← Chapters

အဲဒီအားနည်းတဲ့လူသားတွေက အရမ်းရယ်ရတာပဲ

Vol. 23 Ch. 458

အဲဒီအားနည်းတဲ့လူသားတွေက အရမ်းရယ်ရတာပဲ

Vol. 23 Ch. 458

ကျောင်းသားသစ်များအားလုံး စာရင်းသွင်းပြီးသောအခါ ဝင်ခွင့်စမ်းသပ်မှု ကို ဖြေဆိုရသည်။ ဝင်ခွင့်စမ်းသပ်မှုအောင်မြင်မှသာ အင်ပါယာကျောင်းတော် ၏ ကျောင်းသားအဖြစ် အသိအမှတ်ပြုသည်။ သို့သော် ပေထင်းဟွမ်သည် ချွင်းချက်ဖြစ်နေသည်။ ကျောင်းအုပ်နန်လင်း၏စကားများကြောင့် ကောင်းကင် ကျောင်းတော်အဆင့်တွင် ထိပ်တန်းကျောင်းသား ၁၀ ယောက်မှလွဲ၍ ပေထင်း ဟွမ်ကို မည်သူကမှ အင်ပါယာကျောင်းတော်သို့ဝင်မည့်အရေးကိုမတားရဲကြ တော့ပေ။

ကျောင်းအုပ်ကြီး၏လွှမ်းမိုးမှုနှင့် ညအရှင်သခင်၏ ကိုယ်ရံတော်မှ နဂါးပျံမြင်းတပ်ကို နှင်လွှတ်လိုက်ပြီးနောက် ရင်ပြင်ထဲတွင် ပြန်လည်အသက် ဝင်သွားကြသည်။ အထူးအကြံပေးပုဂ္ဂိုလ်ရောက်လာပြီး ပေထင်းဟွမ်ကိုခေါ် ကာ ဝင်ခွင့်လုပ်ငန်းစဉ်များကို လုပ်ပေးလေသည်။ သည်လိုနှင့် ရက်အနည်း ငယ်အတွင်းမှာပင် ကျောင်းသားအသစ်များအားလုံးသည် ဝင်ခွင့်လုပ်ငန်းစဉ် များကို ပြုလုပ်ပြီးလေသည်။ ကျောင်းသည် ကျောင်းသားသစ်များအတွက် နေထိုင်ရန်အတွက် စီစဉ်ပြီးဖြုစ်ရာ ပေထင်းဟွမ်အတွက်လည်း တစ်ခါတည်း စီစဉ်ထားရှိလေသည်။

“မိုးနတ်မင်းရေ အဲဒါကဘာကြီးလဲ”

အော်သံတစ်ခုသည် အားလုံး၏ အာရုံကိုဖမ်းစားလိုက်သည်။ အဝေးရှိ မိုးကောင်ကင်တွင် ကြီးမားသောအပြာရောင်အရိပ်တစ်ခုသည် အင်ပါယာ ကျောင်းတော်ရင်ပြင်နှင့် ပိုပိုနီးကပ်လာသည်။ ချည်းကပ်မလာခင်တွင် သူတို့ အထက်မှမိုးကောင်းကင်သည် ထိုကြီးမားသောသတ္တဝါကြီး၏လွှမ်းမိုးမှုကို ခံ လိုက်ရပုံပင်။ အားလုံး၏ စိတ်နှလုံးများ တုန်ယင်သွားတော့သည်။ သူတို့သည် ယနေ့ထွက်လာချိန်တွင် ပြက္ခဒိန်မကြည့်ခဲ့ရပေ။ ကိစ္စများသည် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဘာထပ်ဖြစ်ဦးမှာလဲ။

မျက်လုံးများအားလုံးသည် အပြာရောင်အရိပ်ပေါ်သို့ ကျရောက်သွားလေ သည်။ စာရင်းသွင်းသည့်နေရာတွင်ရှိနေသည့် ဆရာပင်လျှင် ထိုဦးတည်ဘက် သို့အလန့်တကြားကြည့်လေသည်။ သူသည် အိုမင်းပြီဖြစ်သော်လည်း အမြင် အာရုံမှာကောင်းသေးသည်။ သူသည် မယုံနိုင်စွာဖြင့် ရေရွတ်လိုက်သည် “ရေခဲ နဂါးပြာလား”

နတ်သားရဲ၏ အားကောင်းသော ဖိအားသည် စာရင်းသွင်းရန်ရောက်နေ သော ကျောင်းသားများဘေးမှ မှော်သားရဲများကို ဒူးထောက်စေသည်။ သူတို့၏ နဂိုကထိတ်လန့်နေသောမျက်လုံးများသည် ဤအခိုက်အတန့်တွင် စိတ်လှုပ်ရှား စေသည်။ ရေခဲနဂါးပြာသည် နဂါးကဲ့သို့တွားသွားသတ္တဝါမဟုတ်ဘဲ ရှားပါး သော ရှေးနတ်နဂါးသွေးသားဖြစ်သည်။

၎င်းသည် မီတာ ၁၀ ချီရှိသော နဂါးအစစ်အမှန်ဖြစ်သည်။ ၎င်း၏ခန္ဓာ ကိုယ်ပေါ်မှ ကြီးမားအရေခွံသည် အပြာရောင်အလင်းတောက်ပနေသည်မှာ ရှေးနတ်သားရဲတို့၏ မယှဉ်နိုင်အောင် အားကောင်းသောခုခံနိုင်မှုကို ပြသနေ သည်။ ၎င်း၏ဝမ်းဗိုက်အောက်တွင် ခြေထောက်လေးချောင်းသည် အလွန် သန်မာသည်။ ၎င်း၏ခြေချောင်းများပေါ်တွင် အေးစက်သောအလင်းပေါ်လာပြီး မယှဉ်နိုင်လောက်အောင် ချွန်ထက်သောလက်သည်းများသည် အနည်းငယ် ကွေးနေသည်။ ၎င်းသည် မောက်မာစွာဖြင့် ခေါင်းမော့ပြီး ကြီးမားသော အပြာ ရောင်မျက်လုံးများဖြင့် အထင်သေးစွာကြည့်လေသည် “ဒီမှာ အားနည်းတဲ့ လူသားတွေ ဘာလို့ ဒီလောက်များနေတာလဲ၊ သခင် နဂါးအငွေ့အသက်ထုတ် ပြီး သူတို့ကို ရေခဲရုပ်ထုဖြစ်သွားအောင် လုပ်စေချင်တာလို့တော့ မပြောနဲ့နော်”

“အဲနဂါးက စကားပြောနိုင်တာလား” အဖွဲ့ထဲမှ လူသစ်လေးသည် ကြောက်လွန်းသဖြင့် နောက်ပြန်လဲကျသွား၏။ သူတို့သည် အနောက်မှ ထိတ်လန့်နေသော တခြားလူသစ်များနှင့်ပင် တိုက်မိလေသည်။ ချက်ချင်းဆို သလိုပင် သူတို့သည် ဒိုမီနိုကဲ့သို့ လဲကျကြလေသည်။

“ဟားဟား အဲဒီအားနည်းတဲ့ လူသားတွေက အရမ်းရယ်ရတာပဲ” ရေခဲ နဂါးပြာသည် မြေပေါ်သို့တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသော ကျောင်းသားသစ်များကို ကြည့်နေသည်။ ၎င်း၏မျက်လုံးများသည် ရုတ်တရက် ကျောင်းဝင်ပေါက်တွင်ရပ်ကာ လက်ပိုက်ပြီး သူတို့ကိုကြည့်နေသည့် အနက် ရောင်ဝတ်လူငယ်ဆီသို့ ရောက်သွားလေသည်။ ၎င်းသည် ခေတ္တမျှ မှင်တက် သွားမိပြီး ၎င်း၏ရေခဲပြာမျက်လုံးများထဲတွင် ကြောက်လန့်သော အရိပ်အယောင်တစ်ခုဖြစ်ပေါ်လာသည်။

မိုးနတ်မင်းရေ သူက အဲဒီမှာ ဘာရပ်လုပ်နေတာလဲ။ သူ ဒီကို ပြဿနာ လာရှာတယ်လို့ အထင်မလွဲလိုက်ပါနဲ့။ မြင်ကွင်းတစ်ခုလုံးကို သိမ်းကျုံးကြည့် ပြီးနောက် ရေခဲနဂါးပြာသည် သူ့ကိုဖမ်းပြီး အနိုင်ယူခဲ့သောလူငယ်ကို ကြောက် လန့်မိသည်။ သူသည် သူ့လက်အောက်တွင် များစွာခံစားခဲ့ရသည်။

ရေခဲနဂါးပြာ၏ရောင်ဝါသည် ချက်ချင်းပင် လျော့ကျသွားလေသည်။ ထိုအခါမှပင် အားလုံသည် သက်ပြင်းချနိုင်ကြတော့သည်။ သူ ဝင်ပေါက်ဘက် သို့ ဆင်းသက်သွားသည်ကိုကြည့်ပြီး အားလုံးသည် အလျင်အမြန်ပင် သူ့အတွက် နေရာဖယ်ပေးလိုက်ကြတော့သည်။

ထိုအခိုက်အတန့်တွင် အားလုံးသည် သတိပြန်ဝင်လာကြသည်။ ကျောင်းသားသစ်များအားလုံးသည် ပျော်ရွှင်ကြသည်။ “မိုးနတ်မင်းရေ ဒါက နတ်သာရဲပဲ.. တကယ်ကြီး နတ်သားရဲပဲ.. ဒဏ္ဍာရီလာနတ်သားရဲ.. ဝိုး ငါတို့ နတ်သားရဲကိုမြင်ဖူးသွားပြီ..”

All Chapters