← Chapters

သူက ငါ့ရဲ့တစ်ဦးတည်းသောကျောင်းသားပဲ

Vol. 23 Ch. 455

သူက ငါ့ရဲ့တစ်ဦးတည်းသောကျောင်းသားပဲ

Vol. 23 Ch. 455

နူးညံ့သောအသံတစ်သံသည် နွေဦးလေပြည်ကဲ့သို့ ရောက်လာသည်။ ထိုအသံသည် နွေဦးကဲ့သို့ကြည်လင်သော်လည်း အင်ပါယာကျောင်းတော်မှ မခံနိုင်သော ခမ်းနားသည့်အာနုဘော်ကို သယ်ဆောင်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အဖြူရောင်အင်္ကျီလက်ဝကျယ်ဝတ်စုံ ဝတ် ဆင်ထားသည့် ခမ်းနားသောအမျိုးသားတစ်ယောက်သည် ကျောင်းတော်၏ တံခါးမှထွက်လာသည်။ သူသည် တစ်လှမ်းချင်း ဖြည်းဖြည်းပင် မိုးပေါ်တွင် ပျံဝဲနေသော ပေထင်းဟွမ်ဆီသို့ လျှောက်လာလေသည်။ သူ၏ရှည်လျား နက်မှောင်သော ဆံပင်များသည် ခါးအထိ ဝဲကျနေကာ လေနှင့်အတူလွင့်ပါ လျက်ရှိသည်။ သူ၏အညိုရောင်မျက်လုံးများသည် ဖန်လုံးနှစ်လုံးကဲ့သို့ ကြည်လင်နေနေသည်။ ထိုမျက်လုံးများသည် တောက်ပသည်မှာ ဝိညာဉ်ကိုပင် မွှေနှောက်နိုင်လောက်သည်အထိပင်။

ထိုအမျိုးသားကိုမြင်လိုက်သည့်အခိုက်အတန့်တွင် အားလုံးသည် ထိတ်လန့်ကုန်သည်။ သူတို့၏အသက်ကို နှုတ်ယူခံရမလားဆိုသည်ကိုပင် မေ့လျော့လျက်ရှိသည်။

“ကျောင်းအုပ်ကြီး” ကျန်းယန်သည် ပထမဆုံးလျှောက်လာသူဖြစ်၏။ သူသည် ရင်ပြင်တွင် ကျောင်းသားစုဆောင်းသည့် နည်းပြတို့အဖွဲ့နောက်မှ လိုက်လာခဲ့သည်။ သူတို့သည် ထိုလူအား ဦးညွှတ်နှုတ်ဆက်ကြသည်။

“ကျောင်းအုပ်ကြီးဟုတ်လား.. ကျောင်းအုပ်ကြီးနန်လင်းလား.. ကျောင်းအုပ်ကြီးနန်လင်းပဲ.. ပင်မတိုက်ကြီးက နံပါတ် ၁ ကျွမ်းကျင်သူလေ”

“မိုးနတ်မင်းရေ.. ကျောင်းအုပ်ကြီးနန်လင်းက ဘာလို့အဲလောက်တောင် ကြည့်ကောင်းနေရတာလဲ.. ငါသေတော့မယ်.. ငါ့နှလုံးတောင်မခုန်ချင်တော့ဘူး”

ရှဲရှဲမြည်နေသော ဒယ်အိုးထဲသို့ ရေတစ်ကျသွားသည့်အလား အသံများ ဆူညံသွားတော့သည်။ ဤတိုက်ကြီး၏ နံပါတ် ၁ ကျွမ်းကျင်သူ၊ အချောဆုံးသူ ကို ရှင်းရှင်းလင်းလင်းမြင်ချင်ကြသဖြင့် အားလုံးသည် တိုးတိုးတိတ်တိတ် ရှေ့သို့တွန်းတိုးလာကြသည်။ ဆရာနန်လင်းကိုမြင်ချင်လို့ အင်ပါယာကို စာရင်း လာသွင်းတဲ့သူ ဘယ်လောက်များလိုက်လဲ။ လူငယ်များအတွက် ဆရာနန်လင်း သည် သူတို့နှလုံးသားထဲမှ နတ်ဘုရားတစ်ပါးဖြစ်ကာ သူတို့အသက်၏ လှုံ့ဆော်သူဖြစ်သည်။

“လူကြီးမင်းနန်လင်း” ထိုလူငယ်သည် မယုံနိုင်တော့ပေ။ ဆရာနန်လင်း က ဘယ်လိုလုပ်သိသွားတာလဲ။ ချက်ချင်းဆိုသလိုပင် လူငယ်သည် ရှေ့တစ်လှမ်းတိုးကာ နဂါး၏ခေါင်းပေါ်တက်ရပ်လိုက်သည်။ သူသည် ဆရာ နန်လင်းကို အရိုအသေပြုလေသည် “ဆရာနန်လင်း.. လူကြီးမင်းက ကျွန်တော့် စံပြပုဂ္ဂိုလ်ပါ..လူကြီးမင်းကိုတွေ့ရတာ ဂုဏ်ယူရပါတယ်.. တောင်းပန်ပါတယ် ကျွန်တော်က ဒီကိုတာဝန်အရလာတာဖြစ်ပြီး အင်ပါယာကျောင်းတော်ရဲ့ လူ စုဆောင်းတဲ့လုပ်ငန်းစဉ်ကို မနှောင့်ယှက်ချင်ပါဘူး.. သခင်လေးပေထင်းဟွမ် က မင်းသား ၅ ကို အပြင်းအထန်ဒဏ်ရာရအောင်လုပ်ခဲ့ပါတယ်.. ကံကောင်းလို့ သူက အင်ပါယာကျောင်းတော်က ကျောင်းသားမဖြစ်သေး…”

“မဟုတ်ဘူး မင်းမှားနေပြီထင်တယ်” ဆရာနန်လင်းသည် နွေးထွေးစွာ ပြုံးပြီး သူ့လက်ကိုညင်သာစွာဝေ့ယမ်းလိုက်သည်။ သူသည် ပေထင်းဟွမ်အား စိုက်ကြည့်လိုက်ရာ ပေထင်းဟွမ်သည် ချက်ချင်းဆိုသလိုပင် ရေပူစမ်းထဲ ရောက်သွားသကဲ့သို့ နွေးသွား၏ “သူက ငါ့ကျောင်းသားပဲ.. ငါ့ဘဝမှာ လက်ခံတဲ့ တစ်ဦးတည်းသောတပည့်ပဲ.. သူက လွန်ခဲ့တဲ့ ၄ လကတည်းက ငါ့ကျောင်းသား ဖြစ်နေပြီ.. သူ့ကိုဘယ်သူကမှ ခေါ်သွားခွင့်မပြုနိုင်ဘူး”

ကျောင်းသားဟုတ်လား။

လူငယ်လေးသည် မှင်တက်နေသည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရင်ပြင် ထဲရှိ လူပေါင်းသောင်းချီသည် ထိုစကားနှစ်လုံးကိုကြားလိုက်ရသောအခါ တုန်လှုပ်ချောက်ချားသွားလေသည်။ သူသည် တခြားသူ၏ကျောင်းသားမဟုတ် ဘဲ တိုက်ကြီးတွင် နံပါတ် ၁ ကျွမ်းကျင်သူဖြစ်သည့် ဆရာနန်လင်း၏ ကျောင်းသားဖြစ်သည်။ ဤကဲ့သို့လူမျိုး၏ ကျောင်းသားဖြစ်လာရန် ရာယာ အင်ပါယာမဆိုထားနှင့် ဤတိုက်ကြီးတွင် တားမြစ်ချက်မရှိ သွားလာလျှင် တောင် မည်သူမှ ထိုလူကိုငြင်းဆန်ရဲမည်မဟုတ်ပေ။

ထို့ကြောင့်ပင် ဤလူငယ်သည် ထောင်လွှားပြီး ရဲစွမ်းသတ္တိရှိနေခြင်းပင်။ ပေထင်းဟွမ်အား ကြည့်သည့်အကြည့်များအားလုံး ပြောင်းလဲသွားသည်။ သူတို့၏ အားကျပြီး တောက်လောင်သည့်အကြည့်များသည် ပေထင်းဟွမ် အပေါ်ကျရောက်လာသည်။ သူသည် တိုက်ကြီးတွင် နံပါတ် ၁ မိသားစုတွင် မွေးဖွားလာပြီး နံပါတ် ၁ ကျွမ်းကျင်သူကို ဆရာအဖြစ် ထားရသည်။ ဒီကလေး က ဘာလို့ ဒီလောက်တောင် ကံကောင်းရတာလဲ။

ဤပြည်မတိုက်ကြီးတွင် ဤအခိုက်အတန့်ကို စောင့်နေသူများ နေ့စဉ် နေ့တိုင်းမရေမတွက်နိုင်အောင်ရှိသည်။ သူတို့သည် သခင်ကြီးနန်လင်းအား ဆရာဖြစ်စေလိုသဖြင့် အဆက်အသွယ်သုံးပြီး ကြိုးစားခဲ့သော်လည်း မလုပ်နိုင် ခဲ့ကြပေ။ ဒီကလေးက ဆရာနန်လင်းရဲ့တပည့်ဖြစ်နေတာ ဘယ်လိုတောင် ကံကောင်းလို့လဲ။

“ကျောင်းသားဟုတ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” မုဝမ်ယွဲ့သည် စိတ်ထဲတွင် နာကျင်သွားကာ အသက်ပင်မရှူနိုင်တော့ပေ။ သူမသည် ရင်ဘတ် မှ အဝတ်ကိုဆုပ်ကိုင်ပြီး အသက်မှန်မှန်ရှူရန်ကြိုးစားလေသည်။ သူမ ဤနေရာတွင်နေနေသည်မှာ အမှိုက်ပေထင်းဟွမ်ကို အင်ပါယာ၏နဂါး မြင်းတပ်မှ လာခေါ်သည်ကို သူမ မျက်လုံးနှင့် ကြည့်ချင်၍ဖြစ်သည်။ လူမြင်ကွင်းတွင် အသတ်ခံရလျှင် အကောင်းဆုံးပင်။ သို့သော် သူသည် ကောင်းကင် အဆင့် ဓားသခင်တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်သည်ကို မမြင်လိုက်ရဘဲ ကျောင်းအုပ်နန်လင်း၏ တစ်ဦးတည်းသောကျောင်းသားဖြစ် သည်ကို သူမ ကိုယ်တိုင်မြင်လိုက်ရခြင်းပင်…

All Chapters