ရှောင်တု၏ ပြဿနာ
Vol. 85 Ch. 1188
နဂါးမျိုးနွယ်စုဝင်များမှာ အိမ်ပြန်ရန် တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။
အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရသောကြောင့် ၎င်းတို့မှာ လှုပ်ပင်မလှုပ်ချင်တော့ပေ။
ထို့အပြင် နဂါးအချင်းချင်း သတ်ပါကလည်း ယခင်ကကဲ့သို့ စွမ်းအင်မရနိုင်တော့သဖြင့် တိုက်ခိုက်စရာလည်း အကြောင်းမရှိတော့ပေ။
ထို့ကြောင့်ပင် ကိုယ့်အုပ်စုနှင့်ကိုယ် သက်တောင့်သက်သာသာ နေလိုက်ကြသည်။
အန်လင်းသည် အုတ်ခဲနက်ပေါ်ထိုင်ကာ နဂါးမျိုးနွယ်စုဝင် အချို့နှင့် အရေးကြီးကိစ္စများ ဆွေးနွေးနေသည်။
ထိုသည်မှာ ရှောင်တုအား ထိုက်ချူကုန်းမြေ ခေါ်သွားရန်ပင်။
သူသည် ထိုက်ချူကုန်းမြေနှင့် ဆက်နွယ်မှု အားအကောင်းဆုံးဖြစ်သော ယခုနေရာသို့ရောက်ရန် ရှေးဟောင်းထိုက်ချူကုန်းမြေတခွင် လှည့်လည်ခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ ရှောင်တုသည် ထိုက်ချူကုန်းမြေမှ မဟုတ်သောကြောင့် ပြန်လည်ခေါ်ဆောင်သော အလင်းမှာ ၎င်းအပေါ် မသက်ရောက်နိုင်ပေ။ အန်လင်းတို့သာ ထွက်ခွာသွားပါက အထီးကျန်စရာ ကမ္ဘာကြီးတွင် ရှောင်တု တစ်ဦးတည်း ကျန်ရစ်နေပေလိမ့်မည်။
သို့သော် ဖြေရှင်းနည်းတစ်ခု ရှိပေသည်။
အန်လင်းသည် ထိုနည်းလမ်းအား အသုံးပြုခဲ့ဖူးသည်။
ရှောင်တု စကားဆိုလာသည်။
“သခင်လေးအန်လင်း ငါ့မှာ ပညာအမွေ ပေးရမယ့်သူ မရှိဘူး။ မင်းငါ့တပည့် လုပ်သင့်တယ်နော်။ သေချင်ရင်တောင် မသေနိုင်မယ့် ငါ့တာအိုကိုပါ လက်ဆင့်ကမ်းပေးမယ်လေ။”
“တော်ပါပြီ။”
အန်လင်း ချက်ချင်းပင် ငြင်းဆိုလိုက်သည်။
ပြိုင်ဘက်ကင်း ဓားအင်မော်တယ်တစ်ပါး ဖြစ်သည်နှင့်အညီ မည်သူ့ကိုမှ အရိုအသေ မပေးနိုင်ပေ။
အော့မန် စိတ်လှုပ်ရှားသွားသည်။
“စီနီယာ ရှောင်တု ကျုပ်သားတော် သမီးတော်တွေက တကယ့်ပါရမီရှင်တွေပါ။ သူတို့တွေကို တပည့်တော်ဖို့ စဥ်းစားပေးကြည့်ပါလား။”
ရှောင်တု လက်မခံပေ။
“လစ်စမ်းပါ။ ဘိုးဘေးတွေရဲ့ စကားကို ပြန်ပြောပြစေချင်နေတာလား။ မျိုးနွယ်မတူတဲ့ နဂါးတွေက အချင်းချင်း လက်ဆင့်ကမ်း သင်ကြားလို့ မရဘူးလေ။ မျိုးရိုးမတူရင်လည်း ဆရာနဲ့တပည့် ဆက်ဆံရေးကို တည်ဆောက်လို့ မရဘူး။”
ရှောင်တု စိတ်ပျက်လက်ပျက်ဖြင့် ရှောင်ဇယ်အား ကြည့်ရှုလိုက်သည်။ ရှောင်ဇယ်သာ အန်လင်းတပည့် ဖြစ်မနေပါက သေချာပေါက် ရွေးချယ်လိုက်မည်ပင်။
ဆရာဟူသည် နှစ်ဦးရှိ၍ မရပေ။
ရှောင်ဇယ်သည် ၎င်းနှင့် ဆရာ၊ တပည့် စာချုပ်မချုပ်နိုင်သောကြောင့် အန်လင်းအား ရွေးချယ်လိုက်ပါက ဘိုးဘေးများအား ဆန့်ကျင့်ရာ မကျတော့ပေ။
မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ အတိအလင်း ငြင်းဆိုနေလေသည်။
“စီနီယာ ရှောင်တုရော ကျွန်တော့် တပည့် ဒါမှမဟုတ် သားရဲ မဖြစ်ချင်ဘူးလား။”
“ရှောင်ဇယ်ကိုပဲကြည့်လေ။ သူအံ့ဖွယ်တာအိုတောင် ရသွားပြီ။ ရှေးဟောင်းထိုက်ချူကုန်းမြေကနေ ကျွန်တော်နဲ့ လိုက်လာတဲ့ တီနာနဲ့ ရွှယ်ကျန်ထျန်းလည်း ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်သွားကြပြီ။ ကျွန်တော်က တပည့်အတွက် ဆရာကောင်း၊ သားရဲတွေအတွက် သခင်ကောင်းဆိုတာ အရမ်းသိသာပါတယ်ဗျာ။”
အန်လင်း ဝံ့ကြွားစွာ ပြောလာသည်။
ရှောင်တု နှုတ်ခမ်းမဲ့သွားသည်။
အန်လင်းက တကယ်အရှက်မရှိတာပဲ.....
ထိုက်ချူကုန်းမြေသို့ ပြန်လည်ခေါ်ဆောင်မည့် အလင်းတန်းသည် ဆက်နွယ်နေသူများကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေသည်။ အန်လင်းသည် ထိုနည်းလမ်းကိုသုံးကာ ရှောင်ဇယ်၊ တီနာနှင့် ရွှယ်ကျန်ထျန်းတို့အား ရှေးဟောင်းထိုက်ချူကုန်းမြေမှ ခေါ်ထုတ်ခဲ့ခြင်း ဖြစ်သည်။
နည်းလမ်းမှာ အမှန်တကယ် ရိုးရှင်းလှ၏။
သို့သော် အန်လင်းရော၊ ရှောင်တုပါ တပည့်မဖြစ်လိုကြပေ။
“ကျွန်တော် မလောပါဘူး။ စီနီယာ အေးအေးဆေးဆေး စဥ်းစားပေါ့။”
အန်လင်းမှာ အုတ်ခဲနက်ပေါ်လှဲကာ မျက်လုံးများပိတ်၍ လေချွန်နေလိုက်သည်။
ရှောင်တု စိတ်တိုသွားရသည်။
ဆက်နွယ်မှုအား လိုအပ်နေသည်မှာ သူသာ ဖြစ်နေသည်။
အန်လင်းအတွက် ထိုသည်မှာ မဖြစ်မနေ လိုအပ်ချက် မဟုတ်နေပေ။
အလင်းရောင် ရောက်ရှိလာသည်နှင့် အန်လင်းလည်း ထွက်ခွာသွားမည်ပင်။
ရှောင်ဇယ်မှာ ရှောင်တုအားကြည့်ကာ စိတ်မကောင်းသောကြောင့် နှစ်သိမ့်ပေးလိုက်သည်။
“စီနီယာ ရှောင်တု အရမ်းလည်း စိတ်ဖိစီးမနေပါနဲ့။ ဆရာ့ တပည့်ဖြစ်ရတာ ကောင်းပါတယ်။ တခြားအမြင်နဲ့ လှည့်တွေးကြည့်လေ။”
ရှောင်တု မျက်မှောင်ကျုံ့လိုက်သည်။
“ဘယ်လိုအမြင်လဲ။”
“ကောင်းကင်ကို ပြင်နိုင်တယ်ဆိုတာ ဆရာကြီးပဲ မဟုတ်ဘူးလား။”
ရှောင်ဇယ် မေးမြန်းလိုက်သည်။
ရှောင်တု ခေါင်းညိတ်ပြလာသည်။
“ဟုတ်တာပေါ့။”
“ကျွန်တော့် ဆရာက ကောင်းကင်ကိုတောင် ပြင်နိုင်တယ်လေ။ အဲ့တော့ သူက ဆရာ့ဆရာကြီး မဟုတ်ဘူးလား။”
ရှောင်ဇယ် ထပ်မေးလိုက်သည်။
ရှောင်တုမှာ ဝန်မခံလိုပါသော်လည်း ငြင်းပယ်ရန် မဖြစ်နိုင်ပေ။
“ဟုတ်ပါတယ်။”
“မိုးကြိုးကပ်ဘေးကို ထိန်းချုပ်နိုင်တာလည်း ကြမ်းတာပဲမလား။”
ရှောင်ဇယ်မှာ မေးခွန်းများ မရပ်တန့်သေးပေ။
ရှောင်တု အံ့အားသင့်သွားရသည်။
“အန်လင်းက မိုးကြိုးကပ်ဘေးကို ထိန်းချုပ်နိုင်တာလား။”
“ဆရာ့ကို ထိုက်ချူကုန်းမြေ တစ်ခုလုံးက မိုးကြိုးကပ်ဘေး အရှင်သခင်လို့ သိကြတယ်။ ကြိုက်တဲ့ နဂါးမျိုးနွယ်စုဝင်ကို မေးကြည့်လိုက်... သူတို့အားလုံး အတည်ပြုပေးနိုင်တယ်။”
ရှောင်ဇယ် ဂုဏ်ယူစွာ ပြောလာသည်။
ရှောင်တ လှည့်ကြည့်လိုက်သောအခါ စကားဝိုင်းအား ကြားနေရသူများအားလုံး ခေါင်းညိတ်ထောက်ခံလာကြသည်။
ရှောင်တု ယုံပင်မယုံကြည်နိုင်ပေ။
“ကြမ်းလှချည်လား။”
ရှောင်ဇယ် စကားဆိုလာသည်။
“ကျွန်တော့်ဆရာက ကောင်းကင်လည်း ပြင်နိုင်တယ်။ မိုးကြိုးကပ်ဘေးကိုလည်း ထိန်းချုပ်နိုင်တယ်။ အဲ့လို ဆရာ့ဆရာကြီးကို ဘာလို့ ဆရာအဖြစ် လက်မခံချင်ရတာလဲ။”
ရှောင်တု အံကြိတ်လိုက်သည်။
“ဒါပေမယ့် သူက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ပဲ ရှိသေးတာလေ။”
“စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်နဲ့တင် အဲ့လိုလုပ်နိုင်တာ ပိုအထင်ကြီးစရာ မကောင်းဘူးလား။”
ရှောင်ဇယ် မေးခွန်းထုတ်လာသည်။
ရှောင်တု ဘာမှမပြောနိုင်တော့ပေ။
ဟုတ်သားပဲ.....
“ဒါ.... ဒါပေမယ့် သူက ငယ်လွန်းတယ်။ ငါ့အသက်နဲ့ဆိုရင် သူ့ရဲ့ ရှေးဟောင်းဘိုးဘေးတောင် လုပ်လို့ရတယ်။”
ရှောင်တု နောက်ဆုံးသော ငြင်းပယ်ချက်အား ထုတ်ဖော်လိုက်သည်။
ရှောင်ဇယ် ခပ်ဖွဖွ ပြုံးလာသည်။
“အသက်က ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်လည်း နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တာပဲလေ။ ဆရာ့ရဲ့ သားရဲတွေ၊ အစေခံတွေ တစ်ယောက်ကမှ သူ့ထက်မငယ်ကြဘူး။ ဆရာက နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာလေ။”
“အဲ့အရွယ်နဲ့တင် ကျွန်တော်တို့လို နဂါးအိုကြီးတွေထက် ပိုသာနေပြီ။ အဲ့လို ပါရမီရှင်နောက် လိုက်ရတာလည်း အခွင့်ကောင်းပဲဟာ။ မလိုချင်တာ သေချာရဲ့လား။”
ရှောင်ဇယ်၏ စကားများမှာ မိုးကြိုးပစ်ချလိုက်သလိုပင်။
ရှောင်တု ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
“ငါ အချိန်အကြာကြီး အသက်ရှင်လာတာတောင် လူငယ်လေး တစ်ယောက်နဲ့ မယှဥ်နိုင်ဘူး။ ငါ့ကိုယ်ငါတောင် သနားမိတယ်။”
“ဘာမှမဖြစ်ပါဘူး။ ဆရာက အထင်မသေးတတ်ဘူး။ တပည့်အဖြစ် လက်ခံပေးဖို့တောင် ဆန္ဒရှိနေတာပဲလေ။”
ရှောင်ဇယ် အားပေးလိုက်သည်။
“တကယ်လား။”
ရှောင်တု အသက်ရှူသံများပင် မြန်လာရသည်။
“အန်လင်းက ငါ့ကိုအထင်မသေးပဲ တပည့်အဖြစ် လက်ခံနိုင်တယ်ပေါ့။”
ရှောင်ဇယ် အနည်းငယ် တွေဝေသွားသည်။
“အဲ့ဒါတော့ ဆရာ့ကို မေးကြည့်ရမှာပေါ့။”
အားလုံး တိတ်ဆိတ်သွားကြသည်။
အော့မန်နှင့် အော့ချင်းယွီမှာလည်း မျက်လုံးပြူးနေလေပြီ။
စုရှောင်လန်၊ လုံအော့ထျန်းနှင့် အခြားသူများမှာလည်း ဖြစ်ပျက်နေသည်များကို နားမလည်နိုင်တော့ပေ။
ဘာတွေဖြစ်နေတာလဲ....
ဘာလို့ ရှောင်တုက အန်လင်း တပည့်လုပ်ဖို့ကို အငမ်းမရ ဖြစ်သွားရတာလဲ....
လောကကြီး ပြောင်းပြန်လန်တော့မှာလား.....
ဒါကြီးက သောက်ကျိုးနည်း ဦးနှောက်ဆေးလိုက်တာပဲ....
ထိုအချိန်တွင် အန်လင်း ပြုံးကာပြောလိုက်သည်။
“တကယ်သာ တပည့် ဖြစ်ချင်တယ်ဆိုရင် အသက်တွေ၊ ဘာတွေ ထည့်တွေးနေစရာ မလိုပါဘူး။ တာအိုနှလုံးသားသာ ခိုင်မာရင် တပည့်အဖြစ် လက်ခံပေးမှာပါ။”
ရှောင်တု ခေါင်းညိတ်ပြလာသည်။
“စိတ်မပူပါနဲ့။ ပတ်ဝန်းကျင်ကြောင့်သာ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်မှာ အချိန်ကြာနေရတာပါ။ လုံးဝစိတ်မပျက်စေရဘူး။”
အန်လင်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် ဆရာတပည့် စာချုပ်အား ချုပ်ဆိုလိုက်လေသည်။
ဤသို့ဖြင့် အန်လင်းသည် ဆရာ၊ ရှောင်တုမှာ တပည့်ဖြစ်လာခဲ့တော့သည်။