လသော်တာတို့စစ်ပွဲ
Vol. 85 Ch. 1192
ရွှမ်းယွမ်ချန်၊ ထျန်းရှီမန်နှင့် စုချန်းရန်တို့မှာ အန်လင်းအတွက် အရက်သောက်လိုက်ကြသည်။
အင်မော်တယ်ဝိုင်သည် အရသာ ကောင်းမွန်သည့်အပြင် ၎င်းတို့သည် ယုံကြည်ရသူများနှင့် အတူရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် အားလုံးမှာ အားပါးတရ သောက်သုံးကြသည်။
“အတန်းဖော်အန်လင်း ဂိုဏ်းအတွက် လုပ်ပေးခဲ့တာတွေ ကျေးဇူးတင်ပါတယ်။”
ရွှမ်းယွမ်ချန်မှာ အန်လင်းခွက်အား ဖြည့်ပေးလိုက်သည်။
သူလက်တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် ဝိုင်မျက်နှာပြင်တွင် ယင်းယန် နျူကလီးယား ဒုံးကျည်ပုံ ပေါ်ထွက်လာသည်။
ထိုပုံရိပ် ပျောက်ကွယ်သွားပြီးနောက် ရွှမ်းယွမ်ချန် နွေးထွေးစွာ ပြုံးလိုက်သည်။
“တကျိုက်တည်း မော့ကြရအောင်။”
“ဝိုင်ကို နယ်ပယ်နဲ့ ရောလိုက်တာလား။”
အန်လင်းမှာ အသားများတုန်ကာ ဝိုင်ခွက်အား လက်ခံလိုက်သည်။
ကျင့်ကြံရေးလောကတွင် ထိုသည်မှာ မထူးဆန်းလှပေ။ အင်မော်တယ်များသည် တစ်ဦးနှင့်တစ်ဦး တာအိုအား မြည်းစမ်းရန်အတွက် ကိုယ်ပိုင်တာအိုအား ဝိုင်အတွင်းသို့ ရောစပ်တက်ကြသည်။
တစ်ခုတည်းသော မေးခွန်းမှာ ရွှမ်းယွမ်ချန်၏ နယ်ပယ်သည် အန္တရာယ် ကင်းပါမည်လော။
အန်လင်း သတ္တိစုကာ တကျိုက်တည်း မော့ချလိုက်သည်။
ညီအစ်ကိုအတွက် ဗုံးဆိုလည်း မြိုရမှာပဲ.....
အစ်ကိုကြီးချန်ရဲ့ အင်မော်တယ်ဝိုင်က တကယ်သောက်လို့ ကောင်းတာပဲ.....
ထိုဝိုင်သည် ကမ္ဘာကြီး ငြိမ်းချမ်းနေသလို မျှခြေဖြစ်စေသော အရသာအား ပေးစွမ်းသည်။
အန်လင်း ချီးကျူးတော့မည့် အချိန်မှာပင် အစာအိမ်ထဲ ပေါက်ကွဲသွားရသည်။
ဝုန်း.....
အင်မော်တယ်ဝိုင် ပေါက်ကွဲသွားလေပြီ။
သို့သော် ကောင်းမွန်လွန်းသော ခံစားချက် တစ်ခုမှာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
“အား....”
အန်လင်း ညည်းညူရင်း မီးခိုးငွေ့များ မှုတ်ထုတ်လိုက်သည်။
ရွှမ်းယွမ်ချန် ရယ်မောလာသည်။
“အားလုံးရဲ့ အဆုံးသတ်က အားလုံးရဲ့ နိဒါန်းပဲ။ ငါ့ရဲ့ အင်မော်တယ်ဝိုင်ကို ဘယ်လိုထင်လဲ။”
အန်လင်း လက်မထောင်ပြလိုက်သည်။
“အရမ်းမိုက်တယ်။”
စုချန်းရန်သည်လည်း အန်လင်း ဝိုင်ခွက်အားဖြည့်ကာ လရောင်အား ဝိုင်နှင့်ပေါင်းစည်းစေလိုက်သည်။
ငွေသော်တာရောင်ခြည်သည် အင်မော်တယ်ဝိုင်၏ မျက်နှာပြင်တွင် ထင်ဟပ်နေသည်မှာ လှပလွန်းလှ၏။
“အတန်းဖော်အန်လင်း အတွက်ပါ။”
စုချန်းရန် ဝိုင်ခွက်အား အန်လင်းထံ တိုးပေးလိုက်သည်။
“ဒီဝိုင်က လှသလောက် အရသာရှိမှာ သေချာတယ်။”
အန်လင်း ဝမ်းသာအားရ လက်ခံကာ သောက်ချလိုက်သည်။
ဝိုင်သည် အေးမြကာ လန်းဆန်းစေပြီး စုချန်းရန်နှင့် လိုက်ဖက်လွန်းသည်။
လစန္ဒာ စွမ်းအင်များကြောင့် အန်လင်းမှာ လအနား ရောက်သွားတော့မလိုပင် ခံစားလိုက်ရသည်။
“စုချန်းရန် မင်းဝိုင်က သောက်ပြီးရင်း ထပ်သောက်ချင်စရာပဲ။”
အန်လင်း ချီးကျူးလိုက်သည်။
စုချန်းရန် ရှက်သွေးဖြာသွားရသည်။
“နင်သောက်ချင်တဲ့အခါ ငါ့ကိုပြောလေ။ ထပ်လုပ်ပေးပါ့မယ်။”
“ဒါနဲ့ စုချန်းရန်....”
အန်လင်းမှာ ကောင်းကင်ထက်တွင် ရှိနေသော လနှစ်စင်အား ညွှန်ပြလာသည်။
“အဲ့လနှစ်စင်းက ဘာဖြစ်တာလဲသိလား။”
အားလုံးလည်း စိတ်ဝင်စားသွားကြသည်။
ဒုတိယမြောက်လ ထွက်ပေါ်လာသည်မှာ ရက်အနည်းငယ်ခန့် ရှိပြီဖြစ်ပြီး အကြောင်းအရင်းအား မသိရသေးပေ။ အန်လင်းသည်လည်း အရှေ့ပင်လယ်မှ ပြန်ရောက်ခါစ ဖြစ်သောကြောင့် စုံစမ်းစစ်ဆေးရန် အချိန်မရှိပဲ ချန်အယ်နှင့် ရင်းနှီးနေသော စုချန်းရန်ကိုသာ ဦးစွာမေးမြန်းလိုက်သည်။
“အစ်မကြီး ချန်အယ် ပြောပြဖူးတာတော့ တာအိုပေါင်းစည်းခြင်း အဆင့်အတွက် တိုက်ပွဲတဲ့။”
စုချန်းရန် ဖြေကြားလိုက်သည်။
“တာအိုပေါင်းစည်းခြင်း အဆင့်အတွက်လား။ လူတိုင်းက ကိုယ့်တာအိုကိုယ် ပေါင်းစည်းရမှာပဲမလား။ လတာအို ကျင့်ကြံတာ နှစ်ယောက်ရှိရင်တောင် ဘာမှမဆိုင်ဘူးလေ။”
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
“မဟုတ်သေးဘူး။”
စုချန်းရန် ရှင်းပြလာသည်။
“ကမ္ဘာပေါ်မှာ နေတစ်စင်းနဲ့ လတစ်စင်းပဲ ရှိတယ်။”
“အစ်မကြီး ချန်အယ်က ထူးခြားတဲ့ တာအိုနောက် လိုက်နေလို့ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်မှာ ရပ်နေခဲ့တာ။ သူမက လတာအိုကို မကျင့်ပဲ သူမကိုယ်တိုင် လဖြစ်လာချင်တာ။ ကောင်းကင်နဲ့မြေပြင်ကြားက တစ်ခုတည်းသော လသော်တာလေ။”
အန်လင်း အံ့အားသင့်သွားရသည်။
“သူမက နတ်ဘုရားမ ဖြစ်ချင်နေတာပဲ။”
“အဲ့ဒါဆိုရင် တိုက်ပွဲပြီးသွားရင် ကမ္ဘာပေါ်မှာ လတစ်စင်းပဲ ကျန်ခဲ့မှာပေါ့။ ချန်အယ် အဆင်ပြေပါ့မလား။”
အန်လင်း စိုးရိမ်သွားရသည်။
“စိတ်မပူပါနဲ့။ အစ်မကြီး ချန်အယ်က လနန်းတော်မှာ သာယာနေတယ် ထင်လို့လား။ ဒီလို တိုက်ပွဲအတွက် သူမ အသင့်ဖြစ်နေတာကြာပြီ။ ကမ္ဘာပေါ်မှာ လတာအိုကို နားအလည်ဆုံးက သူမပဲ။ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။”
စုချန်းရန်မှာ ချန်အယ်အား အလွန်ပင် ယုံကြည်နေသည်။
စုချန်းရန်သည် ယစ်မူးနေပြီး အားလုံးအား ချန်အယ်၏ ထူးချွန်မှုများအကြောင်း ရေပက်မဝင် ပြောပြနေသောကြောင့် အန်လင်းသည်ပင် ဘာလုပ်ရမည်လဲ မသိတော့ပေ။
“ဒါနဲ့ အစ်မကြီး ချန်အယ်က အံ့ဖွယ်ဆေးလုံးကို ခုနစ်ဆယ် ရာခိုင်နှုန်း ပြီးနေပြီတဲ့။ နောက်သုံးလနေရင် ရမယ်ပြောတယ်။”
စုချန်းရန် စကားဆိုလာသည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
“ချန်အယ်က တိုက်ပွဲဝင်နေတုန်းတောင် အဲ့ဒါအတွက် အချိန်ရှိသေးတာလား။”
“သူမက တပြိုင်တည်း လုပ်နိုင်တယ်လေ။”
စုချန်းရန် အေးအေးဆေးဆေး ပြောလိုက်သည်။
အန်လင်း : “.....”
ချန်အယ်က ဂရုတစိုက်ရော လုပ်နေရဲ့လား....
အန်လင်းမှာ ချန်အယ်အား ကူညီပေးသင့်သည်ဟု ခံစားလိုက်ရသည်။
“အဲ့အနီရောင်လကို ဖောက်ခွဲလိုက်လို့ မရဘူးလား။ ပစ်မှတ်ကကြီးတော့ တိုက်ရလွယ်မှာပါ။”
စုချန်းရန် ခပ်ဖွဖွ ပြုံးလိုက်သည်။
“အဲ့လိုသာဆို ကောင်းကင်အရှင်သခင်က လုပ်ပြီးလောက်ရောပေါ့။ အဲ့လက အံ့ဖွယ်တာအို ပုံရိပ်ပဲ။”
အန်လင်း စိတ်ပျက်စွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် စုရှောင်လန်၏ အင်မော်တယ်ဝိုင်အား မြည်းစမ်းကြည့်သောအခါ ခန္ဓာကိုယ် တစ်ခုလုံး နွေးထွေးသွားရသည်။ လျှိုချင်းဟွမ်၏ အင်မော်တယ်ဝိုင်သည် အရသာဖုများအား လှုံ့ဆော်ပေးကာ အလွန်ထူးကဲသော အရသာကို ဖြစ်ပေါ်စေသည်။
သို့သော် ထျန်းရှီမန်၏ အင်မော်တယ်ဝိုင်မှာ သာမန်ဆန်လွန်းလှသည်။
အဆုံးတွင် အန်လင်းသည် အဓိကတပည့်များအား စိတ်ဝိဥာဥ်သစ်သီး တစ်လုံးစီ ပေးခဲ့သည်။
၎င်းတို့မှာ ညလုံးပေါက် ပျော်ပါးခဲ့ကြလေသည်။
လုံအော့ထျန်းနှင့် ရှောင်တုသည်လည်း ပျော်ရွှင်ဖွယ် အချိန်များ ရရှိခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ နောက်တစ်နေ့၌ ရှောင်တုသည် စုကျိုးအင်မော်တယ်ဂိုဏ်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ပြောကြားလာခဲ့သည်။