ဆန်းကြယ်သောဧည့်သည်
Vol. 86 Ch. 1199
တုန်းဖန်းကျွမ်းရှီးသည် အန်လင်းအား စိတ်ကျေနပ်သည်အထိ အားပါးတရ စုပ်ယူခဲ့သည်။
“သခင်လေးအန်လင်း ခန္ဓာအသစ်ရရင် လာတွေ့ပါဦးမယ်။”
သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် ဇူစကာတို့မှာ အတူတကွ ထွက်ခွာသွားကြသည်။
အန်လင်းသည် အကြောင်းပြချက် အချို့ကြောင်း ဝမ်းနည်းသွားပြီးနောက် ကိုယ့်ကိုယ်ကို အလုပ်ရှုပ်နေစေလိုက်သည်။
ရေခဲကုန်းမြေ၌.....
နှင်းပျိုမဒီများ စွန့်ခွာခဲ့သော ထိုနေရာမှာ လွင်တီးခေါင်ပြင်၌ ခက်ထန်သော နှင်းလေကြမ်းများမှာ နေရာအနှံ့ တိုက်ခတ်နေသည်။ ဆိုးရွားလှသော အအေးဒဏ်မှာ သက်ရှိများကိုပင် အေးခဲသွားစေနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုနေရာတွင် မီးခိုးငွေ့ တလူလူ ရှိနေသည်။
ရွှေရောင်အကာအရံသည် ဧရိယာကြီး တစ်ခုအား လွှမ်းခြုံထားသည်။ ထိုအကာအကွယ်ထဲတွင် ကြီးမားလှသော တဲကြီးများ ရှိနေ၏။ ထိုနေရာတွင် စကားသံများလည်း တီတိုးတီတိုး ထွက်ပေါ်နေသည်။
“ဟူး.... ဒီကမ္ဘာက အံ့သြစရာ ကောင်းနေသင့်တာလေ။ အခုတော့ မသေမချင်း ပိတ်မိနေတော့မှာလား။”
နဂါးချိုနှင့် အမျိုးသားတစ်ဦး သက်ပြင်းချလိုက်သည်။
“ရှူး..... ဒါက မိစ္ဆာနဂါး စစ်သည်တော်တွေ အသက်နဲ့ ရင်းပေးထားတဲ့ အခွင့်အရေးပဲ။ ငါတို့ ကျေးဇူးမကန်းသင့်ဘူး။”
အမျိုးသမီးတစ်ဦး စကားဆိုလိုက်သည်။
အမျိုးသားမှာ ရှက်ရွံ့သွားလေသည်။
အခြားသော နဂါးမျိုးနွယ်စုဝင်တစ်ဦး ဝင်ပြောလာသည်။
“ထိုက်ချူကုန်းမြေက တကယ်ကောင်းပါတယ်။ အဖျက်စွမ်းအင်တွေထဲမှာ တကယ့်ကို အားကောင်းတဲ့ သက်ရှိစွမ်းအင်ကို ခံစားနေရတယ်။”
“ငါတို့ ရောက်လာတဲ့ နေရာကသာ မကောင်းတာ။ တခြားနေရာရှာဖို့လည်း ကင်းထောက်လွှတ်ထားပြီးပြီ။”
ရှေးဟောင်းထိုက်ချူကုန်းမြေမှ ထွက်ခွာလာသည့် မိစ္ဆာနဂါးများမှာ ရေခဲကုန်းမြေထံ ရောက်ရှိခဲ့ကြသည်။
၎င်းတို့သည် မျိုးဆက်အနည်းငယ်တိုင် နှိမ့်ချစွာနေရန် ဆုံးဖြတ်ထားခဲ့ကြသည်။
ထိုသည်မှာ အလုပ်ဖြစ်ပါသော်လည်း လက်ရှိပတ်ဝန်းကျင်မှာ သေလောက်အောင် ဆိုးရွားနေသည်။
ရောက်ရောက်ချင်းမှာပင် မိစ္ဆာနဂါး တစ်ရာကျော် ခဲသေသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် နဂါးဧကရီသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် မိစ္ဆာနဂါး ငါးကောင်နှင့်အတူ အကာအရံ တစ်ခုအား ပြုလုပ်ပေးနိုင်ခဲ့သည်။ ထိုသို့မဟုတ်ပါက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်အောက်တွင် ရှိနေသူများအားလုံး ဘဝကူးသွားပေလိမ့်မည်။
“ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ငါးယောက်လုံး တော်တော်ထိထားတာတဲ့။”
“နဂါးဧကရီက အဆိုးဆုံးပဲလို့ပြောတယ်။ အဲ့ဒါကြောင့် အခု တံခါးပိတ် ကျင့်ကြံနေတာတဲ့။”
“ငါတို့အားလုံး ထိခိုက်ခဲ့ရတာလေ။ အစက မျိုးနွယ်စုဝင် သုံးသောင်းကျော် ရှိပေမယ့် သုံးပုံတစ်ပုံကျော်လောက် သတ်ခံခဲ့ရတာ။”
“ဟေးဒီးစ်ကို နဂါးဧကရီ သတ်လိုက်တာ တကယ်စိတ်ကျေနပ်စရာကောင်းတယ်။”
“တခြား နဂါးမျိုးနွယ်စုဝင်တွေရော ရှေးဟောင်းထိုက်ချူကုန်းမြေမှာ သေသွားပြီလား မသိဘူးနော်။”
မိစ္ဆာနဂါးများမှာ အာလပ သလာပ ပြောဆိုနေကြသည်။
အစောင့်အကြပ်များမှာလည်း လုပ်စရာတာဝန် မရှိပေ။
အကာအရံသည် နဂါးဧကရီတို့ ပြုလုပ်ထားခြင်း ဖြစ်သောကြောင့် ၎င်းတို့သည်လည်း မတ်တပ်ရပ်နေရန်သာ တတ်နိုင်သည်။
ထို့နောက် အဝေးတစ်နေရာတွင် ထူးခြားမှုတစ်ခု ဖြစ်လာခဲ့သည်။
မိစ္ဆာနဂါး အစောင့်အကြပ်များမှာ ချက်ချင်းအော်ဟစ်လိုက်ကြသည်။
“ဘယ်သူလဲ။ မသေချင်ရင် ဖြေလိုက်။”
အနက်ရောင် အရာတစ်ခုမှာ ပို၍ပို၍သာ နီးကပ်လာသည်။
ထိုသည်မှာ မီးခိုးရောင် အဝတ်အစားများနှင့် လူငယ်တစ်ဦးပင်။
ထိုလူငယ်ဘေးတွင် အဖြူရောင်ဝတ်စုံနှင့် မိန်းမငယ်လေးတစ်ဦးလည်း ရှိနေသည်။
မိန်းမငယ်လေးသည် ငေးမောရလောက်အောင် လှပကာ အပြာရောင် မျက်ဝန်းတောက်တောက်များမှာ ကြည်လင်လို့နေသည်။
၎င်းတို့မှာ မိစ္ဆာနဂါးများထံ ဖြည်းညင်းစွာ ဦးတည်လာသည်။
“သူတို့က ငါတို့ကို အထင်သေးနေတာလား။”
“သင်ခန်းစာ ပေးမှရမယ်။”
“နဂါးဧကရီတို့က တံခါးပိတ် ကျင့်ကြံနေကြတာ။ အကာအရံကလည်း စွမ်းအင်အကန့်အသတ်နဲ့ဆိုတော့ တစ်ခုခု ဖြစ်လို့မရဘူး။”
“သူတို့ကို ဖျက်စီးလိုက်ရအောင်။”
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် မိစ္ဆာနဂါးများမှာ အကာအရံထဲမှ ထွက်လာကြသည်။
“ရွှယ်ယန် သူတို့ကို မသတ်နဲ့။”
လူငယ်လေး စကားဆိုလာသည်။
မိန်းမငယ်လေး ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမထံမှ အပြာရောင် အလင်းများ ဖြာထွက်လာလေသည်။
မိစ္ဆာနဂါးများမှာ အရိုးများထဲထိပါ အေးစိမ့်မှုကို ခံစားလိုက်ရသည်။
၎င်းတို့၏ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးလာပြီးနောက် မလှုပ်နိုင်ကြတော့ပေ။
“ဒုက္ခပဲ။ သူတို့က အရမ်းကြမ်းတယ်။ ဟင်းလင်းပြင်သို့အပြန် အဆင့်တွေကို မြန်မြန်အသိပေးလိုက်။”
အကာအရံထဲမှ မိစ္ဆာနဂါးများ အော်ဟစ်လိုက်ကြသည်။
မကြာမီပင် ဟင်းလင်းပြင်သို့အပြန် မိစ္ဆာနဂါးတစ်ကောင် ရောက်ရှိလာသည်။
“ကြည့်ရတာ အရေးပါတဲ့သူထင်တယ်။”
လူငယ်လေး ခပ်ဖွဖွ ပြုံးလိုက်သည်။
“ဒီမှာ ခေါင်းဆောင်က ဘယ်သူလဲ။”
“ယီးပဲရမယ်။”
နဂါးကြီးမှာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
မိန်းမငယ်လေးမှာလည်း လက်ဝါဖြင့် ခုခံလာသည်။
ဘန်း....
ကျယ်လောင်လှသော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
ဟင်းလင်းပြင်သို့အပြန် နဂါးကြီးမှာ နှင်းတောထဲ လွင့်ထွက်သွားရလေသည်။
“ဟာ...”
မိစ္ဆာနဂါးများ ထိတ်လန့်ကုန်ကြရသည်။
ဟင်းလင်းပြင်သို့အပြန် နဂါးကြီးမှာ တစ်ချည်တည်း အသတ်ခံလိုက်ရသည်ပင်။
ဤကမ္ဘာ၌ ပထမဆုံး တွေ့ရသော သူနှစ်ဦးမှာ အလွန်ပင် ကြမ်းတမ်းလွန်းလှသည်။
ဒီနေရာက တကယ်ရော ငါတို့နဲ့ သင့်တော်ရဲ့လား....
၎င်းတို့ အိမ်ပြန်ချင်သွားသည်။
“ရွှယ်ယန် မကြမ်းပါနဲ့ဆို။ ငါတို့က ခင်မင်ဖို့ လာတာလေ။”
လူငယ်လေး မျက်မှောင်ကျုံ့လိုက်သည်။
မိန်းမငယ်လေး တောင်းပန်လာသည်။
“တာအိုပေါင်းစည်းခြင်း အဆင့်တက်ခါစဆိုတော့ အစွမ်းမထိန်းနိုင်သေးလို့ပါ။”
အကာအရံနားတွင် ရှိနေသော မိစ္ဆာနဂါးများမှာ ထိုစကားဝိုင်းကြောင့် ကြောက်ဒူးတုန်နေရလေပြီ။
တာအိုပေါင်းစည်းခြင်းအဆင့်.....
သူတို့ ရန်သူက ဒဏ္ဍာရီလာ တာအိုပေါင်းစည်းခြင်း အဆင့်တဲ့.....
နဂါးဧကရီသည်ပင် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့်သာ ရှိပါသော်လည်း မိန်းမငယ်လေးမှာ တာအိုပေါင်းစည်းခြင်းအဆင့် ဖြစ်နေသည်။
မိစ္ဆာနဂါးများ ကြောက်ချီးပါကာ အိမ်ပြန်ချင်စိတ် ပြင်းထန်လာသည်။
ဝုန်း.....
မိန်းမငယ်လေးမှာ အကာအရံအား ဖျက်စီးလိုက်သည်။
၎င်းတို့နှစ်ဦးမှာ သက်တောင့်သက်သာပင် ဝင်လာကြလေသည်။
ရုတ်ချည်းဆိုသလို လေပြေတိုက်ခတ်သွားသည်။
သက်တံ့ရောင် ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။
သူမသည် စွမ်းအင် မတည်မငြိမ်ဖြစ်ကာ မျက်နှာအမူအရာလည်း ဖြူဖျော့နေသည်။
“နင်တို့က ဘယ်သူလဲ။ ဒီကိုဘာလာလုပ်တာလဲ။”
ထိုသည်မှာ နဂါးဧကရီပင်။
လူငယ်လေး နွေးထွေးစွာ ပြုံးပြလာသည်။
“ခင်ဗျားက တကယ်ထိုက်တန်တဲ့ ဧကရီပဲ။ ကိုယ့်ကိုယ်ကို မိတ်ဆက်ပါရစေ။”
“ကျုပ်က မိုးဖြိုဂိုဏ်းရဲ့ ဒုတိယမြောက် ကောင်းကင်တမာန်တော် ချန်းချန်ပါ။”
“မိုးဖြိုဂိုဏ်းအကြောင်း သိချင်လား။”