← Chapters

ဉာဏ်ကောင်းသော ကလေးမလေး

Vol. 86 Ch. 1196

ဉာဏ်ကောင်းသော ကလေးမလေး

Vol. 86 Ch. 1196

“ဧကရာဇ် ဇီဝေး ခင်ဗျားက မဟုတ်သေးပါဘူး။ အချစ်က အချစ်ပဲလေ။ ထိုက်တန်တာတွေ၊ မထိုက်တန်တာတွေ ရှိလို့လား။”

အန်လင်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

ဧကရာဇ် ဇီဝေး ခေါင်းခါပြလာသည်။

“ကျင့်ကြံရေး၊ ရာထူးအဆင့်အတန်းနဲ့ ပါရမီတွေ ကွဲပြားရင် ရေရှည်မှာ အက်ကြောင်းထင်လာလိမ့်မယ်။”

“ငါက ပါရမီ အရမ်းကောင်းတာ။ အသက်သုံးနှစ်နဲ့တင် တာအိုခန္ဓာအဆင့် ရောက်ခဲ့တာ။ ဆယ့်ခြောက်နှစ်မှာ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့်၊ အသက်နှစ်ဆယ်မှာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့်၊ အသက်ငါးဆယ်မှာ ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်နေပြီ။ တာအိုပေါင်းစည်းခြင်း အဆင့်တက်တုန်းကဆို အသက်တစ်ထောင်လောက်ပဲ ရှိသေးတာ။”

“ငါနဲ့ရွယ်တူ ကျင့်ကြံသူတွေဆိုရင် တာအိုဆွေးနွေးရေးမှာ ငါပြောတာ နားမလည်ကြဘူး။ သူတို့စကားတွေကြ ငါ့အတွက် ကလေးဆန်လွန်းတယ်။ အဲ့ဒါကြောင့် ပြောဆိုဆက်ဆံရတာ အဆင်မပြေခဲ့ဘူး။ ကျင့်ကြံရေး အဆင့်အတန်းပေါ် မူတည်ပြီး ပေါင်းသင်းဆက်ဆံရေးက ပြောင်းလဲတာပဲ။ ငါ့ရဲ့ ကျင့်ကြံရေးက တိုးတက်နှုန်းမြန်တော့ အပေါင်းအသင်းတွေလည်း အမြဲတမ်း ပြောင်းနေတာ။ ငါ့ဘေးမှာ ဘယ်သူကများ နေနိုင်မှာတဲ့လဲ။”

“ငါကိုက အရမ်းထူးချွန်နေတာလေ။ အမျိုးသမီး ကျင့်ကြံသူတွေက အတင်းလိုက်ကပ်ရင်ကပ် မဟုတ်ရင် ငါက ကြိုက်လာအောင် တမင်လုပ်နေကြတဲ့ သူတွေချည်းပဲ။ အချစ်စစ်ဆိုတာ မရှိဘူး။”

ဧကရာဇ် ဇီဝေး အထီးကျန်နေသော အမူအရာ ဖြစ်ပေါ်လာသည်။

အန်လင်း : “.....”

“တာအိုပေါင်းစည်းခြင်း အဆင့်ရောက်လာတော့ ပိုဆိုးလာတယ်။ ငါ့သက်တမ်းက ထာဝရနီးပါးလေ။ ငါ့ရဲ့ တာအိုလက်တွဲဖော်က တာအိုပေါင်းစည်းခြင်း အဆင့်မရောက်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ ငါသာ တာအိုလက်တွဲဖော် ထားလိုက်ရင် သူမ ထွက်ခွာသွားတာကို မြင်ရတော့မှာ။ အဲ့ဒါက တကယ်ကို ရင်ကွဲစရာပဲ။”

“ကောင်းကင်တာအိုက မတရားဘူး။ မင်းသာ ပါရမီ မလုံလောက်ရင် သေအောင်ကြိုးစားလည်း တာအိုပေါင်းစည်းခြင်းအဆင့် မရောက်လာနိုင်ဘူး။ အဲ့ဒါကြောင့် တာအိုလက်တွဲဖော် ရှာရင်လည်း တာအိုပေါင်းစည်းခြင်း အဆင့်ထဲကပဲ ရှာရမှာ။”

“ပြဿနာက တာအိုပေါင်းစည်းခြင်းအဆင့် လူသားတွေအားလုံး ယောက်ျားတွေချည်းပဲ။ ငါက အဖြောင့်စစ်စစ်လေ။ အဆင်မပြေဘူး။”

ဧကရာဇ် ဇီဝေး လေးနက်စွာ ပြောလိုက်သည်။

အန်လင်း မျက်နှာပျက်သွားသည်။

“ခင်ဗျား FAဖြစ်နေတာ ဒါကြောင့်ပေါ့။”

ဧကရာဇ် ဇီဝေး လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းထားလိုက်သည်။

“မင်းက ငယ်သေးတော့ ဘယ်နားလည်ပါ့မလဲ။ နောက်ကြရင်တော့ ငါ့ခံစားချက်ကို သဘောပေါက်လာမှာပါ။”

“မဟုတ်ဘူး။ ခင်ဗျား FAဖြစ်နေရတဲ့ အကြောင်းအရင်းကို ကျွန်တော်သိတယ်။”

အန်လင်း စကားဆိုလာသည်။

“ခင်ဗျားက အရမ်းထူးခြားလွန်းလို့လေ။”

ဧကရာဇ် ဇီဝေး အမူအရာ ပြောင်းလဲသွားသည်။

“သခင်လေးအန်လင်းရဲ ယူဆချက်က တကယ် ပြီးပြည့်စုံတာပဲ။”

အန်လင်း အားယူကာ ပြုံးပြလိုက်သည်။

ဒီလို သောက်ရူးကောင်က FAဖြစ်ဖို့ပဲ တန်တယ်....

“ဒါပေမယ့် မျှော်လင့်ချက်တော့ ရှိပါသေးတယ်။ လနန်းတော်က ချန်အယ်က တာအိုပေါင်းစည်းခြင်း အဆင့်တက်ဖို့ နီးစပ်နေပြီလေ။ ငါတို့နှစ်ယောက်သာ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ရင် ငါလည်း အထီးမကျန်တော့ဘူးပေါ့။”

ဧကရာဇ် ဇီဝေး သက်ပြင်းချလိုက်သည်။

“အကောင်းဆုံးတွေ ဖြစ်လာပါစေ။”

အန်လင်း ပြုံးကာပြောလာသည်။

သူသည် ဧကရာဇ် ဇီဝေးအား သနားပင် သနားမိသည်။

ဧကရာဇ် ဇီဝေးသည် အဖြောင့်စစ်စစ် ဖြစ်နေပါသော်လည်း ချန်အယ်မှာ လခြမ်းလေးလို ကွေးနေသည်။

ဧကရာဇ် ဇီဝေးလည်း အဖြောင့်မဟုတ်တော့မှ FAဘဝက ကျွတ်မယ်ထင်တယ်.....

အန်လင်းမှာ ထိုသည်ကိုတွေးကာ ရယ်ချင်သွားမိသည်။ ချစ်စဖွယ် ဇီလင်ကြောင့်သာ မဟုတ်ပါက သူသည်လည်း ဧကရာဇ် ဇီဝေး၏ အချစ်ရေးအကြောင်း သိလိုက်ရမည် မဟုတ်ပေ။

“တာအိုလက်တွဲဖော် ရှာမရတာ တခြားတစ်ချက်လည်း ရှိသေးတယ်။”

ဧကရာဇ် ဇီဝေး စကားဆက်လိုက်သည်။

အန်လင်းမှာ နားမထောင်လိုပါသော်လည်း FAကြီးအား သနားသောကြောင့် စကားစပေးလိုက်သည်။

“ဟုတ်လား။”

“ကျင့်ကြံရေး အရမ်းကွာရင် ကလေးယူမရဘူးဆိုတာသိလား။”

ဧကရာဇ် ဇီဝေး လေးလေးနက်နက် ပြောလာသည်။

“အဲ့ဒါကြောင့် ငါက တကိုယ်တည်းသမား ဖြစ်နေတာ။”

“အမ်....”

အန်လင်း အမှန်တကယ် အံ့သြသွားရသည်။

“ကျင့်ကြံရေး အဆင့်မြင့်သူတွေက ကလေးရဖို့ မလွယ်ဘူးလေ။ သူတို့ရဲ့ မျိုးဥနဲ့ သုတ်ပိုးတွေမှာ အစွမ်းတွေ ပြည့်ဝနေတော့ တစ်ခုနဲ့တစ်ခု တိုက်ခိုက်ကြတယ်။ ပေါင်းစပ်ဖို့က မလွယ်ကူဘူး။”

ဧကရာဇ် ဇီဝေး ရှင်းပြလာသည်။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေမယ့် ကျင့်ကြံရေး အဆင့်ကွာလွန်းရင် ကလေးရဖို့ မလွယ်တာတော့ လူသိပ်မသိကြဘူး။”

ဧကရာဇ် ဇီဝေး ရေရွတ်လိုက်သည်။

“အခု ငါသာ အမျိုးသမီး တစ်ယောက်နဲ့ မူစကူဒူးခဲ့ရင် သူမရဲ့ မမျိုးဥတွေက ငါ့သုတ်ပိုးကြောင့် အငွေ့ပျံသွားလိမ့်မယ်။ ငါ့သုတ်ပိုးရဲ့ စွမ်းအားကို အားနည်းတဲ့ မမျိုးဥတွေက လက်မခံနိုင်ဘူး။ ဟူး.... ငါ့ရဲ့သုတ်ပိုးတွေကအစ အရမ်းအားကောင်းနေတာလေ။”

အန်လင်း : “.....”

အန်လင်းမှာ ဘာပြောရမည်လဲပင် မသိတော့ပေ။

ဧကရာဇ် ဇီဝေး စကားဆက်လာသည်။

“အမျိုးသမီးက အရမ်းအားကောင်းနေရင်လည်း အဆင်မပြေဘူး။ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥနံရံကို ဖောက်ဝင်နိုင်မှာ မဟုတ်ဘူး။”

သူအန်လင်းအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။

အန်လင်း သွေးအန်ချင်သွားသည်။

“ဘာလို့ အဲ့လိုလာကြည့်နေတာလဲ။”

ဧကရာဇ် ဇီဝေးမှာ အန်လင်းအား ပုခုံးပုတ်ပေးလာသည်။

“ငါမင်းကို ယုံပါတယ်။”

အန်လင်း : “.....”

“သမီးလည်း ကိုကြီးချောချောလေးကို ယုံတယ်။ ကောင်မလေးရဲ့ ဥနံရံကို ကြိုးစားပမ်းစား ဖောက်ခဲ့နော်။”

နူးညံ့သော စကားသံ ထွက်ပေါ်လာသည်။

အားလုံး တိတ်ဆိတ်သွားလေသည်။

အန်လင်းမှာ ကလေးမလးအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

ဧကရာဇ် ဇီဝေးလည်း ထိတ်လန့်သွားရသည်။

“ဒါတွေက မင်းသိရမယ့်ဟာတွေ မဟုတ်ဘူး။ အကုန်လုံးကို မေ့ပစ်လိုက်။”

ဧကရာဇ် ဇီဝေး ရူးပင်ရူးချင်သွားသည်။

စကားကောင်းနေသောကြောင့် မွေးစားသမီးလေး နားထောင်နေသည်ကိုပင် မေ့လျော့သွားရသည်။

အန်လင်းလည်း ထို့အတူပင် ဖြစ်သည်။

“ဘာလို့ မေ့ရမှာလဲ။ ပါပါး စကားတွေက မှန်တာပဲလေ။”

ဇီလင် စကားဆိုလာသည်။

အတ္တကြီးလွန်းသော ဧကရာဇ်ဇီဝေးမှာ သာမန်ကလေး တစ်ယောက်အား မွေးစားမည် မဟုတ်ပေ။

ဇီလင်သည် ဉာဏ်ရည်ထက်မြက်ကာ ပါရမီကောင်းသူဖြစ်ပြီး ဇီဝေးနှင့် အန်လင်းတို့၏ စကားဝိုင်းအား ကောင်းစွာနားလည်နိုင်သည်။

သူမ အန်လင်းအား စာနာစွာ ကြည့်ရှုလာသည်။

သောက်ကျိုးနည်း.....

ကလေးမလေးက လာသနားနေရတယ်လို့..... တကယ်ပဲ ဦးနှောက်သေးသေးလေးက မေ့ပစ်လိုက်စမ်းပါဟ...

.....

ဇီဝေးနန်းတော်မှ ထွက်ခွာလာသောအခါ ညဥ့်အချိန်ပင် ရှိနေလေပြီ။

ဧကရာဇ် ဇီဝေးသည် အချစ်ရေးအား နားလည်သူ မဟုတ်ကြောင်း အန်လင်း ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံရေး ကွာခြားပါက ကလေးမရနိုင်သော အချက်အား သူအနည်းငယ် ပူပန်မိသည်။

အန်လင်းမှာ ကျင့်ကြံရေး အဆင့်အားမြှင့်ရန် ပိုမိုစိတ်အားထက်သန်လာသည်။

“ရှောင်လန် မင်းကိုမှီစေရမယ်။”

အန်လင်းမှာ စိတ်ဓာတ်များ တက်ကြွနေတော့သည်။

All Chapters