← Chapters

လစ်ရမယ်ဟုတ်လား မင်းအရင်လစ်လိုက်

Vol. 23 Ch. 453

လစ်ရမယ်ဟုတ်လား မင်းအရင်လစ်လိုက်

Vol. 23 Ch. 453

နန်ကုန်းချန်းမိုသည် မျက်ရည်များ ပိုကျလာကာ မရပ်တန့်နိုင်တော့ပေ။ သူမသည် နှာရှုတ်ကာ စကားပြောမည်အပြုတွင် မိုးပေါ်ကိုမော့ကြည့်လိုက်ရာ ကောင်းကင်တွင်ပျံသန်းနေသည့် မြင်းတပ်သားတစ်စုံသည် အင်ပါယာကျောင်း တော် စာရင်းသွင်းသည့်ရင်ပြင်သို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရဿည်။ သူတို့သည် ပေထင်းဟွမ်ကို ပစ်မှတ်ထားနေသည်မှာ ထင်ရှားသည်။ သူမသည် ထိတ်လန့်သွားကာ မိုးပေါ်သို့ညွှန်ပြလေသည် “အစ်မ ကြည့်လိုက် အင်ပါယာရဲ့ မြင်းပျံတပ်ပဲ.. မြန်မြန် ဒီကနေမြန်မြန်ထွက်ပြီး ပေထင်းမိသားစု ဒါမှမဟုတ် မင်းသား ၆ ကိုသတင်းပို့ဖို့နည်းလမ်းရှာပြီး သူ့ကိုကယ်ရမယ်”

မုချင်းလင်နှင့် နန်ကုန်းချန်းရှီတို့လည်း ထိတ်လန့်သွား၏။ နန်ကုန်းချန်းမို ၏ စကားများကိုကြားပြီးနောက် ထိုအကြံကောင်းသည်ဟု ခံစားမိကြသည်။ ဤအခိုက်အတန့်တွင် သူတို့သည် ပြေးထွက်ရန်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။

မြင်းပျံတပ်ငါးဖွဲ့သည် အဝေးတစ်နေရာမှ ပျံလာကြသည်။ ရင်ပြင်ထဲတွင် ကျောင်းသားသစ် တစ်သိန်းတို့သည် နောက်ဆုတ်ကာ ရှန်းယန်ကျို့အတွက် နေရာချန်လှပ်ပေးလိုက်ကြသည်။

တောင်ပံပါသားရဲပျံ၏ ကျောပေါ်တွင် လူငယ်တစ်ယောက်သည် ဓားရှည် တစ်ချောင်းကိုင်ကာ ရပ်နေသည်။ သူသည် ဤနေရာကို ကင်းလှည့်နေခြင်းပင်။ မင်းသား ၅ တစ်စုံတစ်ရာဖြစ်နေသည်ဟု ကြားသည်နှင့် သူ အမြန်ပြေးလာခဲ့ သည်။ ထိုအချိန်တွင် ကိုယ်ရံတော်နှစ်ယောက်သည် မြေပေါ်မှ သွေးအိုင်ထဲတွင် လဲနေသည့် မင်းသား ၅ ကိုကာကွယ်နေသည်ကို မြင်လိုက်ရသည်။ သူ့မျက်နှာ သည် မမြင်ရက်စရာဖြစ်နေရာ အင်္ကျီနှင့် အသုံးအဆောင်များကြောင့်သာ သူ၏ သရုပ်မှန်ကိုသိနိုင်ခြင်းဖြစ်သည်။ သူသည် ထိတ်လန့်လွန်းရာ နဂါးပျံ၏ကျော ပေါ်မှကျလုနီးပါးဖြစ်သွားသည်။

“မင်းသား ၅.. ဒါဘယ်သူလုပ်တာလဲ.. ထွက်လာခဲ့” ထိုလူ၏ သွေးဆူ သောဒေါသစိတ်သည် စိတ်ထဲတွင် မြင့်တက်လာသည်။ ရင်ပြင်တစ်ခုလုံးတွင် တုန်လှုပ်ချောက်ချားဖွယ် အော်သံတစ်ခုထွက်ပေါ်လာသည်။ အင်ပါယာ၏ ဂုဏ်သရေသည် လူတိုင်းရန်စခွင့်မရှိပေ။ ယနေ့ မင်းသား ၅ သာ ဤကဲ့သို့ ကြောက်လန့်ဖွယ်ကောင်းအောင် တိုက်ခိုက်ခဲ့ရသည်။ သူသည် အင်ပါယာ တစ်ခုလုံး၏ မျက်နှာကိုပျက်သွားစေသည်။

ရင်ပြင်တစ်ခုလုံးသည် တိတ်ဆိတ်သွားသည်။ အားလုံးသည် ခေါင်းငုံ့ထား ကာ ပေထင်းဟွမ်အား မျက်လုံးထောင့်မှကြည့်ကြလေသည်။ သခင်လေး ၉ သည် ငယ်သေးသည်ဟုသာ သူတို့တွေးနေကြသည်။ ပေထင်းမိသားစု၏ အကာအကွယ်ရှိလျှင်တောင် မင်းသား ၅ ၏ ယောက်ျားပီသမှုကို ဖျက်ဆီး ပြီးနောက် အင်ပါယာသည် အလွတ်ပေးမည်မဟုတ်ပေ။

ထို့အပြင် သခင်လေး ၉ သည် ပေထင်းမိသားစုဌာနချုပ်မှ နှင်ထုတ်ခံထား ရသူဖြစ်သည်။

“လစ်လိုက်တော့ဟုတ်လား” ပေထင်းဟွမ်သည် နှာခေါင်းထိကာ နှာရှုတ် လေသည်။ သူမ ရပ်မြဲရပ်ဆဲပင်။ “မင်းသာ အရင်လစ်လိုက်”

အားလုံးသည် ကြောက်လန့်တကြား ခေါင်းမော့လာကာ ပေထင်းဟွမ် အားမယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။ သေစမ်း သခင်လေး ၉ က အရမ်းကို သတ္တိရဲလွန်းတာမဟုတ်ဘူးလား။ သူက ဒီလိုအချိန်မျိုးမှာတောင် ဆက်ပြီးရန်စရဲသေးတယ်။ ဒါကို.. ဘယ်လိုများဖြေရှင်းတော့မှာလဲ။

“ဟေ့ကောင် မင်းလား” နဂါးကျောပေါ်မှလူသည် အသည်းနာလောက် အောင် ဒေါသထွက်သွားသည်။ သူသည် ပေထင်းဟွမ်အား သရဲတစ်ကောင်ကို မြင်လိုက်ရသလို ကြည့်လေသည်။ ဒီလူငယ်က ရူးတာလား တုံးတာလား။ သူ ဘယ်လိုလူကို ရင်ဆိုင်နေရတယ်ဆိုတာကို မသိဘူးလား။ “ရာယာအင်ပါယာရဲ့ နဂါးပျံမြင်းတပ်ကို ဘယ်လိုတောင် ဒီလိုမျိုးပြောရဲရတာလဲ”

“နဂါးဟုတ်လား” ပေထင်းဟွမ်သည် မိုးပေါ်မှ တောင်ပံပါသားရဲ နှစ်ကောင်ကို အထင်သေးစွာကြည့်ပြီး နှာရှုတ်လေသည် “ဒါကို နဂါးလို့ခေါ်တာ လား.. ဒါကသာမန် တွားသွားသတ္တဝါပဲလေ.. ငါ့ရှေ့မှာ ဘယ်လိုလုပ် နဂါးလို့ ခေါ်ရဲတာလဲ.. ငါက နဂါးအစစ်ကိုမမြင်ဖူးဘူးလို့ထင်ပြီး လာအနိုင်ကျင့်နေတာ လား”

နဂါးငယ်သည် ပေထင်းဟွမ်၏ စကားများကြောင့်ထိတ်လန့်သွား လေ သည်။ ဒီလူငယ်က ဒေါသတကြီးနဲ့ သူ့ကိုလာကြည့်နေတယ်။ သူ့ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်တော့တာလား။ သို့သော် သူမ ရုတ်တရက် မြေပေါ်မှ တိတ်တဆိတ်ထလာသည်ကို မြင်လိုက်ရချိန်တွင် သူမကို အပြာနု ရောင်ဓားရောင်ဝါမှ ဝန်းရံထားသည်ကို မြင်လိုက်ရသည်။ သူမ၏အဆင့်ကို မြင်လိုက်ရချိန်တွင် နဂါးငယ်သည် ပါးစပ်အဟောင်းသားဖြစ်ကာ ဥပင်ဥမိတော့ မလိုပင်။

“ကောင်းကင်အဆင့်” ခဏကြာပြီးနောက် နဂါးငယ် ပြောလိုက်သော စကားလုံးများသည် အားလုံး၏ စိတ်ထဲတွင် အက်ကွဲသောအသံဖြင့် ပဲ့တင်ထပ် သွားသည်။ တကယ်ကြီး ကောင်းကင်အဆင့်ပဲ။

ပေထင်းမိသားစုရဲ့ အသုံးမကျတဲ့သခင်လေး ၉ ကတကယ်ကြီး ကောင်းကင်အဆင့်ဓားသခင်ဖြစ်နေတာပဲ။

All Chapters