← Chapters

လူသားဝက်စုဗူးခုနှစ်ဦးထံမှ ဖိတ်ခေါ်မှု

Vol. 86 Ch. 1197

လူသားဝက်စုဗူးခုနှစ်ဦးထံမှ ဖိတ်ခေါ်မှု

Vol. 86 Ch. 1197

အားလပ်ရက် ဖြစ်သောကြောင့် ကျောင်းတော်မှာ ပြန်မဖွင့်သေးပေ။

အန်လင်းသည် စိန်ခေါ်မှုအား ဖြည်းညင်းစွာ အနိုင်ယူရန် ကောင်းကင်ဘုံခုံရုံး၏ အချက်အပြုတ် နတ်ဘုရား စီးပွားရေးကို ပြန်လည်စတင်ခဲ့သည်။

စိတ်ဝိဥာဥ်ကျောက်တုံး ကိုးဆယ့်ငါးသန်းအား ပေးချေလိုက်ရပြီးနောက် စိတ်ဝိဥာဥ်ကျောက်တုံး သန်းငါးဆယ်သာ ကျန်ရှိတော့သဖြင့် ငွေရှာရတော့မည်ပင်။

အချက်အပြုတ် နတ်ဘုရားမ စုရှောင်လန်သည် ကောင်းကင်ဘုံခုံရုံးတခွင် ကျော်ကြားသလို အချက်အပြုတ် နတ်ဘုရား အန်လင်းသည်လည်း ထို့အတူပင် ဖြစ်သောကြောင့် ပြန်လည်ဖွင့်လှစ်သော နေ့မှာပင် ကြိတ်ကြိတ်တိုးခဲ့သည်။

အဆုံးတွင် စားတော်ဆက်၏ ဟင်းလျာအား လူသားဝက်စုဗူး ခုနစ်ဦးမှ စိတ်ဝိဥာဥ်ကျောက်တုံး သုံးသိန်းနှစ်သောင်းဖြင့် လေလံအောင်သွားခဲ့သည်။

၎င်းတို့သည် နေ့ရက်တိုင်းရဲ့ ပြောင်းလဲမှု ဟင်းလျာအားမှာကာ စကားစမြည် ပြောဆိုနေကြသည်။

အန်လင်းသည် မီးတောက်ခုနစ်သွယ်နှင့်အတူ အကြော်ဒယ်အိုးအားကိုင်ကာ ချက်ပြုတ်လိုက်သည်။

“နေ့ရက်တိုင်းရဲ့ ပြောင်းလဲမှု ရပါပြီ။”

အန်လင်းမှာ လူသားဝက်စုဗူး ခုနစ်ဦးထံ သွားလိုက်သည်။

ကောင်းကင်နတ်မိမယ် ခုနစ်ဦးမှာ မျက်ဝန်းများ တောက်ပလာကြသည်။

အဖုံးဖွင့်လိုက်သောအခါ အလင်းရောင်များ ဖြာထွက်လာလေသည်။

ကောင်းကင်နတ်မိမယ် ခုနစ်ဦးမှာ ကောင်းမွန်လှသော ရနံ့ကြောင့် အော်ဟစ်ကာ အလုအယက် သုံးဆောင်ကြတော့သည်။

၎င်းတို့မှာ ဆာလောင်နေသော ဝံပုလွေများလိုပင်။

“ဥက ငါ့ဟာပဲ။ ထိတောင်မထိကြနဲ့။”

“အဲ့ရွှေရောင်အချောင်းက ငါ့ဥစ္စာ...”

“အား... လိုက်လုမနေနဲ့။”

ကောင်းကင်နတ်မိမယ် ခုနစ်ပါးမှာ အိန္ဒြေပင် မရှိကြတော့ပေ။

၎င်းတို့မှာ တစ်ယောက်နှင့်တစ်ယောက် အဝတ်အစားများပါ ဆွဲဖြဲကုန်သောကြောင့် အန်လင်းမှာ ပျော်ပျော်ကြီး လိုက်ကြည့်နေမိသည်။

ဟင်းလျာ ကုန်သွားပြီးနောက် ကောင်းကင်နတ်မိမယ်များမှာ တည်တည်ငြိမ်ငြိမ်ပင် အဝတ်အစားများ ပြင်လိုက်ကြသည်။

“အန်လင်း နင့်ဟင်းလျာက ဘာလို့ အရင်ကနဲ့ မတူတော့တာလဲ။”

ကောင်းကင်နတ်မိမယ် ထျန်းရှို့ ပြုံးကာမေးလိုက်သည်။

“ဟင်းလျာနာမည်က နေ့ရက်တိုင်းရဲ့ ပြောင်းလဲမှု မို့လို့လေ။”

အန်လင်း တုံ့ပြန်လိုက်သည်။

ကောင်းကင်နတ်မိမယ် ခုနစ်ပါး ရယ်မောလိုက်ကြသည်။

“ဒီဟင်းလျာက နင့်လိုပဲ နေ့တိုင်းပြောင်းလဲနေတာပဲ။”

“ဟုတ်ပါ့။ နင့်အကြောင်း သတင်းတွေက နေ့တိုင်းနေ့တိုင်း ပြောင်းလဲနေတာလေ။”

“နင့်ကို စတွေ့တုန်းက ကျင့်ကြံသူငယ်လေးပဲ ရှိသေးတယ်။ အခုတော့ နာမည်ကြီး ဖြစ်နေပြီ။”

“ကျော်ကြားမှု အရဆိုရင်တောင် ဧကရာဇ်ငါးပါး၊ ချန်အယ်တို့အောက်မှာ ရှိလောက်တယ်။”

“ဟုတ်တယ်။ အချက်အပြုတ် နတ်ဘုရားဆိုတာလည်း အားလုံး စိတ်ဝင်စားကြတာကိုး...”

ကောင်းကင်နတ်မိမယ် ခုနစ်ပါးမှာ အန်လင်းအကြောင်း ပြောဆိုနေကြသည်။

အန်လင်းမှာ စကားဝိုင်းအား နားထောင်ကာ ဝမ်းသာနေမိသည်။

“အန်လင်း ငါတို့ ကောင်းကင်ဘုံ မက်မွန်ပွဲတော် ကျင်းပဖို့ရှိတယ်။ နင်စိတ်ဝင်စားလား။”

လင်ကျွင်းကျွင်း ပြုံးကာမေးလိုက်သည်။

“ကောင်းကင်ဘုံ မက်မွန်ပွဲတော်လား။”

အန်လင်း စိတ်လှုပ်ရှားသွားသည်။

“ဘယ်တော့ကျင်းပမှာလဲ။”

သူသည် ထိုဒဏ္ဍာရီလာပွဲတော်အား တစ်ကြိမ်တစ်ခါမှ မဆင်နွှဲခဲ့ဖူးပေ။

“နောက်နှစ်လလောက် နေရင်ပေါ့။”

လင်ကျွင်းကျွင်း မျက်တောင်ခတ်လိုက်သည်။

“စုကျိုးအင်မော်တယ်ဂိုဏ်းက ဖိတ်ခေါ်စာ ရလိမ့်မယ်။ ဒါပေမယ့် လူဆယ်ယောက်ပဲ ခေါ်လာလို့ရမှာ။”

“ဆယ်ယောက်တည်းလား။”

အန်လင်းမှာ အကြမ်းဖျဥ်း တွက်ချက်ကြည့်လိုက်သည်။

“နင့်အတွက် အကောင်းဆုံး ကြိုးစားပေးထားတာပဲ။ ကောင်းကင်ဘုံ မက်မွန်ပွဲတော်က ထိုက်ချူကုန်းမြေ တစ်ခုလုံးအတွက် ကျင်းပတာလေ။ အင်ပါယာမိသားစု ကိုးခုတောင် ရှစ်နေရာစီပဲရတာ။ နင့်အတွက် ဆယ်ယောက်စာ ဖယ်ပေးရတာ ဘယ်လောက်ခက်လဲသိလား။”

လင်ကျွင်းကျွင်း စကားဆိုလာသည်။

အန်လင်း မေးဖျားကိုပွတ်ကာ မေးလိုက်သည်။

“ဂိုဏ်းကြီးလေးဂိုဏ်းကရော ဘယ်လောက်စီရလဲ။”

“သုံးဆယ်...”

လင်ကျွင်းကျွင်း ဖြေကြားလိုက်သည်။

“အဲ့လောက်တောင်လား။”

အန်လင်း အံ့အားသင့်သွားသည်။

“ဂိုဏ်းကြီးလေးဂိုဏ်းကိုမှီဖို့ စုကျိုးအင်မော်တယ်ဂိုဏ်း နောက်ထပ်နှစ်ဂိုဏ်းလောက် လိုသေးတာပဲ။”

လင်ကျွင်းကျွင်း မျက်စောင်းထိုးလာသည်။

“တာအိုပေါင်းစည်းခြင်းအဆင့် တစ်ယောက်ရဲ့ ဖြစ်တည်မှုကို အထင်မသေးနဲ့။ ဂိုဏ်းကြီးလေးဂိုဏ်းက ထိုက်ချူကုန်းမြေမှာ တာအိုပေါင်းစည်းခြင်း အဆင့်ရှိတဲ့ ထိပ်တန်းအဆင့် ဂိုဏ်းတွေပဲ။ အဲ့ဒါကြောင့် ကောင်းကင်ဘုံခုံရုံးကတောင် သူတို့ကို အုပ်ချုပ်လို့ မရဘူး။”

“ကောင်းကင်နတ်မိမယ် ထျန်းယွီ ကျွန်တော်တို့ မိသားစုမှာလည်း တာအိုပေါင်းစည်းခြင်းအဆင့် ရှိလာတော့မှာပါ။ အဲ့ဒါကြောင့် အနောက်တံခါးကနေ နေရာနည်းနည်း ပိုပေးလို့ မရဘူးလား။”

အန်လင်း တောင်းဆိုလိုက်သည်။

“အိုး...”

ကောင်းကင်နတ်မိမယ်များထံမှ စိတ်လှုပ်ရှားခြင်း အသံများ ထွက်ပေါ်လာသည်။

လင်ကျွင်းကျွင်း ရှက်သွေးဖြာကာ ငေါက်ငန်းလိုက်သည်။

“မိသားစုဆိုတာ ဘာကိုပြောချင်တာလဲ။ ငါ... ငါက စုကျိုးအင်မော်တယ်ဂိုဏ်း အကြီးအကဲ ဆိုပေမယ့် မိသားစုလို့ ပြောလို့မရဘူး။”

“ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ဂိုဏ်းက မိသားစုကြီးပဲလေ။”

အန်လင်း စကားဆိုလိုက်သည်။

လင်ကျွင်းကျွင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“နေရာပိုလိုချင်ရင် တစ်နည်းတော့ ရှိတယ်။”

အန်လင်း မျက်ဝန်းများ တောက်ပသွားသည်။

“ဘာနည်းလဲ။”

“အဟမ်း...”

လင်ကျွင်းကျွင်း ချောင်းဟန့်လိုက်သည်။

ကောင်းကင်နတ်မိမယ် ထျန်းရှို့ စကားဖြတ်ပြောလာသည်။

“ငါတို့ကို ဟင်းတစ်ပွဲစီ ချက်ပေးရင်ပေါ့။”

ကောင်းကင်နတ်မိမယ် ထျန်းရန် ဝင်ရောက်ပြောဆိုလာသည်။

“အဲ့လိုဆို စုကျိုးအင်မော်တယ်ဂိုဏ်းကို နေရာနှစ်ဆယ်ပေးမယ်။”

အန်လင်း : “......”

“ဒီကိုလာရတဲ့ တကယ့်ရည်ရွယ်ချက်က အဲ့ဒါမလား။”

အန်လင်း မေးမြန်းလိုက်သည်။

“ငါတို့ ငွေတွေလည်း သိမ်းခံလိုက်ရပြီလေ။ အစာအိမ်ကို ဖြည့်ဖို့နည်းက ဒါပဲရှိတယ်။ အချက်အပြုတ် နတ်ဘုရား အန်လင်းကပဲ စောင့်ရှောက်ပေးပါဦး။”

ကောင်းကင်နတ်မိမယ် ထျန်းချင် သနားစဖွယ် ပြောလာသည်။

“စားဖို့သောက်ဖို့တောင် မရှိတဲ့ပုံနဲ့.....”

အန်လင်း ရေရွတ်လိုက်သည်။

ကောင်းကင်နတ်မိမယ် ထျန်းရှန်း စကားဆိုလာသည်။

“နင့်လက်ရာ စားပြီးတည်းက ဘာမှမတိုးတော့ဘူး။”

အန်လင်း နှုတ်ခမ်းရွဲ့သွားသည်။

“ချီးကျူးနေလည်း အပိုပဲ။ ပြီးတော့....”

သူ ကောင်းကင်နတ်မိမယ် ထျန်းယွီအား ကြည့်ရှုလိုက်သည်။

“အကောင်းဆုံး ကြိုးစားပေးထားတာဆို... ဘယ်လိုလုပ် ဆယ်ယောက်စာကနေ အယောက်နှစ်ဆယ်စာ တိုးသွားရတာလဲ။”

“အဲ့ဒါက ငါတစ်ယောက်တည်း ကြိုးစားတာကို ပြောတာလေ။”

လင်ကျွင်းကျွင်း မျက်ခုံးနှိပ်လိုက်မိသည်။

“အယောက်နှစ်ဆယ်စာ လိုချင်ရင် အစ်မတော်တွေရဲ့ ကြိုးစားမှုနဲ့မှရမှာ။”

အန်လင်း အံ့အားသင့်သွားရသည်။

“ဘယ်လိုလုပ်ကြမလို့လဲ။”

ကောင်းကင်နတ်မိမယ် ထျန်းရှို့ ပြုံးကာပြောလာသည်။

“မိဘတွေကို ချွဲရမှာပေါ့။”

ကောင်းကင်နတ်မိမယ် ထျန်းရန် စကားဆိုလာသည်။

“ငါကတော့ ငိုပြမှာ။”

ကောင်းကင်နတ်မိမယ် ထျန်းရှင်း ပန်းကန်လုံးတစ်လုံးအား ထုတ်လိုက်သည်။

“ငါက အစာငတ်ခံပြီး ဆန္ဒပြမှာ။”

ကောင်းကင်နတ်မိမယ် ထျန်းရှန်းမှာ လည်တိုင်ပေါ် ဓားတင်လိုက်သည်။

“စုကျိုးအင်မော်တယ်ဂိုဏ်းကို အယောက်နှစ်ဆယ်စာ နေရာမပေးရင် သတ်သေမယ်လို့ ခြိမ်းခြောက်မှာ။”

“ညီအစ်မတွေ ညီညွတ်ရင် ဘာမဆို လုပ်နိုင်တယ်။”

၎င်းတို့ အတူတကွ အော်ဟစ်လိုက်ကြသည်။

ဒုန်း.....

အန်လင်း ဖင်ထိုင်ရက် ပြုတ်ကျသွားရသည်။

“အဲ့လိုသာဆို ကောင်းကင်အရှင်သခင်က ကျုပ်လာသတ်မှာပေါ့ဗျ။”

All Chapters