အမှိုက်ကိုတောင်မနိုင်ဘူး
Vol. 23 Ch. 454
နဂါးတပ်သားသည် ပြန်စဉ်းစားရမည်။ မိသားစုမှ လက်လျှော့ထားသည့် ၁၄ နှစ်အရွယ် ကောင်းကင်အဆင့်ဓားသခင်… ပေထင်းဟွမ်သာ သူမ၏ ကောင်းကင်အဆင့်ကိုထုတ်ဖော်ပြလိုက်သည်နှင့် စွန့်ပစ်ခံလူငယ်မဟုတ်တော့ ပေ။ သူမအပေါ်တွင် စေတနာကိုပြသရန်အတွက် ပေထင်းမိသားစုသည် သူမ ၏ အနောက်တွင် မဆိုင်းမတွရပ်တည်မည်ဖြစ်သည်။
ထိုမိသားစုသည် သာမန်မိသားစုမဟုတ်ဘဲ ဝိညာဉ်သခင်မိသားစုလေးခု အနက်တွင် ဒုတိယအဆင့်လိုက်သော မိသားစုဖြစ်သည်။ မဟုတ်သေးပေ နန်ကုန်းမိသားစု၏ နန်ကုန်းရှို့ပျောက်ကွယ်ပြီးနောက်တွင် မြေကြီးမီးဆေး၏ အကူအညီနှင့် ပေထင်းမိသားစုသည် အချိန်တစ်ခုအတွင်း နံပါတ် ၁ ဖြစ်လာနိုင် သည်။
ခေါင်းကိုက်စရာပင်။ တစ်ဖက်မှာ ပေထင်းမိသာစု၏ သခင်လေးဖြစ်၏။ တစ်ဖက်မှာ အင်ပါယာ၏ အချစ်ခံရဆုံးမင်းသားဖြစ်သည်။ နဂါးတပ်သားသည် ဤခရီးကိုလာခဲ့သည့်အတွက် နောင်တရမိသည်။ သူ ပြောရမည် “သခင်လေး ၉ မင်းက မင်းသား ၅ ကို ဒီလိုမျိုးထိခိုက်အောင်လုပ်ခဲ့တယ်.. ငါတို့နောက် လိုက်ပြီး အင်ပါယာရဲ့ဧကရာဇ်နဲ့ရင်ဆိုင်ဖို့ပဲရှိတော့မှာစိုးတယ်.. ဧကရာဇ်က စီရင်ချက်ချတာကို စောင့်ရမယ်”
“စီရင်ချက်ချမယ်ဟုတ်လား” ပေထင်းဟွမ်သည် မျက်ခုံးများကိုပင့်ကာ နှာမှုတ်လိုက်သည် “ဘယ်အပြစ်ကို စီရင်ချက်ချမှာလဲ.. ငါက မင်းသား ၅ ကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်လို့ထင်တာလား”
နဂါးတပ်သားသည် ဆွံ့အသွားသည်။ သူ့စိတ်ထဲတွင် အံ့ဩမှု အရိပ်အယောင်လည်း ဖြတ်ပြေးသွားလေသည်။ သခင်လေး ၉ သာမဟုတ်လျှင် ကိစ္စများသည် လွယ်ကူသွားနိုင်သည်။ သူသည် အလျင်စလိုမေးလိုက်၏ “သူ့ကို ဒဏ်ရာရအောင်လုပ်တာ သခင်လေး ၉ မဟုတ်မှတော့ အထင်လွဲတာပဲဖြစ်မယ် တရားခံက ဘယ်သူလဲဆိုတာ သခင်လေး ၉ ကျေးဇူးပြုပြီးပြောနိုင်မလား”
အားလုံးသည် စိတ်လွင့်သွားလေ၏။ သူမကပဲ သူ့ကိုထိခိုက်အောင်လုပ် တာမဟုတ်ဘူးလား။ မျက်လုံးပေါင်းထောင်ချီက ထင်ယောင်ထင်မှားမြင်လိုက် ရတာလား။ အားလုံး၏မျက်လုံးများသည် ပေထင်းဟွမ်အပေါ်ကျရောက်လာ ကာ သူမ မည်သည့်အကွက်ရွှေ့နေသည်ကို နားမလည်နိုင်တော့ပေ။
နဂါးတပ်သားသိသည်မှာ ပေထင်းဟွမ်သည် သူနှင့်ကစားနေသည်။ သူသည် မျက်မှောင်ကြုတ်ရုံအပြင်မတတ်နိုင်တော့ဘဲ အေးစက်စွာပြောလိုက် လေသည် “သခင်လေး ၉ အခုငါတို့က ကိစ္စကြီးကိုလုပ်နေတာ.. သူ့ကို ဒဏ်ရာရအောင်လုပ်တာ မင်းဆိုရင် ပူးပေါင်းပေးပြီး ငါတို့နဲ့ လိုက်ခဲ့ပါ”
“ဟီး ဟီး” ပေထင်းဟွမ်သည် ဘာမှမရှိသည့်မေးစေ့ကို ပွတ်ပြီး သူမ အနောက်တွင်ရှိနေသည့် လူငယ်နှင့် အဖွဲ့ကို အထင်သေးစွာကြည့်လိုက်သည်။ ဒါက အင်ပါယာရဲ့ နဂါးပျံတပ်လား။ သူတို့တွေ သံမဏိသွေးနဲ့ဆိုရင် ဘယ်နခါ လောက် တောင့်ခံနိုင်မလဲဆိုတာ မသိတော့ဘူး။
“ဒါနဲ့ ငါက အမှိုက်ပါလို့ မင်းသား ၅ ကပြောခဲ့တယ်.. လူတစ်ယောက်ကို ထိခိုက်အောင်လုပ်နိုင်တဲ့ အမှိုက်ကိုတွေ့ဖူးလို့လား.. ငါမမှားဘူးဆိုရင် မင်းသား ၅ က အဆင့် ၃ ဝိညာဉ်သခင်ပဲ.. ဟုတ်တယ်မလား ဘာလို့လဲ.. အဆင့် ၃ ဝိညာဉ်သခင် မင်းသားက အမှိုက်ကိုတောင်မနိုင်ဘူးလား”
အမှိုက်ဟုတ်လး။ သူမသာ အမှိုက်ဆိုရင် ပင်မတိုက်ကြီးကလူတွေက အမှိုက်ဖြစ်မသွားဘူးလား။ သူတို့အကုန်လုံးက အမှိုက်ထက်တောင်ဆိုးနေတာ လား။
ပါးစပ်ထဲမှ တံတွေးများကို အပြည့်အဝခက်ခက်ခဲခဲမျိုချကာ လူငယ် သည် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် “သခင်လေး ၉ မင်းနောက်နေတာ ဖြစ်မယ်.. အရင်က အထင်လွဲမှုတွေဖြစ်ခဲ့တာကို ငါဂရုမစိုက်ဘူး.. အခု သခင်လေး ၉ ကမင်းသား ၅ ကိုထိခိုက်အောင်လုပ်ခဲ့တယ်.. ငါလည်း တခြား ရွေးချယ်စရာမရှိဘဲ သခင်လေး ၉ ကိုခေါ်သွားရမှာပဲ.. တစ်ခုခုပြောစရာရှိရင် အင်ပါယာရဲ့ ဧကရာဇ်ရှေ့မှာပဲပြောပါ.. ပေထင်းမိသားစုတောင် အင်ပါယာကို ဆန့်ကျင်ဖို့ နှစ်ခါပြန်စဉ်းစားလိမ့်မယ်လို့ပဲ ပြောနိုင်မယ်”
“တောင်းပန်ပါတယ် ဒါပေမဲ့ ငါမင်းန့မလိုက်နိုင်ဘူး.. ဧကရာဇ်နဲ့ စကား ပြောစေချင်ရင် သူ့ကိုဖိတ်ခိုင်းလိုက်ပါ” ပေထင်းဟွမ်သည် အနက်ရောင်ဝတ်ရုံ ကိုပြန်ခြုံလိုက်သည်။ ငွေရောင်မျက်နှာဖုံးသည် နေရော်အောက်တွင် လက် သွား၏။ သူမ၏မျက်လုံးများသည် ဒေါသဖြင့်တောက်ပလာပြီး သူမ၏နှုတ်ခမ်း များသည် ပျံသန်းနေသောနဂါးမြင်းတပ်သားအားလုံးကို လှောင်ပြောင်နေသကဲ့ သို့ ဆိုးသွမ်းသော လှောင်ပြောင်မှုတစ်ခုအဖြစ် တွန့်လိမ်သွားလေသည်။
နဂါးမြင်းတပ်ခွဲခေါင်းဆောင်တစ်ယောက်အနေနှင့် လူငယ်သည် အင်ပါယာမြို့တစ်ခုလုံး သူသွားသည့်နေရာတိုင်းတွင် လေးစားခံရသည်။ သူသည် ယခုလိုမျိုး တစ်ခါမှအနိုင်ကျင့်မခံရပေ။ ချက်ချင်းဆိုသလိုပင် သူ ဒေါသထွက်လာသည်။ သူ မျက်မှောင်ကြုတ်ပြီး မည်းပုပ်သောမျက်နှာထားဖြင့် ပြောလိုက်သည် “သခင်လေး ၉.. ဒါက မင်းအပေါ်မှာမူတည်မနေမှာကို ကြောက်တယ်”
“အတင့်ရဲလိုက်တာ.. အင်ပါယာကျောင်းတော်က လူကို ဘယ်သူက အတင်းခေါ်သွားဖို့လုပ်တာလဲ”