← Chapters

စုကျိုးအင်မော်တယ်ဂိုဏ်း၏ညစာစားပွဲ

Vol. 85 Ch. 1191

စုကျိုးအင်မော်တယ်ဂိုဏ်း၏ညစာစားပွဲ

Vol. 85 Ch. 1191

“အစ်ကိုကြီးအန် ငွေချေးတာ အခြေအနေ ဘယ်လိုလဲ။”

တပိုင် ပြုံးကာမေးလိုက်သည်။

“အဆင်ပြေပါတယ်။ စိတ်ဝိဥာဥ်ကျောက်တုံး ဆယ့်နှစ်သန်း ရခဲ့တယ်။”

အန်လင်း သိုလှောင်လက်စွပ်တစ်ကွင်း ထုတ်ပေးလာသည်။

“အခု ကြယ်စင်မီးလျှံ စစ်သင်္ဘောကို ပြင်ဖို့လောက်သွားပြီ။”

“ငါ့တာဝန်သာထားလိုက်။”

ပိုင်လင် ခပ်ဖွဖွ ပြုံးလိုက်သည်။

“ပစ္စည်းတွေ ပြင်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။”

အန်လင်း သတိပေးလိုက်သည်။

“ဂရုစိုက်ဦးနော်။ စစ်သင်္ဘောက အဲ့တစ်စီးပဲရှိတာ။”

“အန်လင်း… နင့်နောက်က နဂါးချိုနဲ့ နှစ်ယောက်က ဘယ်သူတွေလဲ။ သူတို့ကိုရော အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကနေ ငှားလာတာလား။”

လျှိုချင်းဟွမ် လက်ညှိုးထိုးပြလိုက်သည်။

“ဟားဟား.... မိတ်ဆက်ပေးရဦးမယ်။ အင်္ကျီမပါတဲ့သူက လုံအော့ထျန်းလေ။ အရင်တုန်းက ရှန့်ယင်ကို ခစားခဲ့တဲ့သူပေါ့။ ကျင့်ကြံရေးက ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့် ရှိတယ်။ အခု သူက စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ ဧည့်အကြီးအကဲ ဖြစ်သွားပြီ။”

အားလုံး အံ့အားသင့်သွားရသည်။

အန်လင်းမှ ဆက်လက်မိတ်ဆက်ပေးလာသည်။

“သူကတော့ ရှောင်တုတဲ့။ ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်ရှိတဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုဝင်ပေါ့။ ငါ့ရဲ့ တပည့်အသစ်လေးလေ။”

အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

ငွေသွားချေးတာ တပည့်အသစ်ပါ ပါလာတယ်လား....

ပြီးတော့ ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့်ရှိတဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုဝင်ကိုလေ....

“ငါတော့ အမြင်ကျယ်သွားပြီ။”

“စုကျိုးအင်မော်တယ်ဂိုဏ်းကို ရောက်တည်းက အံ့သြစရာတွေချည်း ကြုံနေရတယ်။”

“ကျင့်ကြံရေး အမြင်တွေက နေ့တိုင်းပြောင်းနေသလိုပဲ။”

“ဂိုဏ်းချုပ်ကြီး သက်တော်ရာကျော် ရှည်ပါစေ။”

ဂိုဏ်းသားများအားလုံး စိတ်လှုပ်ရှားကုန်သည်။

အန်လင်းမှာ ချစ်စဖွယ် ကလေးမလေးအား လက်ယပ်ခေါ်လိုက်သည်။

“လင်လေး ဂျူနီယာ မောင်လေးကို လာနှုတ်ဆက်လိုက်ပါဦး။”

အန်လင်း ရှောင်တုအား ကြည့်ရှုလိုက်သည်။

“ဒါက မင်းရဲ့ စီနီယာ အစ်မတော် ရဲ့လင်လေ။”

ရှောင်တု : “.....”

ဂိုဏ်းသားများ : “......”

“မင်္ဂလာပါ ဂျူနီယာ မောင်လေး.... အစ်မတော်က ရဲ့လင်ပါ။”

ရဲ့လင်မှာ ပါးပြင်လေးများရဲကာ ရှက်ရွံ့စွာ ပြောလာသည်။

ရှောင်တု နှုတ်ခမ်းများပင် တုန်ယင်နေသည်။

'ဂျူနီယာမောင်လေး'ဟူသော စကားမှာ သူ၏ဦးနှောက်ထဲတွင် ပဲ့တင်ထပ်နေသည်။

“မဟုတ်ဘူး....”

“ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်လာရတာလဲ။ လက်မခံနိုင်ဘူး။”

ရှောင်တု ကိုယ့်ခေါင်းကိုယ်ကိုင်ကာ အော်ဟစ်လိုက်သည်။

အားလုံး ထိတ်လန့်သွားရသည်။

“ငါတို့ဂိုဏ်းက တကယ်ထူးခြားတာပဲ။ ရှစ်နှစ်သမီးလေးက နှစ်သိန်းချီတဲ့ နဂါးတစ်ကောင်ကို ဂျူနီယာ တော်ရထားတယ်လို့....”

“မတရားကို အံ့သြနေမိပြီ။”

“ဂိုဏ်းချုပ်က တကယ် သောက်ကြမ်းကြီးပဲ။ ဘာပြောရမလဲတောင် မသိတော့ဘူး။”

“ဘာပဲဖြစ်ဖြစ် မင်းတို့ငါတို့ ခံစားချက်တွေက ရှောင်တုကို မမှီလောက်ဘူး။”

အခြေအနေသည် ရယ်ချင်စရာ ကောင်းနေပါသော်လည်း တစ်ချိန်တည်းမှာပင် ထိုအမျိုးသားအား သနားစိတ် ဖြစ်မိနေကြသည်။

နဂါးမင်းသမီး ပေလျန်သည်ပင် ရှောင်တုအား စာနာမိသည်။

သူမသည်လည်း စုကျိုးအင်မော်တယ်ဂိုဏ်းသို့ စတင်ရောက်ရှိစဥ်က ဆင်တူသော အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ရှောင်တု၏ အခြေအနေမှာ သူမထက်ပို၍ ဆိုးရွားနေလေသည်။

သို့သော် အမှန်တရားအား မပြောင်းလဲနိုင်ပေ။

ကျင့်ကြံရေးလောကတွင် အသက်အရွယ်နှင့် ကျင့်ကြံရေးအဆင့်များမှာ အမျိုးမျိုး ကွာခြားကြသည်။ ထို့ကြောင့် မည်သည့်ဂိုဏ်းနှင့် အဖွဲ့အစည်းတွင်မဆို ရာထူးအလိုက်သာ ကြီးစဥ်ငယ်လိုက် စီကြသည်။

ရဲ့လင်နှင့် ရှောင်တုသည် ဂိုဏ်းချုပ် တပည့်များ ဖြစ်သောကြောင့် ရာထူးတူညီကြပါသော်လည်း ရဲ့လင်သည် ရှောင်တုထက်အရင် တပည့်ဖြစ်ခဲ့သဖြင့် စီနီယာအစ်မတော် ဖြစ်လာသည်။ ထိုသည်မှာ ပြောင်းလဲမရသော စည်းမျဥ်းစည်းကမ်းပင်။

.......

ရဲ့လင်သည် ရှောင်တုကြောင့် ကြောက်ရွံ့သွားကာ အန်လင်း၏ အင်္ကျီလက်စအား တင်းတင်းကြပ်ကြပ် ဆွဲလာသည်။

အန်လင်း ဒေါသထွက်သွားသည်။

“ဘာတွေအော်နေတာလဲ။ မင်းရဲ့ အစ်မတော် ကြောက်သွားပြီ။”

ရှောင်တု စိတ်အားတည်ငြိမ်စေလိုက်သည်။

“တောင်းပန်ပါတယ်....”

“ဘာတွေဖြစ်နေတာလဲ။ ဒီလောက် ချစ်စရာကောင်းတဲ့ အစ်မတော်ကို မင်းဘယ်မှာသွားရှာမလဲ။”

အန်လင်း ဆူပူလိုက်သည်။

“ဒီလောက်တောင် ချစ်ဖို့ကောင်းတာကို မပျော်မရွှင် ဖြစ်နေစရာရှိလား။”

“သူမက အရမ်းငယ်သေးတယ်။”

ရှောင်တု ငိုချင်နေမိသည်။

အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။

“မင်းက လူငယ်တွေကို အထင်သေးတာလား။ သူမက မင်းနဲ့ နှစ်သိန်းဂဏန်းပဲကွာတာ။ ငါနဲ့လည်း အဲ့လောက်ကွာတာပဲလေ။ အဲ့တော့ဘာလဲ။ မင်းကငါ့ကိုရော ဆရာအဖြစ် အသိအမှတ် မပြုဘူးလား။”

ရှောင်တု တုန်လှုပ်သွားသည်။

“မလုပ်ရဲပါဘူး။”

“ဟမ့်...”

အန်လင်း မျက်ခုံးပင့်လိုက်သည်။

ရှောင်တု နားလည်သွားကာ ကလေးမလေးအား အားယူကာ ပြုံးပြလာသည်။

“အစ်မတော် ကြောက်သွားရင် တောင်းပန်ပါတယ်နော်။”

“ရပါတယ်။”

ရဲ့လင် လက်ခါပြကာ ခွင့်လွှတ်လိုက်သည်။

“လိမ္မာတယ်။”

အန်လင်း စိတ်ကျေနပ်ကာ ခေါင်းညိတ်လိုက်သည်။

“လာလေ။ ဂိုဏ်းကိုလိုက်ပြမယ်။”

အန်လင်းမှာ လုံအော့ထျန်းနှင့် ရှောင်တုအား စုကျိုးအင်မော်တယ်ဂိုဏ်းထဲ ခေါ်ဆောင်သွားသည်။

အခြားသူများမှာ အန်လင်းအားကြည့်ရင်း အရောင်အဝါများ တောက်ပနေသလိုပင် ခံစားကြရသည်။

နောက်တစ်နေ့၌....

စုကျိုးအင်မော်တယ်ဂိုဏ်းတွင် ကြိုဆိုခြင်း အခမ်းအနားအား ကျင်းပခဲ့သည်။

အဓိကတပည့်များ၊ နန်းဆောင်သခင်များ၊ အကြီးအကဲများအပြင် လင်ကျွင်းကျွင်းသည်ပင် ကောင်းကင်ဘုံခုံရုံးမှ အရောက်လာခဲ့သည်။

လုံအော့ထျန်းသည် ထိုက်ချူကုန်းမြေတခွင် ကျော်ကြားသူဖြစ်သလို ရှောင်တုသည်လည်း ရှေးဟောင်းနဂါးမျိုးနွယ်စုဝင် ဖြစ်သောကြောင့် အရေးပါသူများ ဖြစ်ကြသည်။

အားလုံးသည် လောကွတ်ချော်မနေပဲ ပေါ့ပေါ့ပါးပါး ပြောဆိုဆက်ဆံကြသောကြောင့် အခြေအနေမှာ လေးလံမနေပဲ သက်တောင့်သက်သာ ရှိလှသည်။

ကောင်းကင်ထက်တွင် လစန္ဒာနှင့်အတူ ကြယ်စင်များ ရှိနေလေပြီ။

စုကျိုးအင်မော်တယ်ဂိုဏ်း၏ အခမ်းအနားလည်း စတင်ခဲ့ပြီ ဖြစ်သည်။

အခမ်းအနားတွင် အင်မော်တယ်ဝိုင်နှင့် အင်မော်တယ်သစ်သီးများအား စိတ်ရှိသလို သုံးဆောင်နိုင်သည်။ အဆင့်မြင့် ကျင့်စဥ်များကိုလည်း တပည့်များအတွက် မဲဖောက်ပေးသည်။

ပွဲတော်တစ်ခုလုံး ပျော်ရွှင်ဖွယ်အတိ ဖြစ်နေလေသည်။

ဂိုဏ်းချုပ်အန်လင်းသည်လည်း အကြော်ဒယ်အိုးအားသုံးကာ အားလုံးအတွက် ချက်ပြုတ်ပေးခဲ့သည်။

ရှောင်တုနှင့် လုံအော့ထျန်းမှာ ဟင်းလျာအရသာကြောင့် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသည်။

“နှစ်သောင်းချီ စားဖူးသမျှထဲမှာ ဒါက အကောင်းဆုံးပဲ။”

လုံအော့ထျန်း အော်ဟစ်လိုက်သည်။

“နှစ်သိန်းချီ စားဖူးသမျှထဲမှာ ဒါက အကောင်းဆုံးပဲ။”

ရှောင်တုလည်း အားကျမခံပေ။

ထျန်းရှီမန်သည် ရွှမ်းယွမ်ချန်အား ဆွဲခေါ်လိုက်သည်။

“ငါတို့က ဟင်းလင်းပြင်သို့အပြန် အဆင့်ကိုရောက်ဖို့ အိပ်မက်ရှည်ကြီးအနေနဲ့ သတ်မှတ်ထားတဲ့ အချိန်မှာ အန်လင်းက ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ရှေးဟောင်းနဂါးမျိုးနွယ်စု နှစ်ကောင်ကိုတောင် တပည့်တော်ပြီးပြီ။ ငါတို့ သောက်ကြရအောင်ကွာ။”

ထျန်းရှီမန် ဝိုင်ခွက်အား တကျိုက်တည်း မော့ချလိုက်သည်။

“စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်တက်ဖို့ အသေအလဲ ကြိုးစားနေရတာကို အတန်းဖော် စုရှောင်လန်က ဟင်းလင်းပြင်သို့အပြန် အဆင့်တောင် ရောက်ပြီးပြီ။ သောက်လိုက်ရအောင်။”

ရွှမ်းယွမ်ချန်သည်လည်း ယနေ့ မူးဝေချင်နေသည်။

“အတန်းဖော် စုရှောင်လန်က ကျောင်းတော်မှာတောင် မှတ်တမ်းတင်ရလောက်တယ်။ ကျောင်းတော်မှာ ပညာသင်နေတုန်း ဟင်းလင်းပြင်သို့အပြန် အဆင့်ရောက်တာ သူမတစ်ယောက်ပဲ ရှိတယ်။ သောက်လိုက်ရအောင်။”

စုချန်းရန်သည်လည်း နီရဲနေသော ပါးပြင်များဖြင့် ဝိုင်အားမော့ချလိုက်သည်။

အန်လင်း ဝိုင်ခွက်အား မြှောက်လိုက်သည်။

“ရှောင်လန်က စံချိန်တင်လိုက်ပေမယ့် ငါကလည်း ကျောင်းတော်မှာ ပညာသင်နေတုန်း ဟင်းလင်းပြင်သို့အပြန် အဆင့်ရောက်တဲ့ ဒုတိယမြောက် ပါရမီရှင် ဖြစ်လာမှာပါ။ ကဲ.... သောက်လိုက်ကြရအောင်။”

All Chapters