နတ်ဆိုးတွေ ဆုတ်ခွာခြင်း
Vol. 62 Ch. 845
သိလိုစိတ်နဲ့အတူ လီဖူချန်းက နေလက်ချီစွမ်းအားကို လှည့်ပတ်ပြီး စကြာဝဠာဆီ တစ်ဟုန်ထိုးပြေးသွားတော့တယ်။
ဒီနေရာမှာ လေမရှိဘူး၊ ခုခံမှုလည်း မရှိဘူး။လီဖူချန်းရဲ့အရှိန်က ပိုပိုမြန်လာပြီး အဆုံးမှာတော့ သူက အလင်းစီးကြောင်းတစ်ခု ဖြစ်လာတယ်။
"မြန်လွန်းတယ်......"
သူ့ရဲ့ပတ်ဝန်းကျင်က ထူထဲတဲ့အရာဝတ္တုတစ်ခုအဖြစ် ပြောင်းသွားတာကို လီဖူချန်းက ခံစားရတယ်။ သူ ပိုမြန်မြန်သွားလေလေ၊ အရာဝတ္ထုက ပိုထူထဲလေဖြစ်ပြီး ခုခံမှုက ပိုကြီးလေဖြစ်တယ်။ ခုခံမှုက လေခုခံမှုပဲမဟုတ်၊ ဟင်းလင်းပြင်ခုခံမှုလည်း ပါရှိတာကို လီဖူချန်းက သိခဲ့တယ်။ ဟင်းလင်းပြင်ခုခံမှုကို တစ်ကြိမ်ချိုးဖြတ်သွားတာနဲ့ဟင်းလင်းပြင်ကို တွန့်လိမ်သွားစေပြီး တစ်စုံတစ်ယောက်က အလွန်ရှည်လျားတဲ့အကွာအဝေးကို ခရီးနှင်နိုင်လိမ့်မယ်။
သူက နီးလွန်းနေသေးသည်ဖြစ်ကာ နက်ပြာပလိန်းတစ်ခုလုံးရဲ့မြင်ကွင်းကို မမြင်နိုင်ပါဘူး။ သူက အဆုံးမရှိ၊နက်ရှိုင်းတဲ့အပြာရောင်အလင်းတောက်ပမှုတစ်ခုကိုသာ မြင်နိုင်တယ်။
"အရင်ဆုံး ကြယ်အင်းကွက်တွေကို နားလည်အောင် လုပ်ရမယ်"
လီဖူချန်းက ရက်စက်နေပုတီးစေ့ကို ထုတ်ကာ အတွင်းရှိကြယ်အင်းကွက်တွေကို ဆက်လက်နားလည်စေလိုက်တယ်။
စကြာဝဠာထဲမှာ ရှိနေပြီး ကြယ်တွေကို အနီးကပ်မြင်နိုင်တာကြောင့် ဖြစ်မယ်၊ လီဖူချန်းရဲ့ကြယ်အင်းကွက်နားလည်မှုအရှိန်က အဆများစွာ ပိုမြန်လာတယ်။ ရက်အနည်းငယ်အတွင်း သူက ကြယ်အင်းကွက်တွေရဲ့၉၀ရာခိုင်နှုန်းကို နားလည်ခဲ့တယ်။
တစ်ချိန်တည်းမှာပဲ လီဖူချန်းရဲ့နေလက်က စဦးအဆင့်မှ အလယ်အဆင့်သို့ ရောက်ရှိသွားခဲ့တယ်။
"အလေးအနက်ထားပြောရရင် နေလက်ထဲမှာပါရှိတဲ့ကြယ်ဥပဒေသက အထွတ်အထိပ်သိုင်းပညာတစ်ခုကို ဖန်တီးနိုင်နေပြီ။ ဒါကြောင့် နေလက်ကို ကောင်းကင်အဆင့်မြင့်လို့ မသတ်မှတ်သင့်ဘူး၊ အထွတ်အထိပ်အခြေအနေမှာရှိတဲ့ ကောင်းကင်အဆင့်အထွတ်အထိပ်ဖြစ်သင့်တယ်"
နတ်ဘုရားလက်ကို အဆင့်ဘယ်လိုခွဲခြားရမလဲကို လီဖူချန်းက မသိဘူး။
ဒါပေမယ့် ဘာပဲပြောပြော တူညီတဲ့အဆင့်မှာ ဆိုရင်ခန္ဓာကိုယ်အပြင်အားသိုင်းပညာတွေက ခန္ဓာကိုယ်အပြင်အားနည်းစနစ်တစ်ခုကို အသာထား၊ ချီကျင့်ကြံခြင်းသိုင်းပညာတွေထက်တောင် ပိုအဆင့်မြင့်ပါတယ်။
နောက်ထပ်ရက်အနည်းငယ်ကြာပြီးနောက် လီဖူချန်းက ကြယ်အင်းကွက်တွေကို အပြည့်အဝနားလည်ခဲ့တယ်။ အခုဆိုရင် နေလက်က နှောင်းပိုင်းအဆင့်မှာ ရောက်ရှိနေပါပြီ။
ဒီအချိန်မှာ နေလက်ချီစွမ်းအားကို နေလက်တိုက်ခိုက်မှုတွေနဲ့ အတူတကွအသုံးပြုမယ်ဆိုရင် ခွန်အားက ပုံကြီးချဲ့ကားပြောနိုင်လောက်တဲ့အဆင့်အထိ ရောက်ရှိနေမှာ သေချာတယ်။ လက်သီးတစ်ချက်က ဥက္ကာခဲမိုင်တစ်မီလီယံအကျော်ကို ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲနိုင်တယ်။ အဲဒါမှာ အပူနဲ့အလင်းတို့ရဲ့လှိုင်းတစ်ခုလည်း ပူးပေါင်းပါဝင်နေတယ်။
ခံစစ်ကတော့ ပိုတောင်ထူးကဲလွန်းတယ်။
ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ရှိ ဥပဒေသစက်ကွင်းကို အသုံးပြုရုံမျှနဲ့ သူက သာမန်အဆင့်မြင့်သူတော်စင်တစ်ယောက်ရဲ့တိုက်ခိုက်မှုတွေကို လက်ခံနိုင်မယ်လို့ လီဖူချန်းက ယုံကြည်ချက်ရှိတယ်။ သူ့ခန္ဓာကိုယ်ရဲ့မာကျောမှုနဲ့ အဆင့်မြင့်လာတဲ့ကြယ်အင်မော်တယ်ခန္ဓာကိုယ်နဲ့ဆိုရင် အထွတ်အထိပ်အဆင့်သူတော်စင်တွေက လွဲပြီး ဘယ်သူမှ သူ့ရဲ့ခံစစ်ကို မချိုးဖြတ်နိုင်လောက်ဘူး။
ဆိုလိုတာက လီဖူချန်းက အထွတ်အထိပ်အဆင့်သူတော်စင်တွေ ဒါမှမဟုတ် အထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်တွေနဲ့ ယှဉ်ပြိုင်ဖို့ ကျွမ်းကျင်မှုလုံလောက်တယ်လို့ ဆိုလိုတယ်။ မကြာသေးမီက လီဖူချန်းက သူ့ကိုယ်သူ အထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်တစ်ယောက်နဲ့ စမ်းသပ်ခဲ့ပြီးဖြစ်တာကြောင့် သူ့ရဲ့ယူဆချက်က အတော်လေးတိကျတယ်။
"ငါက စကြာဝဠာရဲ့နက်ရှိုင်းမှုကို ရှာဖွေဖော်ထုတ်ရမယ်။ စိတ်မကောင်းစရာတစ်ခုကတော့ အဲဒါက အချိန်မတန်သေးပါဘူး"
စကြာဝဠာက မျိုးနွယ်စုတွေ၊ အာဏာရှင်တွေနဲ့ ပြည့်နေတယ်။ အဲဒါကို တကယ်ကို ခမ်းနားကြီးကျယ်တဲ့စွန့်စားခန်းတစ်ခုဖြစ်တယ်။ သူတော်စင်တစ်ယောက်အနေနဲ့ တစ်စုံတစ်ယောက်က စကြာဝဠာရဲ့ဖွံ့ဖြိုးတိုးတက်နေတဲ့နေရာတွေကို ရှာဖွေဖော်ထုတ်ခြင်းမရှိရင် အဲဒါက သူ့အတွက် နောင်တရစရာတစ်ခုဖြစ်မှာ သေချာတယ်။
နေချီစွမ်းအားကို လှည့်ပတ်လျက် လီဖူချန်းက အလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ နက်ပြာပလိန်းဆီ ရွေ့လျားသွားခဲ့တယ်။
လီဖူချန်းက ပလိန်းမှ ထွက်လာခဲ့တာကြောင့် သူ ပြန်လာတဲ့အခါ အနေအထားအားဖြင့် ကွဲလွဲမှုတစ်ခု ရှိနေတယ်။ သူ ထပ်မံဆင်းသက်လာတဲ့အခါ သူက နံပါတ်၃၂တိုက်ပွဲနယ်မြေမှာ ရှိနေတယ်။
"နောက်ထပ်သူတော်စင်တစ်ယောက်၊ ငါ တစ်ကယ်ကို ကံကောင်းတာပဲ" မိုင်သိန်းကျော်အကွာအဝေးမှ ခရမ်းရောင်ဆံပင်နဲ့နတ်ဆိုးအရှင်သခင်တစ်ယောက်က လီဖူချန်းကို ရှာတွေ့ခဲ့တယ်။
"ဒိလိုဆိုမှတော့ ငါ့ရဲ့ခန္ဓာကိုယ်အပြင်အားခွန်အားကို စမ်းသပ်ဖို့ မင်းကို အသုံးပြုရတာပေါ့" လီဖူချန်းက နတ်ဆိုးအရှင်သခင်ကို အလိုအလျောက် သတိပြုမိတယ်၊ သူက တစ်လက်မတောင် မရွေ့လျားခဲ့ပါဘူး။
မိုင်သုံးသိန်း.....မိုင်နှစ်သိန်း........
မိုင်တစ်သိန်း.......
ထိုအချိန်မှာတော့ လီဖူချန်းက လက်သီးတစ်ချက် ထုတ်ဖော်လိုက်တယ်။
လက်သီး ပေါ်ထွက်လာတဲ့အခါ ချီလှိုင်းတစ်ခုက ပေါက်ကွဲထွက်သွားတယ်၊ လက်သီးက တောက်ပလျက် ဟင်းလင်းပြင်ကို တွန့်လိမ်သွားစေကာ နတ်ဆိုးအရှင်သခင်ရဲ့ရင်ဘက်အပေါ် ကျရောက်သွားတယ်။
လက်သီးက မြန်လွန်းတာကြောင့် သူ့မျက်လုံးက ဝေဝါးသွားပြီး သူ့ကို လက်သီးထိမှန်သွားတာကိုသာ ခရမ်းဆံပင်နတ်ဆိုးအရှင်သခင်က ခံစားမိတယ်။
အား.......
ချည့်နဲ့တဲ့အော်သံတစ်ခု ထွက်လာတယ်၊ ခရမ်းဆံပင်နတ်ဆိုးအရှင်သခင်က ပြာဖြစ်သွားကာ သွေးတစ်စက်တောင် ကျန်ရစ်ခြင်းမရှိခဲ့ဘူး။
"ဘယ်လိုတောင် ကြမ်းတမ်းတဲ့လက်သီးလဲ။ ရန်သူနဲ့ထိတွေ့သွားတဲ့အခါ အားကောင်းရုံတင်မက အပူလှိုင်းပါ တည်ရှိနေတယ်"
နေလက်ရဲ့စွမ်းအားနဲ့ပတ်သက်ပြီး လီဖူချန်းက အလွန်ကျေနပ်နေတယ်။
"ဆန်းကြယ်ရေခဲသားရဲအရှင်သခင်၊ မင်း ငါနဲ့ နောက်တစ်ကြိမ်မတွေ့မိဖို့ ဆုတောင်းထားပါ"
နတ်ဆိုးအရှင်သခင်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်ဖြတ်ပြီးနောက် လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက အနီးတစ်ဝိုက်ကို စစ်ဆေးကြည့်လိုက်တယ်။
အရင်က သူက ဆန်းကြယ်ရေခဲသားရဲအရှင်သခင်ကို နံပါတ်၃၀တိုက်ပွဲနယ်မြေမှာ တွေ့ဆုံခဲ့တယ်၊ ဒါကြောင့် ဆန်းကြယ်ရေခဲသားရဲအရှင်သခင်က ဒီအနီးဝန်းကျင်မှာပဲ ရှိရမယ်။ ဖြစ်နိုင်မယ်ဆိုရင် သူက ဆန်းကြယ်ရေခဲသားရဲအရှင်သခင်နဲ့ ထိပိုက်ရင်ဆိုင်ကာ သတ်ဖြတ်ချင်နေတယ်။
…
"ဘာဖြစ်နေတာလဲ။ ပလိန်းထဲမှာ နတ်ဆိုးရှင်ဘုရင်တစ်ယောက်မှ မရှိဘူးလား"
စွန့်ပစ်အလယ်ဆင့်တိုက်ကြီးတစ်ခုအပေါ်မှာ အသားဂိတ်ကနေ နတ်ဆိုးတွေနဲ့အတူ နတ်ဆိုးရှင်ဘုရင်တစ်ယောက်မှ ထွက်လာခြင်းမရှိဘူး။ အဲဒါက ထူးဆန်းတယ်လို့ နတ်ဆိုးရှင်ဘုရင်လောင်ခိုက ခံစားရတယ်။
နတ်ဆိုးရှင်ဘုရင်ဝါခီဒိုက ပြောလိုက်တယ်"သူတို့က အခြားပလိန်းတွေကို ကူညီဖို့ သွားနေတာ ဖြစ်မယ်"
နတ်ဆိုးတွေက စကြာဝဠာရှိထိပ်တန်းမျိုးနွယ်စုတစ်ခုဖြစ်ပြီး သူတို့တွေအနေနဲ့ အခြားပလိန်းတွေကို ကျူးကျော်နေတာ ဖြစ်နေကျပါပဲ။
နတ်ဆိုးရှင်ဘုရင်လောင်ခိုက ပြောမယ့်အခိုက် သူ့ရဲ့နေရာလပ်လက်စွပ်က အနက်ရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်တယ်။ လက်ဝါးအရွယ်အစားရှိနတ်ဆိုးရုပ်ထုတစ်ခုက အလိုအလျောက် ပျံသန်းထွက်လာတယ်။
ဒီနတ်ဆိုးရုပ်ထုရဲ့နောက်ကျောမှာ သွေးတောင်ပံတစ်စုံရှိပြီး နဖူးမှာ တတိယမျက်လုံးတစ်လုံး ရှိတယ်။
"ဝါခီဒို၊ လောင်ခို၊ ချက်ချင်းပြန်လာ၊ နက်ပြာပလိန်းကို ကျူးကျော်နေတာကို ရပ်လိုက်တော့" ခံ့ညားထည်ဝါတဲ့အသံတစ်ခုက နတ်ဆိုးရုပ်ထုမှ ပဲ့တင်ထပ်လာတယ်။
"နဝမငရဲရှင်ဘုရင်၊ ငါတို့က အောင်မြင်ခါနီးပြီ။ ငါတို့ကို အချိန်အနည်းငယ် ထပ်ပေးပါ" နတ်ဆိုးရှင်ဘုရင်လောင်ခိုက စိုးရိမ်တကြီး ပြောလိုက်တယ်။
နတ်ဆိုးရှင်ဘုရင်ဝါခီဒိုက မေးလိုက်တယ်"နဝမငရဲရှင်ဘုရင်၊ အခြားပလိန်းမှာ တစ်ခုခု ဖြစ်နေလို့လား"
"ဟုတ်တယ်။ မြေပုံစိတ်ဝိညာဉ်ပလိန်းရဲ့အခြေအနေက အထွတ်အထိပ်ကို ရောက်နေပြီ။ ငါတို့ အောင်မြင်နိုင်ရင် မြေပုံစိတ်ဝိညာဉ်ပလိန်းကို ငါတို့ သိမ်းပိုက်နိုင်ပြီ"
"မြေပုံစိတ်ဝိညာဉ်ပလိန်းလား"
နတ်ဆိုးရှင်ဘုရင်လောင်ခိုနဲ့နတ်ဆိုးရှင်ဘုရင်ဝါခီဒိုတို့ရဲ့အမူအရာက ပြောင်းသွားတယ်။
မြေပုံစိတ်ဝိညာဥ်ပလိန်းနဲ့သူတို့ရဲ့စစ်ပွဲက ရာစုနှစ်တစ်ခုအထိ ကြာရှိနေပြီ။ သူတို့က မြေပုံစိတ်ဝိညာဉ်မျိုးနွယ်စုကို အပြီးအတိုင်ချေမှုန်းနိုင်ပြီး မြေပုံစိတ်ဝိညာဥ်ပလိန်းကို သိမ်းပိုက်နိုင်မယ်ဆိုရင် ကြီးကျယ်တဲ့အောင်မြင်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။
နတ်ဆိုးတွေက နက်ပြာပလိန်းမှာ အသာစီးရထားပေမယ့် အောင်မြင်ဖို့က ဝေးကွာလွန်းသေးတယ်။ ပြီးတော့ နတ်ဆိုးတွေက အလုံးစုံမထွက်ပေါ်လာရသေးသလို အခုထိမရောက်လာသေးတဲ့လူသားကျွမ်းကျင်သူတွေများစွာလည်း ရှိသေးတယ်။ ဒါကြောင့် နတ်ဆိုးရှင်ဘုရင်နှစ်ယောက်က တွန့်ဆုတ်နေရင်ပင် နက်ပြာပလိန်းကို စွန့်လွှတ်ဖို့ လိုအပ်ကြောင်းကို သူတို့သိတယ်။
"နဝမငရဲရှင်ဘုရင်၊ ငါတို့ နားလည်ပြီ" နတ်ဆိုးရှင်ဘုရင်လောင်ခိုက အခြားရွေးချယ်စရာမရှိပါဘူး။
လီဖူချန်းက သူ့စွမ်းအားကို ပြသဖို့ ပြင်ဆင်နေစဉ်မှာ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့တယ်။ နတ်ဆိုးတွေရဲ့အရေအတွက်က လျော့ကျလာတယ်။ ပထမတော့ လီဖူချန်းက အဲဒါက အထင်အမြင်လွဲမှားမှုတစ်ခုလို့ ထင်ခဲ့ပေမယ့် စွန့်ပစ်တိုက်ကြီးတစ်ခုပေါ်မှာ မရေမတွက်နိုင်တဲ့နတ်ဆိုးတွေက အသားဂိတ်ထဲကို အပြေးအလွှားဝင်နေတာကို သူ မြင်တဲ့အခါ နတ်ဆိုးတွေ ဘာလို့ လျော့နည်းလာသလဲဆိုတာကို နောက်ဆုံးတော့ သူ နားလည်သွားခဲ့တယ်။
ရိုးသားစွာပြောရရင် လီဖူချန်းက နတ်ဆိုးတွေ ဘာလို့ ဆုတ်ခွာသွားသလဲကို စိတ်မဝင်စားပါဘူး။ သူက လူသားမျိုးနွယ်အတွက်သာ ပျော်ရွှင်ဝမ်းမြောက်ခဲ့တယ်။
ဒါပေမယ့် ဒီစစ်ပွဲ အောင်နိုင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ လူတွေကသာ ထိခိုက်ခံစားရတဲ့သူတွေပါပဲ။
အဆင့်နိမ့်တိုက်ကြီးအချို့က လုံးလုံးလျားလျားပျက်ဆီးသွားတယ်။ လူသားအသက်ထရီလီယံချီကို ဆုံးရှုံးသွားခဲ့ရတယ်။
"နတ်ဆိုးတွေ ဆုတ်ခွာသွားပေမယ့် နတ်ဆိုးသားရဲတွေက အနိုင်ရခဲ့တာပေါ့" သူ့ရဲ့မျက်လုံးထဲမှာ သတ်ဖြတ်ချင်စိတ်တစ်ခုနဲ့အတူ လီဖူချန်းက သက်ပြင်းချလိုက်တယ်။
ဒီစစ်ပွဲမှာ လူသားတွေက အရာအားလုံးကို စတေးခဲ့ပေမယ့် နတ်ဆိုးသားရဲတွေက ဘာတစ်ခုမှ မလုပ်ဆောင်ခဲ့ဘူး။
အစကတော့ လူသားတွေနဲ့နတ်ဆိုးသားရဲတွေက ဟန်ချက်ညီတယ်။ ဒါပေမယ့် အခု လူသားတွေက ပြင်းထန်တဲ့သေကြေပျက်စီးမှုတွေ ခံစားခဲ့ရသလို နတ်ဆိုးသားရဲတွေရဲ့ဖိနှိပ်မှုကိုလည်း ခံရနိုင်လောက်တယ်။
"ငါတို့ လူသားတွေ စည်းလုံးဖို့လိုတယ်" လီဖူချန်းက သူ့ရဲ့နှလုံးသားထဲမှာ တိတ်တဆိတ်အော်လိုက်တယ်။
***