ရေခဲနဂါးပြာ
Vol. 23 Ch. 459
ဘုန်း…
ရေခဲနဂါးပြာသည် မြေကြီးပေါ်သို့ ၎င်း၏ခြေလေးချောင်းချလိုက်သည် နှင့် မာကျောသော အဖြူရောင်ဝိညာည်ကျောက်တုံးကြမ်းပြင်သည် အက်ကွဲ သွားလေ၏။ ကျန်းယန်၏ မျက်ခွံများ တွန့်သွားသည်။ ယနေ့ စာရင်းသွင်းသည့် လုပ်ငန်းစဉ်သည် ပေထင်းဟွမ်ကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ပြီး ယခုအခါ ရေခဲနဂါးပြာကဲ့သို့ နတ်သားရဲတစ်ကောင်၏ မွှေနှောက်ခြင်းကိုခံရမည့်ပုံပင်။ ဒီနဂါးစုတ်က ဘယ်သူ့ဟာလဲ။
ဝိညာဉ်သခင်တစ်ဦးအနေနှင့် ခွန်အားကိုအမှီလိုက်ရသည်မှာ အဆုံးမရှိ ပေ။ အားကောင်းသည့်မှော်သားရဲကို မပိုင်ဆိုင်လိုသည့် ဝိညာဉ်သခင်ဟူ၍ မရှိပေ။ သာမန်မြေကြီးအဆင့်ဝိညာဉ်သခင်ပင်လျှင် နတ်သားရဲနှင့်စာချုပ် တည်ထောင်နိုင်သည်မှာ သူ၏အလုံးစုံခွန်အားသည် ကောင်းကင်အဆင့်သို့ မြင့်တက်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။
သူသည် ရေခဲနဂါးပြာကို တောက်လောင်သည့်မျက်လုံးများဖြင့်ကြည့်ရာ ငယ်ရွယ်သောပုံရိပ်များ နဂါး၏ကျောပေါ်မှဆင်းလာသည်ကို မြင်လိုက်ရ၏။ သူတို့တွေက အင်ပါယာကျောင်းတော်က ကျောင်းသားတွေမဟုတ်ဘူးလား။ သူ့ကျောင်းသားတွေက ဘယ်တုန်းက အဲလောက် အားကောင်းသွားရတာလဲ။ သူက ဆရာတစ်ယောက်အနေနဲ့ မသိခဲ့ဘူးလား။
“ခေါင်းဆောင် ခေါင်းဆောင် နောက်ဆုံးတော့ရောက်လာပြီလား”
ဆရာဖြစ်သူကိုနှုတ်မဆက်ခင်တွင် ရှန်းယန်ဖိုတို့သည် ပေထင်းဟွမ်ဆီသို့ ပြေးသွားကြလေသည်။ ချင်းရှဲလင်သည် အတက်ကြွဆုံးဖြစ်နေသည်။ သူမသည် ခုန်ပြီးပေထင်းဟွမ်အား ပွေ့ဖက်လေသည်။ သူမသည် ပေထင်းဟွမ် ၏ရှေ့တွင် ခုန်ပေါက်ပြီးပြောလေသည် “စစ်ဦးစီး မင်းကိုအရမ်းလွမ်းနေတာ”
“ဟားဟား အထင်ကြီးစရာပဲ.. ဒီကောင်ကြီးကို မင်းတို့ထဲက ဘယ်သူပိုင် သွားတာလဲ” ပေထင်းဟွမ်သည် မျက်စိရှေ့မှ ရေခဲနဂါးပြာကို အကဲခတ်နေ၏။ သေချာပေါက် သူမ ဤကောင်ကြီးကိုသိသည်။ သူမ ဝိညာဉ်ခွဲချောက်နက်ထဲမှ ဖမ်းလာခြင်းဖြစ်သည်။ ၎င်းသည် သူမပေးလိုက်သော မှော်သားရဲ ငါးကောင်ထဲ မှ တစ်ကောင်ဖြစ်သည်။ သူနှင့် မည်သူစာချုပ်တည်ထောင်လိုက်သည်ကို သူမ သိချင်သည်။
“ခေါင်းဆောင် အဲဒါငါ့ဟာလေ” ရှန်းယန်ဖို ရောက်လာပြီး ခံစားချက် အမျိုးမျိုးပါဝင်နေသော တောက်ပသည့်မျက်လုံးများဖြင့် ပေထင်းဟွမ်အား ကြည့်လေသည် “မတွေ့တာကြာပြီ ရှောင်ကျို့.. မင်း ငါတို့ကိုမေ့သွားပြီလို့ ထင်နေတာ.. သံမဏိသွေးကြေးစားအဖွဲ့ ကြီးထွားလာတဲ့သတင်းက တော်တော်ပျံ့နေတာ.. သံမဏိသွေးကြေးစားအဖွဲ့ရဲ့ မူလအဖွဲ့ဝင်တစ်ယောက် အနေနဲ့ မင်းကိုဘယ်လောက်တောင် လွမ်းနေလဲသိလား”
“မတွေ့တာကြာပြီ အစ်ကိုရှန်းယန်” ပေထ်းဟွမ်သည် ချင်းရှဲလင်ကို လွှတ်ပြီး ရှန်းယန်ဖိုဆီသို့ လျှောက်သွားလိုက်သည်။ သူမသည် လက်တစ်ဖက် ထုတ်ပေးရာ ရှန်းယန်ဖိုသည် နောက်တစ်ဖက်ထုတ်လာသည်။ သူတို့နှစ်ယောက်လုံး ပွေ့ဖက်ကြသည်မှာ ယောက်ျားသားနှစ်ယောက်ကြားက ပွေ့ဖက်မှုမျိုးပင်။
“ခေါင်းဆောင် ငါရှိသေးတယ်လေ”
ရှန်ရှောင်ကျဲလည်း လျှောက်လာပြီး ပေထင်းဟွမ်နှင့် ရှန်းယန်ဖိုအကြား ဝင်လိုက်သည်။ သူသည် ဓားသခင်ဖြစ်ရာ ထိန်းကျောင်းထားသည့် မှော်သားရဲ မရှိသော်လည်း ကိစ္စမရှိပေ။ ရှောင်ကျို့သည် သူ့ကို ဝိညာဉ်နက်သစ်သီးပေးခဲ့ သည်။ သူသည် သံမဏိသွေးကြေးစားအဖွဲ့ဝင် ဖြစ်နေပြီဖြစ်သည်။ သံမဏိသွေး ကြေးစားအဖွဲ့တွင် သူရဲဘောကြောင်သည့်သူမရှိပေ။ သူသည် စိတ်ပိုင်းဖြတ် ထားပြီဖြစ်သည်။ ယနေ့ကိစ္စပြီးလျှင် တော်ဝင်မိသားစု၏ လျှို့ဝှက်လေ့ကျင့် ရေး မြေပြင်သို့ဝင်ကာ လေ့ကျင့်ရေးတွင်ပါဝင်မည်ဟု ပြန်သွားပြီး အဘိုးဖြစ်သူ ကိုပြောမည်။
သူသည် တတ်နိုင်သမျှ ခွန်အားကိုတိုးအောင်လုပ်ကာ သံမဏိသွေး ကြေးစားအဖွဲ့အတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရပေ။
“ညီအစ်ကိုကောင်းတွေ ထပ်တွေ့ကြပြီ” ပေထင်းဟွမ်သည် သူတို့နှစ် ယောက်ကို တင်းကြပ်စွာဖက်ကာ နန်ကုန်းချန်းရှီနှင့် ချင်းရှဲလင်တို့ကို ကြည့် လိုက်သည်။ သူမ ခေါင်းညိတ်ပြပြီး ပြောလိုက်သည် “ကောင်းတယ် မဆိုးဘူး မင်းတို့တွေ ဝိညာဉ်သခင်ကြီးဖြစ်နေကြပြီပဲ”
သူမ သူတို့ကိုပေးသည့် နတ်သားရဲများသည် သန်မာကြကာ သူတို့၏ သွေးသားမှာလည်း ဖြူစင်သည်ကို သူတို့သိကြပုံပင်။ သူတို့သည် မှော်သားရဲ များကို ဝမ်းတွင်းပါစာချုပ်တည်ထောင်ခဲ့ရာ သူတို့၏ခွန်အားကို တိုးတက်စေခြ့ သည် “ငါက အားအနည်းဆုံးပဲ” ရန်ရှောင်ကျဲသည် မျက်မှောင်ကြုတ်လေသည် “ခေါင်းဆောင် ငါ့ကိုအထင်မသေးဖို့ မျှော်လင့်ပါတယ်”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ပေထင်းဟွမ်သည် ရန်ရှောင်ကျဲ၏ ပခုံးကို ပုတ်လိုက်သည် “ဝိညာဉ်နက်သစ်သီးကို သန့်စင်ပြီးရင် မင်းရဲ့ခွန်အားက သူတို့ ထက်တောင်ကျော်တက်သွားဦးမယ်.. ပြီးတော့ လူ့အသက်ကအရှည်ကြီးပါ ငါ မင်းကိုယုံတယ်”
“ခေါင်းဆောင် ငါမင်းကို စိတ်မပျက်စေရဘူး” ရန်ရှောင်ကျဲသည် ခွန်အားများဖြင့်ပြည့်သွားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူရဲကောင်း ဆန်သောစိတ်ဓာတ်သည် သူ့ရင်ဘတ်အောက်ခြေမှ ခေါင်းအထိထိုးတက်လာ ပြီး တစ်ကိုယ်လုံးသို့ပျံ့သွားသည်။ ခေါင်းဆောင်သည်သူ့ကို မြင့်မြင့်မှန်းထား သည်။ သူသည် သံမဏိသွေးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည်။ သူသည် သံမဏိသွေး အတွက် ဂုဏ်သရေကိုယူဆောင်ပေးချင်သည်။