← Chapters

အန်လင်း၏ အံ့ဖွယ်လက်နက်

Vol. 86 Ch. 1195

အန်လင်း၏ အံ့ဖွယ်လက်နက်

Vol. 86 Ch. 1195

ကောင်းကင်ဘုံခုံရုံး၏ အတော်ဆုံး ဆေးဆရာသည် သူ့အား ဆေးလုံးသန့်စင်ပေးနေသလို လက်နက်များ၏ အရှင်သခင်မှာလည်း အံ့ဖွယ်လက်နက် ပြုလုပ်ပေးနေသောကြောင့် အမှန်တကယ် ကောင်းမွန်လှသည်။

အန်လင်းသည် စိတ်ပူစရာ မရှိပါသော်လည်း ဧကရာဇ် ဇီဝေးထံသွားရန် ဆုံးဖြတ်လိုက်သည်။

အံ့ဖွယ်လက်နက်၏ အခြေအနေအား သူသိလိုသေးသည်ပင်။

စုချန်းရန်သည် ယွဲ့တုနှင့် နေရစ်ခဲ့သောကြောင့် သူတစ်ယောက်တည်းသာ ထွက်လာလိုက်သည်။

အဖြူရောင် တိမ်တိုက်များကြား ကြီးကျယ်ခမ်းနားသော အဆောက်အဦးများ ရှိနေသည်။

အလင်းတန်း ငါးသွယ်မှာ ကောင်းကင်ထက်သို့ ထိုးတက်နေလေသည်။

အန်လင်းသည် ကောင်းကင်ဘုံခုံရုံး၏ ဗဟိုသို့ လာခဲ့လိုက်သည်။

“သခင်လေးအန်လင်း နဂါးမင်းပိုင်နက်ကို သွားမွှေတာ ဘာလို့မခေါ်လိုက်တာလဲ။ ကျုပ်လည်း လိုက်မှာပေါ့။”

မီးလျှံဘီးနှစ်ခုအားစီးကာ အနီရောင် ပိုးပုဝါစနှင့် လူငယ်လေးတစ်ဦး စကားဆိုလာသည်။

အန်လင်း ရှင်းပြလိုက်သည်။

“သခင်လေးနဲကျား ကျွန်တော်က ငွေသွားချေးရုံပါဗျာ။”

“ဟားဟား ငါနားလည်ပါတယ်။ ငါလည်း နဂါးဘုရင်အိုကြီးနဲ့ အရက်သောက်ဖို့ လုပ်ခဲ့သေးတယ်။”

နဲကျားမှာ မကျေမနပ် ဖြစ်နေပုံပင်။

“ဒါပေမယ့် အဖေက မယုံပဲ ငါ့ကို ချိပ်ပိတ်ခဲ့တယ်လေ။”

အန်လင်း : “.....”

ယီးကို အရက်သောက်ပါလား....

နဲကျားသည် နဂါးမင်းပိုင်နက်အား သွေးချောင်းစီးစေကာ ကောင်းကင်ဘုံခုံရုံးနှင့် နဂါးမင်းပိုင်နက်၏ ဆက်ဆံရေးအား ပျက်စီးစေခဲ့သူ ဖြစ်သောကြောင့် အရူးတစ်ယောက်သည်ပင် သူ့အားယုံလိမ့်မည် မဟုတ်ပေ။

အန်လင်းသည် အမှန်တကယ် ငွေသွားချေရုံသာ ဖြစ်၏။

သူနဲကျားအား နှုတ်ဆက်လမ်းခွဲလိုက်သည်။

ကောင်းကင်ဘုံခုံရုံးတွင် အခြားသော အင်မော်တယ်များနှင့်လည်း တွေ့ဆုံခဲ့ရသည်။

အန်လင်းသည် ကောင်းကင်ဘုံခုံရုံးတွင် နာမည်ကျော်တစ်ယောက် ဖြစ်သောကြောင့် အားလုံးမှာ သူ့အားသိနေကြသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏ စကားများမှာ အဆင်မပြေလှပေ။

“စုရှောင်လန်က ကျောင်းတော်မှာ ပညာသင်နေတုန်း ဟင်းလင်းပြင်သို့အပြန် အဆင့်ကိုရောက်တဲ့ ပထမဆုံး ပါရမီရှင်တဲ့။ သခင်လေးအန်လင်းရော ဘယ်လိုခံစားရလဲ။”

“သခင်လေး ချန်းလိရန် ကျင့်ကြံရေးအဆင့်က အစစအရာရာ မဟုတ်ဘူးလေ။ ရှောင်လန်က ကျုပ်ထက် ကျင့်ကြံရေး သာပေမယ့် ကျွန်တော် ပြောသမျှ နားထောင်ရတာပဲ။”

“အဓိပ္ပါယ် ရှိသားပဲ။ သခင်မလေး ရှောင်လန်ကို ပြန်ပြောပြရမယ်။”

“နေပါဦး။ ကျုပ်မှာ မျက်စိအားကောင်းစေတဲ့ နဂါးမင်းပိုင်နက်က ပုလဲမျက်ရည်တွေ ရှိတယ်။”

…..

“သခင်လေးအန်လင်း မတွေ့တာ ကြာပြီနော်။ အချက်အပြုတ် နတ်ဘုရားမ စုရှောင်လန်က ဘယ်တော့မှ စီးပွားရေး ပြန်စမှာလဲ။ သူမ လက်ရာကို မြည်းချင်လှပြီ။”

“ကျုပ်ကလည်း အချက်အပြုတ် နတ်ဘုရားပါဗျ။ ကျုပ်ကိုကြ ဘာလို့မမေးတာလဲ။”

အန်လင်းမှာ လျစ်လျူရှုခံရသလို ခံစားလိုက်ရသည်။

“ဂိုဏ်းချုပ်အန်လင်းက အမြဲအလုပ်များနေတာလေ။ ပြီးတော့ အချက်အပြုတ် နတ်ဘုရားမ စုရှောင်လန်ရဲ့ နာမည်ကျော်လက်ရာ မြင့်မြတ်မီးတောက် ဝက်ခြေထောက် ဖောက်ပြန်တဲ့ကောင် လျှာပူလောင်ကို မချက်နိုင်ပါဘူး။”

ကောင်းကင်နတ်မိမယ ယင်းချောင် လျှာထုတ်ပြလာသည်။

“ဘာ.... ဘာပြောလိုက်တယ်။”

အန်လင်း တုန်လှုပ်သွားရသည်။

“မြင့်မြတ်မီးတောက် ဝက်ခြေထောက် ဖောက်ပြန်တဲ့ကောင် လျှာပူလောင်လေ။ ကောင်းကင်ဘုံခုံရုံးက ကောင်းကင်နတ်မိမယ်တွေကြား အရမ်းလူကြိုက်များတာ။”

ကောင်းကင်နတ်မိမယ် ယင်းချောင် ပြုံးကာပြောလိုက်သည်။

အန်လင်း ကြက်သီးထကာ ကောင်းကင်နတ်မိမယ် ယင်းချောင်အား နှုတ်ဆက်ခဲ့လိုက်သည်။

သောက်ကျိုးနည်း....

ရှောင်လန်က ဘယ်လိုဟင်းလျာတွေ လုပ်နေတာလဲ....

သူမ တစ်ခုခုများ ကြံစည်နေတာလား....

အန်လင်းမှာ ယခုမှစ၍ ရှောင်လန်အပေါ် ကောင်းပေးသွားရန် ဆုံးဖြတ်လိုက်သည်။

မကြာမီပင် ဇီဝေးနန်းတော်သို့ ရောက်ရှိလာသည်။

ဖြာထွက်နေသော ခရမ်းရောင် အလင်းတန်းသည် တောက်ပစူးရှမနေပဲ မျက်စိအေးလောက်အောင် ညင်သာနေသည်။

နန်းတော်ဝတွင် ဓားကိုင်ထားသော ကလေးမလေး ရှိနေသည်။

သူမ အန်လင်းထံ ခုန်ပေါက်ရောက်ရှိလာသည်။

“ကိုကြီးချောချောလေး ဘာကိစ္စရှိ....”

ထိုအချိန်တွင် အေးစက်စက် စကားသံ ထွက်ပေါ်လာသည်။

“ဇီလင် သူက အန္တရာယ် များလွန်းတယ်။ နောက်ဆုတ်စမ်း...”

အန်လင်း ကြောင်တောင်တောင် ဖြစ်နေမိသည်။

ထို့နောက် ဧကရာဇ် ဇီဝေး ရောက်ရှိလာသည်။

“သခင်လေးအန်လင်း ဘာလာလုပ်တာလဲ။”

သူလေးနက်စွာ မေးလိုက်သည်။

“အံ့ဖွယ်လက်နက် အခြေအနေ သိချင်လို့ပါ။”

အန်လင်း ပြုံးကာပြောလာသည်။

“စိတ်ပူစရာ မလိုပါဘူး။ ခြောက်လကနေ နှစ်တစ်ရာအတွင်း အသင့်ဖြစ်စေရမယ်။”

ဧကရာဇ် ဇီဝေး ကတိပေးလိုက်သည်။

အန်လင်း အံ့အားသင့်သွားသည်။

“အချိန်က ဘာလို့ အဲ့လောက်တောင် ကွာရတာလဲ။”

“နှစ်တစ်ရာက မကြာပါဘူး။”

ဧကရာဇ် ဇီဝေး မျက်မှောင်ကျုံ့လိုက်သည်။

အန်လင်း မျက်ဆံလှန်လိုက်သည်။

“နှစ်တစ်ရာက ဘာလို့ မကြာရမှာလဲ။ အဲ့အချိန်လောက်ဆို ရှောင်လန်နဲ့ ကလေးတောင် ရနေလောက်ပြီ။”

ဧကရာဇ် ဇီဝေး ခေါင်းခါပြလာသည်။

“လောတာမကောင်းဘူး။ ငါက အဆင့်တစ်ဆင့်တိုင်းကို အကောင်းဆုံး လုပ်ပေးနေတာ။ အံ့ဖွယ်လက်နက် လုပ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး။”

အန်လင်းမှာ ဧကရာဇ် ဇီဝေးအား လောမနေတော့ပဲ ကလေးမလေးကိုသာ ကြည့်လိုက်သည်။

“ဧကရာဇ် ဇီဝေး ဒါခင်ဗျားကလေးလား။”

ဧကရာဇ် ဇီဝေး ပြန်မေးလိုက်သည်။

“ဘာလို့မေးတာလဲ။”

“ကျွန်တော့်ကို ဘာလို့ ကလေးနှာဗူးလို ကြည့်နေတာတုန်း...”

အန်လင်း မကျေမနပ် ဖြစ်သွားရသည်။

“ကလေးရှေ့မှာ သိက္ခာချနေတာလား။”

“ဘာပဲဖြစ်ဖြစ် ကလေးမက ကြည့်တတ်သားပဲ။ ကျွန်တော့်ကို ကိုကြီးချောချောလေးလို့ ခေါ်တယ်လေ။”

အန်လင်းမှာ ကလေးမလေးအား သဘောကျပုံပင်။

ဇီလင် စကားဆိုလာသည်။

“ပါပါးက သင်ပေးထားတယ်လေ။ သာမန်ဆန်တဲ့ ယောက်ျားတွေကို ကိုကြီးချောချောလေးလို့ ခေါ်ရမယ်တဲ့။”

ဧကရာဇ် ဇီဝေး ခပ်ဖွဖွ ပြုံးလိုက်သည်။

“ငါ့မွေးစားသမီးလေးက တကယ်အမြင်ရှိတာပဲ။”

အန်လင်း : “.....”

“စီနီယာ ဇီဝေးလည်း မွေးစားသမီး ရှိတာကိုး.... ခင်ဗျားကို ခံစားချက် မရှိတဲ့ ရေခဲတုံးကြီး ထင်နေတာ။ ကလေမလေးရဲ့ ပါပါး ဖြစ်နေတာပဲ။”

အန်လင်း သက်ပြင်းချလိုက်သည်။

ဧကရာဇ် ဇီဝေး မျက်နှာပျက်သွားသည်။

အန်လင်းက ငါ့ကိုစော်ကားနေတာလား.....

မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ မှားသည်မဟုတ်ပေ။

ဧကရာဇ် ဇီဝေးသည် မိန်းမများအား မနှစ်သက်ပေ။ သူသည် မည်သည့် ကောင်းကင်နတ်မိမယ်ကိုမှ စိတ်ကူးမယဥ်ခဲ့သလို သူ့အား ပိုပန်းလာသော အမျိုးသမီး မှန်သမျှအား ငြင်းပယ်ခဲ့သည်။

ကောင်းကင်ဘုံခုံရုံးတွင် ဧကရာဇ် ဇီဝေးအား အထီးကျန် ဝံပုလွေ သူတော်စင်ဟုပင် ခေါ်ဆိုကြသည်။

ဇီဝေးမှာ ဇီလင်၏လက်အား ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

“ငါက တာအိုလက်တွဲဖော် မလိုချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ငါနဲ့ ထိုက်တန်တဲ့ အမျိုးသမီး မရှိသေးဘူး။ ငါကလည်း ဘာကတိသစ္စာမှ မချည်နှောင်ချင်ဘူးလေ။”

၎င်းထံမှ မောက်မာသော အရှိန်အဝါများ ဖြာထွက်လာသည်။

အန်လင်း : “.....”

အဲ့ဒါကြောင့် ဒင်းက FAဖြစ်နေတာကိုး.....

All Chapters