်စွာနဲ့ အားအင်ပြန်လည်ပြည့်ဝလာတယ်။

ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်ရဲ့ချီသွေးက ပို၍ပို၍ အားနည်းလာတယ်။

"ကောင်းကင်ဘုံဖျက်ဆီးခြင်းလက်သည်းအရိပ်"

ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်ရဲ့တိုက်ခိုက်မှုတွေက ပိုပြင်းထန်လာတယ်။ ဒိီလိုအဆင့်မှာဆိုရင် ဒဏ်ရာအပြင်းအထန်ရထားရင်တောင် တစ်စုံတစ်ယောက်ရဲ့တိုက်ခိုက်‌ရေးခွန်အားကို ပေါက်ကွဲထွက်စေနိုင်တဲ့နည်းလမ်းတစ်ခု ရှိတယ်။

"ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်၊ ရုန်းကန်နေတာ ရပ်လိုက်တော့။ မင်း ဒီနေ့ သေရမယ်"

နတ်ဆိုးရှင်ဘုရင်နှစ်ယောက် အတူတကွ ပူးပေါင်းထားတာကြောင့် ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်က အဆက်မပြတ် နောက်ဆုတ်နေရတယ်။ သူ့ရဲသွေးက နေရာတိုင်းကို ပန်းထွက်နေလျက် ရှိတယ်။

"ကောင်းကင်ဘုံသူတော်စင်ခန္ဓာကိုယ်"

ဒဏ်ရာတွေ ပိုဆိုးလာတာကြောင့် ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်က သူ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းကို အရှိန်တိုးကာ လှည့်ပတ်လိုက်တယ်။

ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်နည်းလမ်းက ဒဏ်ရာပိုရလာလေလေ ပိုသန်မာလာလေလေကို အနည်းငယ်ကသာ သိတယ်။ သွေးအဆီအနှစ် ကုန်ခန်းတဲ့အထိ ဆက်သွားနေပါလိမ့်မယ်။

ဝုန်း ဝုန်း ဝုန်း.......

နတ်ဆိုးရှင်ဘုရင်နှစ်ယောက်က နောက်သို့ လွင့်ထွက်သွားတယ်။

"စိတ်ဝင်စားစရာပဲ"

ဝါခီဒိုလို့ခေါ်တဲ့နတ်ဆိုးရှင်ဘုရင်က မျက်စိကို စွေစောင်းကာ ကြည့်လိုက်တယ်။

ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်က ထူးထူးခြားခြား အားမကောင်းလှပေမယ့် သူနဲ့ရင်ဆိုင်ရတဲ့အခက်အခဲက ပြောင်မြောင်တဲ့သူတော်စင်အရှင်အချို့နဲ့တောင် နှိုင်းယှဉ်နိုင်တယ်။

"စိတ်မကောင်းစရာတစ်ခုက မင်းက သေရမှာပဲ။ သေမင်းရောင်ခြည်......"

နတ်ဆိုးရှင်ဘုရင်ဝါခီဒိုက အော်လိုက်တယ်။ သူ့မျက်လုံးတွေမှ အကန့်အသတ်မဲ့သေမင်းရောင်ခြည်တွေ ထွက်လာပြီး ‌ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်ကို ဝါးမျိုသွားတယ်။

ရွှမ်း........

သွေးအရိပ်တစ်ခုက သေမင်းရောင်ခြည်ကို ထိုးဖောက်သွားပြီး မျက်စိတစ်မှတ်အတွင်း ပျောက်ကွယ်သွားခဲ့တယ်။

ဒါက ‌ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်နည်းလမ်းရဲ့ကောင်းကင်ဘုံဖျက်ဆီးခြင်းရွေ့လျားခြင်းဖြစ်တယ်။ အဲဒါကို သေရေးရှင်ရေးအခြေအနေမှာသာ အသုံးပြုနိုင်တယ်။ တစ်ကြိမ် အသုံးပြုပြီးတာနဲ့ ကောင်းကင်အရှင်တစ်ယောက်ကတောင် မရပ်တန့်နိုင်ပါဘူး။

"ဝါခီဒို၊ မင်း ဘာလို့ သူ့ကို လွတ်မြောက်ခွင့်ပြုလိုက်ရတာလဲ" နတ်ဆိုးရှင်ဘုရင်လောင်ခိုက မကျေမနပ် ပြောလိုက်တယ်၊ သူ့လက်ဝါးက လေကို ရိုက်မိသွားတယ်။

"မစိုးရိမ်နဲ့၊ သူက ငါ့ရဲ့သေမင်းရောင်ခြည် ထိမှန်ထားတယ်။ သူက ရက်အနည်းငယ်သာ အသက်ရှင်နိုင်လိမ့်မယ်"

နတ်ဆိုးရှင်ဘုရင်ဝါခီဒိုက အလွန်ယုံကြည်ချက်အပြည့်ရှိနေတယ်။ ဒီကမ္ဘာပေါ်မှာ အံ့မခန်းအားကောင်းလွန်းတဲ့သူတော်စင်အရှင်အနည်းငယ်ကလွဲပြီး တစ်‌ယောက်မှ သူ့ရဲ့သေမင်းရောင်ခြည်ကြောင့် အသက်မရှင်နိုင်ပါဘူး။

"သူ သေတာကို ကိုယ်တိုင်မမြင်လိုက်ရတာ စိတ်မကောင်းစရာပဲ"

တကယ်တော့ နတ်ဆိုးရှင်ဘုရင်လောင်ခိုက ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်ရဲ့သွေးအဆီအနှစ်ကို လိုချင်နေခဲ့တာ။

သူတော်စင်အရှင်တစ်ယောက်ရဲ့သွေးအဆီအနှစ်က ကြီးမားတဲ့အဟာရတစ်ခုပဲလေ။

ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်က ဒဏ်ရာရကာ ပျောက်ဆုံးနေတယ်။ နက်ပြာပလိန်းရဲ့အနေအထားက လုံးဝပြောင်းလဲသွားခဲ့တော့တယ်။ လူသားတွေက တိုက်ခိုက်ခြင်းမှ ခုခံခြင်းသို့ ပြောင်းလဲခဲ့ရတော့တယ်။

(လက်ရှိမြန်မာဘာသာပြန်သူ၏ရှင်းလင်းချက်၊သလင်းကျောက်=ပုံဆောင်ခဲ။ အရင်ဘာသာပြန်သူက သလင်းကျောက်လို့ ရေးခဲ့ပါတယ်၊ ကျွန်တော် စရေးတုန်းက ပုံဆောင်ခဲဆိုပြီး ရေးခဲ့မိတယ်၊ အခု ကျွန်တော်‌ရေးတာ အပိုင်းတစ်ရာအထိ ရောက်သွားပြီးဆိုတော့ ပြန်မပြောင်းတော့ပါဘူး)

***

All Chapters