← Chapters

နေလက်

Vol. 62 Ch. 844

နေလက်

Vol. 62 Ch. 844

"ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်......မင်း ဘာမှ ဝင်မပါလဲ ရတာပဲ‌။ ငါ့လိုမျိူး နေတာ မကောင်းဘူးလား........ဘာကိုမှဂရုမစိုက်၊ ဘယ်‌အရေးကိစ္စထဲမှာ မပါဝင်ဘဲနေလေ။ အခု ဖြစ်ပျက်ခဲ့တာကို ကြည့်စမ်း။  သူက ဒဏ်ရာအပြင်းအထန် ရသွားပြီး သေအံ့ဆဲဆဲအခြေအနေ ရောက်နေရတယ်။ သူက အသက်ရှင်နိုင်မလားကိုတောင် ပြောဖို့ခက်တယ်"

သူ‌တော်စင်အလင်းတိုက်ကြီးပေါ်မှာ သူတော်စင်အရှင်တစ်‌ယောက်က သရော်လိုက်တယ်။ သူက သူ့အသက်ကို လူသားတွေအတွက် ဘယ်‌တော့မ စွန့်စားမှာ မဟုတ်ပါဘူး။

"‌ထားလိုက်တော့၊ အခု ဒီနေရာက ဒုက္ခတွေ များလွန်းတယ်။ ငါ အရင်ထွက်သွားတာ ပိုကောင်းတယ်"

တစ်မီလီယံသက်တမ်းရှိနေမှတော့ သူက သူ့အသက်ကို နတ်ဆိုးရှင်ဘုရင်တစ်ယောက်နဲ့ မစွန့်စားရဲပါဘူး။ နတ်ဆိုးရှင်ဘုရင်တစ်‌ယောက်ရဲ့ကြောက်မက်ဖွယ်ရာက ဘယ်သူထက်မဆို ပိုသာတာကို သူ သိတယ်။ ခွန်အားချင်းတူညီတာကို အသာထား၊ နတ်ဆိုးရှင်ဘုရင်က ပိုအားနည်းရင်တောင် တိုက်ပွဲက ကြာရှည်လာတာနဲ့အမျှ အဆုံးမှာတော့ နတ်ဆိုးရှင်ဘုရင်က မင်းကို သတ်ဖြတ်သွားပါလိမ့်မယ်။

လျှပ်တစ်ပြက်အလင်းနဲ့အတူ နတ်ဆိုးအရှင်က နက်ပြာပလိန်းမှ ပျံသန်းထွက်ခွာသွားတယ်။

သူ့အနောက်မှာ‌တော့ နက်ပြာပလိန်းက နက်ရှိုင်းတဲ့အပြာရောင်တောက်ပအလင်းတစ်ခုကို ထုတ်လွှတ်နေတယ်။ အဲဒါက လှတယ်၊ အိမ်မက်ဆန်တယ်၊ ပြီးတော့ ဘဲဥပုံသဏ္ဍာန်နက်ပြာရောင်‌ကျောက်တုံးတစ်တုံးနဲ့ တူတယ်။

"အထီးကျန်ကြယ်သူတော်စင်အရှင်၊ မင်းက တကယ်ကို သွေးအေးတာပဲ။ နတ်ဆိုးတွေက လူသားတွေကို သတ်ဖြတ်နေတာကို မင်းက ဒီအတိုင်းပဲ ကြည့်ရှုနေတော့မှာလား"

အနက်ရောင်စကြာဝဠာထဲမှာ အလင်းရဲ့မြန်နှုန်းထက်အဆများစွာပိုမြန်တဲ့မြန်နှုန်းနဲ့ရွေ့လျားနေတဲ့ အလင်းတန်းတစ်ခု ရှိတယ်။ တစ်ခဏအတွင်း အလင်းတန်းက နက်ပြာပလိန်းရဲ့အနီးဝန်းကျင်ကို ရောက်ရှိလာတယ်။

အဲဒါက မီးခိုးရောင်ဆံပင်နဲ့လူလတ်ပိုင်းတစ်ယောက်ဖြစ်ပြီး သူ့ရဲ့နဖူးပေါ်မှာ တြိဂံအမှတ်အသားတစ်ခု ရှိတယ်။

"သံတိမ်သူတော်စင်အရှင်၊ မင်းက မဆိုင်ဘဲစွက်ဖက်တာ များလွန်းနေတယ်။  လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်ရည်မှန်းချက်ရှိတယ်၊ ငါ့ရဲ့ရည်မှန်းချက်က နက်ပြာပလိန်းကို ကာကွယ်ဖို့ မဟုတ်ဘူး"

အထီးကျန်ကြယ်သူတော်စင်အရှင်က ဝန်လေးခြင်းအနည်းငယ်မျှမရှိဘဲ ထွက်ခွာသွားခဲ့တယ်။

အနေအထားကို မြင်ပြီး သံတိမ်သူတော်စင်က ခေါင်းခါလိုက်တယ်။ အထီးကျန်ကြယ်သူတော်စင်က သွေးအေးတဲ့ဗီဇရှိရုံတင်မကဘူး၊ သူ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းကတောင် ‌ခံစားချက်မဲ့တယ်။ ပေါင်းစပ်လိုက်တော့ သူက နက်ပြာပလိန်းရဲ့လူသားတွေအတွက် တိုက်ခိုက်ဖို့ဆန္ဒရှိတယ်ဆိုတာကတောင် ထူးဆန်းနေပါလိမ့်မယ်။

အသက်ကို ရှုထုတ်ရင်း သံတိမ်သူတော်စင်အရှင်ရဲ့မျက်လုံးတွေမှာ သတ်ဖြတ်ခြင်းဆန္ဒဖြတ်သန်းသွားကာ သူက နက်ပြာပလိန်းထံ တစ်ဟုန်ထိုးပြေးသွားတော့တယ်။

…

"ရက်စက်နေပုတီးစေ့မှာ ကြယ်အင်းကွက်အလွှာတစ်ခုပါဝင်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

နတ်ဆိုးအရှင်သခင်တွေ ရောက်ရှိလာတာကြောင့် လီဖူချန်းက ခဏတာပုန်းကွယ်ပြီး သူ့ကိုယ်သူ တိုးတက်စေဖို့ ဆုံးဖြတ်လိုက်တယ်။

အရှေ့ယူနီကွန်တိုက်ကြီးရဲ့လူသူမနေထိုင်တဲ့တောင်တန်းတစ်ခုထဲမှာ လီဖူချန်းက နေထိုင်ဖို့အတွက် ဂူတစ်ခုကို တူးဖော်နေတယ်။

ဂူရဲ့လျှို့ဝှက်ခန်းထဲမှာ လီဖူချန်းက သတ္တုစက်လုံးတစ်ခုကို ဆုတ်ကိုင်ထားတယ်။

ဒီသတ္တုစက်လုံးက ကျူးကလန်ရဲ့ကျော်ကြားတဲ့ရက်စက်နေပုတီးစေ့ကလွဲပြီး အခြားမဟုတ်ပါဘူး။

ရက်စက်နေပုတီးစေ့က ဒုတိယအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး အင်းကွက်အလွှာများစွာ ရှိတယ်။ ဗဟိုချက်နေရာက ကြယ်အင်းကွယ်ဖြစ်ပြီး ကြည့်ရတာ အဆင့်အလွန်မြင့်မားပုံရတယ်။

"ငါ နေလက်ကို ရောက်ရှိနိုင်မလားကို ငါ သိချင်တယ်" လီဖူချန်းရဲ့မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ ပြည့်နေတယ်။

…

နက်ပြာပလန်းရဲ့အခြေအနေက လျင်မြန်စွာ ပြောင်းလဲနေတယ်။ ဒီမတိုင်ခင်က ‌ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်က ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး‌ပျောက်ဆုံးနေခဲ့တယ်။ လူသားတွေ ပျောက်ကွယ်အံ့ဆဲဆဲမှာ နောက်ထပ်သူတော်စင်အရှင်တစ်ယောက်က ပြန်ရောက်လာတယ်။

ထိူသူတော်စင်အရှင်ကို သံတိမ်သူတော်စင်အရှင်လို့‌ ခေါ်ပြီး သူ့ရဲ့သံတိမ်သူတော်စင်နည်းလမ်းက အလွန်ကြမ်းတမ်းတဲ့ခုခံမှုရှိတယ်။ သူက ထိပ်တန်းအဆင့်အထွတ်အထိပ်ပစ္စည်းတစ်ခုကိုတောင် ပိုင်ဆိုင်တယ်။ နတ်ဆိုးရင်ဘုရင်လောင်ခိုက သတိပေါ့လျော့မိသွားကာ သူ့ရဲ့အရင်းအမြစ်က ဒဏ်ရာရခဲ့တယ်။ နတ်ဆိုးရှင်ဘုရင်ဝါခီဒိုရဲ့အကူအညီသာ မရှိရင်  နတ်ဆိုးရင်ဘုရင်လောင်ခိုက အပြင်းအထန်ဒဏ်ရာရသွားမှာ သေချာတယ်။

"တောက်၊ ငါ လောင်ခို သက်သာသွားတာနဲ့ ဒင်းရဲ့အရေခွံကို နွှာရလိမ့်မယ်"

စွန့်ပစ်တိုက်ကြီးတစ်ခုအပေါ်မှာ နတ်ဆိုးရှင်ဘုရင်လောင်ခိုက အားပြန်ပြည့်ရန်အတွက် လျှို့ဝှက်တစ်နေရာသို့ ချက်ချင်းသွားခဲ့တယ်။

ဒဏ်ရာရထားတဲ့အရင်းမြစ်က အရေးကြီးတဲ့ကိစ္စတစ်ခုပါပဲ။ အဲဒါက ချက်ချင်းမသက်သာလာရင် အကြွင်းအကျန်ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်။

"သူ့ရဲ့အသုံးအဆောင်ပစ္စည်းက အလွန်အားကောင်းတယ်။ ငါ သတိမဲ့လို့မရဘူး" နတ်ဆိုးရှင်ဘုရင်ဝါခီဒိုရဲ့အမူအရာက လေးနက်နေတယ်။

သူ‌တော်စင်အရှင်တစ်ယောက်မှာ ထိပ်တန်းအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုရှိတာမရှိတာက ကြီးမားတဲ့ခြားနားချက်တစ်ခုကို ဖြစ်စေလိမ့်မယ်။ အားနည်းတဲ့ ထိပ်တန်းအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုက သာမန်သူတော်စင်အရှင်တစ်ယောက်ရဲ့အစွမ်းကုန်တိုက်ခိုက်မှုရဲ့စွမ်းအား တည်ရှိပါလိမ့်မယ်။ ဒါပေမယ့် ပြောင်မြောက်တဲ့ထိပ်တန်းအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုက ထိပ်တန်းအဆင့်သူတော်စင်အရှင်တစ်ယောက်ရဲ့အစွမ်းကုန်တိုက်ခိုက်မှုရဲ့စွမ်းအား တည်ရှိပါလိမ့်မယ်။

နတ်ဆိုးဘုရင်ဝါခီဒိုဖြစ်ဖြစ်၊ နတ်ဆိုးဘုရင်လောင်ခိုဖြစ်ဖြစ်၊ သံတိမ်သူတော်စင်အရှင်ဖြစ်ဖြစ် ဒါမှမဟုတ် ပျောက်ဆုံးနေတဲ့ကောင်းကင်ဘုံဖျက်ဆီးခြင်းသူတော်စင်အရှင်ဖြစ်ဖြစ် သူတို့က သာမန်သူတော်စင်အရှင်နဲ့နတ်ဆိုးရှင်ဘုရင်တွေ ဖြစ်ကြတယ်။ မည်သည့်ထိပ်တန်းအဆင့်အသုံးအဆောင်ပစ္စည်းမဆို သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။

"ပလိန်းထဲမှာ ငါတို့မျိုးနွယ်စုရဲ့နတ်ဆိုးရှင်ဘုရင်အချို့ ရှိသေးတယ်။ သူတို့ကို ဆင့်‌ခေါ်ဖို့ ကြိုးစားကြည့်ကြတာပေါ့"

နတ်ဆိုးရှင်ဘုရင်နှစ်ယောက်က အားနည်းလွန်းနေသေးကာ ဖိနှိပ်နိုင်တဲ့တည်ရှိမှုတစ်ခုဖြစ်တည်လာဖို့ မလုံလောက်ပါဘူး။

နတ်ဆိုးရှင်ဘုရင်သုံးယောက်သာ ရှိရင် လူသားတွေ ခုခံနိုင်တော့မှာ မဟုတ်ဘူး။

…

ရက်စက်နေပုတီးစေ့အတွင်းမှာရှိတဲ့ကြယ်အင်းကွက်က လီဖူချန်း‌တွေးထင်ထားတာထက် အဆင့်ပိုမြင့်တယ်။ အဲဒါရဲ့ခုနှစ်ဆယ်ကနေရှစ်ဆယ်ရာခိုင်နှုန်းအထိ နားလည်ရုံမျှနဲ့ လီဖူချန်းက ပြေလျော့‌နေတဲ့လလက်ကို ခံစားရနိုင်တယ်။

သိပ်မကြာခင် နောက်လဝက်အတွင်းမှာပဲ လီဖူချန်းရဲ့လလက်ချီက ရုတ်တရက် ပြိုပျက်ကာကျုံ့သွားခဲ့တယ်။

"မကောင်းဘူး၊ ငါ ချိုးဖြတ်ခါနီးနေပြီး" လီဖူချန်းက အရှေ့ယူနီကွန်တိုက်ကြီးမှ လျင်မြန်စွာ ပြေးထွက်သွားတယ်။

မချိုးဖြတ်ခင်‌တုန်းက လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းရည်ကို သုံးပြီး သူ့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်နိုင်တယ်။ ဒါပေမယ့် တစ်ကြိမ် သူ ချိုးဖြတ်တာနဲ့ အရှေ့ယူနီကွန်တိုက်ကြီးရဲ့စိတ်တန်ခိုးစွမ်းအားက အလွယ်ရှာတွေ့သွားပါလိမ့်မယ်။

ကျယ်ပြောတဲ့သမုဒ္ဒရာပြင်ပေါ်မှာ လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို အပြည့်အဝထုတ်လွှတ်လိုက်တယ်။

ပြီးနောက်ချက်ချင်းပဲ ကြောက်စရာကောင်းတဲ့အပူတစ်ခုက ထွက်လာတယ်။

အပူမှာ မီးတာအိုဥပဒေသနဲ့နေဥပဒေသတို့ မပါရှိဘူး၊ အဆုံးစွန်းကြယ်ဥပဒေသနဲ့လီဖူချန်းရဲ့ကိုယ်ပိုင်ချီသွေးဥပဒေသတို့ ပါရှိတယ်။

ဖြောက် ဖြောက် ဖြောက်......

သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဧရာမကြယ်တစ်လုံးရှိတယ်လို့ လီဖူချန်းက ခံစားရတယ်။ ကြယ်ရဲ့လမ်းညွှန်မှုနဲ့အတူ လီဖူချန်းရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက ပို၍သိပ်သည်းကျစ်လျစ်လာတယ်။ ပိုမိုသိပ်သည်းလာတဲ့ဖွဲ့စည်းပုံက အလွန်အမင်းသန်မာတဲ့အပူကို ချီသွေးအား ထုတ်လွှတ်ခွှင့်ပြုလိုက်တယ်။

အဲဒါက သာမန်လူတစ်ယောက်ထက် ပိုသန်မာတဲ့ခန္ဓာကိုယ်က ပိုမြင့်မားတဲ့ကယ်လိုရီတန်ဖိုးရှိတာနဲ့ အတူတူပါပဲ။

သိပ်သည်းကျစ်လျစ်တဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့အတူ ချီစွမ်းအားနဲ့ချီသွေးတို့က ပိုပိုစုစည်းလာတယ်။ ဗိုက်ဟာလာပြီး သူ့ကိုယ်သူဖြည့်စွက်ဖို့ ပိုမိုများပြားတဲ့စွမ်းအားတွေ လိုအပ်လာတာကို လီဖူချန်းက ခံစားရတယ်။

ခေါင်းမော့ကာ လီဖူချန်းက တိမ်တွေဆီ ပျံသန်းပြီး အပူအလွှာထံ လျင်မြန်စွာ ရောက်ရှိသွားတော့တယ်။

အပူအလွှာက ပလိန်းတစ်ခုလုံးမှ အပူတွေကို စုစည်းထားပြီး အပူက စွမ်းအင်အမျိုးအစားတစ်ခု ဖြစ်တယ်။

အပူကို လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲသို့ အကန့်အသတ်မဲ့စုပ်ယူနေခဲ့တယ်။ တဖြည်းဖြည်းနဲ့ လီဖူချန်းကို အလယ်ဗဟိုမှာ ထားကာ မမြင်နိုင်တဲ့ဝဲကတော့တစ်ခုက ဖြည်းညင်းစွာ ဖြစ်ပေါ်လာတယ်။

တစ်ရက်အကြာ၊ နှစ်ရက်အကြာ........

အကန့်အသတ်မဲ့အပူတွေ ပြည့်နှက်နေမှုနဲ့အတူ လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အကြိုပြီးပြည့်စုံခြင်းအဆင့်ကို ကျော်ဖြတ်ကာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားတယ်။ တစ်ချိန်တည်းမှာပဲ လီဖူချန်းရဲ့ချီသွေးနဲ့ချီစွမ်းအားက ချစ်ချစ်တောက်ပူလာတယ်။ ချစ်ချစ်တောက်အပူက လွန်ကဲလာနေပြီး မီးစွမ်းအင်ပုံဆောင်ခဲတစ်ခုကို သုံးတာနဲ့ အတူတူပဲလို့ ခံစားမိတယ်။

နောက်ဆုံးမှာတော့ လီဖူချန်းက အပူစုပ်ယူခြင်းကို ရပ်တန့်လိုက်ရာ အပူဝဲကတော့က ဖြည်းဖြည်းချင်း ပြန့်သွားတော့တယ်။

လီဖူချန်းက သူ့မျက်လုံးတွေကို ဖွင့်လိုက်ရာ အပူအလင်းရောင်ခြည်တန်းနှစ်ခုက ပေါ်ထွက်လာတယ်၊ သူ့ကို ကြည့်ရတာ အာကာသနတ်ဘုရားတစ်ယောက်နဲ့တောင် တူနေတယ်။

"နေလက်က နောက်ဆုံးတော့ ပြီးမြောက်သွားပြီပေါ့"

သူက နေတစ်စင်းနဲ့ တူပြီး မကုန်ခမ်းနိုင်တဲ့အလင်းနဲ့အပူကို ထုတ်လွှတ်နေသလို လီဖူချန်းက ခံစားရတယ်။

ကံမကောင်းတာကတော့ သူက မီးတာအိုဥပဒေသ ဒါမှမဟုတ် နေဥပဒေသကို မကျင့်ကြံခဲ့တာပဲ။

အသက်ကို ရှုသွင်းလျက် လီဖူချန်းက နေလက်ချီစွမ်းအားကို လှည့်ပတ်ပြီး အပူကို တဖြည်းဖြည်း ရုပ်သိမ်းလိုက်ရာ သူ့ရဲ့ခန္ဓာကိုယ်အပူချိန်က ပုံမှန်ပြန်ဖြစ်သွားတော့တယ်။

ဂရုတစိုက် အာရုံခံလေ့လာပြီးနောက် လီဖူချန်းက သူ့ရာသူ ပြောလိုက်တယ်"ဒါကို နေလက်လို့ ခေါ်တာ အံ့ဩစရာမရှိဘူးပဲ။ ဧရာမကြယ်ရဲ့လမ်းညွှန်မှုနဲ့ဆိုရင် အရာအားလုံးက ယိုယွင်းပျက်ပြားသွားပါလိမ့်မယ်။ ယိုယွင်းပျက်ပြားတဲ့အခါ အရာအားလုံးကို လောင်ကျွမ်းနိုင်တဲ့အပူထုတ်လုပ်မှုတစ်ခု ရှိလာတယ်။ ငါ့ခန္ဓာကိုယ်က လူသားတစ်‌ယောက်ရဲ့ခန္ဓာကိုယ် မဟုတ်ချင်တော့ဘူး။ နတ်ဘုရားလက်က ကျင့်ကြံသူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို နတ်ဘုရားတစ်ယောက်ရဲ့ခန္ဓာကိုယ်အဖြစ်သို့ ရိုးစင်းစွာ ပြောင်းလဲနေတာပဲ"

ဒီလိုပြောင်းလဲမှုကို ကြယ်အင်‌မော်တယ်ခန္ဓာကိုယ်မှ မြင်နိုင်တယ်။

ကြယ်အင်မော်တယ်ခန္ဓာကိုယ်ကို မူလအဆင့်၊ အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့်အဆင့်ဆိုပြီး ခွဲခြားထားတယ်။

အခု လီဖူချန်းက အဆင့်မြင့်အဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်။

အဲဒါက ကပ်ဘေးလက်ကို ရောက်ရှိသွားတာနဲ့ ကပ်ဘေးအင်မော်တယ်ခန္ဓာကိုယ်ဖြစ်လာပါလိမ့်မယ်။

ကပ်ဘေးအင်မော်တယ်ခန္ဓာကိုယ်ဆိုတာကတော့ ကပ်ဘေးတွေက ဘာမှမတတ်နိုင်တော့ဘူး၊ တစ်စုံတစ်ယောက်က အမြဲတမ်းမ‌သေမျိုး(အင်မော်တယ်)ဖြစ်နေလိမ့်မယ်လို့ ဆိုလိုတယ်။

ဒါပေမယ့် အဲလိုပြောပေမယ့် အဲဒါကို အောင်မြင်နိုင်မလားကို‌တော့ မသိဘူးလေ။

တကယ်ကို အင်မော်တယ်ဖြစ်လာတယ်ဆိုရင် နတ်ဘုရားလက်ရဲ့ဖန်တီးသူက သေသွားမှာ မဟုတ်လောက်ဘူးလေ။

ဒါပေမယ့် ဖန်တီးသူက ကပ်ဘေးလက်ကို အဆုံးစွန်းအခြေအနေအထိ မကျင့်ကြံရသေးဘူး၊ချို့ယွင်းချက်တွေ ရှိခဲ့တယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။

ဟူး.........

လေပူကို မှုတ်ထုတ်လျက် လီဖူချန်းက ခေါင်းမော့ကာ ကြယ်ကောင်းကင်ကို ကြည့်လိုက်တယ်။

"အခြားပလိန်းတွေမှာရော ဘယ်လိုမြင်ကွင်းမျိုး ရှိမလဲကို ငါသိချင်တယ်"

လျှပ်တစ်ပြက်အလင်းနဲ့အတူ လီဖူချန်းက ပလိန်းရဲ့အပြင်ဘက်ကို ပျံသန်းသွားတယ်။

အပူအလွှာမှ ရှေ့ဆက်တိုးလေလေ၊ အပူချိန်က တိုးလေဖြစ်ပြီး ပိုမြင့်မားတဲ့နေရာတွေမှာ သူတော်စင်တစ်ယောက်ကို ပြာချဖို့တောင် လုံလောက်တယ်။

ကံတောင်းတာကတော့ အဲဒါတွေက လီဖူချန်းအတွက် ဟန်ပြသာသာဖြစ်ပြီး သူကခံနိုင်ရည်ရှိတုန်းပါပဲ။

နောက်ဆုံးမှာတော့ လီဖူချန်းက ပလိန်းရဲ့အပြင်ဘက်ကို ပျံသန်းသွားတော့တယ်။

ရေခဲလိုအေးစက်ခြင်း၊ အထီးကျန်ခြင်း၊ အမှောင်ထု၊ အရောင်အဝါထွန်းလင်းတောက်ပခြင်း၊ ဒါတွေက စကြာဝဠာကြီးအပေါ် လီဖူချန်းရဲ့ တိုက်ရိုက်ထင်မြင်ချက်တွေနဲ့ ခံစားချက်တွေပါပဲ။

***

All Chapters