သူမက ဘာလို့ကောင်းကင်ဘုံမသွားတာလဲ
Vol. 23 Ch. 456
“မိုးနတ်မင်းရေ ကျောင်းအုပ်နန်လင်းရဲ့ကျောင်းသားပဲ.. ဒီမှာ အပြီးသတ် သွားဖို့မျှော်လင့်ပါတယ်.. တခြားသတင်းမကြားချင်တော့ဘူး.. သူက ဟွမ်ကျို့ ပါလို့မပြောနဲ့တော့ ငါလန့်လို့သေတော့မယ်” လူအုပ်ထဲတွင် မဟာမိတ်မြို့မှ ပို့လိုက်သော ဖန်ပုံရိပ်ကို ကိုယ်တိုင်မြင်ဖူးသော လူငယ်သည် ရင်ဘတ်ကို ပုတ်ပြီးအော်လိုက်သည်။
ပေထင်းဟွမ်နှင့် ဖန်လုံးထဲမှ မျိုးရိုးမြင့်လူငယ်တို့၏ ပုံရိပ်များသည် တစ်ထပ်တည်းဖြစ်နေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” တပ်သားသည် နဂါး၏ခေါင်းပေါ်မှ ကျသွား လေသည်။ ကံကောင်းစွာပင် နဂါးသည် သခင်ဖြစ်သူကို ကာကွယ်ပြီး အလျင် အမြန်ဖမ်းလိုက်သည်။ ကျောင်းတော်၏ ကျောင်းအုပ်ရာထူးနှင့်ပြောသော စကားသည် အမှန်ဖြစ်ကြောင်း သူသိသည်။ သူသည် သူ၏ကျောင်းသားကို ကာကွယ်ရန် အင်ပါယာနှင့် ရန်သူဖြစ်ရန်ရွေးချယ်သည်။ ပေထင်းဟွမ်သည် သူ့အတွက် မည်မျှအရေးကြီးကြောင်းကို တွေးကြည့်ရန်မခက်ပေ။
၁၄ နှစ်အရွယ် ကောင်းကင်အဆင့်.. မထူးခြားတော့ပေ.. သို့သော် လွဲမှား နေသေးသည်။ ဤလူငယ်သည် ဓားသခင်ဖြစ်ပြီး သခင်ကြီးနန်လင်းသည် ဝိညာဉ်သခင်ဖြစ်သည်။
မြင်းတပ်မှလူငယ်သည် စိတ်လွတ်သွားမတတ်ပင်။ သူသည် အလျင်အမြန်ပင်ပြောလေသည် “သခင်ကြီးနန်လင်းက ဝိညာဉ်ဓားနှစ်သွယ် ကျင့်ကြံသူလား”
ထိုအခါမှပင် အားလုံးသတိပြန်ဝင်လာကာ နန်လင်းအား သံသယ မျက်လုံးများဖြင့် ကြည့်ကြလေသည်။ ဒီလူငယ်က ဘာတွေများကောင်းနေလို့ လဲ။ သခင်ကြီးနန်လင်းက သူ့သရုပ်မှန်ကို စတေးပြီး ဒီလူငယ်ကို ကာကွယ်ဖို့ အတွက် လိမ်ညာနေတာလား။
ပေထင်းဟွမ်သည် အားလုံး၏စိတ်ထဲမှ သံသယများကိုမြင်နိုင်သည်။ သူမ သည် နန်လင်း၏ ကာကွယ်မှုကြောင့် အလွန်ရင်ထဲထိမိသည်။ သူမ၏ အရင် ဘဝတွင် အရာအားလုံးကိုစွန့်လွှတ်ပြီး သူမကို ဤကဲ့သို့ကာကွယ်ချင်သူ များများစားစားမရှိခဲ့ပေ။ နှစ်ယောက်တည်းသာရှိသည်။ တစ်ယောက်မှာ သူမ ကို သေလျှင်တောင် ပစ်ထားမသွားသည့် ယန်ယဲ့ဖြစ်ကာ နောက်တစ်ယောက် မှာ နန်လင်းဖြစ်သည်။ သူမသည် သူ့ကိုအရင်ကမမြင်ဖူးသော်လည်း အင်ပါယာ ၏ ဖိအားကိုတောင့်ခံပြီး သူမကို ကာကွယ်ခဲ့သည်။
ဤကဲ့သို့လူမျိုးသည် သူမ၏ ဆရာဖြစ်ရန် အရည်အချင်းပြည့်မှီသည်။
ပေထင်းဟွမ်သည် ဆရာနန်လင်းဆိသို့လျှောက်သွားပြီး အလေးအနက် အရိုအသေပေးလိုက်သည်။ နူးညံ့သည့်အင်အားတစ်ခု ရောက်လာပြီး သူမအား ထူပေးလေသည်။ ပေထင်းဟွမ် မတ်တတ်ရပ်ကာ နွေဦးကဲ့သို့ကြည်လင်နေ သည့် ထိုလူ၏အညိုရောင်မျက်လုံးများအား ကြည့်လိုက်သည်။ သူမ၏ ရင်မှာ နွေးသွားကာ သူမ၏ကြည်လင်သောအသံသည် ရင်ပြင်ထဲတွင်ထွက်ပေါ်လာ သည် “ဆရာနန်လင်း တောင်းပန်ပါတယ်.. ကျွန်တော် ဆရာ့ရဲ့ခွင့်ပြုချက်မရှိဘဲ လူကြီးမင်းလန်ချန်းမိုကို ဆရာတော်ခဲ့တာပါ.. သူက ကျွန်တော့်ကို ဓားသိုင်း သင်ပေးတာပါ”
“သေစမ်း ဒါဘယ်လိုကမ္ဘာကြီးလဲ.. မိုးနတ်မင်းတွေက မတရားလိုက်တာ.. သူက ဘာလို့ကောင်းတာတွေချည်းပဲယူသွားတာလဲ.. သခင်ကြီးလန်ချန်းမိုက တိုက်ကြီးပေါ်က တစ်ခုတည်းသော ဓားဂိုဏ်းကလူပဲ”
“အဲဒါကြောင့် သူက ငယ်ငဘ်လေးနဲ့ ကောင်းကင်အဆင့် ဓားသခင်ဖြစ် နေတာကိုး.. သူ့မှာ ဓားဂိုဏ်းက ဆရာရှိနေတာပဲ”
“ငါ့ကိုသေခွင့်ပေးပါတော့… ငါကျ ဘာလို့ ဒီလိုမျိုးကောင်းတာတွေနဲ့ မတွေ့ရတာလဲ”
ကျန်းယန်သည် အသက်ကိုပြင်းပြင်းရှူလိုက်သည်။ သူသည် အံကိုတင်း ငတ်းကြိတ်ကာ လူအုပ်ထဲမှ ကျောင်းသားသစ်များ၏ ဆွေးနွေးမှုများကို နားထောင်နေသည်။ သူသည် အသက် ၅၅ နှစ်ရှိပြီဖြစ်သော်လည်း ကြွက်သေ ကို ဖမ်းရန် အမြင်ကန်းလွန်းသည်။ သူသည် သူ့ဘဝတစ်ခုလုံးတွင် ဤကဲ့သို့ ကောင်းသောအရာမျိုးကို တစ်ခါမှမတွေ့ဖူးပေ။
ဓားမျိုနွယ်နှင့် တိုက်ကြီးမှ ကျွမ်းကျင်သူများသည် ဤကလေး၏ ဆရာ ဖြစ်နေသည်။ ဟားဟား သူတို့တွေ သူ့ကို ဘယ်လိုလုပ် အရှင်ထားနိုင်တော့မှာ လဲ။
“ကျွတ်” လူငယ်လည်း မှင်တက်သွားလေသည်။ တစ်နည်းပြောရလျှင် ပေထင်းမိသားစု၏ ‘အမှိုက်သခင်လေး ၉’ ဟု ခေါ်သောအရာကို ယနေ့တွင် ဆက်တိုက်ခေါ်နေပါက ရာယာအင်ပါယာသည် ပြိုင်ဘက်ကင်းကျွမ်းကျင်သူ နှစ်ယောက်ကို ဆန့်ကျင်သွားမည်ဟု ဆိုလိုခြင်းပင်။ တစ်ယောက်မှာ အနောက်တွင် ကြီးမားသော အဖွဲ့အစည်းရှိသည့် ရှန်းမိသားစုမှ သခင်ကြီး လန်ချန်းမိုဖြစ်သည်။ နောက်တစ်ယောက်မှာ တိုက်ကြီးရှိ ဝိညာဉ်သခင် ကျောင်းမှ နံပါတ် ၁ သခင်ကြီးနန်လင်းဖြစ်သည်။
လူငယ်၏ အမြင်များ မှောင်မိုက်လာသည်။ ကောင်းကင်ဘုံသည် အမှန် တကယ်ပင် ကန်းနေခြင်းပင်။ ဤကဲ့သို့ရဲစွမ်းသတ္တိရှိသူ၏ နောက်ကွယ်တွင် အားကောင်းသောနောက်ခံရှိနေသည်။ ထိုလူများသည် သူတို့ကိုယ်သူတို့ အထူး ကာကွယ်နိုင်ကြသည်။ သူတို့သည် အနာဂတ်တွင် တိုက်ကြီးကို လှန်ပစ်ရန် ပြင်ဆင်ထားကြသည်လား။
သူ ဘာလို့ကောင်းကင်ဘုံကိုမသွားတာလဲ။ နေနဲ့တောင်ရင်ဘောင်တန်း ပြီးရပ်နိုင်လောက်တယ်လေ။